ဆရာကို ဗဟိုပြုသင်ကြားသည့် ပုံစံ (BANKING EDUCATION)
ံHREIB ၏ လူ့အခွင့်အရေးပညာပေး၊ သင်တန်းနည်းပြလက်စွဲမှ ....
ဆရာကို ဗဟိုပြုသင်ကြားသည့်ပုံစံကို
ပညာရေးလောကတွင် ထင်ရှားလှသည့် ဘရာဇီးလူမျိုး ပညာ ရေးသုတေသီဖြစ်သူ ပေါ်လိုဖရဲရီက
သမရိုးကျ ပညာသင်ကြားလေ့လာမှုပုံစံများသည် ဆရာနှင့် တပည့်၊ အထက်မှအောက်သို့
ပညာဗဟုသုတ စီးဆင်းသောပုံစံဖြစ်ပြီး၊ သင်ကြားသည့် ဆရာအား ဗဟုသုတအသိ များ၏
ရင်းမြစ်ဖျားခံရာ အသွင်မျိုးဖြင့် လက်ခံသည့်ပုံစံဟု ထောက်ပြဝေဖန်ခဲ့သည်။
ထိုနည်းသည် သင်ကြား လေ့လာသောကျောင်းသား၊ ကျောင်းသူများက မိမိလေ့လာသော
ဘာသာရပ်အကြောင်းကိုကျွမ်းကျင်သော ပညာရှင်များ၏ သိရှိထားမှု၊ ဗဟုသုတကို လက်ခံမှတ်သားသည့်
အသွင်ပုံစံမျိုးသက်သက်ဖြင့်သာ လေ့လာ ဆည်းပူးသော နည်းလမ်းဖြစ်သည် ဟုဆိုသည်။
ခေါင်းစဉ်အချက်အလက်များကို သူကိုယ်တိုင် ဆုံးဖြတ် သတ်မှတ်၍ ထိုအချက်အလက်များအား
လေ့လာသူများကိုပေးခြင်း ဖတ်ပြခြင်းတို့လုပ်ဆောင်သည့် ပုံစံမျိုးကိုဆိုလိုသည်။
သင်ကြားသူများအနေဖြင့် တခါတလေတွင် အမှန်တကယ် အာရုံစိုက်ခြင်းမဟုတ်ဘဲ အာရုံ စိုက်ချင် ဟန်ဆောင်သည်လဲ ရှိတတ်သည်။ လေ့လာသူများအနေဖြင့် သင်ကြားသူများပြောပြသော အချက် များကို အလွတ်ကျက်မှတ်၍ စာမေးပွဲတွင် ၏ ၊ သည် မရွေး ဖြေဆိုနိုင်ရန် ကြိုးပမ်းကြသည်။ ထိုစနစ်တွင် သင်ကြားသူက မိမိသင်ကြားလိုသည့် အကြောင်းအရာခေါင်းစဉ်နှင့် အချက်အလက်များကို လေ့လာသူများ ခေါင်းထဲတွင် ထည့်ပေး၍ စာမေးပွဲ များဖြင့် ထိုအချက်အလက်များကို ပြန်လည်ထုတ်ယူခြင်းဖြစ်သည်။ ထိုစနစ်ကို ဘဏ်စနစ်ပညာပေးပုံစံဟု ခေါ်ဆိုခြင်းဖြစ် သည်။ ထိုပညာရေးစနစ်မျိုးတွင် လေ့လာသူများ၏ ပါဝင်မှုလုံးဝမပါဘဲ သင်ယူသူသက်သက်သာ ဖြစ်လျက်ရှိသည်။
သင်ကြားသူများအနေဖြင့် တခါတလေတွင် အမှန်တကယ် အာရုံစိုက်ခြင်းမဟုတ်ဘဲ အာရုံ စိုက်ချင် ဟန်ဆောင်သည်လဲ ရှိတတ်သည်။ လေ့လာသူများအနေဖြင့် သင်ကြားသူများပြောပြသော အချက် များကို အလွတ်ကျက်မှတ်၍ စာမေးပွဲတွင် ၏ ၊ သည် မရွေး ဖြေဆိုနိုင်ရန် ကြိုးပမ်းကြသည်။ ထိုစနစ်တွင် သင်ကြားသူက မိမိသင်ကြားလိုသည့် အကြောင်းအရာခေါင်းစဉ်နှင့် အချက်အလက်များကို လေ့လာသူများ ခေါင်းထဲတွင် ထည့်ပေး၍ စာမေးပွဲ များဖြင့် ထိုအချက်အလက်များကို ပြန်လည်ထုတ်ယူခြင်းဖြစ်သည်။ ထိုစနစ်ကို ဘဏ်စနစ်ပညာပေးပုံစံဟု ခေါ်ဆိုခြင်းဖြစ် သည်။ ထိုပညာရေးစနစ်မျိုးတွင် လေ့လာသူများ၏ ပါဝင်မှုလုံးဝမပါဘဲ သင်ယူသူသက်သက်သာ ဖြစ်လျက်ရှိသည်။
သင်တန်းသာများပူးပေါင်းပါဝင်မှုကို
အားမပေး၊ ခွင့်မပြုသောဘဏ်စနစ် ပညာသင်ကြားမှုပုံစံသည် အောက်ပါ
အားနည်းချက်များရှိကြောင်း ပညာရှင်များက ဝေဖန်ထောက်ပြထားကြသည်။
(၁) သင်ကြားလေ့လာသူများက လေ့လာဆည်းပူးမိသော
ဗဟုသုတများ၊ လေ့လာမှုများသည် တခြားပညာရှင်များ၏ လေ့လာထားသော အချက်များ၏ လွှမ်းမိုးမှုအောက်အတွင်းမှ
ရုန်းမလွတ်နိုင်အောင် ဖြစ်ရသည်။
(၂) အကြောင်းအချက်များနှင့် သတင်းအချက်အလက်များကို
မကြာခဏ ဦးစားပေးလွန်းသည့် အတွက် သင်ကြားလေ့လာသူများသည် နှုတ်တိုက်ကျက်မှတ်မှုကို အလေးထားသွားစေသည်။
(၃) ကျွမ်းကျင်သူပညာရှင်များ၏ ဗဟုသုတများသည်
ထိုပညာရှင်သုတေသီတဦးချင်း၏ ကိုယ်ပိုင် အမြင် သုံးသပ်ချက်များသာဖြစ်ပြီး လူအများ၏အတွေ့အကြုံများအပေါ်
ထိုလူများကိုယ်တိုင် ရှုမြင်သုံးသပ် ချက်များ မဟုတ်သည့်အတွက် သင်ကြားလေ့လာသူများ၏ အတွေ့အကြုံများနှင့်
