လောက ၌ အသက်စတေးခံသူများ ရှိသည်။ များသောအားဖြင့် အနုပညာရှင်များ ဘ၀အဆုံးခံခဲ့၏။ အနုပညာရှင်များကိုသာ ပြောချင်၏။ Mahlar (မာလာ) သည် အသက်စွန့် ခဲ့၏။ Kafka (ကပ်ဖကာ) သည် အသက်စွန့် ခဲ့၏။ Camus (ကမြူး) သည် အသက်စွန့် ခဲ့၏။ Van Gogh (ဗန်ဂိုး) သည် အသက်စွန့် 
...ခဲ့၏။ Gauguin (ဂိုဂန်း) သည် အသက်စွန့် ခဲ့၏။ Rothko (ရော့သ်ဖကိုး) သည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့၏။ စောငြိမ်းသည်လည်း အသက်စွန့် ခဲ့သည်။ မြို့ မငြိမ်းသည်ပင်လျှင် ဤ စိတ်ရှိခဲ့သည်။ ဆိုလိုသည်မှာ တကယ့်အနုပညာရှင် စိတ်ဓာတ်သည် ပြင်းထန်၏။ သေရမှာ မကြောက်။ စိတ်သည်သာလျှင် ပဓာန၊ စိတ်သည်သာလျှင် အဓိက၊ စိတ်နှင့်ပက်သက်လာလျှင် အသေခံရဲ၏။ သူ့ စိတ်ကို လာ ၍ ထိပါးလာလျှင် အသေခံရဲ၏။ သူ့ စိတ်ကို လာ ၍ ထိပါးလာပါက အသက်နှင့်လဲ၍ ကာကွယ်လေ့ ရှိ၏။ ဤသူများကား ရှား၏။ ဤသူများကား တကယ့်အနုပညာရှင်...။
အနုပညာကို ပြုစုပျိုးထောင်လျှင် ရ၏ ဟု ဆိုသူများရှိ၏။ သို့ သော် ကျွန်တော်ကတော့ ဗီဇရှိမှ ရ၏ ဟု ဆိုချင်သည်။ ဗီဇ၏ အဓိပ္ဖာယ်ကိုကား ကျွန်တော်ကိုယ်တိုင်လည်း မဆုံးဖြတ်နိုင်။ မွေးကတည်းက ဟု များ အဓိပ္ဖာယ်ပြန်လျှင် ရမည်လားမသိ။ ထို့ ကြောင့် မွေးကတည်းက အနုပညာ စိတ်ရှိမှသာ ဤသူသည် အနုပညာရှင် ဖြစ်နိုင်စွမ်းရှိ၏ဟု ဆိုချင်၏။ စိတ်ရှိပြီး မလုပ်ခဲ့လျှင်လည်း အနုပညာရှင် မဖြစ်။ သို့ ပေမယ့် စိတ်သည် အဓိကကျသည်။ အနုပညာစိတ်သည် အဓိက။ အနုပညာ အလုပ်ကို လုပ်ချင်သောစိတ်သည် အဓိက။ လုပ်ချင်မှ ဖြစ်၏။ လုပ်ချင်တိုင်းလည်း မဖြစ်။ သို့ သော် ဗီဇရှိလျှင်တော့ အရာရာအားလုံးကို စွန့် လွှတ်နိုင်သည့် အနုပညာဗီဇစိတ်သည် မိမိလုပ်ချင်သည့် အနုပညာလုပ်ရပ်ကို မရမနေ ကြိုးစားဆောင်ရွက်ပြုလုပ်မည်မှာ အမှန်ပင်။ လောက ၌ အနုပညာကို မနှစ်သက်သောသူများ ရှိ၏။ ထိုသူတို့ အတွက် ဤစာများသည် အဓိပ္ဖာယ် မရှိနိုင်။ အနုပညာကို လိုလားသူများသာလျှင် ဤစာကို ဆက်လက် ၍ ဖတ်သင့်သည်။ အနုပညာကို တန်ဘိုးမထားတတ်သူများသည် လူပင်မဖြစ်ထိုက်ပေဟု ကျွန်တော်ဆိုခဲ့လျှင် ကျွန်တော်လွန်ရာကျမည်။ အနုပညာသည် လူကို နူးညံ့စေ၏။ ပြေပြစ်စေ၏။ စိတ်ချမ်းသာစေ၏ စသည့်စသည် အရည်အချင်းများရှိ၏။ ထို့ ကြောင့် အနုပညာကို တန်ဘိုးထားသင့်၏။ အနုပညာတန်ဘိုး၊ အနုပညာ၏ လူသားတို့ အပေါ် ကောင်းကျိုးပြုမှုတို့ ကို လူအများတို့ သည် သတိမမူကြပေ။ များသောအားဖြင့် စိတ်မင်စားကြ။ Michael Jackson ဆိုလျှင်တော့ လူတွေက သိပ်စိတ်ဝင်စား ကြ၏။ Michael Jackson ကို ပုတ်ခတ်လို ၍ မဟုတ်။ Michael Jackson ကို အနုပညာရှင် မဟုတ်ဟု