Monday, June 27, 2011

နတ်သမီးပုံပြင်


သူ့အတွက် သူအိမ်တစ်လုံးဆောက်တယ်
သူ့အုတ်မြစ်များ၊
သူ့ကျောက်တုံးများ၊
သူ့နံရံများ၊
သူ့ခေါင်းပေါ်က အမိုးများ၊
သူ့ခေါင်းတိုင် သူ့မီးခိုးများ၊
သူ့ပြတင်းပေါက်က မြင်ကွင်း။

သူ့အတွက် သူဥယျာဉ်တစ်ခုလုပ်တယ်
သူ့ခြံစည်းရိုး၊
သူ့သစ်မွှေးပင်၊
သူ့တီကောင်၊
သူ့ညနေခင်းနှင်းစက်။

သူ့ကောင်းကင်ပေါ်က တစ်စိတ်တစ်ပိုင်းကို လှီးဖြတ်လိုက်တယ်။
ပြီးတော့ ဥယျာဉ်ကို ကောင်းကင်နဲ့ထုပ်
သူ့အိမ်ကို သူ့ဥယျာဉ်နဲ့ထုပ်
အားလုံးကို လက်ကိုင်ပ၀ါတစ်ထည်ထဲမှာ စုထုပ်လိုက်တယ်။
ပြီးတော့ ထွက်သွားလေရဲ့
အာတိတ်မြေခွေးတစ်ကောင်ရဲ့
အထီးကျန်မှုမျိုးနဲ့
အေးစက်
အဆုံးမဲ့
မိုးရေထဲဖြတ်သန်းပြီး
ကမ္ဘာထဲကို။ ။
Miroslav Holub
– Translated: မောင်သစ်မင်း -





1 comment:

  1. နတ်သမီး ပုံပြင်လေး လာဖတ်တယ်အကို....

    ReplyDelete