ဘဝအမောတွေပြေစေဖို့
ပင်လယ်ပြင်တွင်သင်္ဘောပျက်၍ အသက်ကယ် ဖောင်လေးနှင့် လွတ်မြောက်လာသူ ကိုဒသဂီရိ ၊
ကိုဇော်ဂျီ ၊ ကိုစကူ သုံးဦး သည် ကျွန်းတကျွန်းပေါ်သို့ ဆိုက်ရောက်လာသည်။
ထိုကျွန်းပေါ်ရှိ လူသားစား လူရိုင်းများက ၎င်းတို့ကို ဖမ်းဆီး လိုက်ကာ
လူရိုင်းဘုရင်ထံ ခေါ်ဆောင်သွား သည်။
လူရိုင်းဘုရင်က “အေး ဒီကျွန်းပေါ် ရောက်လာသူတွေကို ငါတို့က သတ်စားလေ့ရှိတယ်။
ဒါပေမယ့် မသတ်ခင် မှာတော့ အခွင့်အရေး တခုပေးတယ်။ အဲဒါက မင်းတို့ တွေ တနာရီ
အတွင်းမှာ သစ်သီး ၁၀ လုံးစီ ယူလာဖို့ပဲ။ အဲဒါ မင်းတို့ သစ်သီး ဆယ်လုံးစီ
အမြန်သွားရှာခဲ့ကြ။”
သုံးယောက်သား အပြေးလေး ထွက်သွားကြသည်။
ပထမဆုံး ကိုဒသဂီရိ က ပန်းသီး ဆယ်လုံးကောက်ယူ၍ ပြန်ရောက်လာသည်။
ထိုအခါ လူရိုင်းဘုရင်က “အဲဒီ ပန်းသီး ဆယ်လုံးကို မင်းစအိုထဲကို တလုံးချင်း
သွင်းရမယ်။ မင်း မျက်နှာမှာ ဘာခံစားချက်မှ မပြရဘူး။ တကယ်လို့ မင်းမျက်နှာမှာ
တစုံတရာ စိတ်ခံစားမှုပြသရင် မင်းကို သတ်စားမယ်။”
ကိုဒသဂီရိ က အကောင်းဆုံး ကြိုးစားသည်။ သို့သော် သုံးလုံးမြောက်တွင်
နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားမိ၏။ ချက်ချင်း အသတ်ခံလိုက်ရသည်။
ထို့နောက် ဒုတိယ ကိုဇော်ဂျီ ပြန်ရောက်လာ၏။ သူ့လက်တွင် ညောင်သီး ဆယ်လုံး
ပါလာသည်။ လူရိုင်းဘုရင်က သူ့ကို ပထမ လူအတိုင်း စေခိုင်းသည်။ ဒုတိယ လူက သူ့အတွက်
အခက်အခဲမရှိနိုင်ကြောင်း သိ၍ ၀မ်းသာသွား သည်။ သို့သော် ၉ လုံးမြောက် ညောင်စေ့
သွင်းပြီး ချိန်တွင် မအောင့် မအီးနိုင် ရယ်မောလိုက်မိသည်။ ထို့နောက်
အသတ်ခံလိုက်ရသည်။
ကိုဒသဂီရိ နှင့် ကိုဇော်ဂျီတို့ နှစ်ယောက် တမလွန်ဘ၀တွင် ဆုံဆည်းမိကြ၏။
ကိုဒသဂီရိ – “ဟေ့ကောင် မင်းတော်တော်ညံတဲ့ကောင်ပဲ။ ငါ့ရဲ့ပန်းသီးတွေက
အကြီးကြီးတွေမို့ ထားပါတော့၊ မင်းညောင်သီးလေးတွေက ဘာခက်တာမှ မဟုတ်ဘူး။ အဲဒါ
မင်းက ဘာလို့ အောင်မြင်ခါနီးကျမှ ရယ်ရတာလဲ။”
ကိုဇော်ဂျီ – “မင်းငါ့ကို အပြစ်မတင်နဲ့။ မင်းလည်း ငါ့နေရာမှာဆို
ဒီလိုဖြစ်မှာပဲကွ။”
ကိုဒသဂီရိ – “ဘယ်လိုဖြစ်လို့လဲကွ။”
ကိုဇော်ဂျီ – “ဘယ်လိုဖြစ်ရမလဲ ငါ့ကို ညောင်သီး ၉ လုံးသွင်းပြီးသွားတဲ့
အချိန်မှာ ဟိုကောင်စကူ က ဒူးရင်းသီးကြီး ဆယ်လုံး ထမ်းပြန်လာတယ်လေကွာ—”
..............................
...........
