မြေစာပင်လေးများ မနွမ်းစေချင်
Cloud Cuckoo Land created a doc.
ယနေ့ကမ္ဘာ ပေါ်တွင် ပျံ့နှံ့ကူး စက်နေ သော HIV ပိုးသည် နိုင်ငံ ပေါင်းစုံသို့ ရောက်ရှိပြီး ဖြစ်၍ ကူးစက် မှုမခံ ရသေး သော နိုင်ငံဟူ၍ မရှိ တော့လေ။ တစ် ကမ္ဘာလုံး ကူးစက်ခံထားရသူ လူဦးရေ မှာ ၂၀ဝ၈ ခုနှစ်စာရင်းကောက်ယူမှုအရ သန်းပေါင်းလေးဆယ်ကျော်ရှိပြီး ထိုအထဲ တွင် HIV ပိုးကူးစက်ခံထားရသော အသက် ၁၅ နှစ်အောက် ကလေးငယ် များမှာ ၂ .၅ ... သန်းခန့်ပါဝင်နေပါသည်။ ယခုအချိန်တွင်မူ ထိုစာရင်းများထက် ပိုမို ကူးစက် ခံရပြီး သားလည်း ဖြစ်ပါသည်။ ထို ကလေးငယ်များ၏ စာရင်းထဲတွင် မြန်မာ နိုင်ငံမှ ကလေးငယ်များလည်း ပါဝင်နေပါ သည်။များသောအားဖြင့် ကလေးငယ်များ သည် မိဘတို့ထံမှတစ်ဆင့် ကူးစက်ခံခဲ့ရ သည်များရှိကြသလို သွေးမှတစ်ဆင့် ကူး စက်ခံခဲ့ရသူများလည်း ပါဝင်နေကြပါသည်။ ထိုကလေးငယ်တို့သည် လူ့ဘဝ ကြီးတွင် ဘုမသိ ဘမသိဘဝဖြင့် လူ့ လောကကြီးထဲ ဝင်ရောက်လာခဲ့ရသူများ ဖြစ်ကြပြီး မြေစာပင်လေးများသဖွယ်ဖြစ် နေကြရပါတော့သည်။
မိဘနှင့် အုပ်ထိန်း သူများ HIV လောကနှင့် ထိတွေ့ပြီး ဗဟု သုတ ကြွယ်ဝ ခဲ့ကြ သူများ ၏သားသမီး ကလေးတို့သည် မှန်ကန်သော ဆေးကုသ မှုများ ခံယူမိကြပြီး အသက်များ ဆက် လက် ရှင်သန်ခွင့်များရခဲ့ကြသလို အချို့ ကလေးတို့သည် မိဘနှင့် အုပ်ထိန်းသူတို့ ၏ HIV ဗဟုသုတအားနည်းခဲ့ရမှုတို့ ကြောင့် အချိန်မီဆေးကုသမှုမခံလိုက်ကြ ရပဲြွေကလွင့်ခဲ့ရသူများလည်း ရှိခဲ့ပါ သည်။
အချိန်မီ ဆေးကုသမှုခံယူကြမိ သည့် ကလေးငယ်တို့သည်လည်း ကျန်းမာစွာဖြင့် ရှင်သန်နေနိုင်ကြသော် လည်း လူ့ဘဝထဲရောက်စမှပင် HIV ပိုးဖြင့် ရှင်သန် ရသည့်အတွက် မျက်စိ သူငယ် နားသူငယ်ဖြင့် လူ့ဘဝကြီးကို ရင်ဆိုင်ဖြတ်သန်းရတော့မည်သာဖြစ်
ထိုကလေးတို့သည် မိခင်ထံတွင် HIV ပိုးကင်းစင်သော ဘဝ များဖြင့် ရှင်သန်ခွင့်ရခဲ့ကြပါသည်။ ထို ကလေးတို့သည် မိခင်ထံတွင် HIV ပိုးရှိ နေသော်လည်း ကံကောင်းခဲ့သည့် ကလေး များဘဝဖြင့် ရပ်တည်နိုင်ခဲ့သော်လည်း PMCT မယူမိခဲ့ကြသည့် မိခင်တို့၏ သား သမီးလေးများသည် လူ့ဘဝထဲရောက်စမှ ပင် မိဘ၏ဆိုးမွေးကို ခံယူခဲ့ကြရပြီး မြေစာပင် ကလေးများသဖွယ် ရပ်တည် ကြရပါတော့သည်။ ထိုကလေးငယ်တို့၏ ဘဝသည် လွန်စွာမှပင် သနားစရာ ကောင်းလှပြီး သူတို့၏ရောဂါအခြေအနေ ကိုလည်း သူတို့မသိရှာ၊ သူတို့ဘာဖြစ်နေ သည်၊ မည်သည့်ဝေဒနာများ ခံစားနေရ သည်များကိုလည်း လူကြီးများကို ပြန် မပြောပြနိုင်ရှာကြ၍ စောင့်ရှောက်သူများမှ ဂရုတစိုက်ပြုစုပေးတတ်မှသာလျှင် လန်း ဆန်း ရှင်သန်နိုင်မည့်ဘဝများအသွင် ရပ် တည်နိုင်မှာပင်ဖြစ်ပါသည်။