ကိုက်ညီမှုမရှိ ဖြစ်တတ် သည်။ ထိုအခါတွင် လေ့လာသူများ၏ အတွေ့အကြုံများ၊ ၎င်းတို့လေ့ထားသည့်အချက်များနှင့်
အံဝင်ခွင်ကျ မှုမရှိ ဖြစ်တတ်သည်။
(၄) အဖြစ်အပျက်တခုအား မိမိတို့ရှုထောင့်မှနေ၍
တွေ့မြင်မှုများအပေါ်အခြေခံပြီး မိမိကိုယ်ပိုင် ဉာဏ်ဖြင့် သုံးသပ်မှုကို အားပေးခြင်းမရှိသည့်အတွက်
လေ့လာသင်ယူသူများသည် ကျွမ်းကျင်သူသုတေသီ များအပေါ် အထူးမှီခိုအား ထားလွန်းသည့်အဖြစ်ကို
ရောက်စေသည်။ နောက်ဆက်တွဲအနေဖြင့် မိမိတို့ဘ၀ အား မိမိတို့ကိုယ်တိုင်ဆုံးဖြတ်ထိန်း
ကျောင်းလိုစိတ်များ ပျောက်ဆုံးသွားစေနိုင်သည်။
(၅) သင်ယူလိုသည့် အချက်များကို မိမိတို့ကိုယ်တိုင်
ရွေးချယ်နိုင်ခြင်းမရှိသည့်အတွက် မိမိတို့ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသောအတွေ့အကြုံအဖြစ်အပျက်များကို
နားလည်သဘောပေါက်ရမည့်အစား မိမိတို့နှင့်အလှမ်းဝေးသည့် အကြောင်းအရာများကို လေ့လာနေရသည့်
အဖြစ်မျိုးရောက်စေသည်။
အခွင့်အရေးများကို အခြေခံ၍
သင်ကြားသောစနစ်မျိုး (Right based
education)
သည် ယခု တိုင် တဖြည်းဖြည်းနှင့် စမ်းသပ်ရင်းတိုးတက်လာသော အဆင့်တွင်ရှိနေသေးသည်။
ထို့ကြောင့်အချို့သော ပညာပေးသူများသည် သင်တန်းများပေးရာ၌ အထက်ဖော်ပြခဲ့သော
သမရိုးကျနည်းလမ်းများအတိုင်း သင်ယူသူများကို ပါဝင်မှုမပေးဘဲ ဘာသာရပ်၏
သဘောတရားများကိုသာ ပို့ချလျက်ရှိနေသေးသည်။
ထို့ကြောင့် သင်တန်းများပေးရာတွင်
ဘာသာရပ်သဘောတရားများ၊ နိုင်ငံတကာဗဟုသုတများ သက်သက်ကို သိရှိစေရန်နှင့်
မလုံလောက်တော့ပေ။ နိုင်ငံတကာတွင် ဖော်ပြထားသော ထိုအခွင့်အရေးများနှင့် သင်ယူသူတို့
လက်ရှိကြုံ တွေ့နေရသော အတွေ့အကြုံတို့မှာ တခြားစီပင်ဖြစ်သည်၊၊
အမှန်တကယ်လိုအပ်သည့်အချက်မှာ သင်ယူသူတို့ လက်ရှိ ကြုံတွေ့နေရသော အဖြစ်အပျက်များသည်
နိုင်ငံတကာစံချိန်စံနှုန်းများဖြင့် မည်သို့ကွာခြားနေသည်ကို သိမြင်လာစေရန်၊
တဦးချင်းစီအပါအ၀င် လူ့အဖွဲ့ အစည်းတစ်ရပ်လုံးကို မည်သို့ပြောင်းလဲမှုများ
လုပ်ဆောင်သင့်ကြောင်း တွေးခေါ်စဉ်းစား လာနိုင်စေရန်နှင့်
ထိုသို့ပြောင်းလဲနိုင်စေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်
နိုင်စေရေးတို့ပင်ဖြစ်သည်။ ထို့ကြောင့် ဘာသာရပ်ချည်းသက်သက်သာမဟုတ်ဘဲ သင်ယူသူများ၏
ဆင်ခြင်တွေးခေါ်မှုများကိုပါ ပြောင်းလဲစေနိုင် သည့် သင်ကြားပို့ချမှုပုံစံ၏
အခန်းကဏ္ဍမှာ အထူးအရေးကြီးလှသည်။
ဘယ်လိုသင်ကြားပို့ချမှုနည်းလမ်းမျာဖြင့်
သင်ကြားကြမလဲ
သင်ကြားပို့ချမည့်သူများသည်
သင်ယူသူများကို နှုတ်တိုက်ကျက်မှတ်၊ နားထောင်ပြီး ပါဝင်မှုပြုစေ သောနည်းမျိုးထက်
သင်ယူသူများ၏ ပါဝင်ပတ်သက်မှုကို အားပေးခွင့်ပြုသောနည်းလမ်းများဖြင့်သာ ပညာ ပေးသင့်သည်။
သတိမူမိခြင်းမှ
တဦးချင်းအမူအကျင့် ပြောင်းလဲမှုသို့
လက်တွေ့ဘ၀တွင် ဖြစ်ပျက်နေသော်လည်း
မိမိကိုယ်တိုင်သတိမထားမိခဲ့သော အကောင်းနှင့်အ ဆိုး၊ အာဏာပိုင်နှင့် ဖိနှိပ်ခံရသူ၊
ပါဝါမဲ့သူနှင့်စွမ်းရည်မြှင့်တင်ခြင်း စသည့်အကြောင်းအရာများကို မြင်တတ် ခံစာတတ်လာခြင်းဖြင့်
မိမိ၏ တဦးချင်းအပြုအမူ၊ အတွေးအမြင်၊ အမူအကျင့်များ ပြောင်းလဲလာစေအောင် လုပ်နိုင်ရမည်။
လက်ရှိအခြေအနေများ၊ ပဋိပက္ခများကို သတိမူလာမိသည့်အခါ မိမိကိုယ်တိုင်ဘာကို ပြောင်း
လဲသင့်ကြောင်းမြင်လာစေမည်။ သို့မှသာပြောင်းလဲမှုအတွက် လုပ်ငန်းစဉ်တရပ်ပေါ်ပေါက်လာမှာဖြစ်သည်၊၊