ဒါဘဲယူတော့နော်
ရောဘတ်တစ်ယောက် အလုပ်ထဲမှာ အဆင်မပြေတာတွေများနေတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေက များလွန်းလို့ တစ်ညနေရုံးအဆင်း ကမ်းခြေဘက်
ခဏသွားရင်း အပန်းဖြေနေမိတယ်။ ဒါနဲ့ပြန်ခါနီးတော့ တကိုယ်တည်း
ညည်းမိလိုက်တယ်။
{{ ငါဘ၀ကြီးနှယ် ကံမကောင်းလိုက်ပုံများ၊ ကောင်းမှုကုသိုလ်တွေလည်း လုပ်ခဲ့ပါတယ်၊ ဘုရားသခင်ကိုလည်း ယုံကြည်ခဲ့တာပဲ၊
ခုများငါ ဒုက္ခရောက်တော့ ကူညီမယ့်သူတောင်မရှိဘူး }}
ကောင်းကင်ပေါ်က ဗြုန်းကနဲ အသံတစ်ခု ကြားလိုက်ပြီး သူ့ကိုမေးတယ်...
{{ ရောဘတ် မင်းဖြစ်နေတာတွေကိုငါသိတယ်၊ မင်းရဲ့ ကုသိုလ်တွေအတွက်လည်း ခံစားခွင့်ရမယ်၊
မင်းလိုချင်တဲ့ ဆုသုံးခုတောင်းပါ}} တဲ့။
ရောဘတ်တစ်ယောက် ခဏလောက်စဉ်းစားလိုက်တယ်။
၁။{ ဒေါ်လာ ၁ သန်း လိုချင်တယ်}
- ပြန်ရင် မင်း အကောင့်ထဲမှာ သွားထုတ်လိုက်ပါ ။
(အဟား ဒီလိုဆိုဟန်ကျတယ်)
၂။ {နောက်ဆုံးပေါ် မာစီဒီး ၁စီးလိုချင်တယ်}
- မင်းအိမ်ကကားဂိုဒေါင်ထဲမှာထည့်
ထားလိုက်ပြီ။
နောက်ဆုံးဆုကို တောင်းဖို့ ရောဘတ်စဉ်းစားလိုက်တယ်။
၃။{ ကျွန်တော့် အိမ်ကနေ ဟာဝိုင်အီကို တိုက်ရိုက်သွားနိုင်တဲ့ အမြန်လမ်းတစ်ခုလိုချင်တယ်}
ဘုရားသခင်ကပြန်ပြောတယ်။
- {{ ရောဘတ်.... တခြားဟာတစ်ခု တောင်းလို့မရဘူးလား။ လမ်းတစ်ခုဖောက်ဖို့ကျတော့
တခြားလူတွေကို ဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်လေ။ သူတို့ ပိုင်တဲ့ အိမ်တွေ
အဆောက်အဦတွေကို ဖယ်ပြစ်ရမှာ}}
ရောဘတ်စဉ်းစားကြည့်လိုက်တယ်။ {{ အင်းဟုတ်သားပဲ၊ ဒါဆို ဘာတောင်းရမလဲ}}
အဲ....သူ့မိန်းမကို သတိရလိုက်တယ်။ ဟုတ်ပြီ၊ ဟန်နီနဲ့ ငါနဲ့ ခဏခဏ ရန်မဖြစ်ရအောင်.....
{{ အို.. ဘုရားသခင်၊ ကျွန်တော်မှာ
မိန်းမတွေကိုနားလည်နိုင်တဲ့စိတ်
စွမ်းအင်မျိုးရချင်ပါ တယ်၊ သူတို့
ငိုတဲ့အခါ၊ ကျွန်တော့် ရုံးကပြန်လာတဲ့အချိန် ဘာမှမပြောပဲ စိတ်ကောက်တဲ့အခါ၊
သူတို့ တခုခု လုပ်နေရင်း ပြုံးတာမြင်လိုက်လို့ ဘာလဲလို့ မေးရင် ဘာမှ
မဟုတ်ဘူးဖြေတဲ့အခါ၊ မီးဖိုချောင်ကထွက်လာပြီး မျက်နှာမကောင်းဘူးထင်လို့
ဘာဖြစ်လဲမေးရင် ဘာမှမဖြစ်ပါဘူးဆိုပြီး ဘောက်ဆတ်ဆတ် ဖြေသွားတဲ့ အခါ၊ အဲဒီလို
နားမလည်နိုင်အောင်လုပ်တဲ့ အခါတိုင်းမှာ သူတို့စိတ်ထဲမှာ ဘာတွေစဉ်းစားနေလဲ
ဆိုတာ သိနိုင်တဲ့ သူတို့ကို နားလည်နိုင်တဲ့ စွမ်းအင်မျိုး
ကျွန်တော်လိုချင်ပါတယ်}} ရောဘတ်ကပြောချလိုက်တယ်။
သူ့စကားအရှည်ကြီးကိုနားထောင်ပြီ
းတဲ့ အချိန်မှာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားတယ်။ ပြီးတော့
သက်ပြင်းတချက်ချပြီး ဘုရားသခင်ရဲ့စကားသံထွက်လာတယ်။
{{ ရောဘတ်၊ ဟာဝိုင်အီ ကိုသွားမယ့် အမြန်လမ်းက ဘယ်နှစ်လမ်းသွားလိုချင်တာလဲ }}
.....................................................................................................................
ဂျပန်မချောချောလေးလိုချင်တယ်
တစ်ခါက ကိုဝင်းမောင်၊ မမြင့်မြင့်ဆိုတဲ့ လင်မယားရှိတယ်။ ကလေးနှစ်ယောက်နဲ့ဆိုတော့
စုစုပေါင်းမိသားစုဝင် လေးယောက်ရှိတာပေါ့။ ကိုဝင်းမောင်ရဲ့ အကျင့်ကစကားကို
အမြဲ စစ နောက်နောက်ပြောတတ်တယ်။ ဒါကို မမြင့်မြင့်ကလည်း မကြိုက်ဘူး။
ဒါပေမယ့် ကိုဝင်းမောင်ကလည်း ဘယ်တော့မှ မပြင်ဘူး အမြဲ အစအနောက်သန်နေတယ်။
တစ်ရက်ကျတော့ မမြင့်မြင့်တို့ရုံးက အစီအစဉ်နဲ့ မမြင့်မြင့်ကို
ဂျပန်နိုင်ငံမှာ ပညာတော်သင်သွားဖို့ အကြောင်းရှိလာတော့ မိသားစုတွေ
ခဏခွဲဖို့ဖြစ်လာရော။ မမြင့်မြင့် ဂျပန်ကိုသွားတဲ့နေ့ကျတော့
ရုံးကလူကြီးတွေရော ယောက်ျားဖြစ်သူ ကိုဝင်းမောင် ပါ
လေဆိပ်ကိုလိုက်ပို့ကြတယ်။ လေယာဉ်တက်ခါနီးတော့ မမြင့်မြင့်က
စိတ်ထဲမကောင်းလှတဲ့ အသံလေးနဲ့ ကိုဝင်းမောင်ကို
“ယောက်ျားရေ ကျွန်မတော့ သွားတော့မယ် ဘာမှာဦးမလဲ” လို့မေးတော့။ ကိုဝင်းမောင်က “ဘာမှတော့
ထူးထူးထွေထွေ မမှာတော့ပါဘူးကွာ၊ မင်းပြန်လာရင်သာ ငါ့အတွက်
ဂျပန်မချောချောလေးတစ်ယောက်လောက်
သယ်ခဲ့” လို့ သူ့အကျင့် အတိုင်း စစ
နောက်နောက်ပြန်ပြောလိုက်တယ်။
အစကတည်းကမှ မိသားစုနဲ့ခွဲရမှာမို့ စိတ်မကောင်းဖြစ်နေတဲ့ မမြင့်မြင့်က ယောက်ျားဖြစ်သူရဲ့ စနောက်တဲ့စကားကြောင့်
စိတ်တိုသွားပါတယ်။ ရုံးက လူကြီးတွေရှေ့မှာဆိုတော့ ပိုပြီး
ဒေါသဖြစ်ရတာပေါ့။
ဒီလိုနဲ့ ခြောက်လအကြာမှာ မမြင့်မြင့်တစ်ယောက် ဂျပန်ကနေပညာတော်သင်ပြီးလို့ ပြန်လာရောတဲ့။ ဒါကို ကိုဝင်းမောင်နဲ့အတူ
မမြင့်မြင့်တို့ရုံးက အရာရှိကြီးတွေလည်း လေဆိပ်မှာလာကြိုကြတာပေါ့။
လေယာဉ်ပေါ်ကဆင်းလာတော့ ယောက်ျားရော ကလေးတွေရော အထက်အရာရှိတွေနဲ့
အားလုံးကိုတွေ့ရတော့ မမြင့်မြင့် ကအရမ်းပျော်နေတာ။ နှုတ်ဆက်ကြ
စကားတွေပြောကြနဲ့ပေါ့။ အဲ့ဒီအချိန်မှာပဲ ကိုဝင်းမောင်က သူ့ အကျင့်အတိုင်း
“မိန်းမရေ ငါမှာလိုက်တဲ့ ဂျပန်မချောချောလေးရော မပါဘူးလား” ဆိုပြီး နောက်လိုက်တယ်။
အဲ့ဒီမေးခွန်းကို ပြန်ဖြေလိုက်တဲ့ မမြင့်မြင့်ရဲ့ အဖြေကြောင့် ကိုဝင်းမောင်
အပါအ၀င် လာကြိုကြတဲ့ အဖွဲ့တွေအားလုံး မှင်တက်သွားကြရော။
မမြင့်မြင့်ကဘာပြန်ဖြေလိုက်သလဲဆိုတော့-
“ယောက်ျားရယ် စိတ်ချစမ်းပါ။ ယောက်ျားမှာတာကို ကျွန်မမမေ့ပါဘူး။ ဒါပေမယ့် ဂျပန်မချောချောလေးလား
ဂျပန်ထီးချောချောလေးလား ဆိုတာတော့ နောက်လေးလလောက်နေမှသိရမယ်။ ကျွန်မလည်း
တွေ့တွေ့သမျှ ဂျပန်တွေနဲ့တော့ ကြိုးစားလာခဲ့တာပဲ” တဲ့။
မှတ်ဟ…………………….

0 comments:
Post a Comment