Wednesday, November 16, 2011

အွန်လိုင်းမီဒီယာ ဖိနှိပ်ချုပ်ချယ်မှုအတွက် လက်မှတ်ရေးထိုး တိုက်ပွဲဝင်ကြစို့

by General Knowledge on Thursday, November 17, 2011 at 10:24am


Wednesday, 16 November 2011 15:49 သုခသခင်



တကယ်လို့ ကျွန်တော်တို့ ဖေ့ဘွတ်ကို ၀င်လိုက်ပြီဆိုရင် မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းဆီက သတင်းစကားလေး တစ်ခုခုများ ကြားလေမလား။

ဒါမှမဟုတ် သူငယ်ချင်းတွေဆီက ဓာတ်ပုံ အသစ်အဆန်းလေးများ တင်လေမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဟိုကြည့် ဒီကြည့် ဟိုဖတ်ဒီဖတ် လုပ်လေ့ရှိတတ်ပါတယ်။

ဒါမှမဟုတ် ဖေ့ဘွတ် တွစ်တာလို လူမှုရေးဝက်ဘ်ဆိုဒ်တွေမှာ ရေးထားတဲ့ ထင်မြင်ယူဆချက် သုံးသပ်ချက်တွေကိုဖတ၊် ကိုယ့်အမြင်ကို ၀င်ရေး၊ ဒါမှမဟုတ် ကိုယ့်ဘာသာ ဘလော့ထောင်ပြီး ရင်ထဲရှိတာချရေး၊ ဒီလိုနဲ့ တစ်နေ့တာအချိန်တွေကို အင်တာနက်ပေါ်မှာ ကုန်လွန်တတ်ကြပါတယ်။


တစ်နေ့တာ ကုန်ဆုံးလို့ ဒီလို လူမှုရေးဝက်ဘ်ဆိုဒ် ဘလော့တွေကနေထွက်ပြီး အနားယူတော့မယ်ဆိုတဲ့အချိန်မှာ ရဲတွေက သင်တို့ရဲ့ အိမ်တံခါးကို လာခေါက်လိမ့်မယ်ဆိုတာတော့ မျှော်လင့်ထားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အချို့အချို့သောနိုင်ငံတွေရှိ လူတွေအဖို့တော့ ဒီလိုအဖြစ်အပျက်မျိုးကို မလွဲမသွေ ကြုံတွေ့နေကြရပါတယ်။

နိုင်ငံပေါင်း ၃၇ နိုင်ငံကိုလေ့လာပြီးတဲ့နောက် ၂၃ နိုင်ငံမှာ ဘလော့ဂါတွေနဲ့ အင်တာနက် သုံးစွဲသူတွေဟာ သူတို့ တင်ခဲ့တဲ့ ပို့စ်တွေ ထင်မြင်ယူဆချက် သုံးသပ်ချက်တွေကြောင့် အဖမ်းခံရလေ့ရှိတယ်လို့ ဖရီးဒမ်းဟောက်စ်က ပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာတွေ့ရပါတယ်။
ဒီလို အင်တာနက်လွတ်လပ်ခွင့်အပေါ် ထိပါးနှောင့်ယှက်မှုတွေဟာ ကမ္ဘာအ၀ှမ်း တမဟုတ်ချင်းတိုးတက်လာနေပါတယ်။ ဘာလို့လဲဆိုတော့  သတင်းအချက်အလက်ဟာ ပါဝါဆိုတာကို သေသေချာချာ သဘောပေါက်လာတဲ့ အစိုးရတွေအတွက် သတင်းအရင်းအမြစ်တွေဟာ အခုတော သူတို့ကို့ ခြောက်လန့်နေလို့ ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ နိုင်ငံ ၅ နိုင်ငံက အကြောင်းအရာတွေကို မီးမောင်းထိုးပြထားပါတယ်။ အင်တာနက်ပေါ်မှ အွန်လိုင်း လုပ်ဆောင်မှုတွေဟာ ဘယ်လောက်ပဲ ငြိမ်းချမ်းပါစေ သင်တို့ဟာ ထောင်သွင်းအကျဉ်းချခြင်း ခံရနိုင်တယ်ဆိုတာပါ။

တရုတ်



တရုတ်နိုင်ငံဟာ အင်တာနက်ပေါ်မှ အွန်လိုင်းလှုပ်ရှားတက်ကြွ လှုပ်ရှားသူတွေအတွက်တော့ အန္တရယ်များလှတဲ့ နေရာတစ်ခုပါ ။ ဒီနှစ်အစောပိုင်းက အရှေ့အလယ်ပိုင်းမှာ တော်လှန်ရေးတွေ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်အစိုးရဟာ ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ စပယ်တော်လှန်ရေး ( ဂျက်စမင်ရီဗိုလူးရှင်း) ကို ကြောက်လန့်လာပါတယ်။