တချို့ကလေး ငယ်တို့သည် မိဘနှစ်ပါးလုံး ကွယ်လွန်ခဲ့ ကြရသည်ဖြစ်၍ စောင့်ရှောက်အုပ်ထိန်းသူ များသည် HIV ဗဟုသုတအားနည်းပါက ဆက်လက်ရှင်သန်ခွင့်ရရန် အလွန်ပင် ခက်ခဲကြပါတော့သည်။ အချို့ကလေးငယ် တို့သည်လည်း မိဘနှစ်ပါးနှင့် စောင့် ရှောက်ပေးသူများမရှိကြ၍ HIV+ ကလေး ငယ်များကို လူသားချင်းစာနာထောက်ထား ၍ ပြုစုပေးနေကြသည့် အဖွဲ့အစည်းများသို့ ရောက်ရှိနေထိုင်ကြရသူများလည်း ရှိပါ သည်။ ထိုကလေးငယ်များကို ပြုစုပျိုး ထောင်စောင့်ရှောက်ပေးကြရာတွင် ကလေးငယ်များ၏ ကျန်းမာရေးကို အမြဲ တစေ ဂရုတစိုက်ရှိသင့်ပြီး မှန်ကန်သော ဆေးကုသမှုများကို စဉ်ဆက်မပြတ်ခံယူ နိုင်ရန် လုပ်ဆောင်ပေးသင့်ပါသည်။
ထို့ အပြင် အချို့ကလေးငယ်တို့သည် မိဘနှစ် ပါး ဆွေမျိုးများနှင့် ကင်းကွာပြီး ရှင်သန်ရ ရှာသည့်အတွက် ကလေးတို့၏ စိတ်ပိုင်း ဆိုင်ရာနှင့် အာဟာရဆိုင်ရာ လိုအပ်ချက် များကို စောင့်ရှောက်ပေးသူတို့မှ ကလေး တစ်ဦးချင်းစီကိုဖြည့်ဆည်းပေးနို
ယခင် ART ဆေးများမပေါ်ပေါက် စဉ်အချိန်က HIV ပိုး ကူးစက်ခံရပြီဆို သည်နှင့် အချိန်ကာလတစ်ခုအတွင်း လူ့ ဘဝကြီးကို စွန့်ခွာခဲ့ကြရသော်လည်း HIV ပိုးကို ထိန်းချုပ်လျှော့ချနိုင်သည့် ART ဆေးများပေါ်ပေါက်နေပြီဖြစ်သော ယခုအချိန်တွင် လူ့သက်တမ်းစေ့နေနိုင်ခွင့် များရနေကြပြီဖြစ်ပါသည်။ ဤကဲ့သို့အဘက်ဘက်မှ တိုးတက် ကောင်းမွန်သောဘဝများဖြင့် ရှင်သန်ခွင့်ရ စေရန် ထိုကလေးများကို မိဘဆွေမျိုးများ နှင့် လူသားတိုင်းတွင် ဂရုဏာစိတ်ထား များဖြင့် တာဝန်ကိုယ်စီယူပေးသင့်ကြပါ သည်။ ထိုသို့မှန်ကန်စွာ ပြုစုပျိုးထောင်ပေး မှသာလျှင် လန်းဆန်းရှင်သန်နေသော မြေစာပင်လေးများဖြစ်လာနိုင်သလို
လူ့ဘဝ ကြီးသို့ ရောက်လာခဲ့ရသော်လည်း မည် သည့် အပြစ်တစ်ခုမှ မကျူးလွန်ခဲ့ရဘဲ HIV ၏ ဓားစာခံဘဝဖြင့် ရပ်တည်နေရ သော်လည်း လန်းဆန်းရှင်သန်နေသော မြေစာပင်လေးများသဖွယ် ရပ်တည်နိုင်ခွင့် ရသင့်ကြပြီး ညှိုးနွမ်းခြောက်သွေ့နေသော ဘဝများဖြင့် မရပ်တည်စေသင့်ပါ။ ယခု ခေတ်၌ ပေါ်ပေါက်နေသော ART ဆေး များဖြင့် ကလေးများ၏ဘဝကို ရှင်သန် လာအောင် ကယ်တင်နေနိုင်သော်လည်း နောင်တစ်ချိန် ထို့ထက်အစွမ်းထက်မြက် သော ဆေးဝါးများပေါ်ပေါက်လာပါက ထို ကလေးများ၏ဘဝကို ပိုမိုကယ်တင်နိုင်မှာ ပင် ဖြစ်ပါသည်။ ထိုအချိန်တွင် ထိုကလေး တို့မ၊ှ ထွက်ပေါ်လာမည့် လူသားအရင်း အမြစ်တို့သည် လူသားများအတွက် အလွန်ပင်တန်ဖိုးရှိနေပါပင်ဖြစ်ပ
posted by လှိုင် CPEER
Healthcare
0 comments:
Post a Comment