ထိုသို့ပြောင်းလဲမှု လုပ်ငန်းစဉ်ပေါ်လာရန်အတွက် လက်ရှိအခြေအနေအတွင်း
ဖြစ်ပွားနေသည့်ပဋိပက္ခများ ကို အသိအမှတ်ပြုရန်သာလိုသည်။ အခြားကျွမ်းကျင်သူများထံမှ
အယူအဆသီအိုရီအသစ်များ မလိုအပ်ပါ။
တဦးချင်းအမူအကျင့်
ပြောင်းလဲမှုမှ အခြားသူများပါ ပြောင်းလဲမှုသို့
တဦးချင်းအမြင် ပြောင်းလဲရုံသက်သက်ဖြင့်
အများကလက်ခံထားသော အမြင်များပြောင်းလဲနိုင် မည် မဟုတ်ပါ။ မိမိနှင့်အခြားသူများ
ဆက်ဆံရေးကိုပါ ပြောင်းလဲနိုင်မှ အခြားသူများအနေဖြင့် လိုက်လံ ပြောင်းလဲလာနိုင်မည်ဖြစ်သည်။
တခါတရံတွင် လူမှုအသိုင်းအ၀ိုင်းက လက်ခံထားသောအမြင်များနှင့် မိမိ အယူအဆတူချင်မှတူပါလိမ့်မည်။
သို့သော်တဦးချင်းအမူအကျင့် ပြောင်းလဲပြောင်းလာခြင်းဖြင့် ယခင်က အများလက်ခံထားသော
အချက်များကို တဖြည်းဖြည်းပြောင်းလဲ လာနိုင်လိမ့်မည်။
ယန္တရားများ
တည်ထောင်ပေး၍ စနစ်ပုံစံတခုကို ပြောင်းလဲမှုသို့
အများ၏အမူအကျင့်များ
ပြောင်းလဲလာပြီဆိုပါက နောက်ထပ်ပြောင်းလဲရန် လိုအပ်သောအချက်မှာ စနစ်ပုံစံ
တခုလုံးပင်ဖြစ်သည်၊၊ အကယ်၍ တဦးချင်းနှင့် လူအများ၏အမူအကျင့်ပြောင်းလဲမှုများကို
ဖန်တီး ပေးနိုင်သော ယန္တရားများအား ထူထောင်လာနိုင်မည်ဆိုပါက ယခင်ကတည်းကရှိထားသော
စနစ်ပုံစံများပါ ပြောင်းလဲလာနိုင်မည်ဖြစ်သည်။
လေ့လာသင်ယူသူများ၏
ပါဝင်ပတ်သက်မှုကို အားပေးသောနည်းလမ်းများ
- သင်တန်းသားများ၏ ယခင်ကတည်းက
ရှိပြီးသားဗဟုသုတများကို ထွက်ပေါ်လာအောင်
ထုတ်ယူနိုင် ရမည်။
-
သင်တန်းများအား နားထောင်၍ လေ့လာခြင်းမျိုးမဟုတ်ဘဲ ကိုယ်တိုင်လုပ်ဆောင်၍
လေ့လာခြင်းမျိုး ဖြစ် အောင် လုပ်ဆောင်ပေးရမည်။
-
ရည်ရွယ်ပြင်ဆင်ထားသော အချက်အလက်များကိုသင်ပေးခြင်းထက် သင်တန်းသားများအတွက်
အကျိုးရှိ စေမည့် အကြောင်းအရာများကိုဆွေးနွေးစေခြင်းက
ပိုမို၍လေ့လာမှုအားကောင်းစေနိုင်သလို ပိုမိုကြာရှည်စွာ မှတ်မိစေသည်။
-
လေ့လာမှုသည် အတွေးအခေါ်သက်သက်သာမဟုတ်ဘဲ စဉ်းစားဆင်ခြင်စရာ ဖြစ်စေသည့်အကြောင်း အရာများနှင့်
စိတ်ခံစားမှုကိုလှုံ့ဆော်ပေးသော အကြောင်းအရာများဖြစ်သင့်သည်။
-
သင်တန်းသားများကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ကိုယ်တွေ့အဖြစ်အပျက်များသည် သင်တန်းအတွက်
ဆွေးနွေးစရာအကြောင်းအရာများနှင့် လေ့လာဆည်းပူးစရာ ကုန်ကြမ်းများဖြစ်သည်။ ထိုအတွေ့အကြုံများထဲမှ
တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာ၊ သိကောင်းစရာဗဟုသုတက အများအပြား ထွက်ပေါ်လာနိုင်သည်။
-
သင်တန်းတွင်ဆွေးနွေးသော အကြောင်းအရာများနှင့် ၎င်းတို့၏လက်တွေ့ဘ၀များကို
ဆက်စပ်ပေးနိုင် ပါက
လေ့လာကိုပိုမိုအားကောင်းစေနိုင်သည်။
-
သင်တန်းသားအချင်းချင်းအကြား၊ သင်တန်းသားနှင့် သင်တန်းပို့ချသူတို့အကြားတွင်
ယုံကြည်လေးစားမှု ကို တည်ဆောက်ထားနိုင်ပါက ပိုမို၍ လေ့လာအားကောင်းသော
ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေသည်၊၊
-
သင်တန်းပို့ချမည့်နေရာတည်ဆောက်ပုံသည် သင်တန်းသားများ ပွင့်လင်းတက်ကြွစွာဆွေးနွေးလာစေရေး
ကို အထူးအထောက်အကူပြုနိုင်သည်။
ပူးပေါင်းပါဝင်လေ့လာမှု၏
အကျိုးကျေးဇူးများ (Participatory Approacch)
-
လေ့လာသင်ယူသည့်အကြောင်းအရာ၊ အချက်အလက်များအပေါ်မူတည်၍ အသစ်တွေ့ရှိချက်များနှင့် ဖန်တီးတီထွင်မှုများ စဉ်ဆက်မပြတ်
ပေါ်ထွန်းလာနိုင်စေသည်။
-
လေ့လာမှုအသစ်များဖြစ်ခြင်းကြောင့် လေ့လာသူများသည် တက်ကြွစွာပူးပေါင်းပါဝင်လာနိုင်သည်။
