"စာကြည့်တိုက်များ၏ အမည်များသည် ကဗျာဆန်သည်"
Cloud Cuckoo Land created the doc:
စာအုပ်၊ စာစောင်နှင့်ဂျာနယ်များကို မြင်တွေ့ရပါက ကောက်ကိုင်ပြီး ဝေ့ဖတ်သွားခြင်းမျိုး ရှိတတ်သည်။ တစ်ခါတစ်ရံ ဤသို့ ဖတ်သွားယင်း မိမိစိတ်ဝင်စားသည့် သတင်း၊ ဆောင်းပါးနှင့် ကြော်ငြာများကို တွေ့ရှိရပါက ခပ်သွက်သွက် ဖတ်လိုက်တာမျိုးလည်း ရှိတတ်သည်။ ဤသည်မှာ ယနေ့ စာစောင်နှင့်ဂျာနယ်များ ဖတ်ရှုသည့် ပရိသတ်များ၏ ယေဘုယျ အပြုအမူဟု ဆိုနိုင်သည်။ ဂျာနယ်များကို ၀ယ်ယူဖတ်ရှုသူ တစ်ဦးသည် ဂျာနယ်ကိုကိုင်ကာ လက်ဖက်ရည်ဆိုင်တွင် ၀င်ထိုင်ပါက ထိုသူ၏ လက်ထဲမှ စာစောင်ကို ခဏတစ်ဖြုတ်တောင်းယူပြီး ဖတ်ရှုတာမျိုး ရှိတတ်သည်ကိုလည်း တွေ့ရတတ်သည်။
တချို့ လက်ဖက်ရည်ဆိုင်များသည် လူကြိုက်များသည့် ဂျာနယ် သုံးလေးစောင်ကို ဆိုင် သို့ လက်ဖက်ရည် လာသောက်သူများ၊ ဖတ်ရှုနိုင်ရန် ထားပေးတတ်ကြသည်ကို တွေ့ရသည်။ ဤလုပ်ရပ်မှာ ၀မ်းသာပီတိ ဖြစ်စရာ လုပ်ရပ် ဖြစ်သည်။ ကောင်းမွန်ထိရောက်ပြီး အကျိုးဖြစ်ထွန်းသည့် လုပ်ရပ် ဖြစ်သည်။ လူအများ စာဖတ်ဖို့ အတွက် တစ်ပိုင်တစ်နိုင် ၀င်ကူလုပ်သည့် လုပ်ရပ် ဖြစ်သဖြင့် ကြိုဆိုသင့်သည်။ ဖြစ်နိုင်ပါက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာရန် အတွက် 'မြန်မာနိုင်ငံ စာကြည့်တိုက် အသင်း' ကြီးလို အသင်းကြီးက အများသူငှာ ၀င်ထွက်သွားလာမှု ရှိသည့် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဆေးရုံ ဆေးခန်းများ၌ စာစောင်များ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများ ထားပေးဖို့ လူသိရှင်ကြား မေတ္တာရပ်ခံ ဆော်သြသင့်သည်ဟု ယူဆမိသည်။ဂျာနယ်များ၊ စာစောင်များကို ဆိုင်များမှ ကျပန်းဝယ်ယူ ဖတ်ရှုသူများ ရှိသလို လပေး မှာကြား ဖတ်ရှုသူများလည်း ရှိကြသည်။ နှစ်ပေး မှာကြား ဖတ်ရှုသူများတော့ မရှိသေးပေ။ ရှိလျှင်လည်း အနည်းငယ်သာ ရှိမည် ဖြစ်သည်။ ဖြစ်နိုင်သည့် အကြောင်း အရင်းမှာ တချို့သော စာစောင်များသည်လည်း အကြောင်းအမျိုးမျိုးကြောင့် တစ်မွန်းတည့်နှင့် သုံးလခံ စာစောင်များကသာ အများစု ဖြစ်နေ၍ ဖြစ်မည် ထင်သည်။ ဂျာနယ်၊ စာစောင်များ လပေး ဖတ်ရှုခြင်းကို နေ့စဉ် သတင်းစာပို့သူများမှ တစ်ဆင့်မှာယူ ဖတ်ရှုသူများ ရှိသည်ကိုလည်း တွေ့ရသည်။