အစိုးရကို ဝေဖန်သူတွေ ဥပဒေပညာရှင်တွေ တက်ကြွလှုပ်ရှားသူတွေ ဘလော့ဂါတွေ အနုပညာရှင်တွေ အင်တာနက်သုံးစွဲသူတွေ ဒါဇင်ပေါင်းများစွာကို ဖေဖော်ဝါရီကတည်းက ဖမ်းဆီးထောင်ချခဲ့သလို တစ်ချို့ဟာလည်း အခုထိပျောက်ဆုံးနေဆဲပါ ။ တချို့ဟာဆိုရင် တွစ်တာပေါ်မှာ စံပယ်တော်လှန်ရေးလို့ ရေးရုံလေးနဲ့ အဖမ်းခံကြရပါတယ်။

တက်ကြွလှုပ်ရှားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ Ran Yunfei ဟာ စာရေးဆရာ ဘလော့ဂါတစ်ယောက်ပါ။ သူရဲ့နည်းပရိယာယ်ကတော့ အင်တာနက်ပြောက်ကျားစစ်ဆင်ရေးပါ။ သူက အွန်လိုင်းပေါ်မှာ အကောင့်တွေရဲ့ အမည်တွေကို တတ်နိုင်သလောက် အကြိမ်ပေါင်းများစွာ ပေါ်လိုက်ပျောက်လိုက် ဖြစ်အောင်လုပ်ပြီး ဆင်ဆာသမားတွေကို အာရုံထွေပြားအောင်လုပ်တာပါ။

ဒီလိုနဲ့ သူဟာ အစိုးရအာဏာကို ကပြောင်းကပြန် ကမောက်ကမဖြစ်အောင်လုပ်တယ်ဆိုတဲ့ သံသယနဲ့ ဖေဖော်ဝါရီမှာ စွဲချက်တင်ခံခဲ့ရပါတယ် ။ အခြားသော အင်တာနက်ပေါ်မှ တက်ကြွလှုပ်ရှားသူတွေဟာလည်း ထိန်းသိမ်းခံရ ၊ အနှိပ်စက်ခံရနဲ့ ဆိုးဆိုးရွားရွား ဖိနှိပ်ခံကြရပါတယ်။ အခုလို အကြီးအကျယ်အာဏာသုံးပြီးတော့ နှိပ်ကွပ်တာဟာ လူထုအနေနဲ့ သူတို့ရဲ့ လွတ်မြောက်မှုအတွက် အင်တာနက်ကို အသုံးပြုပြီး နိုင်ငံတကာအထိပျံ့နှံ့သွားအောင် လှုပ်ရှားဆောင်ရွက်မှုကို တရုတ်အစိုးရအနေနဲ့ ဘယ်လောက်အထိ ကြောက်ရွှံ့ကြောင်း ပြသနေပါတယ်။

အဇာဘိုင်ဂျန်



အဇာဘိုင်ဂျန်အာဏာပိုင်တွေဟာ အစိုးရကို ဝေဖန်သူတွေကို ထောင်သွင်းအကျဉ်းချတဲ့နေရာမှာ လက်သံပြောင်လှပါတယ် ။ ဒီနှစ်ဖေဖော်ဝါရီတုန်းက Jabbar Savalan ဟာ facebook ကို အသုံးပြုပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြဖို့ လှုံ့ဆော်ခဲ့ပါတယ်။ ဒီလို လှုပ်ဆော်ပြီး နာရီပိုင်းအကြာမှာပဲ အသက် ၁၉ နှစ်သာရှိသေးတဲ့ Jabbar Savalan ဟာ ရဲတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံရပါတယ်။

နောက်နေ့ ညနေပိုင်းမှာ သူ့ကို မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံလိုက်ရပါတယ်။ ရှေ့နေခေါ်ယူခွင့်လည်း မပေးဘဲ နှစ်ရက်ကြာ စစ်ဆေးမေးမြန်းပြီးတဲ့နောက် ရဲတွေက သူ့ကိုရိုက်နှက်ခြိမ်းခြောက်ပြီး အပြစ်ရှိကြောင်းခံဝန်ချက်ကို လက်မှတ်ရေးထိုးစေခဲ့ပါတယ်။

Jabbar ရဲ့ အဖြစ်အပျက်ဟာ အာဏာရှင်တွေရဲ့ မီဒီယာအပေါ်ကြောက်ရွံ့မှုကို ထင်ဟပ်နေပါတယ်။

အီဂျစ်



အီဂျစ်လူမျိုး Maikel Nabil Sanad ဟာလည်း ကိုင်ရိုရှိ သူ့ရဲ့နေအိမ်မှာ လွန်ခဲ့တဲ့ မတ်လက အဖမ်းခံလိုက်ရပါတယ်။ Facebook မှာတင်ခဲ့တဲ့ သူရဲ့  သုံးသပ်ထင်မြင်ချက်ဟာ စစ်တပ်ကို လူထုကြားထဲ စော်ကားတယ်၊ လက်နက်ကိုင်တပ်အကြောင်း သက်သေအခိုင်အမာမရှိဘဲ ကောလဟာလတွေ၊ မုသားတွေကို သူ့ရဲ့ ဘလော့ကနေပြီး ဖြန့်ဝေတယ်ဆိုပြီး စစ်ခံရုံးကနေ သူ့ကို ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။

