စားကြမယ်ဟေ့ ကောင်းကောင်း (ချက်နည်းပြုတ်နည်း)
ကြေးအိုးဆီချက်နဲ့ ကြေးအိုး
ကြေးအိုးဆီချက်ကတော့ အမေ့အတွက်ပါ။ :)
ဒါကတော့ ကြေးအိုး အရည်နဲ့ပါ။ ကျွန်မကတော့ အရည် ပိုကြိုက်ပါတယ်။ :)
ကျူဆိုင်၊ပဲပြား၊ငုံးဥ၊ကိုက်လန်
၊မုန်ညင်းနဲ့ အသားလုံးလုပ်ရန် နယ်ထားတဲ့ပုံတွေပါ။ ကျူဆိုင် မမြင်ဖူးဘူးဆိုတဲ့ comment ကို ခုမှ ပြန်တွေ့မိလို့ပါ။ Sorry ပါနော်။ အပေါ်ဒုတိယမြောက်အကွက်က မြက်ပင်လိုရှည်ရှည်လေးတွေက ကျူဆိုင်ပါနော်။
ဆန်ကြာဇံတွေကို အကျက်မြန်အောင် (၁၅)မီးနစ်ခန့် ရေစိမ်ထားပြီးမှ ပြန်စစ်ထားတာပါ။
ဒါလေးကတော့ရှာလကာရည်ထဲကိုဆားနည်
းနည်းထည့်ပြီး ငရုတ်သီးတောင့်နဲ့ကြက်သွန်ဖြူလှီးထည့်ထားတဲ့အချဉ်ရည်လေးပါ။
အားလုံးသော စာလာဖတ်သူအပေါင်း မင်္ဂလာရှိသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
ဒီဇင်ဘာလတစ်လမှာ အစပြုခဲ့တဲ့ ဒီဘလော့လေးကို ဒီဇင်ဘာလမှာ ကြေးအိုးဆီချက်လေးနဲ့ Happy Birthday လေး လုပ်ပေးလိုက်ပါရစေနော်။
ကြေးအိုး ချက်နည်းကိုတော့ ဒီမှာ ရေးဖူးပါတယ်နော်။ အဲဒီ ကြေးအိုးပို့စ်နဲ့ တွဲဖတ်ပြီး လုပ်စားမှ အဆင်ပြေမှာပါနော် :)
ကြေးအိုးဆီချက် လုပ်ဖို့အတွက်ကတော့ ဆန်ကြာဇံဖတ်ကို ကြေးအိုးဟင်းရည်အိုးထဲမှာ လက်ကိုင်ရိုးရှည်တပ်တဲ့ ဇကာလေးနဲ့ ရေနွေးဖျောပါ။ သို့မဟုတ် ရိုးရိုးရေနွေးဖြင့်ဖျောပေးပါ။
ထို့နောက် ကြာဇံဖတ်ကို ပဲငံပြာရည် အကျဲ၊ ကြက်သားမှုန့်တို့ဖြင့်အရောင်လေးလှပြီး အရသာဝင်စေရန် တူလေးဖြင့်နယ်ပါတယ်။
ကြေးအိုးအရည်ထဲထည့်ပြုတ်ထားတဲ့ အရွက်၊အသား၊ပဲပြားစတာတွေ အရည်စစ်ပြီး ခပ်ထည့်ပါတယ်။ ကြက်သွန်ဖြူဆီချက်လေး ထည့်ပါတယ်။ ပြီးရင်တော့ ကြေးအိုးပြုတ်အရည်လေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီနော်။ :)
စုဘူးအိမ်မှတဆင့်မျှဝေပါသည်။
- ပူပူစပ်စပ် ဂဏန်းချက်စားမယ်နော်
ပြီးခဲ့တဲ့ တစ်ပတ်က ဂဏန်းသေပြီးသား အကောင်လေးတွေကို
ဈေးချထားတာတွေ့ လို့ ဝယ်ချက်စားဖြစ်ပါတယ်။
ဂဏန်းအခွံခွာနည်းကိုတော့ youtube ကနေကြည့်ပြီး သေချာခွာရပါတယ်။
