စီအိုင်အေ အမွှေဇယား၊ အင်ဒိုနီးရှားမော်ဒယ်နှင့် မက်ကိန်းခရီးစဉ်
by Nyan Lin on Saturday, June 4, 2011 at 9:12pm
ကမ္ဘာ့ ဇာတ်ခုံမှာ အင်ဒိုနီးရှား နိုင်ငံရေးကို အပြောင်းအလဲ အချိုးအကွေ့ များစွာနဲ့ တမူထူးခြားတဲ့ မော်ဒယ်လို့ ယူဆကြပါတယ်။ အဓိက အကြောင်းကတော့ အာဏာရှင်နိုင်ငံများ
ခြေမကိုင်မိ လက်မကိုင်မိ ထွက်ပေါက် ပိတ်ခါနီးလာတဲ့ အချိန်မှာ အင်ဒိုနီးရှားပုံစံကို ထွက်ပေါက်ဗျူဟာ (exit strategy) အဖြစ် ယူကြလေ့ ရှိပါတယ်။
အင်ဒိုနီးရှားကို ခြေရာ နည်းနည်း ပြန်ကောက်ကြည့်ရအောင်ပါ။ အင်ဒိုနီးရှားကို ဒုတိယကမ္ဘာစစ် အပြီးမှာ သမ္မတဆူကာနိုက ဦးဆောင်ပါတယ်။ တိုင်းပြည် အကျိုးစီးပွား ကာကွယ်လွန်းလို့ ဆူကာနိုနဲ့ အနောက်နိုင်ငံကြီးတွေ လုံးဝမတည့်ခဲ့ပါဘူး။
ဆူကာနိုက နိုင်ငံပိုင်သိမ်းပြီး ဆင်းရဲသားတွေကို ဓနပြန်ခွဲဝေဖို့ ကြိုးစား
0 comments:
Post a Comment