Tuesday, November 15, 2011

အမေစု၏ အမည်ကို အသုံးပြုပြီး လူထုအုံကြွရန် ဖန်တီးနေသော မိုးသီးဇွန်နှင့် အပေါင်းပါများသို့..။

by Yan Aung on Wednesday, November 16, 2011 at 12:23pm
 
သံဃာတော်များ ဆန္ဒပြသည်ကို အကြောင်းပြုပြီး ပြည်တွင်းတွင် လူထုအုံကြွမှုဖြစ်ရန် အမေစု၏ အမည်ကို အသုံးပြုပြီး ဖန်တီးနေသော မိုးသီးဇွန်သို့..။ မိုးသီးဇွန် ဘလော့ဂ်မှာ ရေးသားချက်များမှ ကောက်နှုတ်ချက်...။
(၁)
ဆန္ဒပြသံဃာတွေက ဒေါ်အောင်ဆန်းစုကြည် နဲ့  ဖုန်း စကားပြောပြီးသွားပြီလို့ သိရပါတယ်။ သူတို့  တပြည်လုံးရှိ သံဃာတွေ လူထုတွေနဲ့  အမြန်ဆုံး ထကြွကြဖို့ တိုက်တွန်းပါတယ်။
နိုဝင်ဘာ ၁၈ ရက်ေ န့မတိုင်ခင် အာဆီယံ အစည်းဝေး မပြီးခင် အမြန်ဆုံးတိုက်ပွဲဝင်ဖို့ ဆက်လက်လှုံ့ ဆော်ကြပါလို့ ဦးဆောင်သံဃာကဆိုပါတယ်။
http://komoethee.blogspot.com/2011/11/blog-post_15.html


(၂) ဒေါ်အောင်ဆန်းစုကြည်က တစ်တိုင်းပြည်လုံး ဆုံးရှုံးနေ တဲ့ အခွင့်အရေး တွေ ကို ရဲရဲဝံ၀ံ လုပ်ကြဖို့  မန္တလေး ဆန္ဒြုပ သံဃာ တွေ နဲ့  တယ်လီဖုန်းဆက်သွယ်ပြော ဆိုစဉ် မှာ ပြောခဲ့ပါတယ်။
 ရန်ကုန်မြို့ လှည်း တန်း မှာ ဒီနေ့ ညနေ ကျောင်းသား တွေ စုပြီး မန္တလေးက ဆန္ဒပြ သံဃာတော် တွေ ကို ထောက်ခံ မှု ပြကြပါမယ်

အဲဒီရေးထားချက်တွေကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် (အမေစု) ပြောတာကို မလိမ့်တပတ် ခုတုံးလုပ်ပြီး NLD မှတ်ပုံတင်ဖို့ ဆွေးနွေးပွဲရှိတဲ့ ၁၈-၁၁-၂၀၁၁ မတိုင်ခင် မှာ လူထုအုံကြွမှုဖြစ်အောင်၊ မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်လို့ ယူဆပါတယ်..။ ဒီအချိန်ဟာ လူထုအုံကြွမှု ပြုလုပ်သင့်တဲ့ အခြေအနေနဲ့ အချိန်အခါ ဟုတ်မဟုတ်ဆိုတာ အရင်ပြန်လေ့လာသင့်ပါတယ်..။

ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေဦးဆောင်သူတွေ၊ စနစ်တကျ စီမံခန့်ခွဲမှုတွေနဲ့ နိုင်ငံတကာအကူအညီ မပါပဲ အစိုးရကို ထိပ်တိုက်ရင်ဆိုင်ပြီး ..အာရပ်နွေဦးဆန်ဆန် လူထုရင်းမြစ်ကို အသုံးချပြီး အုံကြွရင် ရလာဒ်က ဘယ်လိုထွက်လာမလဲဆိုတာ အားလုံး သိရှိပြီးဖြစ်ပါတယ်..။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပထ၀ီအနေအထားအရ အရှေ့အုပ်စုနဲ့ အနောက်အုပ်စုရဲ့ အလယ်မှာရှိပြီးကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြားကို ရောက်နေတဲ့အတွက်  မည်သည့် NATO,အပါအ၀င် အနောက်အုပ်စုတွေက လူထုကို အကူအညီပေးဖို့ မလွယ်ပါဘူး။ လုံးဝ မဖြစ်နိုင်ပါဘူး..။ နောက်တစ်ချက်က အာရပ်နိုင်ငံတွေမှာလို စစ်တပ်ကို စည်းရုံးလို့ရဖို့အတွက်က စစ်တပ်ကိုစည်းရုံးနိုင်တဲ့သူက ဒေါ်အောင်ဆန်းစုကြည်လွဲလို့ ဘယ်သူမှမရှိနိုင်ပါဘူး..။ အမေစုကလည်း အာရပ်ပုံစံ မဖြစ်နိုင်ဘူးလို့ ပြောထားခဲ့ဖူးပါတယ်..။

အမေရိကန်အစိုးရအဖွဲ့အပါအ၀င် တခြားအစိုးရအရာရှိတွေ ဒီနှစ်လအတွင်းမှာ ခဏခဏလာရောက်ခဲ့တာတွေ၊ ကုလသမဂ ကိုယ်စားလှယ်တွေ လာရောက်တာတွေလည်း ရပ်ဆိုင်းကုန်ပြီး အမေစုလုပ်နေတဲ့ စေ့စပ်ဆွေးနွေးရေးနဲ့ Win Win Policy ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်..။ ပြည်တွင်းမှာရှိတဲ့ အမေစုအပါအ၀င် အပြင်ရောက်နေသူတွေ အကုန်ပြန်ဝင်သွားနိုင်သလို အနောက်နိုင်ငံတွေက အစိုးရကို ပြန်လည်အထီးကျန်အောင် ဖန်တီးခဲ့ရင် တရုတ်ကြီးရဲ့တဦးတည်းလက်ဝေခံဘ၀ကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်..။ သဘောထားတင်းမာတဲ့ စစ်ဗိုလ်ချုပ်တွေထဲက ဒုတိယစောမောင်၊ ဒုတိယ သန်းရွှေ တွေကိုလည်း အသင့်ဖြစ်အောင် ဖန်တီးနေသလိုပါပဲ..။ ပွင့်လင်းမြင်သာမှုဆိုတာတွေ အကုန်မြောင်းထဲရောက်သွားပါလိမ့်မယ်..။