ရေစင်စင်ဆေးရပါတယ်။ ဂဏန်းကိုယ်ထည်ထဲက အဆီအဥလေးတွေကို ဖယ်ထုတ်ပြီးပန်းကန်ထဲတည့်ထားပါတယ်။
ဖြတ်ထားတဲ့ လက်တွေခြေတွေကို ငရုတ်ကျည်ပွေ့ နဲ့ကွဲအောင်ထုပါတယ်။
နှစ်ခြမ်းခွဲထားတဲ့ ဂဏန်းကိုယ်ထည်တွေကို ဆား၊ ကြက်သားမှုန့်နဲ့ နယ်ပါတယ်။
အိုးတစ်လုံးထဲကို ဂဏန်းကိုယ်ထည်တွေရယ်၊ထုထားတဲ့ လက်ခြေတွေရယ်၊ ကြက်သွန်ဖြူ အမွှာကြီး (၅)မွှာ၊ဂျင်းလက်တစ်ဆစ်လောက်လေးတွေ (၅)ဆစ်လောက် ဓါးပြားရိုက်ပြီး၊ဆား၊ငံပြာရည် နည်းနည်းထည့်ကာ ရေနည်းနည်းချင်းဖြည့်ပြီး ထည့်ပြုတ်ထားပါတယ်။
ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်းတို့ကို ညက်ညက်ထောင်းပြီး ဆီသတ်ပါ။
ဆီသတ်တဲ့ထဲကို စပါးလင်နုတဲ့အပိုင်းလေးတွေကို ညက်အောင်ထောင်းပြီး ထည့်ပါတယ်။
ဆီသတ်နံ့မွှေးလာရင် ဂဏန်းအဆီဥလေးတွေကို ထည့်ပါတယ်။ကြက်သားမှုန့်နည်းနည်း၊အရောင်တင်နည်းနည်းထည့်ပါတယ်။ ငရုတ်သီးအတောင့်လိုက်(၄)တောင့်ေ လာက်ထည့်လိုက်ပါသေးတယ်။
မာလာဟင်းအနှစ်ထုတ်ထဲက အနှစ်ကို ဟင်းစားဇွန်းနဲ့(၃)ဇွန်းထည့်ပါတယ်။( ဂဏန်းအကောင်သေး (၅)ကောင်စာအတွက်အချိုးပါ။)
ရှမ်းနံနံ ထည့်ပါတယ်။ ဗမာနံနံ ပါနည်းနည်းထည့်လိုက်တယ်။ အဓိက ကတော့ ရှမ်းနံနံပါ။
ဆီသတ်ထားတဲ့အရာတွေကို ပြုတ်ထားတဲ့ ဂဏန်းအိုးထဲကို ရောထည့်ပြီး ဆူပွက်အောင် ပြန်တည်ပါတယ်။ အရသာမြည်းကြည့်ပြီး ကြက်သားမှုန့်နဲ့ငံပြာရည်နည်းနည်းစွက်ပြီး ငရုတ်ကောင်း နည်းနည်း အုပ်ပါတယ်။ ဟင်းအိုးပွက်ရင် စားလို့ရပါပြီနော်။
အရည်တွေအများကြီးနဲ့ အကင်ဆိုင်ကရောင်းတဲ့ ဂဏန်းဟင်းအရသာမျိုးပါ။ မြည်းဖို့လည်းကောင်းသလို အရည်လေးတွေက ပူပူစပ်စပ်နဲ့ ထမင်းနဲ့နယ်စားလည်း အရသာရှိလှပါတယ်။
သူငယ်ချင်းတွေ gathering လုပ်တဲ့ပွဲမျိုးဆိုလည်း ကျွေးလို့ကောင်းပါတယ်။ ဂဏန်းကိုက်နေတော့ တစ်ခြားဟင်းမထိတော့ဘူးပေါ့နော်။ :P သုံးဆောင်ကြည့်ပါနော်။ :)
စုဘူးအိမ် မှတဆင့်မှဝေပါသည်။
-
ငါးချဉ်လုပ်စားရအောင်လေငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ေ
ပမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့ေ လျာ့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီေ န့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။
မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်းတယ်။
ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. - ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။
- ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။
- ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။
- ထမင်းကို ဆားကြမ်းနဲနဲရောမွှေပြီးအအေးခံထာ
းပါတယ်။ - လေလုံတဲ့ဗူးအလွတ်တစ်လုံးအဆင်သင်
့လုပ်ထားပါ - ဆားနယ်ပြီးနှပ်ထားတဲ့ငါးကို ရေနဲ့ဖွဖွလေးပြန်ဆေးပါတယ်.. ပြီးရင်ရေခဏစစ်ထားပါ။
- ရေစစ်ပီးသားငါးကို ဆားနယ်ထားတဲ့ထမင်း (မကျက်သေးတဲ့ထမင်း) နဲ့သိပ်ပီးနယ်ပါ။
- ဗူးထဲကိုဖိသိပ်ပီးစီထည့်ပါ။
- မနက်ပိုင်းနဲ့ ညနေပိုင်း ၃ နာရီလောက် (ခန့်မှန်း) နေပြပါ။
- ၃ ရက်လောက်မှာတော့ဗူးဖွင့်ပြီး ဆီ/ရေစုပ်
အ၀တ်နဲ့ဗူးအ၀ကိုလုံအောင်ပိတ်ပီး ဇောက်ထိုး (၂)
နာရီလောက်ထားပါတယ်..ဗူးဖွင့်လို
က်ရင် ရောင်းတဲ့ငါးချဉ်အနံ့လို ရနေပီ။ (မမလုလုကို လှမ်းမေးတော့ ဇောက်ထိုးထားလို့ပြောတယ်၊ အထဲကအရည်တွေစစ်ထွက်သွားအောင်၊ မေးတဲ့ရက်က ၃ရက်မြောက်ဖြစ်နေပီ ၊ ဟီးး) - ငါးချဉ်ဗူးကရေအများကြီးတော့မထွ
က်ပါဘူး၊ အသားထဲကနဲနဲစိမ့်ထွက်လာတဲ့အရည်ေ တွ ဇောက်ထိုးထားတဲ့ အချိန်တွင်းမှာစစ်သွားပါတယ်။ - ပီးရင်တော့အ၀တ်စဖယ်ပီး ဗူးထဲပြန်သိပ်ထည့်ပါတယ်။
- ကျွန်မ ငါးချဉ်စားရင် ငါးသတ်သတ်သာပိုနှစ်သက်တာမို့ ထမင်းတွေအကုန်ဆေးပစ်လိုက် ပါတယ်။
- ငါးအသားချဉ်းဗူးလေးထဲပြန်သိပ်
ထည့်၊ အဖုံးလုံအောင်ပိတ်ပီး ရေခဲသေတ္တာထဲထည့် ထားလိုက်ပါတယ်။
အရမ်းကောင်းပါတယ်။ ငါးအသားလဲ တင်းတင်းလေးရှိနေတုန်းဘဲ။ ချဉ်လဲချဉ်တယ်၊ စိမ့်လဲအတော်စိမ့်ပါတယ်။ ငရုတ်သီးလေးနဲ့ကြော်ရင် အားလုံးခံတွင်းတွေ့မှာ သေချာတယ်။း)
** ကျွန်မရေးပေးထားတဲ့နည်းက ရှုပ်နေရင် ထပ်မေးလို့ရပါတယ်။ comment မှာရေးထားခဲ့ပါ။ blog အိမ်တိုင်ရာရောက်လာဖြေပေးပါ့မယ်။
ငါးချဉ်လုပ်ရန်ဗူးထဲထည့်သိပ်ထားစဉ် (၃)ရက်မြောက် ဗူးဖွင့်လိုက်စဉ်စန္ဒာကူးမှတဆင့်မျှဝေပါသည်
