Wednesday, October 5, 2011

"အရောင်ဆိုးခံရတဲ့စိတ်"



သူတစ်ပါးကိုလမ်းညွှန်ဖို့ နည်းလမ်းတွေလွယ်ကူပြီး
ကိုယ်တိုင်ထိန်းချုပ်ဖို့ခက်တဲ့လုပ်ရပ်မျိုးလည်း
  ငါမမက်ဘူး
ရိုးသားတယ်လို့  သိပ်အမွှမ်းတင်မနေပါနဲ့
ငါ့စိတ်နာမကျန်းဖြစ်ပြီးကတည်းက
ငါ့ကိုယ်ငါတောင် မလေးစားတော့တာ
တီကောင်တွေက   ဆားနဲ့ထိရင်တွန့်တတ်ကြသလို
လူတွေကလည်း စကားနဲ့ထိရင်တွန့်တတ်လာပြီနော်
ခေတ်ကိုမဟန်တော့လို့လားမသိပါဘူး
အစစ် ဆိုတာကိုရှာဖို့ခက်နေတာ
အခုတော့လေ
ရိုးသားမှုကို အရာင်ဆိုးပြီး ၁၀၀၀/- ဖိုး၃ထည် ရောင်းနေလိုက်တာ
လားလား   ကျိတ်ကျိတ်တိုးဘဲ ၀ယ်ယူသူတွေ
အော်    ငါလား
အင်း  ရွေးတော့ရွေးတယ် မ၀ယ်ခဲ့ဘူးဟယ်


အမှန်တရားကိုမြတ်နိုးပြီး   ဒါမှန်သောစကားပါလို့ ရဲဝံ့စွာထွက်ခဲ့တဲ့ငါ
ကျောက်တုံးတွေရေပေါ်ပေါ်လို့  စကားလုံးတွေနဲ့  ပြန်ဆော်တာလည်း
ခံရတာအကြိမ်ကြိမ်  ။
 
(နာကြင်နှင်းဆီ)   

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...