by Myo Chit Myanmar on Monday, August 29, 2011 at 10:52am
ဒီနေ့ အချိန်ရတာနဲ့ အမရင်းလို ချစ်ခင်ရတဲ့ စာရေးဆရာမ လွန်းထားထားရဲ့ " ချစ်ခြင်း၏ ဧရိယာအတွင်း ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ရနိုင်ပါသည် " ဆိုတဲ့ ဝတ္ထုကို ဖတ်ဖြစ်ပါတယ်။
" နွေးအားမာန် " နဲ့ " ဇွဲနေသန် " ဆိုတဲ့ ထက်မြက် ထူးချွန်ပြီး မပြည့်စုံကြတဲ့ တက်သစ်စအရွယ် လူငယ်လေး နှစ်ယောက်ရဲ့ အိပ်မက်တွေကို" သဝဏ်မေပျို " နဲ့ " နွေဥသြ " ဆိုတဲ့ အရွယ်ရောက်ပြီးသား ပညာ နဲ့ စည်းစိမ် ပြည့်စုံတဲ့ ချစ်သူ နှစ်ဦးက လျှို့ဝှက်စွာ အကောင်အထည်ဖေါ်ပေးခဲ့တဲ့ ဇာတ်လမ်းလေး လို့ အကျဉ်းချုံး ပြောလို့ရပါတယ် ...
ဒီဝတ္ထုလေးကို အသေးစိပ် သုံးသပ်ပြပါရစေ ..
ထောက်ပြချင်တာလေးတွေထဲက ...
(၁) ဝတ္ထုရဲ့ အမည်ဟာ အနည်းငယ်လေး ရှည်လျားနေသယောင်ရှိပါတယ်
တစ်ကယ်ဆိုရင် " ချစ်ခြင်း၏ ဧရိယာအတွင်းဍ် " သို့မဟုတ် " ချစ်ခြင်း၏ ဧရိယာအတွင်း ရောက်ရှိနေပါသဖြင့် " ဆိုရင် လုံလောက်နေပါပြီ လို့ ပြောချင်ရင် ရပါတယ် ..
ဒါပေမယ့် စာရေးသူရဲ့ မူရင်း ဦးတည်ချက်ဖြစ်တဲ့ မြန်မာ့ ကြိုးမဲ့ဆက်သွယ်ရေးစနစ်မှာ ရေပန်းစားနေပြီးသား အလိုအလျောက်ဖြေကြားပေးနေတဲ့ ကြိုတင်အသံသွင်း ဖြေကြားသံ Automatic Answering Tone ရဲ့ Theme ကို အမိအရ ယူထားတဲ့ ဖွဲ့နွဲ့ မှု ဖြစ်တာကြောင့် ဒါကို ခွင့်လွှတ်နားလည်ပေးလို့ရကြမှာပါ..
(၂) ဝတ္ထု မှာ ပါတဲ့ Information Technology Related Terms ( အဆင့်မြင့် ဆက်သွယ်ရေးနည်းပညာ နှင့် ပါတ်သက်သော အသုံးအနှုန်းများ ) တွေ ဟာ အင်တာနက် သုံးနိုင်သလို အင်္ဂလိပ်စာကို လဲ တော်တော်လေး တတ်မြောက် ထားပြီးတဲ့ လူတန်းစားတစ်ရပ် အတွက် ပဲ ပို ထိမိနေတယ်လို့ ယူဆစရာရှိပါတယ် ..
ဒီနေရမှာ ပြောရမယ် ဆိုရင် အရမ်းကျယ်ပြန့်သွားနိုင်ပါတယ် ...
အညာ ကျောက်ပန်းတောင်း ကနေ စလို့ ခါကာဘိုရာဇီ အထိ လက်လုပ်လက်စား တောင်ယာစိုက်စားနေတဲ့ တိုင်းရင်းသားတွေ ...
Computer ဆိုတာ လက်နှိပ်စက်အကြီးစားလေးပါ လို့ ဘဲ နားလည်ထားတဲ့ အခြေခံ လူတန်းစားတွေ ... အတွက် ဘယ်လို မှ ခံစားလို့ မရဘူး ဆိုတဲ့ တစ်ချက်တော့ ထောက်ပြစရာရှိပါတယ် ..