-
လေ့လာသူများ၏ ဘ၀နှင့်အတွေ့အကြုံများကို ဦးတည်သော လေ့လာမှုဖြစ်စေခြင်းဖြင့်
ရရှိသော ဗဟု သုတများသည် လေ့လာသူတို့နှင့် ကိုက်ညီသက်ဆိုင်သော အကြောင်းအရာများ
ဖြစ်လာစေသည်။
-
ဆရာသည် ပညာဖြန့်ဖြူးရာ ရင်းမြစ်ဖြစ်သည်ဟူသော အခန်းကဏ္ဍမှနေ၍ လေ့လာသင်ယူမှုကို
ပံ့ပိုးပေး သော စေ့စပ်ဆော်သြပေးသူ (Facilitator) အဆင့်ကို ပြောင်းလဲသွားစေသည်။
-
အထက်မှအောက်သို့ စီးဆင်းသည့်ပုံစံမှ အချင်းချင်းအပြန်အလှန်
ဆက်သွယ်လေ့လာမှုပုံစံသို့ ကူးပြောင်း စေနိုင်သည်။
-
နှုတ်တိုက်အလွတ်ကျက် လေ့လာသင်ယူသောပုံစံမျိုးမှ အဖြစ်အပျက်အကြောင်းအရာများကို
သုံးသပ် ဆင်ခြင် လေ့လာသော လေ့လာမှုပုံစံသို့ ပြောင်းလဲစေနိုင်သည်။
- အချက်အလက်နှင့် သတင်းအကြောင်းအရာများကို
ဗဟုသုတအဖြစ် သတ်မှတ်လေ့လာရာမှ စဉ်းစားဆင်ခြင်မှု၊ ခြုံငုံသုံးသပ်မှုတို့
ပေါက်ဖွားပြောင်းလဲစေနိုင်သည်။
သင်ယူသူများကို ဗဟိုပြုသော သင်ကြားမှုပုံစံ၏
အဓိကသဘောတရားမှာ သင်ယူသူများတွင် ရှိထားသည့်အတွေ့အကြုံများမှ စတင်လေ့လာစေပါက
စူးစမ်းဖော်ထုတ်မှု အသစ်အဆန်းများကို ထွက်ပေါ် စေနိုင်သည်ဟူသော သဘောတရားပင်ဖြစ်သည်။
သင်ယူသူများကိုဗဟိုပြုသော
သင်ကြားမှုပုံစံတွင် လူတို်င်းလူတိုင်းသည် မည်သည့်အခြေအနေတွင် မဆို လေ့လာနိုင်သည်ဆိုသော
အယူအဆအပေါ်အထူးအခြေခံထားသည်၊၊ ထိုအချက်အရလေ့လာ သင်ယူ သူများ၏ ပူးပေါင်းပါဝင်မှုကို
အားပေးနိုင်သည့်အပြင် လေ့လာစရာအကြောင်းအရာများကို မိမိတို့ကိုယ်တိုင်
ရှာဖွေဖော်ထုတ်လေ့လာနိုင်မည်။ ထိုသို့ လေ့လာသင်ယူသူများ၏ ပါဝင်မှုကိုအားပေးသည့်
သင်ယူမှုပုံစံမျိုး ဖြစ်စေရန်အတွက် သင်ကြားပို့ချသူ (သို့) စေ့စပ်ဆော်သြပေးသူ၊
လေ့လာသင်ယူသူနှင့် သင်ကြားမှု အထောက်အကူပစ္စည်းများအကြားတွင်
အပြန်အလှန်ဆက်သွယ်မှု ရှိရမည်ဖြစ်သည်။
သင်ကြားပို့ချသူ (သို့မဟုတ်) စေ့စပ်ဆော်သြပေးသူ
လေ့လာသင်ယူသူ သင်ကြားမှုအထောက်ကူပစ္စည်း
သင်ကြားပို့ချသူ
(သို့) စေ့စပ်ဆော်သြပေးသူ၊ လေ့လာသင်ယူသူ၊ သင်ကြားမှုအထောက်အကူပစ္စည်း သင်ခန်းစာ၊
အထောက်အကူပြုပစ္စည်း၊ နည်းလမ်း
ဤသင်ကြားနည်းစနစ်သည်
လေ့လာသင်ယူသူများကိုသာမက သင်ကြားပို့ချသူ (သို့) စေ့စပ် ဆော်သြပေးသူများ ကိုပါ
အကျိုးသက်ရောက်မှုရှိစေသည်။ လေ့လာသူကိုဗဟိုပြုသည့်စနစ်ဖြစ်သဖြင့်
ထိုသူများ၏ဆုံးဖြတ်ချက်နှင့် လိုအပ် ချက်များကို ပို့ချသူများကအမြဲအကဲခပ်၍
ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းရသည်။ ထိုသဘောတရားအတိုင်း ကျင့်သုံးခြင်းအားဖြင့်
ပို့ချသူများကိုယ်တိုင်သည် လေ့လာ သင်ယူသူများ၏ လိုအပ်ချက်များအလိုက်
နည်းလမ်းအသစ်များကို တီထွင်ရင်း သူတို့ကိုယ်တိုင် လေ့လာရာ ရောက်ပေသည်။
လေ့လာမည့်သူများကို
ဗဟိုပြုသည့် သင်ကြားမှုပုံစံတွင်
- လေ့လာသူများသည် တက်ကြွစွာလေ့လာသူများ
ဖြစ်ရမည်။
- သင်ကြားပို့ချသူ၏ အခန်းကဏ္ဍသည်
ပညာရေးဆိုင်ရာ အတွေ့အကြုံများ၊ လေ့ကျင့်ရန်အတွက် အုပ်စုလိုက် လုပ်ဆောင်မှုများ၊
သိပြီးသားအရာများထက်ပိုသော လေ့လာမှုများဖြစ်ပေါ်လာစေရန်အတွက် လမ်းညွှန်ပေးသည့်
စေ့စပ်ဆော်သြပေးသော ကဏ္ဍသာဖြစ်ရမည်။
- လေ့လာတွေ့ရှိမှုများသည် လက်တွေ့ဘ၀များနှင့်
ဆက်စပ်အသုံးဝင်မှုရှိရမည်။
- သင်ရိုးညွှန်းတမ်းများကို
လေ့လာသင်ယူသူများ၏ လိုအပ်ချက်များအပေါ် အခြေခံ၍ ရေးဆွဲပြင်ဆင် ရမည်။
- အပြစ်ပေးခြင်း၊ စာမေးပွဲစစ်ဆေးခြင်း၊
