Wednesday, November 16, 2011

နာကျင်ကိုက်ခဲလေ့ရှိတဲ့ နေရာများ

Cloud Cuckoo Land created a doc.
လူ့ခန္ဓာ ကိုယ်ရှိ အဆစ် အမျက် များနှင့်ြွကက်သား များ နာကျင် ကိုက် ခဲရတဲ့ အကြောင်း ရင်းတွေ ကတော့ အများကြီး ပါပဲ။ ဒဏ်ဖြစ်ခြင်း (Sprains) ၊အရိုး ကျိုးခြင်း၊အက်ခြင်း (Fractures) ၊ ကူးစက်ပိုးဝင်ရောက်ခံရခြင်း (Infection)၊ အရိုးပါးရောဂါ (Osteoporosis) ကြောင့် အရိုးကျိုးသွားခြင်း၊ အဆစ် ရောင်ခြင်း (Arthritis) နှင့် ကင်ဆာ... (Cancer) စသည်ဖြင့်အမျိုးမျိုးရှိပါတယ်။
ဒါပေမယ့် သင်သတိမထားမိတဲ့ အချက်ကတော့ အဆစ် အမျက်နှင့်ြွကက်သားတွေ နာကျင်မှုဟာ ကာ ကွယ်နိုင်တယ် ဆိုတာနဲ့ နာကျင် ကိုက်ခဲရခြင်းများ၏ အဓိကအကြောင်း ရင်းက အနည်းငယ်သော မကောင်းတဲ့ အကျင့်စရိုက်ကြောင့် ဖြစ်တယ်ဆိုတာ ကိုပါပဲ။ ဒါကြောင့် ခန္ဓာကိုယ်အစိတ် အပိုင်း နေရာများအလိုက် နာကျင် ကိုက်ခဲမှု မဖြစ်ပေါ်စေရန် ဘယ်လို ကာကွယ်နိုင်တယ်ဆိုတာ ဖော်ပြလိုပါတယ်။

လည်ပင်း

လည်ပင်းနာတယ်၊ ဇက်ကြော တက်တယ်၊ ဇက်ထိုးတယ် စသည်ဖြင့် ပြောလေ့ရှိတဲ့ လည်ပင်းပိုင်းမှာ နာကျင်ကိုက်ခဲရခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများရှိပါတယ်။
(၁) ကားမောင်းသူဖြစ်ပါက ယာဉ်မောင်းထိုင်ခုံရဲ့ အနေအထား မမှန်ရင် လက်ကိုင်ဘီးကို မိမိရရ မကိုင် နိုင်၊ မမီနိုင်ဘဲ ဖြစ်နေခြင်း
(၂) တယ်လီဖုန်းစကားပြော တဲ့အခါ တယ်လီဖုန်းလက်ကိုင်ကို ပခုံး နဲ့ ညှပ်ပြီး ခေါင်းစောင်းကာ ပြော ခြင်း
(၃) လည်ပင်းကို ကွေးထား၊ လိမ်ထားကာ ဝမ်းလျားမှောက် အိပ်တတ်ခြင်း
(၄) အလုပ်စားပွဲမှာ ထိုင်တဲ့ အခါ အနေအထားမမှန်ခြင်း

ပခုံး

(၁) အမြဲတမ်း အလေးအပင် မçရခြင်း
(၂) စားပွဲခုံမှာ ထိုင်ပြီး အလုပ် လုပ်တဲ့အခါ အနေအထားမမှန်ခြင်း
(၃) အနားပေးမှုမရှိဘဲ စားပွဲ ခုံမှာ တောက်လျှောက်ထိုင်ပြီး အလုပ် လုပ်ခြင်း
(၄) ကာယလေ့ကျင့်ခန်း မပြု လုပ်မီ ပခုံြးွကက်သားများ ဆန့်ထုတ် အကြောလျှော့တာမျိုး မလုပ်ခြင်း
(၅)ပခုံးမာခဲ့သွားခြင်း (Frozen Shoulder) (၆) ပခုံးဆစ်လှည့်ပေးသည့် ကြွက်သားများတွင် ရောဂါဖြစ်ခြင်း
(၇) ပခုံးအဆစ် မတည်ငြိမ်ခြင်း

