Wednesday, November 23, 2011

“အသက်ရှင်သန်နေတဲ့ ကာလတစ်လျှောက် ဘယ်လို ဆုံးဖြတ်ချက်ချပြီး ဘဝကို ရုန်းကန်ကြမလဲ”

by Par Par Gyi on Sunday, October 9, 2011 at 11:41pm





ကျွန်တော်တို့ လူသားတိုင်းမှာ စဉ်းစားဆင်ချင်နိုင်တဲ့ အသိစိတ်အာရုံတွေ၊ ဥဏ်ရည် တွေးတောပုံတွေရှိပါတယ်။
လူသားတစ်ဦးချင်းစီရဲ့ ဥဏ်ရည်မှတ်သားနိုင်မှူဟာ တစ်ဦးနဲ့ တစ်ဦး သိပ်ကွာလှတယ်မရှိပေမယ့် အားထုတ်မှူမှာတော့ ကွာဟနေတဲ့အချက်တွေ ရှိနေကြပါတယ်။ တွေးတောနိုင်မှူ အားထုတ်ခြင်းအပေါ် ပေါ့လျှော့သဖြင့် လူသားတစ်ဦးတစ်ယောက်ဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ၊ တွေးတောပုံ ပေါ့လျှော့မူ တစ်ခုကြောင့် ဘဝနဲ့ ရင်းပြီးဆုံးရှုံးလိုက်ရတဲ့ အဖြစ်မျိုး လူ့ဘဝမှာ ဖြစ်တတ်ကြုံတွေတတ်ကြရပါတယ်။


လူ့ပတ်ဝန်းကျင်ရှိ နိုင်ငံရေးတွင်ဖြစ်စေ၊ လုပ်ငန်းကိုင်ငန်းများတွင်ဖြစ်စေ၊ အကြောင်းကိစ္စ တစုံတရာကို ဆုံးဖြတ်ချက်ချရာမှာ လွယ်လွယ်ကူကူ မဆုံးဖြတ်သင့်ပါဘူး။ တချို့ဆုံးဖြတ်ချက်တွေဟာ ကိုယ်က ပေါ့ပေါ့လေး ထင်လိုက်ပေမယ့် နောက်ကွယ်မှာ ဘဝပျက်သွားနိုင်တဲ့၊ နိုင်ငံပျက်သွားနိုင်တဲ့ အထိ များစွာသော ဘေးဥပဒ်တွေနဲ့ ပြည့်နှက်နေတာကို သတိလက်လွတ် ဖြစ်သွားတတ်ပါတယ်။

တွေးတောမှူများတွင် အဓိကအရေးပါတဲ့ မှန်ကန်မှူများ၊ မျှတမူများရရှိရန် အတွက် ညီမျှခြင်းဆိုတဲ့ ညီမျှမှူကို လက်ကိုင်ထားပြီး သူ့ဘက်ကိုယ့်ဘက် မျှ၍ တွေးတော နိုင်ခြင်းဖြင့် မှန်ကန်သည့် တွေးတောဆင်ချင် နိုင်မှူကို ရရှိမည်လို့ ထင်ပါတယ်။

အဲ့ဒီလို တွေးတောပုံတွေဟာ အကြောင်းအရာပေါ်မူတည်ပြီး ခွဲခြမ်းစိတ်ဖြာကာ တွေးတတ်ဖို့ အရေးကြီးပါတယ်။ အကြောင်းအရာပေါ်မှာ အဓိကအရေးပါတဲ့ (Main Point) ကို ရှာထုတ်နိုင်ရပါမယ်။ အချက်လက်ပေါင်းများစွာကနေ ဖြစ်သင့်သည့်၊ ဖြစ်နိုင်သည့် အရေးပါတဲ့ အချက်အလက်များကို ဦးစားပေး စိစစ်ရွေးထုတ်ပြီးမှ တွေးတော ကြံဆကာ လုပ်ဆောင်နိုင်ဖို့အရေးကြီးပါတယ်။

ဥပမာဆိုကြပါစို့...

တရုတ် Projects အားလုံးကို အမိမြန်မာပြည်ထဲကနေ ထွက်သွားတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားကြမယ်ဆိုတဲ့ တွေးတောမှူမျိုးဟာ မှန်ကန်တယ် (သို့) မှားပါတယ်ဆိုတဲ့ တွေးတောနိုင်မှူ မရှိလျှင် ဘယ်လိုပုံစံနဲ့ တိုက်ပွဲဝင် ခရီးဆက်ကြဦးမယ်ဆိုတာ...?

တရုတ် Projects အားလုံးကို အမိမြန်မာပြည်ထဲကနေ ထွက်သွားတဲ့အထိ ဆိုတဲ့ အချက်လေး ဆွေးနွေးကြည့်မယ်နော်...