ဒီ အထိ လိုက်တွေးပြီးရေးရမယ် ဆိုရင် စာရေးဆရာတစ်ယောက် မှာ ကျဉ်းမြောင်း ပိတ်ဆို့ နေတဲ့ တွေးခေါ်မှု ရပ်ဝန်း တစ်ခု ဖြစ်လာပါလိမ့်မယ်
ဒီတော့ တိုးတက်ပြောင်းလဲတဲ့ နိုင်ငံတော် တစ်ခု ကို တည်ဆောက်နေဆဲ အချိန်မှာ ကျွန်တော်တို့ အားလုံး ခေတ်မှီစွာ နေထိုင် ကျင့်သုံးဖို့ လိုအပ်နေပြီဆိုတာ ကို လက်ခံယုံကလွဲလို့ တခြား ရွေးစရာ မရှိပါဘူး
လူက ခေတ် နောက်ကို လိုက်မှသာ တိုးတက်လာမှာပါ
ခေတ်က လူကိုပြန်စောင့်နေဖို့ တိုက်တွန်းတာလောက် မိုက်မဲတာ မရှိပါဘူး
(၃) ဝတ္ထုက စိတ်ကူးယဉ်ဆန်လွန်းတယ် အပြင်မှာ အဲ့ဒိလောက် ဘယ်သူမှ ကံမကောင်းဘူး လို့ ပြောမယ် ဆိုရင် ပြောနိုင်ပါတယ်
ဒီနေရာမှာ တော်တော်လေး ရှင်းစရာရှိပါတယ်
ရသ ဝတ္ထု တွေကို Fiction လို့ ခေါ်ပါတယ်
ရသဝတ္ထုဟာ Biograpy ( အတ္ထုပတ္တိ ) မဟုတ်သလို Documentry ( မှတ်တမ်းတင်ဖြစ်ရပ်မှန် ) လဲ မဟုတ်ပါဘူး
ဒါဆို ရသ ဝတ္ထုတွေ ဖတ်ခြင်းကြောင့် ဘာကောင်းကျိုးရှိသလဲ လို့ မေးလာနိုင်ပါတယ်
ဒီနေရာမှာ ကျွန်တော် နားလည်သလို ပြောပြပါ့မယ် ...
စာရေးသူ ကျွန်တော် ကိုယ်တိုင်လဲ ငယ်စဉ်ကထဲက ဝတ္ထု တွေ ဖတ်ရင်းကြီးပြင်းလာခဲ့တာပါ
ကျွန်တော်ဟာ ဂျာနယ်ကျော် မမလေး ခင်စိန်လှိုင် သော်တာဆွေ က စလို့ နေနွယ်ဇင်မြင့် မင်းလူ မောင်ဝဏ္ဏ မင်းသိင်္ခ ဇော်ဇော်အောင် နေလင်းအောင် မိုးကျော်သူ စမ်းစမ်းနွဲ့ (သာယာဝတီ) ကြည်အေး ဂျူး လဲ မလွတ်သလို လမင်းမိုမို ပုဏ္ဏမီ လွန်းထားထား ခေတ်အထိ အကုန် ဖတ်ခဲ့သူပါ။
ဒါ ကျွန်တော် လောလောဆယ် အလွယ် မှတ်မိသလိုရေးလိုက်တာပါ အမည်ကျန်ခဲ့တဲ့ စာရေးဆရာ များ စွာ ရှိပါသေးတယ်
ဥပမာ ကို နေနော် ပေါ့နော်
ဒီ စာရေးဆရာတွေ အားလုံးနဲ့ ပါတ်သက်ပြီး အဲ့ဒိတုန်းက ကျွန်တော်က ကလေး ဘဝ ဆိုတော့ ကလေးတစ်ယောက်လို နားလည် မှတ်မိတာ ကို ပြောပြပါရစေ
အားလုံးထဲမှာ ကျွန်တော့် ရင်ထဲက ယုံကြည်မှု မာန နဲ့ သတ္တိ ကို အခိုင်မာဆုံးဆောက်တည်ပေးခဲ့တာ အန်တီထွေးလို့ ခေါ်တဲ့ စာရေးဆရာမ နေနွယ်ဇင်မြင့် ပါ
သူရေးတဲ့ စာတွေအားလုံးထဲမှာ ဇတ်ကောင်တွေ ရဲ့ မာန တစ်ခု ပါပါတယ်
သူတို့ဟာ ခြောက်ပြစ်ကင်းသဲလဲစင်တွေ မဟုတ်သလို မွေးရာပါ လူတော် တွေ မဟုတ်ခဲ့ပါဘူး
ဒါပေမယ့် သူတို့ဘဝ တွေမှာ ရလာတဲ့ ဒါဏ်ရာတွေ အမာရွတ်တွေ အပေါ် အကောင်းဖက်က သုံးသပ်တွေးခေါ်ရင်း အရာရာကို အောင်နိုင် သူတွေ ဖြစ်အောင် ဖန်တီးယူနိုင်ခဲ့တာ ကို ကျွန်တော် အရမ်း အားကျခဲ့ဖူးပါတယ်
ဒါကြောင့် လဲ ကျွန်တော့် စိတ်တွေ ဟာ မာထန်မနေပေမယ့် ဘယ်တုန်းကမှ မပဲ့ကျခဲ့တာပါ ...
