Tuesday, July 5, 2011

မိုးကြိုးပစ်တဲ့ အယူအဆတွေ (ဆရာဝန်မှတ်တမ်း)

[By Shin Goun Gwep] 

 မိုးကြိုးပစ်မှာကိုလူတိုင်းကြောက်တတ်ကြပါသည်။ရှေးခေတ်ရောမလူမျိုးတွေက မိုးကြိုးပစ်တာဟာ
ဂျိုဟာဆိုတဲ့ နတ်ဘုရင်ရဲ့ ကျိန်စာလို့ ယူဆကြပါတယ်။မကောင်းမှူ့ ပြုလုတ်တဲ့ သူတွေကို ကျိန်စာမိစေ တတ်ပြီး မတရားစစ်ပွဲဆင်နွှဲနေတဲ့ သူတွေအပေါ်မှာလည်းမိုးကြိုးပစ်တတ်တယ်လို့ဆိုကြပါတယ်။
လင်းယုန်ငှက်ကြီးတစ်ကောင်ကိုမိုးကြိုးပန်းခွေသဖွယ်သယ်ဆောင်လာစေပြီး မတရားမှူ့ ပြုနေတဲ့ 
သူတွေအပေါ်မှာ ပစ်ချခိုင်းတတ်တယ်လို့ အယူရှိကြပါတယ်။

ရှေးဦးအမေရိကန်တွေရဲ့ အယူအဆကတော့  မိုးကြိုးငှက် Thunderbird ကြီး မျက်တောင်ခတ်လိုက်တဲ့ အခါ
လျှပ်စီးတွေပြိုးပြိုးပြက်ပြက်လက်လာတတ်ပြီး မိုးကြိုးပစ်ချတတ်တယ်လို့ ဆိုပါတယ်။
သစ်ပင်ကိုမိုးကြိုးပစ်လိုက်တဲ့ အခါ အပြင်ဘက်ကအခေါက်တွေကွာကျသွားရတာဟာ အဲဒီ့ မိုးကြိုးငှက်ရဲ့ 
ခြေသည်းတွေနဲ့ ခြစ်မိတာကြောင့် လို့ သက်သေထူပါတယ်။ ရတနာသုံးပါးကိုစော်ကားလျှင်လည်း ဘုရားစူးတတ် မိုးကြိုးပစ်တယ်လို့ ယုံကြည်သူတွေလည်းရှိပါတယ်။ မိုးကြိုးပစ်သွားတဲ့ နေရာကို မြင့် မြတ်တယ်လို့ ယူဆပြီး ဘုရားကျောင်းကန်တွေတည်ဆောက်ကြတဲ့ ဂရိလူမျိုးတွေလည်းရှိခဲ့ ကြပါတယ်။


        မိုးကြိုးပစ်ခံရလျှင်လောင်ကျွမ်းပြီးသေရတယ်ဆိုတာဟုတ်ပါသလား

မိုးကြိုးပစ်ဒဏ်ရာတွေကိုလေ့ လာတဲ့ ဘာသာရပ်ကို ကီရောနိုဆေးပညာ( Keraunomedicine)လို့ ခေါ်ပါတယ်။
ကမ္ဘာတစ်ဝှမ်း မိုးကြိုးပစ်ခံရသူ နှစ်စဉ် ၂၀၀၀ နီးပါးရှိနေတယ်လို့ ဆိုပါတယ်။အမေရိကန်နိုင်ငံမှာ မိုးကြိုးပစ်ခံရလို့ 
နှစ်စဉ် လူ ၈၀ သေဆုံးနေပြီး ၃၀၀ ကျော်ဒဏ်ရာရရှိနေတယ်လို့ ဆိုပါတယ်။မိုးကြိုးပစ်တိုင်းလူမသေနိုင်ပါဘူး။
၁၀ ရာခိုင်နှူန်းသာလျှင်သေဆုံးပြီးကျန်တဲ့  ၉၀ ရာခိုင်နှူန်းက အလွန်ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိကြပါတယ်။
သေဆုံးရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့  ကားဒီးယက်အရက်စ် လို့ ခေါ်တဲ့ ရုတ်တရက်နှလုံးခုန်ရပ်သွားခြင်းပါပဲ။


