နတ်သမီး ပုံရိပ်
by စာပေခရီးသွားခြေလှမ်းများ on Thursday, October 27, 2011 at 8:27am
ကြည်လင်ဝင်းပ... ရွှန်းလဲ့မျက်ဝန်း
တောက်ပစိုပြည် အသားအရေပိုင်ရှင်..
မြင်သူမိန်းမော....ရင်ဝယ်တိုးလို့
ကြည်နူးလှုပ်ရှား...အပြုံးအားနှင့် နတ်သမီးလေးလား မှားမိတယ်...
သိုသိပ်လျှို့ဝှက် မျက်ဝန်းနက်နှင့်
ဆွဲဆောင် ဖျားယောင်း....ညှို့စားချက်က ဘ၀င်ကိုခိုက် ပြင်းထန်လှတယ်...
ဥမ္မာဒန္ဓီ အဆင်းရယ်နှင့်
မြင်သူရူးသွပ် သွင်သွင်မူးလို့ လှရက်လေသူ....အို.... နှမငယ်...
စိတ်ထားနူးညံ့.... ပေါင်းသင်းဆံ့လို့...
ဖော်ရွေချိုမြစကားအလှ.... သဘောဖြူတဲ့ မြောက်ကျွန်းသူရယ်...
ဟန်ပန်မူသွေး ပြစ်ကင်းလို့ပင်...
တီတာချွဲနွဲ့ ပြောတတ်ပုံက... ကလေးပုံသွင် ထင်မိတယ်....
ကိုယ့်ရင်မှာတော့ လမိုက်ည၀ယ်...
မှိန်ပျ လမ်းမီး ဓာတ်မီးရောင်နှင့်....လမ်းပျောက်လို့သာနေသေးတယ်..
ပိုးစုန်းကြူးငယ် ထွက်ပေါ်ချိန်မယ်
လင်းရောင်ခြည်တစက် ...လျှပ်တပြက်မို့
ကြည်နူးဝမ်းသာ အားရရွှင်ပျ... မညှိုးအားနှင့် လမ်းကို ပျပျမြင်ရတယ်....
နားလည်ဖို့အရေး မျှော်တွေးငေးလို့...
ကိုယ့်ဘ၀ရဲ့ ချို့တဲ့မှုနှင့် ...အားငယ်စိတ်ကို ရင်ဝယ်ပိုက်ကာ...
ချစ်ခွန်းသီခြွေ ထုတ်ဖော်ပြောကြား
ခွန်အားမရှိချင်....စိတ်ပျက်အားငယ်မိလေတယ်....
နတ်သမီးလေးရေ...
ခေါ်သံလေးကို နှလုံးသားနဲ့ နားစိုက်စေချင်....ပဲ့တင်သံလေးတော့ ကြားချင်တယ်...
မင်းရဲ့ပုံရိပ် ရင်မှာအိပ်လို့....
ထာဝရမခွဲမခွာ... မေတ္တာအကြင်နာ
ရောင်ပြန်ဟပ်မဲ့ နေ့တစ်နေ့ကို မျှော်နေမိတယ်...
မလွယ်မှန်းတော့ သိပါတယ်။
(ဇေယျာ) 27/Oct/2011, 06:00 am
သန်းခေါင်ယံ၏ အိပ်မက်ကို ဖော်ကျူးသည်...
0 comments:
Post a Comment