Saturday, November 12, 2011

ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်၏ ပြောစကား


PDF Print
Saturday, 12 November 2011 03:58
AddThis Social Bookmark Button
DMMK

ကျေးဇူးတင်ပါတယ်။ ကျွန်မကို ပြောစဉ်တုန်းကတော့ မီဒီယာ အကြောင်းပြောပေးပါတဲ့။ ကျွန်မကလည်း မီဒီယာတွေရဲ့ အခန်းကဏ္ဍကို သိပ်အရေးကြီးတယ်ဆိုတာ သိတဲ့အတွက်ကြောင့် ပြောရတာ ၀န်မလေးပါဘူး။ ကျွန်မ အနေနဲ့ မီဒီယာဟာ အမြဲတမ်း အရေးကြီးပါတယ်။ ဘယ်တိုင်းပြည် ဘယ်စနစ်၊ ဘယ်လိုနိုင်ငံရေးစနစ်မှာမဆို အရေးကြီးပါတယ်။ သို့သော်လည်း သိတဲ့အတိုင်း ဒီမိုကရေစီစနစ်ဆိုတာမှာ ပိုလို့ပင် အရေးကြီးပါ တယ်။   ပိုပြီးတော့လည်း အရာရောက်ပါတယ်။ ပိုပြီးတော့လည်း ပါဝါအာဏာရှိပါတယ်။ အဲဒီတော့ အခုအခါမှာ သိကြတဲ့အတိုင်း မီဒီယာနဲ့ ပတ်သက်ပြီး ကျွန်မစာရေးတဲ့သူပါ။ မီဒီယာနဲ့ပတ်သက်ပြီး တော်တော် လေးပွင့်လင်းလာတယ် ဆိုတာတွေ့လို့ နံပါတ်တစ်အားဖြင့် ကျွန်မ၀မ်းသာပါတယ်။ ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။


ဒါပေမယ့်လည်း  ခုနကပြောခဲ့တဲ့ အတိုင်းသက်သာလာတယ်ဆိုတာ အရင်ကနဲ့ ယှဉ်တဲ့အကြောင်းအရာလေး တစ်ခုဖြစ်ပါတယ်။ ပြောရမယ်  ဆိုရင် Relative ပေါ့နော် ယှဉ်ပြောရရင်။ အဲဒီတော့ ကျွန်မတို့အနေနဲ့ တစ်ကယ် မီဒီယာကိုထိရောက်အောင် လုပ်ချင်တယ်ဆိုရင် ဒါ့ထက်ပိုပြီး လွတ်လပ်ဖို့ လိုပါသေးတယ်။  တစ်ဖက်က ကြည့်ပြန်တော့လည်း ဒီလို လွတ်လပ်မှု ပေးပြီး တော့ ဒီလို ပါဝါအာဏာတွေ မီဒီယာ လက်ထဲကို အပ်လိုက်နိုင်တဲ့  မီဒီယာအနေနဲ့ကတော့ သူ့ရဲ့တာဝန် ၀တ္တရားကို ထိန်းသိမ်းဖို့ ရှိလာပါ တယ်။ အဲဒါလေးလည်း ကျွန်မနည်းနည်းလေးတော့ ပြောချင် ပါတယ်။ နံပါတ်တစ်အနေနဲ့ မီဒီယာရဲ့အဓိကတာဝန်ကတော့ ပြည်သူတွေကို ကိုယ်စားပြုတယ်ဆို တဲ့အတွက်ကြောင့် သူကပြည်သူတွေကို ပိုပြီးတော့ inform လုပ်တယ် ဆိုတာက  ပြည်သူတွေမသိတာသိ အောင်ပြောမယ်။ ပြည်သူတွေရဲ့ ဆန္ဒကို တစ်ခါပြန်ပြီးတော့ တင်ပြမယ်လို့ဆိုပါတယ်။

အဲဒီအပိုင်းမှာ ကျွန်မတို့တိုင်းပြည်မှာ လောလောဆယ်မှာ ပြည်သူတွေကို inform လုပ်တဲ့ တာဝန်ဝတ္တရားကို မီဒီယာမှာ တော်တော်လေးကို ကြီးကြီးကျယ်ကျယ် လုပ်နေကြတယ်။ အကြောင်းကတော့ ဘာလဲဆိုတော့ သိကြတဲ့အတိုင်း တိုင်းပြည်ကို နှစ် ၅၀ လောက် ပိတ်ထားတဲ့အခါ ကျတော့ လူတွေဟာ ပြောရမယ်ဆိုရင် ကမ္ဘာကြီး တစ်ကယ်ဖြစ်နေတဲ့ contemporary world အဲဒါနဲ့တော်တော်ကို ကင်းကွာနေတယ်ဆိုတော့ သိစရာ၊ တတ်စရာ၊ မှတ်စရာတွေက အများ ကြီးရှိပါတယ်။ မီဒီယာအနေနဲ့ ဒါတွေကိုလည်း လျစ်လျှူရှုမထားဖို့လည်း ပြည်သူတွေကို inform and educate ပညာပေးဖို့ လိုပါတယ်။