စာဖတ်ခြင်းမှာ လူငယ်များအဖို့ ခရီးသွားဟန်လွဲ ဖြစ်သည်ဟု ဆိုနိုင်သော်လည်း သက်ကြီးရွယ်အိုများ အတွက်မူ အဖော်မွန် တစ်ဦးနှင့်အတူ ယှဉ်တွဲကာ အချိန်တွေကို မသိလိုက် မသိဖာသာ ကုန်လွန်ပစ်နေရသည့် အဖြစ်မျိုး ဖြစ်သည်ဟု ဆိုရမည် ထင်သည်။လစဉ်ထုတ် မဂ္ဂဇင်းများကို ၀ယ်ယူဖတ်ရှုနိုင်သူများမှာ အနည်းစုသာ ဖြစ်မည်ဟု ဆိုရပါမည်။ အများစုကြီးကမူ စာအုပ် အငှားဆိုင်များသို့သာ ချီတက် အားပေးနေဆဲ ဖြစ်သည်။ ဗီစီဒီ၊ ဒီဗီဒီ စသည် ရုပ်ရှင်ခွေများ ငှားရမ်းခြင်း ခေတ်သိပ်မစားခင်က စာအုပ် အငှားဆိုင်များသည် လူစည်ကားတတ်သည့် နေရာများ ဖြစ်သည်။ ထို့ပြင် ဤလုပ်ငန်းသည် အောင်မြင်သွားပါက မိသားစုဝင်ငွေကိုပင် တစ်ဖက်တစ်လမ်းမှ ဖြည့်ပေးသည့် လုပ်ငန်း ဖြစ်လေသည်။ ယခုအခါ ''စာများများ ပုံနည်းနည်း မဂ္ဂဇင်းစာအုပ်များကို တင်သည့် စာအုပ် အငှားဆိုင်များမှာ လွန်ခဲ့သည့် အနှစ် ၃၀ က မော်ဒန်ကဗျာနှင့်ပတ်သက်ပြီး စာရေးဆရာကြီး တစ်ဦးက ပြောသလို ပြောရပါက ''မူးလို့ပင် ရှုစရာမရှိ''သည့် အနေအထား ဖြစ်သည်။ ထိုအငှားဆိုင်တို့၏ နေရာတွင် ''ပုံများများ စာနည်းနည်း'' မဂ္ဂဇင်းများကို တင်သည့် အငှားဆိုင်များက ၀င်ရောက် နေရာယူနေကြပြီ ဖြစ်သည်။ ယင်းသို့ ဖြစ်နေသည်များကို လူမှုစီးပွားရေး အခြေအနေကို ထည့်တွက်ပြီး ''ဒါကတော့ ခေတ်ပဲလေ''ဟု ပြောနေ၍ မဖြစ်ဟု ထင်သည်။ ယင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန် ဆောင်ရွက်မှုမျိုး လုပ်သင့်သည်ဟု ထင်မြင်ယူဆမိသည်။
စာကြည့်တိုက်များ ဖွင့်လှစ်ခြင်း၊ စာကြည့်တိုက် အတွက် မြေနေရာ လှူဒါန်းခြင်း၊ စာအုပ်၊ စာစောင်၊ စာအုပ်စင်၊ ကွန်ပျူတာ စသည်များကို လှူဒါန်းခြင်း သတင်းများကို သတင်းစာများထဲ၌ နေ့စဉ်လိုလို တွေ့နေရသဖြင့် ၀မ်းသာပီတိ ဖြစ်မိသည်။ စာကြည့်တိုက်များကို ဖဲကြိုးဖြတ်ကာ နေ့စဉ်လိုလို တွေ့နေရသဖြင့် ၀မ်းသာပိတိ ဖြစ်မိသည်။ စာကြည့်တိုက်များကို ဖဲကြိုးဖြတ်ကာ တစ်ခမ်းတစ်နား ဖွင့်လှစ်ခြင်းမှာ အားရ၀မ်းသာစရာ အထူး ကောင်းမွန်သည့် လုပ်ရပ်တစ်ခု ဖြစ်သည်ဟု ဆိုရပါမည်။ ဤသို့ တခမ်းတနား