ကျွန်တော်ကတော့ ဒါဟာ မဖြစ်နိုင်တာကို တွေးတောပြီး ပြောထားတယ်လို့ပဲ မြင်တယ်...
အခုလို မဖြစ်နိုင်တာကို လုပ်ရင် အချိန်ကုန်တယ်၊ လူပင်ပန်းတယ်၊ ရည်ရွယ်ချက်ပျောက်ဆုံးနိုင်တယ်၊ ဦးတည်ချက်မဲ့နိုင်တယ် စတဲ့ အချက်တွေရှိတာကြောင့် ဒီလိုတွေးတောမှူနောက်ကို လိုက်မယ်ဆိုရင် ဆိုးကျိုးမရှာပါနဲ့အုံး၊ ကောင်းကျိုးကို အရင်ရှာကြည့်စေချင်တယ်။

Project တစ်ခုဟာ တစ်ဦးတည်း လုပ်နိုင်တယ်ဆိုရင် အကျိုးတူ ပူပေါင်းဆောင်ရွက်ဖို့ မလိုပါဘူး။ တစ်ဦးတည်း လုပ်နိုင်တဲ့ အင်အားမရှိခဲ့ရင် အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ (သို့) တစ်ဦးတည်းလုပ်ရန် ဖြစ်နိုင်တဲ့ အင်းအား သက်ရှိထင်ရှား ရှိနေစဉ်ကာလအတွင်း ရရှိမည် / မရရှိမည်ကို ချင့်ချိန် သုံးသပ်ပြီး Project ကို စတင်ရမှာဖြစ်ပါတယ်။

အဲဒီလို စတင်လာရမယ့် Project မှာ အဖွဲ့အစည်းအများအပြားဖြင့် စတင်ခြင်းဖြစ်စေ၊ နှစ်ဦးအကျိုးပြု ဆောင်ရွက်ခြင်းဖြစ်စေ ကိုယ်တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်သည့် Project မဟုတ်သည့် အတွက် အရေးကြီးတာက ညီမျှခြင်းတစ်ခုတည်းသာ ဖြစ်ပါတယ်။

Project တစ်ခုမှ ရင်းနှီးမတည်ငွေနှင့် အကျိုးအမြတ်၊ Project တစ်ခုမှ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်နှင့် ဘေးထွက်ဆိုးကျိုး စတဲ့ အကောင်းအဆိုး/ အကျိုးအမြတ်များကို နှစ်ဦးသဘောတူညီမူ ရရှိနိုင်သည့်
ညီမျှခြင်း (=) ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး Project ကို အကောင်အထည်ဖော်ဖို့သာ အရေးကြီးပါတယ်။

ယခု ရပ်စဲထားတဲ့ မြစ်ဆုံစီမံကိန်းဟာဖြင့် မြန်မာပိုင်နက်ဖြစ်သည့် ဧရာဝတီမြစ်ကြောင်းပေါ်ရှိ
မေခ - မေလိခမြစ်ဆုံ ကိုအမှီပြုပြီး မြန်မာနိုင်ငံဘက်မှ မြေအနေအထား ပိုင်ဆိုင်မှူကို အရင်းပြုကာ၊ တရုတ်နိုင်ငံမှ ငွေကြေးအင်အား၊ နည်းပညာ၊ ဆည်ဖြစ်မြောက်ရေး အတွက် အထောက်အပံ့များဖြစ်သည့် ယန္တရားများ၊ မြေသယ်ယာဉ်များ စသဖြင့် စိုက်ထုတ်၍ အကောင်ထည်ဖော်ကာ ဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ပြီး စီမံကိန်း သက်တမ်းမှာလည်း နှစ်ပေါင်း (100) အထိ ခံနိုင်သည့် ခံနိုင်အားအပေါ် အခြေခံစံနုန်းများထားပြီး တည်ဆောက်ခြင်း ဖြစ်သည့်အပြင် စီမံကိန်းပြီးဆုံးချိန်၌ ရရှိလာမည့် လျှပ်စစ်စွမ်းအား သုံးစွဲခွင့်မှာလည်း ပထမ နှစ်ပေါင်း (50) အား တရုတ်နိုင်ငံမှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမည်၊ ကျန်သည့် သက်တမ်း (50) အား အမိမြန်မာပြည်သို့ လွဲခဲ့ရမည်ဖြစ်သည့်အပြင် စီမံကိန်းသက်တမ်းပြည့် သုံးစွဲနိုင်လျှင် (သို့) သက်တမ်းကျော်လွန်ကာ သုံးစွဲနိုင်ရေးအတွက် အမိမြန်မာပြည် တာဝန်ရှိသူများမှ စီမံကိန်းတွင် သုံးစွဲမည့် အဆောက်အဦးသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ သံချောင်းလုံး စတဲ့ ထည့်ဝင်သုံးစွဲမည့် ပစ္စည်းများ၏ အရည်အသွေးနှင့် စံချိန်စံနုန်းများကိုသာ ကျွမ်းကျင်နည်းပညာရှင်များ ခေါ်ယူငှားရမ်း၍ စီစစ်ကြတ်မတ်ကာ လုပ်ငန်းဆောင်ရွက်ဖို့သာ ရှိပါတယ်။