ဒါဟာ Sanad နဲ့ ပထမဆုံးအကြိမ် အဖမ်းခံရတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကလည်း သူ့ဝက်ဆိုဒ်မှာ မတရားမှု မှန်သမျှဆန့်ကျင်ဖို့ ကြေညာချက်ထုတ်တာနဲ့ ပတ်သက်ပြီး အဖမ်းခံခဲ့ရဖူးပါတယ်။ Sanad ဟာ မူဘာရက်ကို ဖြုတ်ချခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့တဲ့ ထောင်ပေါင်းများစွာသော အီဂျစ်လူမျိုးတွေထဲက တစ်ယောက် ဖြစ်ပါတယ်။

ဆီးရီးယား



လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အဖွဲ့အစည်းဖွဲ့ပိုင်ခွင့်တွေဟာ ဆီးရီးယားမှာ တင်းကြပ်စွာ ပိတ်ပင်ထားတဲ့ အရာတွေပါ ။ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ အစိုးရကို ဝေဖန်သူတွေဟာ အတောမသတ်နိုင်သော နှောင့်ယှက်မှု ၊ အတင်းအဓမ္မ မတရားဖမ်းဆီးချုပ်နှောင်မှု တွေကို ကြုံတွေ့နေရပါတယ်။

မကြာသေးမီနှစ်တွေအတွင်း အင်တာနက်ပေါ်မှာ ပြောဆိုပြုမှုခဲ့တာတွေအတွက် လူငယ်တွေဟာ အထူးသဖြင့် ပစ်မှတ်ထား ဖမ်းဆီးခံနေရပါတယ်။

အင်တာနက်ပေါ်မှာ လူငယ်ဖိုရမ်တစ်ခုကို တည်ထောင်ခဲ့မှုအတွက် Kareem Arabji ဟာ ထောင်သွင်းအကျဉ်းချခြင်းကို ခံခဲ့ရပါတယ်။
အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်တဲ့ ဘလော့ဂါ Tal al-Mallohi ဟာလည်း နိုင်ငံရဲ့ သတင်းအချက်အလက်တွေကို နိုင်ငံရပ်ခြားသို့ ထုတ်ဖော်ပြောဆိုမှုနဲ့ ထောင်ဒဏ် ၅ နှစ် အပြစ်ပေးတာ ခံခဲ့ရဖူးပါတယ်။

မတ်လ အလယ်ပိုင်းလောက်ကစပြီး အခြေအနေပိုမိုဆိုးရွားလာနေပါတယ်။ အစိုးရကို ဆန့်ကျင်တယ်ဆိုပြီး သံသယနည်းနည်းလေး ရှိရုံနဲ့ အဖမ်းခံနေကြရပါတယ်။

ဗီယက်နမ်



ဗီယက်နမ်မှာလည်း လွတ်လပ်စွာပြောဆိုခွင့် အဖွဲ့အစည်းဖွဲ့ခွင့် စုဝေးခွင့်တွေကို တင်းကြပ်စွာ တားမြစ်ထားပါတယ်။ ဘလော့ဂါတွေ ရှေ့နေတွေ စာရေးဆရာတွေ စီးပွားရေး လုပ်ငန်းရှင်တွေအပါအ၀င် ဒါဇင်ပေါင်းများစွာသော အတိုက်အခံကို ထောက်ခံသူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော်လည်း တရားတဲ့  ဥပဒေတွေနဲ နှစ်ရှည်ထောင်ဒဏ်တွေကို ချမှတ်ခံနေရပါတယ်။

Free Vietmese Jornalist ကလပ်ကို ပူးတွဲတည်ထောင်သူ Nguyen Hoang Hai ဟာလည်း သူ့ရဲ့ ဆောင်းပါးမှာ ဗီယက်နမ်ရဲ့ တရုတ်အပေါ်ထားရှိတဲ့ နိုင်ငံခြားရေးမူဝါဒကို ဝေဖန်ခဲ့တဲ့အတွက် အစိုးရဆန့်ကျင်ရေးဝါဒဖြန့်မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။

ဒီလိုဖိနှပ်ချုပ်ချယ်မှုတွေရှိနေသမျှ ကျွန်တော်တို့ဟာ ဘလော့တွေ လူမှုရေးဝက်ဘ်ဆိုဒ်တွေမှာ ကိုယ့်ဆန္ဒကို အကြောက်အလန့် ကင်းစွာနဲ့ ရေးသားနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ဆန္ဒကို လွတ်လပ်စာထုတ်ဖော်ခွင့်ရဖို့ အတွက် ဒီမှာနေရာမှာ လက်မှတ်ရေးထိုး တိုက်ပွဲဝင်ကြဖို့ လိုအပ်ပါတယ်။


သုခသခင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...