Monday, August 1, 2011

Remarkable Facts and Figures about Bill Gates

by Kyaw Thurein on Monday, August 1, 2011 at 6:35pm
 
၁) ဘီလ်ဂိတ်ရဲ့ တစ်စက္ကန့် ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၅ဝ ဖြစ်တယ်။ တစ်နေ့ဝင်ငွေက သန်း၂ဝကျော် ဖြစ်တယ်။ တကယ်လို့ သူ့ပိုက်ဆံအိတ်ကနေ ဒေါ်လာ၁ထောင် ကျသွားရင်တောင် ဘီလ်ဂိတ် ကောက်ချင်မှကောက်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူခါးကိုင်းပြီး ကောက်လိုက်တဲ့ အချိန်၎စက္ကန့်ရဲ့ ဝင်ငွေဟာ အဲဒီငွေနဲ့ ညီမျှလိုပဲဖြစ်တယ်။


၂) အမေရိကန် အစိုးရတင်နေတဲ့ အကြွေးက 5.62 trillion dollars ဖြစ်တယ်။ ဘီလ်ဂိတ်ကို အဲဒီအကြွေးတွေ ဆပ်ခိုင်းဖို့ရာ အချိန်(၁ဝ)နှစ်ပဲ လိုပါလိမ့်မယ်။


၃) ဘီလ်ဂိတ်ရဲ့ ချမ်းသာမှုဟာ အမေရိကန်အစိုးရစုထားတဲ့ ရွှေတန်ဖိုးရဲ့ ၃ဆဖြစ်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေတိုင်း လူတစ်ဦးကို ဒေါ်လာ၁၅ကျပ်နှုန်း ဝေခဲ့ရင်တောင် ဘီလ်ဂိတ်မှာ လက်ကျန်ငွေ ဒေါ်လာ ၅ သန်း ကျန်ခဲ့နိုင်ပါသေးတယ်။


၎) မိုက်ကယ်ဂျော်ဒန်က ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားဖြစ်တယ်။ ဂျော်ဒန်ဟာ သူ့တစ်နှစ်ဝင်ငွေ သန်း၃ဝကို မစားမသောက်ဘဲ စုခဲ့ရင်တောင် နောင်နှစ်ပေါင်း (၂၇၇)နှစ်စုမှ ဘီလ်ကိတ်ရဲ့ လက်ရှိချမ်းသာမှုနဲ့ ညီမျှမှာဖြစ်တယ်။


၅) ဘီလ်ဂိတ်ဟာ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တယ်ဆိုရင် သူဟာ နံပါတ် (၃၇)မြောက် အချမ်းသားဆုံးနိုင်ငံ ဖြစ်တယ်။ ဒါမှမဟုတ် ကုမ္ပဏီတစ်ခု ဖြစ်ခဲ့တယ်ဆိုရင် နံပါတ်(၁၃)မြောက် အမေရိကန်ရဲ့ အကြီးဆုံးကုမ္ပဏီဖြစ်တဲ့ IBM ထက်တောင်ကြီးပါတယ်။


၆) ဘီလ်ကိတ်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ကျပ်တစ်ဒေါ်လာအဖြင့်လဲပြီး ရသမျှ ကျပ်တစ်ဒေါ်လာကို အထပ်ထပ် ထပ်လိုက်ရင် လကမ္ဘာကို အသွားအပြန် ၁၈ခေါက် ရနိုင်ပါတယ်။ ဒီကျပ်တစ်ဒေါ်လာကို ၇၁၃ ဘော်ရင်းဂျက်၊ ၇၄၇ လေယာဉ်နဲ့ မအိပ်မနေ နှစ်ပေါင်း ၁၄ဝဝ ကြာအထိ တင်ယူသယ်ဆောင်မှ ရနိုင်ပါလိမ့်မယ်။


၇) ဘီလ်ဂိတ်အသက်(၄ဝ) ရှိပါပြီ။ အမေရိကန်ယောက်ျားတွေရဲ့ သက်တမ်းနဲ့ တွက်ချက်မယ်ဆိုရင် နောက်ထပ် ၃၅နှစ် သူအသက်ရှင် နိုင်ပါသေးတယ်။ သူ့ဝင်ငွေထဲက တစ်နေ့ကို ၆၇သိန်းသုံးမှ သူမသေခင် သူ့ငွေတွေကုန်မှာဖြစ်ပါတယ်။


၈) တကယ်လို့ ကွန်ပြူတာ သုံးနေသူတွေရဲ့ဝင်းဒိုး တစ်ခါဟမ်းသွားတိုင်း သူ့ကုမ္ပဏီကို ၁ဒေါ်လာ အလျှော်တောင်းကြရင် သုံးနှစ်အတွင်းမှာ ဘီလ်ဂိတ် ဆင်းရဲသွားနိုင်ပါတယ်။


ခုနှစ်သက္ကရာဇ်နောက်လိုက်ပြီး ဂဏန်း၊ အသက်တွေ အပြောင်းအလဲရှိနိုင်ပါတယ်။ ဘီလ်ဂိတ် အသက်(၄ဝ)တုန်းက သူ့ပိုင်ဆိုင်မှုတွေကို တွက်ပြထားတဲ့ စာတစ်ပုဒ်လို့ ခန့်မှန်းမိပါတယ်။ ဗဟုသုတအနေနဲ့ FB မှာ ပြန်မျှဝေပါတယ်..
 
နိုင်းနိုင်းစနေ (Monday, July 21, 2008)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...