ဆိုလိုတာက ကျွန်တော်ဟာ သူ့ ဝတ္ထုတွေထဲက မင်းသား/မင်းသမီး တွေ လောက် ဇာတ်သိမ်းလှ မလှ ကျွန်တော် မသိပေမယ့် သူ့ ဝတ္ထုတွေ ထဲက မင်းသား/မင်းသမီး တွေလိုဘဲ လောကဒါဏ်ကို အပြုံးမပျက် တောင့်ခံနိုင်ခဲ့ပါတယ်
ဒီအတွက် သူ ဟာ ကျွန်တော့်ကို လောကမှာ အကြိမ်ကြိမ်ပြန်လည်မွေးဖွားပေးခဲ့ ဖူးတဲ့ မိခင် တစ်ယောက်ပါဆိုရင် ပိုတယ်လို့ ပြောလို့မရပါဘူး
ဒီတော့ ဒီဝတ္ထုထဲက ဇာတ်ကောင်တွေ ရဲ့ အနေအထားအရ သူတို့ဟာ ဒီလို လူမျိုး ကယ်တင်ရှင်မျိုး မတွေ့လာဘူးလို့ ပြောလို့ မရပါဘူး
ဒါ ဖြစ်လာနိုင်ပါတယ်
တစ်သန်းမှာ တစ်ယောက်ဖြစ်နေပါစေ ဖြစ်လာနိုင်ပါတယ်
ဒီတော့ မူရင်းစာရေးသူ လွန်းထားထား ဟာ
နည်းပညာ အရ မြန်မာပြည်သူတွေ အတွက် မျှော်လင့်မှု ကြီးမားခဲ့သလို ရသ အနုပညာ မှာလည်း မလစ်ဟင်းခဲ့ပါဘူး
ဒီတော့ ကျွန်တော် စာရေးသူကို အနုပညာအရရော အမျိုးသားစိတ်ဓါတ်အရ လေးစားစွာ ဦးညွတ်လိုက်ပါတယ်
လွန်းထားထား ဟာ ပြည်သူကိုချစ်တဲ့ စာရေးဆရာမ တစ်ယောက်ဆိုတာ ကျွန်တော့် နဲ့ ကျွန်တော့် မိတ်ဆွေတွေအားလုံး လေးနက်စွာ အသိအှတ်ပြုလိုက်ပါတယ်
ကျွန်တော့်တို့ အားလုံး လောက မှာ မစွန့်လွှတ် သင့်တဲ့အရာဟာ ယုံကြည်မှုပါ
နွေးအားမာန် နဲ့ ဇွဲနေသန် လို ကလေးတွေ အပြင်မှာ ရှိနေသမျှ
သဝဏ်မေပျို နဲ့ နွေဥသြ လိုလူတွေ ရှိနေဦးမှာ ပါဘဲ
ဒီတော့ သူတို့လို လမ်းစရှာနေဆဲ ကလေးတွေ ညီ ညီမလေး တွေ ကိုပြောချင်တာက
စိတ်မလျှော့ပါနဲ့
ဆက်ကျိုးစားပါ
သင့်ရင်ခုန်သံကို နားလည်သူတစ်ဦး တစ်နေ့နေ့ ပေါ်ကို ပေါ်လာမှာပါ
လောလောဆယ်တော့ ငါရှိနေတယ် ကလေးတို့
ငါတို့ လိုချင်တဲ့ ငါတို့ နေချင်နေတဲ့ နိုင်ငံတော်ကြီး သိပ်မကြာခင် ဖြစ်ပေါ်လာတော့မှာပါ ...
If you believe enough in your dreams, your dreams will come true!
မျိုးချစ်မြန်မာ
မထားရဲ့ကဗျာလေးတွေရှာဖွေရင်းဖြင့် ရောက်လာခဲ့မိပါတယ်ရှင့်
ReplyDeleteဖတ်ရှုသွားပါတယ်
အရမ်းအားတက်မိပါတယ်ရှင်