လက်များနှင့် တံတောင်ဆစ်များ

(၁) လက်ဖျံကို အသုံးပြုမှုများ ခြင်း (ဥပမာ တင်းနစ်အားကစား သမားများ)
(၂) ကွန်ပျူတာသုံးသည့်အခါ ကီးဘုတ်နှင့် မောက်စ်အနေအထား မမှန်ခြင်း
(၃) လေ့ကျင့်ခန်းပြုလုပ်စဉ် နှင့် အားကစားပြုလုပ်စဉ် လက်လှုပ်ရှား မှုထပ်ခါထပ်ခါ ပြုလုပ်ရခြင်း
လက်ကောက်ဝတ်နှင့် လက်ချောင်းများ

(၁) စာရေးခြင်း၊ စာရိုက်ခြင်း၊ ပုံဆွဲခြင်းများ ပြုလုပ်သည့်အခါ လက်ကောက်ဝတ်နှင့် လက်ချောင်း များကို တာရှည်အသုံးပြုရခြင်း
(၂) လက်ကောက်ဝတ်နှင့် လက်မတို့ အချိန်ကြာမြင့်စွာ ထပ်ခါ ထပ်ခါ လှုပ်ရှားရခြင်း (ဥပမာ ဇာပန်း ထိုးခြင်း၊ အပ်ထိုးခြင်း)

ကျောရိုးဆစ်

(၁)အမြဲတမ်း အလေးအပင် မ,ရခြင်း
(၂) အဝလွန်နေခြင်း၊ ကိုယ် အလေးချိန်များနေခြင်း
(၃)ကျောရိုြးွကက်သားများသန်စွမ်း စေသည့်လေ့ကျင့်ခန်းပုံမှန်မပြုလုပ်ခြင်း
(၄) အလုပ်စားပွဲတွင် ထိုင်၍ အလုပ်လုပ်သည့်အခါ နောက်မှီမပါ သောထိုင်ခုံဖြင့် ထိုင်ရခြင်း
(၅) အင်အားစိုက်ထုတ် ရသည့် ကာယလေ့ကျင့်ခန်းမပြုလုပ်မီ သွေးပူ လေ့ကျင့်မှုနှင့် အကြောလျှော့မှု မပြု လုပ်ခြင်း

တင်ပါးဆုံရိုး

(၁) အစားအသောက်ထဲတွင် ဗီတာမင်ီနှင့် ကယ်လ်စီယမ် မလုံ လောက်ခြင်း
(၂) ပုံမှန်ကာယလေ့ကျင့်ခန်း မပြုလုပ်မီသွေးပူလေ့ကျင့်ခန်းနှင့်အကြော လျှော့လေ့ကျင့်ခန်းများမပြုလုပ်ခြင်း
(၃) အဝလွန်နေခြင်း၊ ကိုယ် အလေးချိန်များနေခြင်း

ဒူးဆစ်

(၁) ဘတ်စကက်ဘောနှင့် ဘောလီဘောကဲ့သို့သော အားကစား ပြုလုပ်သည့်အခါ ဒူးဆစ်ကို ကွေးပြီး မြေကြီးနှင့်နီးအောင် အောက်သို့ နှိမ့် ထားရမည့်အစား တစ်ဖြောင့်တည်း ထား၍ ကစားခြင်း
(၂) အားကစားပြုလုပ်သည့် အခါ အားကစားဖိနပ်မစီးခြင်း
(၃) သန့်ရှင်းရေးနှင့် ဥယျာဉ်ပြု ပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် အခါ ဒူးဆစ်များကို အချိန်ကြာမြင့်စွာ အသုံးပြုရခြင်း
(၄) အလေးအပင်များကို ပုံစံ အနေအထားမမှန်ကန်ဘဲ မ,ခြင်း
(၅) တည်ငြိမ်မှုမရှိ လှုပ်ခါယိုင် နဲ့နေသော မျက်နှာပြင်ပေါ်တွင် မတ် တတ်ရပ်နေရခြင်း
(၆) ကိုယ်အလေးချိန်များနေ ခြင်း
ခြေထောက်နှင့် ခြေချောင်းများ

(၁) ကျပ်သောဖိနပ်၊ ခွာမြင့် ဖိနပ်များ အမြဲတမ်းစီးခြင်း
(၂) အချိန်ကြာမြင့်စွာ မတ် တတ်ရပ်နေခြင်း
(၃) မညီညာသော မျက်နှာပြင် ပေါ်မှာ လမ်းလျှောက်ရခြင်း


မောင်(ဆေးတက္ကသိုလ်)
Health Digest

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...