ဖွင့်လှစ်ခြင်းမှာ စာကြည့်တိုက်တစ်ခု အဖို့ ပထမဆုံးနှင့် နောက်ဆုံး လူထုရှေ့မှောက် ထွက်ပြရသည့် ဖြစ်ရပ် မဖြစ်သင့်ပေ။ ထိုစာကြည့်တိုက်၏ နေ့စဉ် လုပ်ငန်းများ အကြောင်း တိုးတက် ဖြစ်ထွန်းလာသည့် ၀န်ဆောင်မှုများ ရှိမည် ဖြစ်ရာ လှုပ်ရှားမှုတစ်ရပ် အဖြစ် လူထုကို ချပြသင့်သည်ဟု ထင်သည်။ အထူးသဖြင့် MRTV-4 လို ရုပ်သံသတင်း ထုတ်လွှင့်သူများက စနစ်တကျ စီစဉ် တင်ပြသင့်သည်ဟု ထင်မြင်ယူဆမိသည်။
အနယ်နယ် အရပ်ရပ်မှ စာကြည့်တိုက်များ ဖွင့်လှစ်သည့် သတင်းကို သတင်းစာများထဲ၌ ဖတ်ရသည့်အခါ စာကြည့်တိုက် အမည်များ၏ ထူးခြားမှုကို တွေ့ရှိရသဖြင့် ဖော်ပြချင်သည်။ စာကြည့်တိုက်တစ်ခု ထူထောင်ခြင်း ဆိုသည်မှာ စာသင်ကျောင်း ပြင်ပ ပညာရေးကို ဆက်လက် ဆောင်ရွက်ခြင်းဟု ဆိုနိုင်သဖြင့် စာကြည့်တိုက် အမည်များ ပေးကြသည့်အခါ ပညာသဘောဟ၊ အလင်းရောင်သဘော၊ ရောင်ခြည်သဘော ပါဝင်နေသည်ကို တွေ့ရသည်။ ဥပမာ ပညာကမ္ဘာစာကြည့်တိုက်(ရွှေကူ)၊ ပညာဗိမာန်စာကြည့်တိုက်(ကျိုက်မေ ရာ)၊ သုတပညာစာကြည့်တိုက်(ကျိုင်းတုံ) ၊ ပညာမော်စာကြည့်တိုက်(တွံတေး) ဟူ၍ တွေ့ရသည်။ ထို့အပြင် အလင်းရောင်၊ ရောင်ခြည် ဆိုသည့် စကားလုံးများ ပါဝင်သည့် စာကြည့်တိုက် အမည်များလည်း တွေ့ရသည်။ ဥပမာ ရောင်ခြည်လင်း စာကြည့်တိုက် (ကော့ကရိတ်)၊ အလင်းရောင် စာကြည့်တိုက်(လှည်းကူး)၊ တက်နေ၀န်း စာကြည့်တိုက်(နတ်မောက်)တို့ ဖြစ်သည်။ စိတ်ဓာတ်အားမာန် ဖြစ်စေသည့် စာကြည့်တိုက် အမည်များလည်း ရှိသေးသည်။ ဥပမာ - နိုင်ငံသားကောင်း စာကြည့်တိုက်(ကော့မှူး)၊ ထွန်းတောက်ကြယ် စာကြည့်တိုက်(လှည်းကူး)နှင့် ဘ၀အားဆေး စာကြည့်တိုက်(မှော်ဘီ)တို့ ဖြစ်သည်။ တချို့ စာကြည့်တိုက်များ၏ အမည်များမှာ ကဗျာတစ်ပုဒ်ထဲမှ စာစုတစ်စုလို ဖြစ်နေသည်ကို တွေ့ရသည်။ ဥပမာ - သင်းရနံ စာကြည့်တိုက်(မန္တလေး)၊ ကောင်းကင်သစ် စာကြည့်တိုက်(နမ့်ခမ်း)၊ သုတပျိုးခင်း စာကြည့်တိုက်(ဖြူး)နှင့် သုတရေစင် စာကြည့်တိုက်(တိုက်ကြီး)တို့ ဖြစ်သည်။