နှုတ်တိုက်ကျက်မှတ်ခိုင်းခြင်းတို့ မရှိစေရ။
- လူ၏အတွင်းစိတ်ကို ပြုပြင်ပြောင်းလဲလာနိုင်စေရန်
နှိုးဆွလှုံ့ဆော်နိုင်စွမ်းရှိရမည်။
- မိမိကိုယ်တိုင် လေ့လာတွေ့ရှိသင်ယူမှုကို
အားပေးလှုံ့ဆော်နိုင်စွမ်းရှိရမည်။
ထိုနည်းလမ်းများကို ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများ၏
ပညာရေးစနစ်များတွင် ယခုအခါအသုံးပြုလျက် ရှိသည်။ သင်ကြားသော နည်းလမ်းပုံစံများမှာ
ရုပ်ပုံကားချပ်များ၊ အဖြစ်အပျက်အကြောင်းအရာများနှင့်
လှုပ်ရှားမှုများပုံစံအမျိုးမျိုးရှိပြီး သင်ယူလေ့လာသူတို့၏ ပါဝင်မှုကိုဦးစားပေး၍
ပညာပေးလျက်ရှိသည်။ ထိုနိုင်ငံများတွင် စာသင်ခန်းအတွင်း သင်ကြားသော ပညာရေးသာမဟုတ်ဘဲ
စာသင်ခန်းပြင်ပတွင် လေ့လာ သင်ယူနိုင်သော ပညာသင်ယူမှုပုံစံမျိုးကိုလည်း အသုံးပြုလာခဲ့ကြသည်။
ထိုပညာသင်ယူမှုပုံစံကို Non formal
Education
Alternative Education ဟု
ခေါ်ဝေါ်လေ့ရှိသည်။ ထိုစာသင်ခန်းပြင်ပ လေ့လာသင်ယူသော ပညာသင်ယူမှုပုံစံတွင် ဗဟုသုတ၊
အတတ်ပညာများနှင့် အသိတရားများရရှိစေရန် ဖန်တီးပေးသော သင်ကြားမှုနည်းလမ်းများ၊
လေ့လာရင်းလုပ်၊ လုပ်ရင်းလေ့လာဆိုသောပုံစံများ၊ အတွေးနှင့် အလုပ်အကိုင်ကို
ဟန်ချက်ညီညီပေါင်းစပ်ပေးမှုများ၊ ကိုယ်တိုင်ပါင်လုပ်ဆောင်ရင်း လွတ်လပ်သောအသိ အမြင်များ
ရှာဖွေဖော်ထုတ်စေမှုများကို ကျင့်သုံးလေ့ရှိသည်။
ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင်
လစာဝင်ငွေနှင့် ရင်းမြစ်များခွဲဝေရာတွင် မညီမျှမှုတို့ကြောင့် လူထု လူတန်းစား အလွှာတော်တော်များများမှာ
ဖိနှိပ်ခွဲခြားခံနေရတတ်ပြီး သူတို့၏အခွင့်အရေးများနှင့် ပတ်သက် ၍ သတိမမူ၊
သဘောမပေါက် ဖြစ်နေတတ်သည်။ ထိုနိုင်ငံရှိပညာရေးစနစ်တွင်လည်း ဆရာဗဟိုပြုသင်ကြား မှုပုံစံမျိုးက
အရိုးစွဲနေတတ်သည်။ ထို့ကြောင့် စာသင်ခန်းတွင်သုံးသောသင်ရိုးညွှန်းတမ်းများထဲတွင်
လူ့ အခွင့်အရေးနှင့် တရားမျှတမှုဆိုင်ရာအကြောင်းအရာများ ပါဝင်လေ့မရှိပေ။
ထို့အတွက်ကြောင့် လေ့လာ သင်ယူသူများ၏ အသိတရား၊ အတွေးခေါ်များမှာ
ထိုအကြောင်းအရာများနှင့် ဘယ်လိုမှဆက်စပ်၍မရနိုင် အောင် ဖြစ်နေတတ်သည်။
သူတို့၏လက်တွေ့ဘ၀တွင် ဖြစ်ပျက်နေသော အဖြစ်များထဲမှ မတရားမှုများကို မတရားကြောင်း
နားလည်သဘောမပေါက်နိုင်အောင် ဖြစ်လေ့ရှိသည်။ ထို့အတွက်ကြောင့် လေ့လာသူများ အပေါ်ဗဟိုပြုသော
ချဉ်းကပ်ပညာပေးမှုသည် လေ့လာသူများ၏ အတွေးအမြင်များကို လွတ်လပ်စေပြီး မတရားမှုများကို
သိမြင်ဖော်ထုတ်တတ်လာစေရန်နှင့် ထိုမတရားမှုများကို ပြောင်းလဲလာတတ်ကြစေရန်
ဖန်တီးပေးရပေမည်။
စေ့စပ်ဆော်-သပေးသူ
(Facilitator)
- သင်ယူသူများ၏ပါဝင်မှုကို ကူညီအားပေးသူ၊
- ယုံကြည်မှု၊ ပွင့်လင်းမှုရှိသည့်ပတ်ဝန်းကျင်ကို
ဖန်တီးသူ၊ ပတ်ဝန်းကျင်အတွင်း အမြင်မတူညီမှု များကို လေးစားပြီး မိမိယူဆသည့်အတိုင်း
ပွင့်လင်းစွာတင်ပြရဲသော အနေအထားမျိုးရှိလာအောင် လုပ် ဆောင်ကူညီပေးသူ။
- ဆွေးနွေးပွဲအကြောင်းအရာ ပြင်ဆင်ခြင်း၊
အချိန်များကိုလေ့လာခြင်း၊ စတင်ချိန်နှင့်ပြီးဆုံးချိန်များကို သတ်မှတ်ခြင်း၊
ဆွေးနွေးမှုအကြောင်းအရာ မလွဲချော်အောင်ထိန်းသိမ်းခြင်း အစရှိသည့် သင်ကြားလေ့လာမှု
ပုံသဏ္ဍာန်ကို ဖော်ဆောင်ပေးသူ။
- မိမိလေ့လာထားသည့်
အရာများကိုအခြားသူများသိအောင် ပြောပြပေးသူသက်သက်အပြင်၊ သင်ယူသူများ
ရှိပြီးသားဖြစ်သော အတွေ့အကြုံနှင့် ဗဟုသုတများကို ပြန်လှန်သုံးသပ်