       မိုးကြိုးပစ်ခံရတဲ့ သူတွေမှာဘယ်လိုးဏ်ရာမျိုးတွေထင်ကျန်ရစ်ခဲ့ နိုင်ပါသလဲ

တိုက်ရိုက်မိုးကြိုးထိမှန်တာ၊တခြားပစ္စည်း သို့ မဟုတ် အရာဝတ္တုတစ်ခုခုကတဆင့် လွှင့် စဉ်ထိခိုက်မိတဲ့ ဒဏ်ရာနဲ့ မြေကြီးကတဆင့် မိုးကြိုးစက်ကွင်းလျှပ်စစ်စီးဝင်တဲ့ ဒဏ်ရာဆိုပြီး ကွဲပြားနိုင်ပါတယ်။
သာမန်ဓါတ်လိုက်တဲ့ အခါမျိုးမှာတွေ့ လေ့ ရှိရတတ်တဲ့ အရေပြားလောင်ကျွမ်းသွားတာမျိုးတွေကို
မိုးကြိုးပစ်ခံရတဲ့ သူတွေမှာတွေ့ ရှိနိုင်ဖို့ အလွန်မှရှားပါတယ်။ ၅ ရာခိုင်နှူန်းလောက်ပဲတွေ့ ရနိုင်ပါတယ်။
မိုးကြိုးတိုက်ရိုက်ထိမှန်လို့ မဟုတ်ပဲ ၀တ်ဆင်ထားတဲ့ ဆွဲကြိုး၊လက်ကောက်၊ငွေအကြွေစေ့ တွေကိုမီးပူလောင်
လိုက်တဲ့ အတွက်ကြောင့် သာ အဲဒီ့ နေရာတ၀ိုက်မှာမီးပူလောင်တာမျိုးလေးတွေရှိတတ်နိုင်ပါတယ်။
အတွင်းကြေတဲ့ ဒဏ်ရာတွေနဲ့  ဦးနှောက်အာရုံကြောတွေကိုထိခိုက်ပျက်စီးတဲ့ ဒဏ်ရာမျိုးတွေကတော့ အများ
ဆုံးရရှိတယ်လို့ ဆိုပါတယ်။အဆုတ်ထဲမှာရှိနေတဲ့ လေတွေက လျှပ်စီးမ၀င်နိုင်တဲ့ အတွက်အဆုတ်ထိခိုက်မှူ့ မျိုးတွေနည်းပါတယ်။မိုးကြိုးပစ်ခံရပြီး ပြီးခြင်းခြေထောက်တွေအေးစက်ပြာနှမ်းနေတတ်ပါတယ်။ နာရီအနည်းငယ်ကြာတဲ့ အခါမှာပျောက်သွားတတ်ပေမယ့် ကာရူနိုပါရာလစ်ဆစ် (Keraunoparalysis)လို့ ခေါ်တဲ့ အာရုံကြောပျက်ဆီးမှုတွေ၊ကြွက်သားပျော့ သွားတာတွေ၊လေဖြတ်သွားတာတွေကျန်ရစ်ခဲ့ ဖွယ်ရှိနိုင်ပါတယ်။မိုးကြိုးစီးဝင်လာတဲ့ အခါမှာ ကြွက်သားတွေအလွန်အမင်းဆွဲတင်းကုန်ပြီး တစ်ကိုယ်လုံးလွှင့် စဉ် သွားနိုင်တာကြောင် ဦးခေါင်းအတွင်းကြေဒဏ်ရာ၊ ၀မ်းဗိုက်အတွင်းကြေဒဏ်ရာ၊ အရိုးကျိုးဒဏ်ရာ တွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။မိုးကြိုးထိမှန်သူတစ်ဝက်ကျော်ကျော်မှာ နားစည်ပေါက်သွား တာမျိုးတွေ၊ နားကန်းတာ မျက်စေ့ကွယ်တာ လေဖြတ်တာ မှတ်ဥာဏ်လျှော့ သွားတာမျိုးတွေဖြစ်တတ်ကြပါတယ်။


       မိုးကြိုးပစ်ခံရတဲ့ သူကိုဘယ်လိုပြုစုကုသလို့ ရနိုင်ပါသလဲ

ထိခိုက်ဒဏ်ရာရတဲ့ လူတစ်ယောက်ကိုပြုစုပေးသလိုကုသရမှာဖြစ်ပါတယ်။ (Advanced trauma support) နဲ့ (Cardiac life support) တွေပါဝင်ပါတယ်။ မိုးကြိုးထိမှန်ထားပြီးသူကိုကိုင်တွယ်လို့ ဓါတ်မလိုက်ပါဘူး။ အသက်ရှူမှူ့  သွေးလှည့် ပတ်မှူ့ အထောက်အကူတွေကိုချက်ခြင်းပေးရပါ့ မယ်။ အောက်စီဂျင်ပေးတာ၊နှလုံးထိမ်းသိမ်းတာ၊အိုင်ဗီအကြောလိုင်းသွင်းတာပါဝင်လာနိုင်ပါတယ်။
မိုးကြိုးပစ်ခံရသူဟာ ဓါတ်လိုက်ခံရသူလိုကြွက်သားတွေလောင်ကျွမ်းမှူ့ မရှိတဲ့ အတွက်သွေးပမာဏလျှော့ နည်းသွားပြီးရှော့ ဖြစ်တာမျိုးတွေဖြစ်ခဲပါတယ်။ဒါ့ ကြောင့် အကြောကနေဆေးပုလင်းတွေသွင်းတော့ မည်ဆိုလျှင်သတိထားသွင်းဖို့ လိုပါတယ်။ဦးနှောက်တွင်းဒဏ်ရာနဲ့ နှလုံးဒဏ်ရာတွေကို  ဦးစားပေး ရှာဖွေရပါမယ်။အီးစီဂျီဆွဲတာ ဓါတ်မှန်ရိုက်တာ သွေးအင်ဇိုင်းတွေစစ်တာ ဆီးစစ်ဆေးတာတွေကိုပါ လိုအပ်ရင်လုပ်ဆောင်ရပါ့ မယ်။ လောလောဆယ်ဆိုးရွားတဲ့ ဒဏ်ရာရရှိထားသူမဟုတ်လျှင် ဆေးရုံတင် ကုသစစရာမလိုဘူးလို့ လည်းဆိုပါတယ်။နောင်မှာဖြစ်ပေါ်လာနိုင်တဲ့ သတိမေ့ တာ၊ အိပ်မပျော်တာ၊ ကိုက်ခဲတာ၊ မူးဝေတာ စတဲ့ အာရုံကြောခံစားမှူ့ တွေအတွက်တော့ ဆက်လက်ထောက်လှမ်းကုသ နေရပါဦးမယ်။