ဥပမာဆိုကြပါစို့၊ ကျွန်မတို့က ခေတ်အမျိုးမျိုးပြောင်းလာတဲ့အခါမှာ စနစ်အမျိုးမျိုးလည်း ပြောင်းလာခဲ့ကြတယ်။ တစ်ပါတီစနစ်ကနေ အခုဒီမိုကရေစီစနစ်ကို ပြောင်းလာတဲ့အခါကျတော့ တချို့သော သိစရာမှတ်စရာတွေ မသိကြပါဘူး။ ဥပမာတစ်ခုပဲ ရှင်းပြပါမယ်။ အခု ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တဲ့ Grassroot Level ရှိတဲ့ မီဒီယာတွေ က Sell လုပ်နေတဲ့ မီဒီယာတွေက ကိုယ်ကျိုးပြုနေတဲ့ Grassroot မှာ ဖြစ်တဲ့သူတွေက ဘယ်သူတွေ ဒါတွေအကုန်သိသလဲ။ မသိလို့ ရှိရင် သိအောင် လုပ်ပေးရပါမယ်။ ကျွန်မကိုယ်တိုင် မနည်းရှင်းယူ ရတယ်။

နောက်တစ် ခုက Educate လုပ်ဖို့ ဆိုတာ ကျွန်မ သိတယ်။ Educate လုပ်တယ်ဆိုတာ အထက်စီးက ပြောတာ မဟုတ်ပါဘူး။ မီဒီယာတွေက နေပြီးတော့  ပြည်သူတွေ မသိနားမလည်တဲ့ အကြောင်းအရာတွေကို သင်ပြရမယ် ဆိုတာ အထက်စီးက ပြောတာမဟုတ်ဘူး။ သို့သော်လည်း ဘာကြောင့်ဆိုလို့လဲဆိုရင် ခုနကပြောတဲ့အကြောင်းပါပဲ ကျွန်မတို့ ခေတ်နောက်ကျနေသလား။ အခုဟာက အပြောင်းအလဲတွေ အများကြီးရှိလာတဲ့အခါမှာ အဲဒါတွေ သိဖို့လိုတဲ့အကြောင်း ကျွန်မတစ်ခုပဲ ပြောချင်ပါတယ်။ ဥပမာ ကျွန်မတို့တိုင်းပြည်မှာ သာမက တစ်ကမ္ဘာလုံးမှာ အခုရာစုနှစ်မှာ အများကြီး တိုးတက်လာတာ ဘာလဲ။ Science & Technology ပါ။ ကျွန်မတို့လူတွေ Science & Technology ကို ဘယ်လောက် ယဉ်ပါးနေပြီလဲ။ တစ်ခုပဲမေးမယ်။ Nano technology၊ Robotic Science ဒါတွေဟာ ထိပ်တန်းရောက်နေတဲ့ ဘာသာရပ်တွေ၊ ကျွန်မတို့ တွေ ဒါကို ဘယ်လောက်သိသလဲ။ ဆရာလုပ်တဲ့သူတွေ ဘယ်လောက်သိ သလဲ။ ကျွန်မက ဆရာဝန်ပါ။ ကျွန်မက Nano technology အကြောင်းကို ဆေးလောကမှာ အသုံးပြုနေတယ်ဆိုတာ သိခဲ့လို့ပါ။  အဲဒီတော့ မီဒီယာ တွေကလည်း အခုခေတ်အခါမှာ ခေတ်ပြောင်းတော်လှန်းရေးကြီး လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ role ၊ responsibility တွေ နဲ့ ပြုပြင် adapt လုပ်ရမယ်။ အဲဒီတော့ ဒီလိုပဲတစ်ဆက်တည်း ပြောမယ်ဆိုရင် ကျွန်မ မြင်တာလေးကို ပြောတာပါနော်။ အဲဒါဘာလဲဆိုရင် မီဒီယာက ဒီလောက ဒီတာဝန်တွေကို ရလာပြီဆိုရင် ဘယ်လိုထမ်း ဆောင်မလဲ။ အဲဒါစဉ်းစားရမယ်။ ကျွန်မ criticize လုပ်တာ မဟုတ်ပါဘူး။  ကျွန်မ အသက် ၈၈ နှစ်ရှိပါပြီ။  ငါမသေခင် တိုင်းပြည်လေးများ ဒါထက် ကောင်းတဲ့ ကောင်းတာ ဖြစ်မလားလို့ စေတနာနဲ့ပြောတာပါ။ ကျေးဇူးတင်ပါတယ်။
http://www.first-11.com/index.php?option=com_content&view=article&id=10927&catid=42&Itemid=112

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...