ရုံးပတီသီးနဲ့ ပဲငပိချက်
ရုံးပဒီသီးကို ရေဆေးပြီး ထိပ်နှစ်ဘက်တိထားပါတယ်။
ပြီးတော့ စွေစွေလေးတွေ လှီးပါတယ်။ ကြက်သွန်နီ၊ ဖြူ ဆီသတ်ပါတယ်။
ရုံးပဒီသီး တစ်ပန်းကန်စာအတွက် ပဲငါးပိ ကို ထမင်းစားဇွန်းနဲ့ 
တစ်ဇွန်းထည့်ပါတယ်။ ပဲငါးပိ အစပ်ကို သုံးထားပါတယ်။
ဆားနည်းနည်းထည့်ပြီးရင် ရေနွေးလေး နည်းနည်းထည့်ပါ။
ရုံးပဒီသီးနပ်ရင် စားလို့ ရပါပြီရှင်။
ထမင်းမြိန်စေတဲ့ အသားလွတ်ဟင်းတစ်မျိုးပါ။
ယနေ့ ဝါဆိုလပြည့်နေ့ မှာ ကျွန်မဘုရားကို ချက်ပြီးကပ်ခဲ့တဲ့
အသားလွတ် ဟင်းတွေထဲက တစ်မျိုးပါ။
အသား၊ငါးတွေ မစားချင်တဲ့ အခါမှာ စပ်စပ်လေးနဲ့ ခံတွင်းလိုက်တဲ့
အသားလွတ်ဟင်းတစ်မျိုးဖြစ်ပါတယ်
စုဘူးအိမ်မှတဆင့်မျှဝေပါသည်။
-
မှိုပင်စိမ်းမွှေ
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ တစ်လောတုန်းက အလုပ်ကများ၊ လူကလည်း နည်းနည်း နေမကောင်းဖြစ်သွားတာမို့ ဘလော့ဂ်ဘက်ရော ဖေ့်စ်ဘွတ်ခ် ဘက်ရော မလှည့်နိုင်ဖြစ်သွားတယ်နော်။ အချိန် အကြာကြီး ပစ်ထားလို့ စိတ်မဆိုးပါနဲ့နော်။ ဒီနေ့တော့ မောင်နှမတို့ကို သတ်သတ်လွတ်ဟင်းလျာလည်းဖြစ်၊ ထမင်းလည်းမြိန်စေမယ့် မှိုပင်စိမ်းမွှေး အစပ်ချက်လေး ချက်ကျွေးပါရစေဦးနော်။မှိုဝယ်လို့ရပြီဆိုရင် ကန်စွန်းရွက်နဲ့တွဲပြီး ကြော်လိုက်တာက အမြဲလိုလိုမို့ ဒီတစ်ခါ အပြောင်းအလဲလေးဖြစ်ရအောင် မှိုကို ဟင်းလေးလို ချက်စားမယ်ဆိုပြီး ချက်ဖြစ်တဲ့ဟင်းလျာလေးပါနော်။ အမေက ကန်စွန်းရွက် နဲ့ကြော်မယ်တဲ့၊ လုကတော့ အမေရယ် အပြောင်းအလဲ ဖြစ်သွားရအောင် ချက်စားရအောင်နောလို့ဆိုတော့ သူပဲ ထွင်နိုင် လွန်းတယ်တဲ့။ မှိုကို အသုပ်လည်း လုပ်သေး၊ အရည်သောက်လည်း လုပ်သေး၊ အခု ဟင်းလိုမျိုး ချက်ဦးမယ်တဲ့။ စိတ်ကြိုက်ပဲ၊ သဘောရှိပဲတဲ့ ချက်ချင်သလိုသာချက်၊ တစ်ခါတည်း များများချက်၊ ဆွမ်းဟင်း လည်းလောင်းရအောင်၊ ထမင်းချိုင့်လည်းထည့်၊ အိမ်သားတွေအားလုံး စားကောင်းအောင်လို့ ချက်ပါတဲ့။ ပါမစ်ရပြီဆိုတော့ ချက်ပြီပေါ့နော်။လိုအပ်သောပစ္စည်းများကတော့ ကောက်ရိုးမှို၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ နီ၊ ပင်စိမ်း ရွက်၊ ငရုတ်သီးစိမ်း၊ ဆား၊ နနွင်းမှုန့်အနည်းငယ်၊ ပဲငံပြာရည်အကျဲ၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ဆီအနည်းငယ် တို့ပါနော်။ကောက်ရိုးမှိုအလုံးလေးတွေကို သန့်ရှင်းရေးလုပ်ပြီးတော့ လေးစိတ်ရအောင် လှီးပါနော်။ ခရမ်းချဉ်သီးကိုလည်း မထူမပါးလေးလှီးပေးပါနော်။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာ ရေဆေးပြီး မညက်တညက်လေး ထောင်းပေးပါနော်။ ငရုတ်သီးစိမ်းကိုလည်း အညှာခြွေ၊ ရေဆေးပြီး မညက်တညက်လေး ထောင်းပေးပါ။ ပင်စိမ်းရွက်လေးလည်း ရေဆေးပေးပြီး အညွန့်လေးတွေနဲ့ အရွက်လေးတွေ ခြွေယူထားပါနော်။အားလုံးအသင့်ဖြစ်တဲ့အခါကျရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးနည်းနည်းခပ်၊ မီးအားကိုလျှော့ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီငရုတ်သီးစိမ်း တွေထည့်ပြီး ဆီသတ်၊ ငရုတ်သီးစိမ်းပါတာမို့ သတိထားပြီး မီးအားကို လျှော့နော် မဟုတ်ရင် မွှန်ကုန်မှာစိုးလို့နော်။ ပြီးရင် ခရမ်းချဉ်သီးတွေထည့်ပြီး ဆီသတ်၊ ခရမ်းချဉ်သီးက အားလုံး ကြေစရာမလိုတော့ နွမ်းပြီဆိုရင် မှိုလေးတွေထည့်၊ မီးအားကို ပုံမှန်ပြန်ထား၊ ဆား၊ သကြား၊ ပဲငံပြာရည်အကျဲလေး ထည့်ပြီးတော့ အားလုံးသမအောင်မွှေပြီး ဒယ်အိုးဖုံးအုပ်ပြီး တည်ပေး ပါနော်။ သုံးမိနစ်လောက်ကြာရင် ဒယ်အိုးအဖုံးဖွင့်ပြီး တစ်ခါထပ်မွှေ၊ ပြီးတော့မှ မှိုအိပြီလား ကြည့်၊ အအိလိုသေးရင် ရေနွေးလေး နည်းနည်းလေးဖျန်းထည့်ပြီး အိအောင်ချက်၊ ပြီးတော့ အပေါ့အငန်မြည်း၊ လိုတဲ့အရသာ ထပ်ဖြည့်ပြီး ပင်စိမ်းလေး အုပ်လိုက်ပါနော်။အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ မှိုပင်စိမ်းမွှေးအစပ်ချက်လေး ရပါပြီ နော်။ ရုံးကို ထမင်းချိုင့်ထည့်လာတော့ မိတ်ဆွေတွေက စားကောင်းတယ်ပြောလို့ အရမ်းကို ပျော်သွားတာ။ မောင်နှမတွေလည်း ချက်စားလို့ရအောင်လို့ နည်းလေး မျှဝေလိုက်ပါပြီနော်။ အားပေးကြပါဦးနော်။လုလုမီးဖိုချောင်မှတဆင့်မျှဝေပါသည်။
0 comments:
Post a Comment