စာကြည့်တိုက်တစ်ခု ထူထောင်ခြင်း ဆိုသည်မှာ ကမ္ဘာကြီးကို အက္ခရာဝလိစီ ပေးခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ လူမှု အထူးတာဝန်ကို ဆောင်ရွက်ဖို့ အတွက် ဖွဲ့စည်း ဆောင်ရွက်ခြင်းဟု ဆိုနိုင်သည်။ အနာဂတ်ကို ဆုပ်ကိုင်ဖို့ အတွက် အတိတ်ကို ပစ္စုပ္ပန်အထိ စနစ်တကျ ခေါ်ဆောင်လာခြင်းဟု ဆိုနိုင်သည်။ မည်သို့ပင် ဖြစ်စေ၊ စာကြည့်တိုက်၏ အမည်က ကဗျာဆန်ဆန် အမည် ဖြစ်မည်။ စာကြည့်တိုက် အဆောက်အအုံ၏ ပုံစံက ဂန္ထ၀င်ဟန်တွင် အနာဂတ်ဝါဒီ ပန်းချီ အယူအဆများ ပြောက်မွှမ်းထားသည့် ပုံစံ ဖြစ်မည်။ စာကြည့်တိုက် ၀န်းကျင်က စိမ်းလန်း ငြိမ်သက်နေသည့် ၀န်းကျင် ဖြစ်မည်။ ထိုစာကြည့်တိုက် ၀န်းကျင် အတွင်း၌ ပါရီက ရိုတွန် ကဖေးဆိုင်လို ကဖေးဆိုင်မျိုး တစ်ဆိုင်လည်း ရှိမည် ဆိုပါက ကဗျာဆရာ တစ်ဦးသည် ထိုစာကြည့်တိုက်နှင့် ပတ်သက်ပြီး ''ငါ့ရင်ထဲက စာကြည့်တိုက်ကလေး''ဟု ခံစား ရေးဖွဲ့နေမည်ကို မြင်ယောင်နေမိပါတော့သည်။
Written by နိုင်မြင့် (လူထုစာကြည့်တိုက်)
တချို့ လက်ဖက်ရည်ဆိုင်များသည် လူကြိုက်များသည့် ဂျာနယ် သုံးလေးစောင်ကို ဆိုင် သို့ လက်ဖက်ရည် လာသောက်သူများ၊ ဖတ်ရှုနိုင်ရန် ထားပေးတတ်ကြသည်ကို တွေ့ရသည်။ ဤလုပ်ရပ်မှာ ၀မ်းသာပီတိ ဖြစ်စရာ လုပ်ရပ် ဖြစ်သည်။ ကောင်းမွန်ထိရောက်ပြီး အကျိုးဖြစ်ထွန်းသည့် လုပ်ရပ် ဖြစ်သည်။ လူအများ စာဖတ်ဖို့ အတွက် တစ်ပိုင်တစ်နိုင် ၀င်ကူလုပ်သည့် လုပ်ရပ် ဖြစ်သဖြင့် ကြိုဆိုသင့်သည်။ ဖြစ်နိုင်ပါက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာရန် အတွက် 'မြန်မာနိုင်ငံ စာကြည့်တိုက် အသင်း' ကြီးလို အသင်းကြီးက အများသူငှာ ၀င်ထွက်သွားလာမှု ရှိသည့် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဆေးရုံ ဆေးခန်းများ၌ စာစောင်များ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများ ထားပေးဖို့ လူသိရှင်ကြား မေတ္တာရပ်ခံ ဆော်သြသင့်သည်ဟု ယူဆမိသည်။ဂျာနယ်များ၊ စာစောင်များကို ဆိုင်များမှ ကျပန်းဝယ်ယူ ဖတ်ရှုသူများ ရှိသလို လပေး မှာကြား ဖတ်ရှုသူများလည်း ရှိကြသည်။ နှစ်ပေး မှာကြား ဖတ်ရှုသူများတော့ မရှိသေးပေ။ ရှိလျှင်လည်း အနည်းငယ်သာ ရှိမည် ဖြစ်သည်။ ဖြစ်နိုင်သည့် အကြောင်း အရင်းမှာ တချို့သော စာစောင်များသည်လည်း အကြောင်းအမျိုးမျိုးကြောင့် တစ်မွန်းတည့်နှင့် သုံးလခံ စာစောင်များကသာ အများစု ဖြစ်နေ၍ ဖြစ်မည် ထင်သည်။ ဂျာနယ်၊ စာစောင်များ လပေး ဖတ်ရှုခြင်းကို နေ့စဉ် သတင်းစာပို့သူများမှ တစ်ဆင့်မှာယူ ဖတ်ရှုသူများ ရှိသည်ကိုလည်း တွေ့ရသည်။