သို့ပေမယ့် ယခုကဲ့သို့ နှစ်ဦးသဘောတူ တည်ဆောက်နေသည့် စီမံကိန်း၏ ဘေးထွက် ဆိုးကျိုးများ ဖြစ်သည့် မြစ်တိမ်ကောနိုင်ခြင်း၊
ဆည်ကျိုးပေါက်ခဲ့လျှင် မြစ်ကြီးနားမြို့ပတ်ဝန်းကျင်ဒေသအထိ ရေနှစ်မြုပ်နိုင်သည့်အပြင် လူပေါင်းမြောက်များစွာ၏ အသက်အန္တရာယ်ဖြင့် ကြုံတွေ့နိုင်သကဲ့သို့ ပေါ့ပေါ့တန်တန် သဘောထားကာ ဆောင်ရွက်ခဲ့သည့် ယခင် စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သူများ ဆောင်ရွက်ခဲ့သည့် စီမံကိန်းတစ်ခုအား ယခု အရပ်သားအစိုးရလက်ထက်၌ ကန့်ကွက်ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်း ဖြစ်သဖြင့် ဒီမိုကရေစီလမ်းစဉ်အရ လူထုတောင်းဆိုသည့် ဆန္ဒတရပ်ကို အသိအမှတ်ပြုသည့် အနေဖြင့် သမ္မတ ဦးသိန်းစိန်မှ ယခုကဲ့သို့ စီမံကိန်းကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပါသည်။

အထက်ပါ ကျွန်တော်ပြောဆိုခဲ့သည့် အကြောင်းအရာများတွင် အကျိုးရှိ၍ အကြောင်းဖြစ်သည့်အတိုင်း အကျိုးလို၍ စတင်ဆောင်ရွက်ခဲ့သည့် စီမံကိန်းတစ်ခုသည် အကြောင်းပေါ်၍ ရပ်ဆိုင်း ထားရခြင်းဖြစ်ပါသည်။

ထို့အတွက်ကြောင့်  -

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဘက်ကတော့ မြစ်ဆုံတင်မက တရုတ် Projects အားလုံးကို
အမိမြန်မာပြည်ထဲ ကနေ ထွက်သွားတဲ့အထိ ဆက်တိုက်ပွဲဝင်သွားကြမှာ ဆိုတဲ့စကားရပ်မှာ မမှန်ကန်သဖြင့် တိုက်ပွဲဝင်မှူသည် အောင်မြင်ရန် မရှိသကဲ့သို့ အချိန်ကုန် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ အဆုံးသတ်မလှ ဖြစ်နေပါလိမ့်မယ်။

Project တစ်ခု စတင်ဖို့ရာ တစ်ဦးတစ်ယောက်တည်း မတည်၍ မဖြစ်နိုင်သည့်အပေါ် အကျိုးတူဆောင်ရွက်ရန် စတင်ရခြင်းဖြစ်သဖြင့် Project ဖြစ်မြောက်ရေး အပေါ် အကျိုးတူဆောင်ရွက်ရန် ဖြစ်သည့် ကုလား/ ဂျပန်/ အင်္ဂလိပ် စတဲ့ ဘယ်လူမျိုးနဲ့မှ Project စတင်မယ် တရုတ်လူမျိုးကိုတော့ ကန့်ကွပ်မယ်ဆိုတဲ့ ခပ်နုံနုံအတွေးမျိုးကို အားမပေးသင့်၊ မတိုက်တွန်း မနိုးဆော်သင့်ပါဘူး။

Project အကောင်အထည်ဖော် ညိုနှိုင်းဆောင်ရွက်နိုင်ဖို့နဲ့ ရည်ရှည်လက်တွဲနိုင်ဖို့ဆိုတာက လူမျိုးစုကို ကြည့်ပြီး ယုံကြည့်မယ်ဆိုရင်တော့...

ဘယ်လူမျိုးကို ယုံပါသလဲလို့ ကျွန်တော် မေးချင်ပါတယ်...?