ဆွေးနွေးနိုင်အောင် ပံ့ပိုးလုပ် ဆောင်ပေးသူ၊
- မိမိတစ်ဦးတည်းသာ သိ၊ တတ်သည်ဟူသော အတွေးမျိုးမထားဘဲ သင်ယူသူများထံမှ
ရှိပြီးသား ဖြစ်သော အတွေ့အကြုံများနှင့် အသိဉာဏ်ပညာများကိုရအောင် ဖလှယ်ရယူနိုင်သူ။
- သင်ကြားမှုအထောက်အကူပြုပစ္စည်းများ
ပြင်ဆင်ခြင်း၊ ဆွေးနွေးပွဲနေရာရှာဖွေသတ်မှတ်ခြင်း၊ ပါဝင် မည့်သူများ၏
တာဝန်လုပ်ငန်းများကို သေချာအောင်လုပ်ဆောင်သူ။
စေ့စပ်ဆော်သြသူ
ရှောင်ကြဉ်ရန်အချက်များ
ဦးဆောင်သူသည်
တာဝန်ခံမဖြစ်ရ
သင်ကြားမှုအကြောင်းအရာများအားလုံးကို
တဦးတည်းချုပ်ကိုင်သူမဖြစ်ရ။ လေ့လာမည့်ခေါင်းစဉ် များကို ရွေးချယ်ဆုံးဖြတ်ရာတွင်
ပါဝင်သူများ၏ပြောဆိုချက်များ၊ လိုလားချက်များကို ထည့်သွင်စဉ်းစားပေး ရန်လိုအပ်။
စေ့စပ်ဆော်သြသူ၏တာဝန်မှာ သင်ကြားလေ့လာမှုကို ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးရန်
သာဖြစ်၊ ဦးဆောင်မှုကို လုပ်ဆောင်ရသော်လည်း စေ့စပ်ဆော်သြသူသည်
အရာရာကိုတာဝန်ခံသူမဖြစ်ရပါ။ တနည်းအားဖြင့် စီမံခန့်ခွဲမှုအသေးစိတ်ကို အချိန်ပြည့်လုပ်ဆောင်ရသူ
မဖြစ်ရ။
မိမိတဦးထဲက
သင်ကြားပို့ချသူ မဖြစ်ရ
လေ့လာရာတွင် ပါဝင်သူတစ်ယောက်ဖြစ်ပြီး
မိမိတဦးချင်း၏ အတွေ့အကြုံများကို အခြားသူများနှင့် အတူတကွ ဝေမျှသူဖြစ်ရမည်။
အားလုံးကအာရုံစိုက်သည့်
ဆုံချက်မဖြစ်ရ
လေ့လာသူများအား
ဆွေးနွေးပွဲအတွင်းပါဝင်လာအောင် ဆောင်ရွက်ပေးသည်မှလွဲ၍ စကားကို လျော့ပြောသင့်သည်။
အဆုံးအဖြတ်ပေးသူ
မဖြစ်ရ
မည်သည့်ထင်မြင်ချက်များက မှန်သည်၊
မှားသည်၊ အသုံးမ၀င်တော့ပါ စသည်ဖြင့် အဆုံးအဖြတ် မပေးသင့်။
စေ့စပ်ဆော်သြသူ၏
လိုအပ်ချက်များ
(၁)
လူတစ်ဦးချင်းစီ၏ ခံစားချက်များအပေါ် စာနာနားလည်နိုင်မှုစွမ်းရည်
ယုံကြည်မှုနှင့် အပြန်အလှန်လေးစားမှုရှိသည့်ပတ်ဝန်းကျင်ကို
ဖန်တီးနိုင်ရန်နှင့် ၎င်းအခြေအနေကို ထိန်းသိမ်းထားနိုင်ရန်အတွက်
မိမိဆွေးနွေးသည့်ခေါင်းစဉ်များအပေါ် အခြားသူများမည်သို့ထင်မြင်ယူဆ သည်၊
မည်သို့ခံစားနေသည် ကိုသိရှိနားလည်ပြီး၊ မည်သို့တုန့်ပြန်ရမည်ကို
နားလည်ရန်လိုအပ်သည်။
(၂)
အုပ်စု၏ ခံစားချက်များအပေါ် စာနာ နားလည်နိုင်မှုစွမ်းရည်
တဦးထံမှတဦးဝေမျှကူးစက်နိုင်သည့်
စိတ်ခံစားချက်များနှင့် ဖြစ်ပေါ်ပြောင်းလဲနေမှုများကို ရှာဖွေ အကဲခတ်တတ် ခြင်းနှင့်
တုန့်ပြန်တတ်ခြင်းတို့ မရှိမဖြစ်လိုအပ်သည်။
(၃)
နားထောင်နိုင်စွမ်းရှိခြင်း
တခုလုံး၏ခံစားချက်များနှင့်
တဦးချင်း၏ခံစားချက်များကို သိရှိနာလည်နိုင်ရန် စူးစိုက်နားထောင် တတ်ခြင်း၊
စကားလုံးတခုချင်းစီ၏ အဓိပ္ပါယ်သက်ရောက်မှုများ၊
ပြောဆိုသူတို့၏ အသံနေအသံထားများကို လေ့လာ၍ အဓိပ္ပါယ်ဖေါ်ခြင်းနှင့်
အခြားသူများ၏ဆွေးနွေးချက်များကို ပြန်လည်ပြောပြစေခြင်း၊ နိဂုံးချုပ်သုံး သပ်ပေးခြင်းတို့ဖြစ်သည်။
(၄)
နည်းနာလိုအပ်ခြင်း
တခါတရံတွင် ကူညီဆောင်ရွက်သူသည်
အုပ်စုတခုလုံး၏ကောင်းကျိုးအတွက် သက်တောင့်သက် သာမရှိလှသည့် ပြုမူဆောင်ရွက်မမျြား၊
နားဝင်မချိုလှသည့် ပြောဆိုမှုများကိုပြုလုပ်ပြောဆိုရတတ်ပါသည်။
ယင်းသို့ပြောဆိုပြုမူရာတွင် သိမ့်မွေ့စွာဖြင့်ဂရုတစိုက်ပြုမူရန် အရေးကြီးပါသည်။
အထူးသဖြင့် ဘာသာရပ်နှင့် ပတ်သက်၍ ဆွေးနွေးနေစဉ်ပါဝင်သူများအတွင်း
ပြင်းထန်သောခံစာချက်များနှင့် ဆိုရွားသောအဖြစ်ဆိုးများ ကို ပြန်လည်အမှတ်ရစေမမျြားဖြစ်
ပေါ်စေတတ်ပါသည်။ စေ့စပ်ဆော်သြသူများအနေဖြင့် ထိုအခြေအနေ များရင်ဆိုင်ရပါက