စာဖတ်ခြင်းမှာ လူငယ်များအဖို့ ခရီးသွားဟန်လွဲ ဖြစ်သည်ဟု ဆိုနိုင်သော်လည်း သက်ကြီးရွယ်အိုများ အတွက်မူ အဖော်မွန် တစ်ဦးနှင့်အတူ ယှဉ်တွဲကာ အချိန်တွေကို မသိလိုက် မသိဖာသာ ကုန်လွန်ပစ်နေရသည့် အဖြစ်မျိုး ဖြစ်သည်ဟု ဆိုရမည် ထင်သည်။လစဉ်ထုတ် မဂ္ဂဇင်းများကို ၀ယ်ယူဖတ်ရှုနိုင်သူများမှာ အနည်းစုသာ ဖြစ်မည်ဟု ဆိုရပါမည်။ အများစုကြီးကမူ စာအုပ် အငှားဆိုင်များသို့သာ ချီတက် အားပေးနေဆဲ ဖြစ်သည်။ ဗီစီဒီ၊ ဒီဗီဒီ စသည် ရုပ်ရှင်ခွေများ ငှားရမ်းခြင်း ခေတ်သိပ်မစားခင်က စာအုပ် အငှားဆိုင်များသည် လူစည်ကားတတ်သည့် နေရာများ ဖြစ်သည်။ ထို့ပြင် ဤလုပ်ငန်းသည် အောင်မြင်သွားပါက မိသားစုဝင်ငွေကိုပင် တစ်ဖက်တစ်လမ်းမှ ဖြည့်ပေးသည့် လုပ်ငန်း ဖြစ်လေသည်။ ယခုအခါ ''စာများများ ပုံနည်းနည်း မဂ္ဂဇင်းစာအုပ်များကို တင်သည့် စာအုပ် အငှားဆိုင်များမှာ လွန်ခဲ့သည့် အနှစ် ၃၀ က မော်ဒန်ကဗျာနှင့်ပတ်သက်ပြီး စာရေးဆရာကြီး တစ်ဦးက ပြောသလို ပြောရပါက ''မူးလို့ပင် ရှုစရာမရှိ''သည့် အနေအထား ဖြစ်သည်။ ထိုအငှားဆိုင်တို့၏ နေရာတွင် ''ပုံများများ စာနည်းနည်း'' မဂ္ဂဇင်းများကို တင်သည့် အငှားဆိုင်များက ၀င်ရောက် နေရာယူနေကြပြီ ဖြစ်သည်။ ယင်းသို့ ဖြစ်နေသည်များကို လူမှုစီးပွားရေး အခြေအနေကို ထည့်တွက်ပြီး ''ဒါကတော့ ခေတ်ပဲလေ''ဟု ပြောနေ၍ မဖြစ်ဟု ထင်သည်။ ယင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန် ဆောင်ရွက်မှုမျိုး လုပ်သင့်သည်ဟု ထင်မြင်ယူဆမိသည်။
စာကြည့်တိုက်များ ဖွင့်လှစ်ခြင်း၊ စာကြည့်တိုက် အတွက် မြေနေရာ လှူဒါန်းခြင်း၊ စာအုပ်၊ စာစောင်၊ စာအုပ်စင်၊ ကွန်ပျူတာ စသည်များကို လှူဒါန်းခြင်း သတင်းများကို သတင်းစာများထဲ၌ နေ့စဉ်လိုလို တွေ့နေရသဖြင့် ၀မ်းသာပီတိ ဖြစ်မိသည်။ စာကြည့်တိုက်များကို ဖဲကြိုးဖြတ်ကာ နေ့စဉ်လိုလို တွေ့နေရသဖြင့် ၀မ်းသာပိတိ ဖြစ်မိသည်။ စာကြည့်တိုက်များကို ဖဲကြိုးဖြတ်ကာ တစ်ခမ်းတစ်နား ဖွင့်လှစ်ခြင်းမှာ အားရ၀မ်းသာစရာ အထူး ကောင်းမွန်သည့် လုပ်ရပ်တစ်ခု ဖြစ်သည်ဟု ဆိုရပါမည်။ ဤသို့ တခမ်းတနား ဖွင့်လှစ်ခြင်းမှာ စာကြည့်တိုက်တစ်ခု အဖို့ ပထမဆုံးနှင့် နောက်ဆုံး လူထုရှေ့မှောက် ထွက်ပြရသည့် ဖြစ်ရပ် မဖြစ်သင့်ပေ။ ထိုစာကြည့်တိုက်၏ နေ့စဉ် လုပ်ငန်းများ အကြောင်း တိုးတက် ဖြစ်ထွန်းလာသည့် ၀န်ဆောင်မှုများ ရှိမည် ဖြစ်ရာ လှုပ်ရှားမှုတစ်ရပ် အဖြစ် လူထုကို ချပြသင့်သည်ဟု ထင်သည်။ အထူးသဖြင့် MRTV-4 လို ရုပ်သံသတင်း ထုတ်လွှင့်သူများက စနစ်တကျ စီစဉ် တင်ပြသင့်သည်ဟု ထင်မြင်ယူဆမိသည်။
အနယ်နယ် အရပ်ရပ်မှ စာကြည့်တိုက်များ ဖွင့်လှစ်သည့် သတင်းကို သတင်းစာများထဲ၌ ဖတ်ရသည့်အခါ စာကြည့်တိုက် အမည်များ၏ ထူးခြားမှုကို တွေ့ရှိရသဖြင့် ဖော်ပြချင်သည်။ စာကြည့်တိုက်တစ်ခု ထူထောင်ခြင်း ဆိုသည်မှာ စာသင်ကျောင်း ပြင်ပ ပညာရေးကို ဆက်လက် ဆောင်ရွက်ခြင်းဟု ဆိုနိုင်သဖြင့် စာကြည့်တိုက် အမည်များ ပေးကြသည့်အခါ ပညာသဘောဟ၊ အလင်းရောင်သဘော၊ ရောင်ခြည်သဘော ပါဝင်နေသည်ကို တွေ့ရသည်။ ဥပမာ ပညာကမ္ဘာစာကြည့်တိုက်(ရွှေကူ)၊ ပညာဗိမာန်စာကြည့်တိုက်(ကျိုက်မေ
စာကြည့်တိုက်တစ်ခု ထူထောင်ခြင်း ဆိုသည်မှာ ကမ္ဘာကြီးကို အက္ခရာဝလိစီ ပေးခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ လူမှု အထူးတာဝန်ကို ဆောင်ရွက်ဖို့ အတွက် ဖွဲ့စည်း ဆောင်ရွက်ခြင်းဟု ဆိုနိုင်သည်။ အနာဂတ်ကို ဆုပ်ကိုင်ဖို့ အတွက် အတိတ်ကို ပစ္စုပ္ပန်အထိ စနစ်တကျ ခေါ်ဆောင်လာခြင်းဟု ဆိုနိုင်သည်။ မည်သို့ပင် ဖြစ်စေ၊ စာကြည့်တိုက်၏ အမည်က ကဗျာဆန်ဆန် အမည် ဖြစ်မည်။ စာကြည့်တိုက် အဆောက်အအုံ၏ ပုံစံက ဂန္ထ၀င်ဟန်တွင် အနာဂတ်ဝါဒီ ပန်းချီ အယူအဆများ ပြောက်မွှမ်းထားသည့် ပုံစံ ဖြစ်မည်။ စာကြည့်တိုက် ၀န်းကျင်က စိမ်းလန်း ငြိမ်သက်နေသည့် ၀န်းကျင် ဖြစ်မည်။ ထိုစာကြည့်တိုက် ၀န်းကျင် အတွင်း၌ ပါရီက ရိုတွန် ကဖေးဆိုင်လို ကဖေးဆိုင်မျိုး တစ်ဆိုင်လည်း ရှိမည် ဆိုပါက ကဗျာဆရာ တစ်ဦးသည် ထိုစာကြည့်တိုက်နှင့် ပတ်သက်ပြီး ''ငါ့ရင်ထဲက စာကြည့်တိုက်ကလေး''ဟု ခံစား ရေးဖွဲ့နေမည်ကို မြင်ယောင်နေမိပါတော့သည်။
Written by နိုင်မြင့် (လူထုစာကြည့်တိုက်)
0 comments:
Post a Comment