Monday, November 14, 2011

တရုတ်၊ ရုရှားကုမ္ပဏီများ လာဘ်ပေးလာဘ်ယူ အများဆုံး

by Moenge Aung on Tuesday, November 15, 2011 at 5:37am



The Voice Weekly
တရုတ်နှင့် ရုရှား ကုမ္ပဏီများသည် နိုင်ငံရပ်ခြား တိုင်းပြည်များ၌ စီးပွားရေး လုပ်ငန်း လုပ်ဆောင်ရာတွင် လာဘ်ပေးလာဘ်ယူမှု အများဆုံး ပြုလုပ်သော ကုမ္ပဏီများဖြစ်ကြောင်း အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး အဖွဲ့ဖြစ်သော  Transparency International အဖွဲ့၏ စစ်တမ်းကို ကိုးကား၍ BBC သတင်းဌာန တွင် ဖော်ပြထားသည်။ နိုင်ငံပေါင်း ၂၈ နိုင်ငံရှိ စီးပွားရေးသမား ၃၀၀၀ ကျော်ကို လာဘ်ပေးမှုကိစ္စနှင့် ပတ်သက်၍ မေးမြန်း ကောက်ယူ ထားသော Transparency International အဖွဲ့၏ စစ်တမ်းအရ တရုတ်နှင့် ရုရှားကုမ္ပဏီများသည် လာဘ်ပေးလာဘ်ယူမှု အများဆုံးဖြစ်ပြီး နယ်သာလန်နှင့် ဆွစ်ဇာလန် ကုမ္ပဏီများမှာ လာဘ်ပေးမှု အနည်းဆုံးဖြစ်သည်။
အဆိုပါ စစ်တမ်းတွင် အများပြည်သူနှင့် ဆိုင်သော လုပ်ငန်းများနှင့် ဆောက်လုပ်ရေး ကန်ထရိုက် လုပ်ငန်းများကို လာဘ်ပေးလာဘ်ယူမှု အများဆုံး နယ်ပယ်များအဖြစ် ဖော်ပြထားသည်။ လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းဖြင့် သက်ဆိုင်ရာနိုင်ငံရှိ လူ့အဖွဲ့အစည်းတွင် ဆိုးကျိုးများ သက်ရောက်စေနိုင်ပြီး ကုမ္ပဏီများ၏ ဈေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်ရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။“အစိုးရတွေအနေနဲ့ လာဘ်ပေးလာဘ်ယူမှုကို အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းသင့်တယ်” ဟု Transparency International အဖွဲ့ဥက္ကဋ္ဌ Hugette Labelle က ပြောကြားသည်။
 အကျင့်ပျက် လာဘ်စားသော အစိုးရများရှိသည့် နိုင်ငံများမှ ကုမ္ပဏီများမှာ လာဘ်ပေးလာဘ်ယူမှု အများဆုံးဖြစ်ပြီး အမှိုက်သိမ်း လုပ်ငန်း၊ လမ်းတည်ဆောက်ရေး လုပ်ငန်း စသည့် အများပြည်သူနှင့် ဆိုင်သော လုပ်ငန်းများတွင် လာဘ်ပေးမှု အများဆုံးဖြစ်သည်။ လုပ်ငန်းပမာဏ ကြီးမား၍ ကန်ထရိုက်ခွဲများစွာ ပါဝင်သော အများပြည်သူနှင့်ဆိုင်သော ကန်ထရိုက်ကြီးများမှာ လုပ်ငန်းကုန်ကျစရိတ် ပိုမို တင်ပြရန်နှင့် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ရန် ဖြစ်နိုင်ခြေ ပိုများကြောင်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။ အခြေခံ အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းနှင့် အိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းများတွင် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခြင်းကြောင့် အန္တရာယ်ကင်းရှင်းရေး စံသတ်မှတ်ချက်များ ပြည့်မီခြင်း မရှိတော့ဘဲ အများပြည်သူများတွင် ဆိုးကျိုးများ ဖြစ်ပေါ်စေကြောင်း Transparency International အဖွဲ့၏ စစ်တမ်းတွင် ဖော်ပြထားသည်။


Average:

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...