         မိုးကြိုးပစ်မခံရအောင်ဘယ်လိုကာကွယ်ရပါ့ မလဲ

လျှပ်စီးလက်နေတဲ့ အချိန်မှာအိမ်ပြင်မထွက်တာအကောင်းဆုံးလို့ ဆိုပါတယ်။
အိမ်ထဲမှာရှိနေရင်တောင် လျှပ်စစ်မီးဖိုတွေ စတီးဇလုံတွေ လျှပ်စစ်စီးဝင်နိုင်တဲ့ သတ္တုတွေ တယ်လီဖုန်းတွေ
နဲ့ ဝေးဝေးနေရပါ့ မယ်။တယ်လီဖုန်းလိုင်းကိုလျှပ်စီးဝင်လာနိုင်တာတွေရှိပါတယ်။ရေချိုးရေစိမ်မနေသင့် ပါဘူး။နေအိမ်အဆောက်အဦးတွေမှာမိုးကြိုးလွှဲတွေတပ်ဆင်ထားဖို့ လိုပါတယ်။ ကားစီးနေတုံးဆိုရင် ကားထဲမှာထိုင်နေတာပိုစိတ်ချရပါတယ်။ကားရဲ့ သတ္တုဘောင်တွေကို ထိကိုင်မထားရပါဘူး။ အိမ်ပြင်မှာ ရောက်နေတယ်ဆိုရင်သစ်ပင်အောက်တွေကို ရှောင်ရှားရပါ့ မယ်။လမ်းမီးတိုင် ဘတ်စကားမှတ်တိုင် အောက်တွေမှာ မနေသင့် ပါဘူး။ခြုံပင်ထူတဲ့ နေရာတွေမှာခိုနေသင့် ပါတယ်။ ရေကူးနေတုံး လှေစီး နေတုံးဆိုရင်ရေနဲ့ ဝေးရာကိုရှောင်ရှားရပါ့ မယ်။ လျှပ်စီးလက်နေတုံးဆံပင်တွေထောင်လာပြီး ကြက်သီးတွေထလာပြီဆိုလျှင်မိုးကြိုးပစ်ခံရနိုင်ဖွယ်ရှိနေပါတယ်။

      -ခြေနှစ်ဖက်ကိုစုထားလိုက်ပြီးတော့ ဦးခေါင်းကို ဒူးနှစ်လုံးကြားမှာထားလိုက်ပါ။
      -မြေကြီးနဲ့ နီးနိုင်သမျှနီးအောင်ဝပ်ချလိုက်ပါ။
      -မြေကြီးပေါ်မှာလှဲအိပ်မချလိုက်ရပါဘူး။
      -ကိုယ်ခန္ဒာနဲ့ မြေကြီးကိုတတ်နိုင်သလောက်အထိနည်းအောင်နေရပါ့ မယ်။
      -မိုးကြိုးပစ်ရှောင်ရှားနိုင်ဖို့ ( ၃၀/၃၀) စည်းကမ်းဆိုတာရှိပါတယ်။
      -လျှပ်စီးလက်တာမြင်လိုက်ရပြီး စက္ကန့် (၃၀) အကြာမှာမိုးခြုံးသံကြားလိုက်ရတယ်ဆိုလျှင်
             မိုးကြိုးကမိမိနဲ့ နီးစပ်နေတဲ့ အတွက်မိုးကြိုးပစ်ခံရနိုင်ချေရှိပါတယ်။
      -ခုနပြောဆိုထားတဲ့ လုံခြုံတဲ့ နေရာကိုအရယူပါ။
      -နောက်ဆုံးလျှပ်စီးလက်ပြီး မိနစ်(၃၀)ကြာတဲ့ အထိဒီတိုင်းနေ နေရပါ့ မယ်. . တဲ့ ။

 သူငယ်ချင်းများမိုးကြိုးဘေးမှကင်းဝေးနိုင်ကြပါစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...