မိမိလုပ်ငန်းအပေါ်တခါတရံ ခိုင်ခိုင်မာမာ ရပ်တည်ရန်လိုအပ်သကဲ့သို့ ထိုသူများအပေါ် လေးလေးစားစား
ပြုမဆြောင်ရွက်နိုင်မည့် နည်းနာများလိုအပ်ပါသည်။
(၅)
အပြန်အလှန်ပူးပေါင်းလုပ်ဆောင်မှုအပေါ် ယုံကြည်ခြင်း
တခါတရံတွင်
စိတ်ပျက်ဖွယ်ရာများကြုံတွေ့ရပြီး
ရှေးရိုးစွဲသင်ကြားမှုပုံစံဖြစ်သည့် ဆရာတဦးတည်း ရှေ့ဆောင် သင်ကြားမှုပုံစံသို့ပြောင်းလဲလိုစိတ်ပေါ်လာတတ်သည်။
ထို့ကြောင့်ဆော်သြသူအနေနှင့် ဦး ဆောင်သင်ကြားလိုမှုကို တွန်း လှန်ဆန့်ကျင်နိုင်ရမည်။
တဖက်မှလည်း အုပ်စုတွင်းရှိအခြားသူများ၏ စေ့စပ်ဆော်သြမှုများကိုလည်း ဖိတ်ခေါ်လက်ခံရန်
လိုအပ်ပါသည်။
(၆)
အချိန်အပေါ်သိရှိမှု
ဆော်သြသူသည် မည်သည့်အချိန်တွင်
ဆွေးနွေးမှုကိုအဆုံးသတ်မည်။ မည်သည့်အချိန်တွင် ခေါင်းစဉ်ပြောင်းရမည်၊ စကားရှည်ရှည်လျားလျားပြောတတ်သူကို
မည်သည့်အချိန်တွင် စကားဖြတ်ရမည်။ မည်သည့်အခါတွင် သတ်မှတ်ချိန်ထက်ကျော်လွန်၍
ဆွေးနွေးခိုင်းဆိုမည်။ မည်သည့်အခါတွင်တိတ်ဆိတ်ငြိမ်သက်မှုကို အချိန်ကြာကြာဆွဲထားသင့်သည်
စသည်ဖြင့် အချိန်နှင့်ပတ် သက်၍ သိရှိနားလည်ရန်လိုအပ်ပါသည်။
(၇)
ပြောင်းလွယ်ပြင်လွယ်ရှိမှု
အစီအစဉ်များကို လိုအပ်ပါကအခြေအနေနှင့် လိုက်လျောညီထွေစွာ
ပြောင်းလဲလိုမှုရှိရမည်။ တခါတရံ ဆွေးနွေးသည့်အကြောင်းအရာနှင့်ပတ်သက်၍
ဘယ်လိုရှေ့ဆက်ရမည်ကို မသိလောက်သော အခြေအနေမျိုး ရောက်သွားတတ်သည်။ ထို့ကြောင့်လိုအပ်ချက်ပေါ်တွင်
သုံးသပ်တတ်ရန်လိုအပ်ပြီး မည်သို့ တုန့်ပြန်ရမည်ကို ဆုံးဖြတ်နိုင်ရမည်ဖြစ်သည်။
ခေါင်းစဉ်တိုင်းသည် အရေးကြီးသည်မှန်သော်လည်း တခါ တရံတွင်ပိုမိုပြည့်စုံသော
ဖြေရှင်းမဖြစ်စေရန်အတွက် အခိျု့ခေါင်းစဉ်များကို လိုအပ်ပါကဖြုတ်ပစ်ရန် ဆုံးဖြတ် ရတတ်ပါသည်။
(၈)
ဟာသဉာဏ်ရှိခြင်း
ဟာသဉာဏ်ရှိမသြည် လေ့လာသူများ
စိတ်ပင်ပန်းမအြာရုံကိုပြောင်းလဲစေ၍ စိတ်ရွှင်လန်းလာစေ နိုင်သည်။
(၉)
ဗဟုသုတပြည့်ဝခြင်းနှင့် ဖန်တီးတတ်ခြင်း၏အရေးပါမှု
အုပ်စုတိုင်းတွင် ကွဲပြားခြားနားမမျြားရှိသောကြောင့်
ပြောင်းလဲနေသောအခြေအနေနှင့် အခွင့် အလမ်းများအပေါ်မူတည်၍ လိုက်လျောညီထွေရှိအောင် နေထိုင်တတ်ရန်လိုအပ်သကဲ့သို့
တခုလုံး၏ လုပ်ငန်းစဉ်နှင့် ရည်မှန်းချက်များကိုလည်း ဖော်ဆောင်နိုင်ရမည်။ အတွေ့အကြုံရှိသူများကို
ဖော်ထုတ်ရှာဖွေ နိုင်ရမည်ဖြစ်သကဲ့သို့ မိမိ၏ဗဟုသုတ အရင်းအမြစ်များကို
လေ့လာသူများအကျိုးအတွက် အကြံပြုပေးဝေ နိုင်ပါသည်။
စေ့စပ်ဆော်သြပေးသူ၏
အရည်အချင်းများ
စိတ်ဓါတ်ပိုင်းဆိုင်ရာ
- ဘက်လိုက်မှုမရှိ၊ ပုဂ္ဂိုလ်စွဲမရှိဘဲ
သမာသမတ်ကျကျရပ်တည်ရန်။
- အခြားသူများ၏
ဂုဏ်သိက္ခာနှင့်အခွင့်အရေးများကို လေးစားတတ်ရန်။
- မိမိကိုယ်မိမိ ဘက်ပေါင်းစုံပြည့်စုံသူ၊
အားလုံးသိ အားလုံးတတ်နေသောသူဟု မမှတ်ယူရန်။
- ကိုယ်တိုင်က လိင်ခွဲခြားမှုအမြင်နှင့်
ခွဲခြားဖိနှိပ်မှုစိတ်ကင်းရန်။
- လေ့လာသူများထံမှ ပြန်လည်အတုယူလေ့လာလိုသော
စိတ်ထားမျိုးထားရှိရန်။
- လေ့လာသူများကို ဘာမှမသိ၊ ဘာမှမတတ်ဟူသော
အတွေးမျိုးရှောင်ရန်။
အပြုအမူပိုင်းဆိုင်ရာ
- ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်ရန်။
- လေ့လာသူများ ပြောကြားချက်ကိုအလေးထားဂရုစိုက်
နားထောင်ပေးတတ်ရန်။
- စိတ်ဆိုး၊ စိတ်ပျက်သောအပြုအမူများကို
ထိန်းသိမ်းနိုင်ရန်။
- သင့်လျော်သလို ဇ၀နဉာဏ်သုံးတတ်ရန်။
- ဘ၀င်မြင့်၊ မာနကြီးသောပုံစံကို