တိုင်းပြည် အရင်တုန်းကလို နားပိတ် မျက်စိပိတ် ပြန်ဖြစ်သွားရင် အရင်ဆုံးအနာခံရမှာက ပြည်တွင်းက ပြည်သူတွေပဲ ဖြစ်ပါတယ်..။ အင်တာနက်သုံးခွင့်၊ အခုအချိန်အထိ ဖွင့်ပေးထားတဲ့ နိုင်ငံေ၇းအကြောင်း ရေးသားခွင့်တွေ၊ ပြောဆိုခွင့်တွေ လက်ရှိအပြင်ရောက်နေတဲ့ နိုင်ငံရေးအကျဥိးသားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေ၊ NLD ပါတီရဲ့ လှုပ်ရှားမှုတွေ အကုန် ထိန်းချုပ်ခံလိုက်ရတော့မှာ ဖြစ်ပါတယ်.။

တကယ် အမေစုဦးဆောင်ပြီး တွေ့ဆုံဆွေးနွေးလို့ မအောင်မြင်ခဲ့ရင်.. ဒါမှမဟုတ် အမေစုအပါအ၀င် ပြည်တွင်းက နယ်ပယ်အသီးသီးက လှုပ်ရှားသူတွေရဲ့  ကြိုးစားမှုတွေက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းက လှုပ်ရှားမှုတွေလောက် မအောင်မြင်ခဲ့ရင်၊ အသိအမှတ်ပြုမခံခဲ့ရရင် အခုအချိန်မှာ ကျွန်တော်တို့ကိုယ်တိုင် လမ်းထွက်ဖို့ အသင့်ပါပဲ..။  လူထုကို စည်းရုံးဖို့အတွက် အသင့်ပါပဲ..။

အခြေအနေနဲ့ အချိန်အခါ ဆိုတာ ရှိပါသေးတယ်..။ ယခုအချိန်ဟာ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့၊ ပြည်တွင်းစစ်တွေ ရပ်ဆိုင်းဖို့ NLD မှတ်ပုံတင်မှုရဲ့ အကျိုးသက်ရောက်မှု၊ US နဲ့ EU က စီးပွားရေးဖြေလျော့မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် ဖြစ်ပေါ်လာတဲ့ အစိုးရရဲ့ အဖြေတွေကို စောင့်ကြည့်ရပါဦးမယ်..။အခုအချိန်မှာ အခြေအနေဆိုးသွားရင် အခြားနိုင်ငံတွေမှာနေတဲ့ ဒိကိစ္စကို မြှောက်ထိုးပင့်ကော်လုပ်နေသူတွေက ဒူးနန့်ပြီး မြန်မာ့အရေးဆိုပြီး ရန်ပုံငွေတွေတောင်းကြဦးမယ်..။ လုပ်စားကြဦးမယ်..။ သတင်းတွေ မစားရ၀ခမန်း ရေးသားပြီး ၀င်ငွေတွေ ရယူကြဦးမှာ ဖြစ်ပါတယ်..။ အဲဒါကိုကြည့်ရင် စစ်အာဏာရှင်တွေ ပြီးရင် တိုင်းပြည်ကို ဘယ်သူတွေကကော လက်ညိုးထိုး ရောင်းစားနေသလဲဆိုတာ အရမ်းသိသာပါတယ်..။ ဘင်္ဂါလီရိုဟင်ဂျာကိစ္စတုန်းကလည်း  အဖွဲ့အစည်းတွေက မီဒီယာတွေနဲ့ပေါင်းပြီး တိုင်းပြည်ကို တစ်ခါရောင်းစားဖို့ ကြံစည်ခဲ့ပြီးကြပါပြီ...။


သဘောတရားအရ တစ်ဖက်မှာဆွေးနွေးနေတဲ့အချိန်မှာ တစ်ဖက်မှာ အင်အားပြတာ လက်ခံပါတယ်..။ အဲဒီလို အင်အားပြပြီး ကိုယ့်လူကိုယ်မထိန်းနိုင်ရင် မူဝါဒတစ်ခုချမှတ်ပြီး လျှောက်လှမ်းနေတဲ့ ပြည်တွင်းကအင်အားတွေရဲ့ လုပ်ရပ်တွေအကုန် မြောင်းထဲရောက်သွားမှာတော့ ..အသေအချာပါပဲ..။


သံဃာတွေ ဆန္ဒပြတာကို ခုတုံးလုပ်ပြီး အခုလို လူထုအုံကြွမှုဖြစ်အောင် အမေစုနာမည်ကို အသုံးပြုလှုံ့ဆော်တာနဲ့ တကယ်ပြည်တွင်းမှာလုပ်နေတဲ့ မပြီးပြတ်သေးတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ဆောင်ရွက်မှုတွေကို Target Date ထားပြီး ဖြတ်မျဉ်းအဖြစ် ပွဲဆူအောင်လုပ်တဲ့ မိုးသီးဇွန်အပါအ၀င် အပေါင်းပါတစ်စုကို လုံးဝ ကန့်ကွက်ပါတယ်..။

ရန်အောင်

မည်သူမဆို share နိုင်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...