facebook..ကိုဖုတ်ဖက်ခါသုံးမယ်..ဟက်
by တဇွတ် ထိုး on Tuesday, July 5, 2011 at 5:11am
အသင်သည် Facebook လောကသို့ဝင်ရောက်မည်ဟုကြံရွယ်သည်ရှိသော် ဤအချက် ၅ ချက်အား လက်ကိုင်ထားပါက ရှေ့လျှောက်တွင် Successful Facebooker တစ်ယောက်အဖြစ်ကြီးပွားလတ္တံ့ ......
နည်းလမ်း ၁။
Facebook သည် ဒိုင်ယာရီအဖြစ် အလွန်အသုံးဝင်၏။ ထို့ကြောင့် သင်၏အတွင်းရေးများအား ဤနေရာတွင်ဖွင့်ချပါလေ။ သာဓကအားဖြင့်……နင့်လိုသစ္စာမရှိတဲ့ကောင်ကို မုန်းတယ်၊ မုန်းတယ်၊ မုန်းတယ်ယ်ယ်ယ်ယ်ယ်ယ်ယ်!!!!!!!! (မုန်းရင်လည်း သူ့သွားပြောပေါ့၊ အခုတော့ ရည်းစားရှိတာကြွားတာလား၊ ဒါမှမဟုတ် ရည်းစားအသစ်ရတော့မယ် ဆိုပြီး ပျော်နေတာလားတော့မသိဘူး)ကျွန်တော့်ညာဘက်တင်ပါးမှာ အနီကွက်ကြီးပေါ်လာတယ်၊ ကယ်ကြပါဗျို့!!!!! (ဘယ်ဘက်တင်ပါးက ဝဲစွဲနေတာလေးလဲ ထည့်ပြောပါဦး)I can’t sleep (or) I’m sick (or) I feel so lonely (or) The world’s unfair to me :( အစရှိသော အကြင်နာအယုယခံလိုသူတို့၏ ရေလာမြောင်းပေးစကားများလဲ Post ၍ရပေသည်။ (ဤကဲ့သို့သော Message များရေးသောသူသည် အထီး ဖြစ်ပါက အခြားသော ပုရိသတို့၏ ဝိုင်းဝန်းနောက်ပြောင်မှုကို ခံရမည်ဖြစ်ပြီး အဆင်း၏ကောင်းခြင်းနှင့်ပြည့်စုံသော သမီးပျို ဖြစ်ခဲ့ပါမူ အထက်ပါပုရိသတို့ပင် လူသေပင်ပြန်ရှင်လာလောက်သော အားပေးစကားတို့ဖြင့် ဝိုင်းဝန်းချီးမြှောက်ကြမည် ဖြစ်ပေသည်။)
အခုပဲအိပ်ရာကထတာ၊ မနက်စာစားလိုက်အုံးမယ် (or) Gym မှာလေ၊ အခုတလော အားကစားတော်တော် လုပ်ဖြစ်နေတယ် (or) ဘယ်ဘက်ခြေသန်းကခြေသည်းလေး ပဲ့သွားပြီ၊ သနားပါတယ် (or) အိမ်သာထဲကခုပဲထွက်လာတာလေ၊ အရမ်းညှစ်လိုက်ရလို့ တော်တော်တောင်မောသွားပြီ (or) တို့ပါးကိုပုရွက်ဆိတ်ကိုက်သွားတယ် အဟင့်၊ တို့ကိုကိုတောင် တို့ပါးကို ထိရက်ကိုင်ရက်တာမဟုတ်ဘူး သူကတစ်ခြားဟာပဲကိုင်… အဲလေ --- အစရှိသဖြင့် မိမိတို့ကိုယ်ကို နိုင်ငံရှော်မင်းသား မင်းသမီးကြီးများသဖွယ် iPhone/iPad, Android Phone/Tablet, Windows Phone အစရှိသည်တို့မှတစ်ဆင့် နိစ္စဒူဝအလုပ်များအားလည်း အချိန်နှင့်တစ်ပြေးညီ ရေးသားကြွားဝါနိုင်ပေသည်။ Facebook! You take up too much of my life. I’m sorry but I’m leaving you. Goodbye forever!!! ဟူ၍လည်း Facebook မသုံးတော့မည့်အကြောင်းကို Facebook တွင်ပင် Status Message ရေးသားနိုင်သော အထာများလည်း ရှိပေ၏။ (ပြီးတော့လည်း ၁ ပတ်ခံရင်ကံကောင်း)
နည်းလမ်း ၂။
မေးပါများ စကားရဟူ၍ အဆိုရှိပေရာ Facebook တွင် ပိုက်ဆံပေးစရာမလိုသော Question များအားဖန်တီး၍ သင့်ပြသနာများအတွက် အများ၏ထင်မြင်ချက်ကိုရယူပါလေ။ ဥပမာပြရသော်... Question: သင်ရေခဲမုန့်ကို ဘယ်လိုစားရတာကြိုက်သလဲ? (မိန်းကလေးများသာ)လျက်စားရတာငုံစားရတာကိုက်စားရတာစုပ်စားရတာမျိုချပစ်လိုက်တာ Question: အထက်ပါမေးခွန်း၏အဖြေကိုကြည့်၍ ဖြေဆိုသူသည် အိမ်ထောင်ရှိသည်၊ မရှိသည်ပြောနိုင်ပါသလား။ (ယောက်ျားလေးများသာ)ပြောနိုင်ပါသည်။မပြောနိုင်ပါ။ကျွန်တော်ကတော့ အိမ်ထောင်ရှိလဲအလွတ်မပေးပါ။ကျွန်တော်ဖန်တီးထားသော “ဘယ်ဂီတတူရိယာအကြိုက်ဆုံးလဲ” Question ကိုဖြေခိုင်းပြီးမှ ပြောနိုင်ပါမည်။ Question: သင်ယားယံပါကဘယ်လိုကုတ်နည်းကို အနှစ်သက်ဆုံးလဲ။ (မည်သူမဆို)ညာလက်နဲ့ဘယ်လက်နဲ့ညာခြေနဲ့ဘယ်ခြေနဲ့နှာခေါင်းနဲ့လျှာနဲ့အမြီးနဲ့မျောက်တွေလို သူများကို ကုတ်ခိုင်းပါသည်။
နည်းလမ်း ၃။
သင်သည်မိမိကိုယ်ကို ဘယ်လိုလူမျိုးဖြစ်သနည်း၊ ဘာကိုကြိုက်နှစ်သက်သနည်းဟူ၍ ဝေခွဲမရဖြစ်နေသည်ဟု ဆိုသော် Facebook Quiz များအားစမ်းသပ်ဖြေဆိုခြင်းဖြင့် အဖြေရှာပါလေ။ သင်ဖြေသော Quiz နှင့် Result များကိုလည်း အများသူငှာနှင့် Share ဖို့မမေ့ရန်သတိချပ်ပါလေ။ Suxer4Quizzez took the quiz: သင်ဟာ နန်းဆုရတီစိုးရဲ့ ဘယ်နေရာကအမွှေးလဲ? Suxer4Quizzez's result is: သင်ဟာ နန်းဆုရတီစိုးရဲ့ ချိုင်းမွှေးဖြစ်ပါသည်။
နည်းလမ်း ၄။
အစားကောင်းကောင်းစားရလျှင် မိတ်ဆွေကောင်းကိုသတိရပါ။ ဓါတ်ပုံ“ကောင်းကောင်း”တွေ့ရပါကား Facebook Friends များအား (ကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိ) သတိတရ Tag လုပ်ပါလေ။ Notification: “ShitLover tagged you in a photo.” *Click* Mega Pile of Shit!!!! ROFL ZOMG OMFG WTF FTW!!!!!!!! Be the first to Like it. In this photo: Chilly Chan, Linn Zaw Win, Wayne, Cna Chan, Hedeki, Swan Yi Win, Moe Thout Kyal, Andy Ap, etc., etc. Comments: ShitLover says: ဒီနေ့လမ်းလျှောက်ရင်းနဲ့ ဒီချီးပုံလေးတွေ့တော့ ပုံစံလေးကချစ်စရာလေးမို့လို့ ခင်ဗျားတို့ကိုသတိရတာနဲ့ ဓါတ်ပုံရိုက်ခဲ့တာ၊ Like ကြပါအုံးနော်။ Chilly says: Why, thank you! Just what I've wanted all my life: TO BE TAGGED IN A MOTHERFUCKING PILE OF SHIT!!!!!!!
နည်းလမ်း ၅။
အထက်ပါနည်းလမ်းများကိုလိုက်နာပါက သင်သည်လည်းသာမန်လူသားမျှသာ ဖြစ်ပေသာကြောင့် မောပန်းလှပေမည်။ သို့သော်မပူပါနှင့်။ Facebook သည်ကား သင်စိတ်အပန်းဖြေသည့်အနေဖြင့် ကစားနိုင်ရန် Game များအား အလိုက်သိစွာ အရန်သင့် ပြင်ဆင်ပေးထားပေသည်။ ပို၍ကောင်းမွန်သည်ကား ထို Game များမှတစ်ဆင့် သင်၏သူငယ်ချင်း များအား (အလိုက်ကန်းဆိုး ပိုးစိုးပက်စက်ကင်းမဲ့စွာ) Request များတစ်သီတစ်တန်းကြီး ပေးပို့၍ ရခြင်းပင်ဖြစ်ပေ၏။ Notificaition: "Di1d0_Luv3r sent you a request from Lesbian Ville." I’m trying to save up for my favorite set of designer vibrators. Will you help me buy it?
ကဲ၊ ဒီ Guide ရဲ့အဆုံးကိုရောက်ရှိလို့လာပါပြီ။ ဖတ်ရှုဆဲရေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကြိုးစင်ဝိုင်းတင်ကြမယ်ဆိုလည်း ခံဖို့အသင့်ရှိပါပြီ။ ကျွန်တော့် favorite designer vibrator လေးသာ အခေါင်းထဲထည့်ပေးလိုက်ပါ :P

0 comments:
Post a Comment