အဓိက အရေးကြီးတာက Project ဖြစ်မြောက်ရေးနှင့် ရည်ရှည်လက်တွဲဆောင်ရွက်နိုင်ဖို့အရေးမှာ သူ့ဘက်ကိုယ့်ဘက် မျှတသည့် ဆုံးဖြတ်မှူများကို လက်ကိုင်ထား ဆောင်ရွက်နိုင်သည့် မှန်ကန်တဲ့ အတွေးတစ်ခုကသာ ထိန်းသိမ်းနိုင်သဖြင့် လူသားတိုင်း ညီမျှခြင်း (=) ဆိုသည့် ဆောင်ပုဒ်ကို ကျင့်သုံး၍ စီစဉ်သင့် ဆောင်ရွက်သင့်ကြောင်း တွေးတောသုံးသပ်ပြီး ဆုံးဖြတ်ချက်ဆိုတာ ချသင့်ပါတယ်။

နိုင်ငံတစ်နိုင်ငံရှိ နိုင်ငံရေးဖြစ်စေ၊ တိုက်ပွဲဟုဖြစ်စေ၊ အိမ်တစ်အိမ်ရဲ့ အိမ်တွင်းရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ အရွယ်ရောက်ခါစ လူသားတို့မှာ ဖြစ်တတ်တဲ့ ချစ်သူဘဝမှ အိမ်ထောင်သည် ဘဝကို လက်တွဲဖို့အတွက်ဖြစ်စေ၊ အိမ်ထောင်သည်ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေ ဖောက်ပြားမူတွေကြောင့် အိမ်ထောင်ရေးပြိုကွဲတော့မယ့် အခြေမျိုးတွင်ဖြစ်စေ ဆုံးဖြတ်ချက်ဆိုတာ အချိန်ကျလာသည်နှင့်အမျှ ချရမြဲ ကြုံရမြဲ ဖြစ်တဲ့အတွက် ညီမျှခြင်းတရားကို လက်ကိုင်ထားပြီး ဆုံးဖြတ်နိုင်ရပါမယ်။

အဲ့ဒီလို ဆုံးဖြတ်ချက်တွေ ချတဲ့အခါ မှန်ကန်ဖို့၊ တရားကျဖို့၊ မျှတဖို့လိုအပ်ပါတယ်။ မှန်ကန်မှူမရှိတဲ့ ဆုံးဖြတ်ချက်၊ မတရားတဲ့ ဆုံးဖြတ်ချက်၊ မျှတမှူမရှိတဲ့ ဆုံးဖြတ်ချက်များနဲ့ ဆောင်ရွက်နေတဲ့ ကိစ္စမှန်သမျှ တစ်ချိန်မှာ ဆိုးကျိုးဆိုတဲ့ အရာတွေဟာ ကိုယ်ဆုံးဖြတ်ချက်ကြောင့် ကိုယ်သာ ပြန်ခံရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ မှန်ကန်မှူမရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့် ဘဝနဲ့ရင်း ပေးဆပ်လိုက်ရတဲ့ အဖြစ်မျိုးက ရှောင်ကျဉ်နိုင်ဖို့ လိုအပ်ပါတယ်။ အားလုံးသော သူများကိုလည်း ဆုံးဖြတ်ချက် မှားယွင်းမှူကြောင့် ဘဝပျက်တဲ့ အထိမရောက်ရှိကြစေဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များ ပိုင်ဆိုင်ထားတဲ့ သာယာလှပတဲ့ ဘဝပိုင်ရှင်သာဖြစ်စေလိုပါတယ်။

အထက်ပါ ရေးသားခြင်းမှာလည်း ယခု ကျွန်တော်တတ်သိသလောက်သမရိုးကျ ရေးသားထားခြင်းဖြစ်သဖြင့် မှားကောင်းမှားနိုင်ပါတယ်။
အမှားအယွင်းပါခဲ့လျှင်လည်း နားလည်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

ထို့ကြောင့် လူသားတိုင်း အသက်ရှင်သန်ချိန်၌ မှန်ကန်သည့် အသိအမြင်ရစေရန်၊ ဘဝတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်များဖြင့် ကြုံတွေ့လာမည့် ပြဿနာများအား မှန်ကန်တိကျခြင်း၊ တရားခြင်းစတဲ့ နည်းလမ်းဖြင့် ကျင့်ကြံ ဆုံးဖြတ်နိုင်ရန်အတွက် အသိဥာဏ်တွေးတောနိုင်မှူ ပွင့်လင်းစေရန် တတ်သိဆရာများ၊ ပုဂ္ဂိုလ်များမှ လာရောက် ဆွေးနွေးဖလှယ် ပို့ချပေးစေလိုကြောင်း အသိပညာဆိုင်ရာ တောင်းခံအပ်ပါတယ်။


(လေးစားစွာဖြင့်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...