Saturday, November 19, 2011

အန်အယ်လ်ဒီပါတီ မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်မည့် ကိစ္စအပေါ် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ အမြင်

by Myit Makha Mediagroup on Saturday, November 19, 2011 at 12:02pm
 
ဗိုဟိန်+ကြယ်စင်(မြစ်မခ)
နိုဝင်ဘာ-၁၈ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ချက်များအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်သွားမည် ဖြစ်ပြီး နောင်လာမည့်ရွေးကောက်ပွဲများတွင်လည်း ပါတီအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံ သွားမည်ဖြစ် ကြောင်း သိရှိရသည်။ NLDပါတီ မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်မည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းဖြစ်သည်များကို သိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။

ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ - နိုင်ငံရေးဦးဆောင်သူ ) 
NLD မှတ်ပုံတင်ခွင့်ရရင် ရွေးကောက်ပွဲဝင်ခွင့်ရှိပါတယ်။ ရွေးကောက်ပွဲ ဥပဒေအရပေါ့။ ဘာမှ မဝေဖန်လိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးနယ်ပယ်ထဲကို အရှိန်အဟုန်အပြည့်အ၀နဲ့ ၀င်ရောက်လာမယ်ဆိုရင်တော့ ကျွန်တော်တို့က ဒီမိုကရေစီအင်အားစုအနေနဲ့ ကြိုဆိုရမှာပဲ။ ဒီထက်ပိုပြီး လွတ်တော်ထဲရောက်အောင် သွားမယ်ဆိုရင်လည်း လွှတ်တော်နိုင်ငံရေးကို ပိုအားရှိအောင်လုပ်ဖို့ လွှတ်တော်နိုင်ငံရေးကို အားကောင်း မောင်းသန်အောင်၊ အာဏာနဲ့အုပ်ချုပ်တဲ့ခေတ် ပြန်မရောက်အောင် ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပါတီက ၀င်လာတဲ့အမတ်တွေကိုလည်း ဒီမိုကရေစီအင်အားစုကြီးပိုကြီးလာအောင် စွမ်းဆောင်မယ် ဆိုရင်တော့ ကြိုဆိုရမှာဖြစ်ပါတယ်။

ဒေါ်သန်းသန်းနု (ဒီမိုကရက်တစ်ပါတီ(မြန်မာ)
အထွေထွေအတွင်းရေးမှူး 
ဝင်မယ်ဆိုပြီး မှတ်ပုံတင်မယ်လို့ကြားနေတာကြာပါပြီ။ ဒီနေ့ကတော့ နိုင်ငံရေးပါတီအနေနဲ့ မှတ်ပုံတင်ဖို့ ပီပီပြင်ပြင် ဆုံးဖြတ်လိုက်တာပေါ့။ ပြီးတော့ ၄၈ နေရာလုံးမှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ၀င်ပြိုင်မယ် ဆိုတာ ကြိုဆိုပါတယ်။ အရင် ၂၀၁၀ ရွေးကောက်ပွဲကတည်းက ပါဝင်စေချင်ပါတယ်။ အခု ၄၈နေရာလုံး ၀င်မယ်ဆိုတော့ လွှတ်တော်အနေနဲ့ ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းလာပါပြီ။ ပြီးတော့ လွှတ်တော်ထဲက ဆောင်ရွက်ချက်တွေကလည်း ပိုပြီးတော့ ပီပြင်ပြတ်သားမှုတွေရှိလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ လွှတ်တော်ထဲမှာရှိနေတဲ့ အမတ်တွေ အများစုက ဒီမိုကရေစီလွှတ်တော်အဖြစ်နဲ့ အတွေ့အကြုံမရှိသေးဘူး။ အခုဒီမိုကရေစီအဖွဲ့ချုပ်က ပုဂ္ဂိုလ်များကတော့ အတွေ့အကြုံကောင်းတွေရှိတယ်။ အဲဒါကြောင့် အားလုံးက ပိုပြီးတော့ လူထုဆန္ဒနဲ့ အညီအကုန်လုံး ဆောင်ရွက်ပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဦးစိုင်းလှကျော် (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ) 
အထွေထွေအတွင်းရေးမှူး 
NLD ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုရင် ကျွန်တော်တို့ပါတီအနေနဲ့ ကြိုဆိုပါတယ်။ လက်ခံပါ တယ်။

ဦးဇိုဇမ် (ချင်းအမျိုးသားပါတီ ဥက္ကဌ ) 
ကြိုဆိုပါတယ်။ ဘာလို့လဲဆိုတော့ လွှတ်တော်ထဲမှာ ကျွန်တော်တို့ ဒီမိုကရက်တစ်ပါတီတွေက အင်အား နည်းနေတယ်။ သူတို့ဝင်လာခြင်းအားဖြင့် ကျွန်တော်တို့မှာအင်အားတိုးလာပါတယ်။ ကျွန်တော်တို့အတွက် လည်း မိတ်ဆွေကောင်းတိုးလာပါတယ်။

ဦးသိန်းညွှန့် (အမျိုးသားဒီမိုကရေစီပါတီသစ် ဦးဆောင်သူ)
ကျွန်တော်ကိုယ်တိုင် NLDမှာ အလုပ်အမှုဆောင်အဖြစ်တာဝန်ယူခဲ့တာလေ၊ ကာလတစ်ယောက်လုံး မှတ်ပုံတင်သင့်တယ်၊ရွေးကောက်ပွဲဝင်သင့်တယ်လို့ ပြောခဲ့တယ်၊ ရွေးကောက်ပွဲ ဥပဒေပဲဖြစ်ဖြစ်၊ ဘယ်ဥပဒေ ပဲဖြစ်ဖြစ် ဥပဒေဆိုတာ အပေါ်စီးရတဲ့သူက သာတာပဲ၊ ဒီကြားထဲဥပဒေမှာရှိတဲ့ ယိုပေါက်ဟာပေါက်တွေကို အသုံးချပြီးတော့ဘယ်လိုဖြစ်ဖြစ် ရွေးကောက်ပွဲဝင်သင့်တယ်လို့ပြောခဲ့တယ်၊ သို့သော်ကျွန်တော်တို့ မအောင် မြင်ခဲ့ဘူး၊ ကျွန်တော်တို့က ရွေးကောက်ပွဲပြီးရင် ဒီမိုကရေစီဖြစ်ရမယ်ဆိုတာ သိတယ်၊ ဒါကြောင့် ပါတီထောင်ပြီးရွေးကောက်ပွဲဝင်ခဲ့တာ၊ ပါတီထောင်ပြီးရွေးကောက်ပွဲဝင်တာကို ဘယ်သူပဲဖြစ်ဖြစ် တရားဝင်နိုင်ငံ ရေးပါတီဖြစ်လာတဲ့အတွက်ကြိုဆိုပါတယ်၊ သတင်းကြားတဲ့အခါမှာ ၀မ်းသာပြီးစိတ်ထဲမှာ ပြီးတာတော့ပြီးခဲ့ ပြီဆိုပြီး သင်ခန်းစာယူစရာတော့ရှိတာပေါ့၊ ခေါင်းဆောင်တွေအများကြီး လွှတ်တော်ကို စောစောကတည်းက ရောက်လာသင့်တဲ့သူတွေပါ၊ ဒီအတွက်ကပြန်ပြီးတော့ ဝေဖန်ရေးတော့လုပ်သင့်တယ်လို့ ခေါင်းဆောင်ပိုင်း တွေကို အကြံပြုချင်ပါတယ်၊

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...