ရှောင်ရန်။
- မိမိကိုယ်တိုင်အချိန်တိကျမှုနှင့်
တာဝန်ကိုလေးစားတတ်ရန်။
- အများအာရုံစူးစိုက်စေသော၊ အမြင်ရှုတ်စေသော
ဝတ်စားဆင်ယင်မှုကိုရှောင်ကြဉ်ရန်။
- မလှုပ်မယှက်ထိုင်နေပြီး
ပျင်းရိစရာအသံဖြင့်ပြောဆိုမှုကို ရှောင်ကြဉ်ရန်။
- တနေရာတည်းသို့ စူးစိုတ်ကြည့်ခြင်းကို
ရှောင်ရန်။
- မိမိကိုယ်ကိုမိမိ ယုံကြည်မှုအပြည့်ထားရှိရန်။
နည်းလမ်းပိုင်ဆိုင်ရာ
- လေ့လာသူများ၏ လေ့လာလိုသောအချက်များ၊
ရည်ရွယ်ချက်များကို ကောင်းစွာသိရှိနားလည် တတ်ရန်။
- လေ့လာသူများ၏ လုပ်ဆောင်မှုများကို
အမြဲမပြတ်လေ့လာရန်။
- လေ့လာသူများ ရည်မှန်းထားသည့်
ရည်ရွယ်ချက်အတိုင်းရောက်နိုင်အောင် လမ်းကြောင်းပေးနိုင်ရန်။
- နားမလည်နိုင်သောစကားများကို
တတ်နိုင်သမျှရှောင်ရန်။
- မိမိဆိုလိုသည့်အချက်များ
လေ့လာသူနားလည်အောင် လိုရင်းတိုရှင်း ရှင်းနိုင်ရန်။
- လေ့လာနိုင်မှုစွမ်းရည်ကို
ဆန်းစစ်လေ့လာပြီး လိုအပ်သလို ထိန်းကျောင်းနိုင်ရန်။
- ပုံစံအမျိုးမျိုး ပါဝင်တတ်မှုအပေါ်
အမြဲသတိထားပြီး ဆွေးနွေးမှုအုပ်စုများ ခွဲတတ်ရန်။
- လေ့လာသူများအချင်ချင်း တိုတ်ခိုက်မှုမဖြစ်အောင်
တားဆီးကာကွယ်ပေးနိုင်ရန်။
- အားလုံး၏ယုံကြည်လေးစားသော
ပတ်ဝန်ကျင်မျိုး တည်ဆောက်ပေးရန်။
- ဆွေးနွေးသည့်အကြောင်းအရာများထဲမှာ
အရေးကြီးသောအနှစ်ချုပ်ကို တင်ပြတတ်ရန်။ ဆွေးနွေးသည့် အကြောင်းအရာတစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိရှိတင်ပြရန်။
- သင်တန်းသားများ၏ နားလည်မှုအခြေအနေ -(
နားလည်မှု၊ ရှုတ်ထွေးမှု၊ ဆက်လက်သင်ယူနိုင်မှု (ပင်ပန်း၊ အိပ်ငိုက်၊ တက်ကြွ) ] တို့ကို
လေ့လာအကဲခတ်တတ်ပြီး လိုအပ်သလိုထိန်းကျောင်းပေးရန်။
- မိမိကိုယ်တိုင်ကစိတ်စော၍
ကိုယ်စားလုပ်ပေးခြင်း၊ အဖြေထုတ်ပေးလိုက်ခြင်းများ ရှောင်ကြဉ်ရန်။
- လေ့လာသူများ မိမိထံမေးစရာမေးခွန်းများ
ရှိမရှိ မကြာခဏစစ်ဆေးပေးရန်။
- မိမိကမေးခွန်းမေးသောအခါ
စဉ်းစားခွင့်အချိန်ပေးရန်။
- မိမိဆွေးနွေးမည့်အကြောင်းအရာများကို
ကြိုတင်လေ့လာထားရန်။
- လေ့လာသူများ၏ အားကောင်းချက်၊
အားနည်းချက်များကို အပြုသဘောဖြင့်ထောက်ပြတတ်ရန်။
- မိမိအပေါ်ဝေဖန်ထောက်ပြနိုင်ရန်ကိုလည်း
လမ်းဖွင့်ပေးတတ်ပြီး လေးစားစွာလက်ခံ၍ လိုအပ်ပါကပြောင်းလဲတတ်ရန်။
စေ့စပ်ဆော်သြသူ၏
တာဝန်
(၁) ပထမဦးစွာ ရင်းနှီးမှု၊ လွတ်လပ်ပေါ့ပါးမှုများ
ခံစားလာနိုင်အောင် လှုပ်ရှားမှုတစ်ခုခုဖြင့် စတင်လုပ် ဆောင်ရန်။
(၂) သင်ယူသူများအကြား လေးစားမှု၊ နားလည်မှု၊
အချင်းချင်းအပြန်အလှန် ကူညီမှုများရှိစေရန် အတွက် မည်သည့်
အချက်များကိုလုပ်ဆောင်သင့်ကြောင်း၊ ရှောင်ကြဉ်သင့်ကြောင်း ၀ိုင်းဝန်းဆွေးနွေး၍
စည်းကမ်းချက်များ ချမှတ်ရန်။
(၃) သင်ယူသူများအားလုံး ပါဝင်ဆွေးနွေးလာအောင်၊
တင်ပြမှုများကို လှောင်ပြောင်ပျက်ရယ် မပြုမိနိုင် အောင် ဖန်တီးပေရန်။
(၄) သင်ယူသူများသိသင့်သိထိုတ်သော၊ လေ့လာလိုသောအကြောင်းအရာများနှင့်ပတ်သက်၍
လိုအပ် သလောက် သတင်းအချက်များပေးခြင်း၊ အရေးကြီးသည့်အချက်များကိုထောက်ပြခြင်း၊
လေ့လာသင်ယူသူ များအား ဆွေးနွေးမည့်အကြောင်းအရာ၊ ရည်ရွယ်ချက်နှင့်
အချိန်စာရင်းများကို ကြိုတင်အသိပေးရန်။
(၅) အကြောင်းအရာကိုပြောဆိုတင်ပြရန်
အခက်အခဲရှိသူများကို အားပေးကူညီရန်၊ လမ်းကြောင်းတည့် မတ်ပေးရန်။
(၆) ပြန်လည်အကဲဖြတ်ခြင်း (Evaluate) ပြုလုပ်ရန်။
0 comments:
Post a Comment