မဆို၊ လူတွေ၏ နားမလည်ဘဲ ယမ်းတုတ် (ရုပ်တမ်း) အပေါ်ယံရှိ အလွှာပြင် ပြောင်လက်မှုကို အထင် ကြီး အဟုတ်မှတ်၍ နေကြ၏။ ဒါတွေဟာ မကောင်း။ အနုပညာ (တနည်း) မြန်မာ့အနုပညာသည် မြန်မာ နိုင်ငံရှိ လူသားတို့ ၏ စိတ်အား မိမိကိုယ်၊ မိမိလူမျိုးကို တန်ဘိုးထားစေခဲ့၏။ မြန်မာ့ယဉ်ကျေးမှုသမိုင်းကို ပြန်လည် ၍ ကြည့်လျှင် အောက်တန်းကျသော အနုပညာယဉ်ကျေးမှု မဟုတ်သည်ကို ကမ္ဘာ့ အသိပင် ဖြစ်၏။ မြန်မာတို့ သည် ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အနုပညာကို အလွန်မြတ်နိုးခဲ့သည်မှာ အမှန်တကယ်ပင်။ ခုမှ (နှစ်ပေါင်း သုံးလေးဆယ်အတွင်း) မိမိယဉ်ကျေးမှုကို မိမိအနုပညာဟု တန်ဘိုးမထားတတ်ဘဲ မချစ် မြတ်နိုးဘဲ ဖြစ်လာရ၏။ အကြောင်းကား ပြင်ပလွှမ်းမိုးမှုက အင်အားကြီးမားသည်က တစ်ကြောင်း၊ မိမိ တို့ စိတ်က ပျော့ညံ့သည်က တစ်ကြောင်း ဖြစ်ချေမည်ဟု ကျွန်တော်ထင်သည်။ ပြင်ပလွှမ်းမိုးမှုသည် မကောင်းဟု ကျွန်တော်မဆိုပါ။ သို့ သော် မိမိတို့ ၏ ကိုယ်ပိုင်အနုပညာအရိပ်အာဝါသအောက်မှ လွတ် ထွက်သွားပြီး ပြင်ပလွှမ်းမိုးမိုးမှု၏ အောက်သို့ ရောက်သွားခြင်းသည် မကောင်း။ ထိုကဲ့သို့ (မကောင်း) ဖြစ်နေရခြင်းမှာ အနုပညာရှင်များပေါ် ၌ တာဝန်ရှိ၏။ အနုပညာရှင်များ၏ စိတ်ဓာတ်ပျော့ညံ့မှုကြောင့် သူတို့ ကိုယ် ၌ ပင်လျှင် ပြင်ပလွှမ်းမိုးမှု၏ ဒဏ်ကို ခံကြရ၏။ (ဆိုလိုသည်မှာ မြ၀တီမင်းကြီး၏ တေး သီချင်းများအတိုင်း၊ ဆရာခြုံ၏ ပန်းချီပုံစံများအတိုင်း သီကုံးရေးဆွဲရန် ဆိုလိုသည် မဟုတ်ပေ။) ထိုသူ နှစ်ဦးတို့ သည်ပင်လျှင် ပြင်ပလွှမ်းမိုးမှု၏ဒဏ်ကို ခံခဲ့ရ၏။ သို့ သော် သူတို့ သည် ထိုလွှမ်းမိုးမှုဒဏ်ကို ဖောက်ထွင်းကျော်လွှားပြီး မိမိတို့ ၏ ကိုယ်ပိုင်အနုပညာစွမ်းအင်တို့ ကို ဖော်ထုတ်နိုင်ခဲ့၏။ မြန်မာတို့ သည် ပြင်ပလွှမ်းမိုးမှုဖြင့် ကိုယ်ပိုင်အနုပညာရပ်များကို ဖော်ထုတ်နိုင်စွမ်းရှိခဲ့သည်မှာ သမိုင်းက အထောက်အထားပြခဲ့၏။ အာနန္ဒာစေတီသည် ကမ္ဘာ့ စံချန်မီ မြန်မာ့အနုပညာတစ်ရပ် ဖြစ် သည်။ အာနန္ဒာစေတီ၏ ပြင်ပလွှမ်းမိုးမှုများကို ပညာရှင်များ သိကြ၏။ သို့ သော် အာနန္ဒာစေတီကား ထူးချွန်ပြောင်မြောက်သော မြန်မာ့အနုပညာလက်ရာတစ်ခုဖြစ်သည်မှာ မည်သူမျှ မငြင်းနိုင်ပေ။ သမိုင်း ၌ အနုပညာပြောင်မြောက်ခဲ့သောခေတ်၊ အနုပညာ ဆုတ်ယုတ်ခဲ့သောခေတ် ဟူ ၍ ရှိစမြဲ ပင်။ အနုပညာပြောင်မြောက်သောခေတ်၌ အနုပညာရှင်သည် ခေါင်းဆောင်နိုင်ခဲ့၏။ အနုပညာ ဆုတ်ယုတ်သောခေတ်၌ အနုပညာရှင်သည် နောက်လိုက်ဖြစ်ခဲ့၏။ ကျွန်တော်တို့ ခေတ်၌ အနုပညာရှင် ခေါင်းဆောင်နေသည်၊ နောက်လိုက်ဖြစ်နေသည် ဆိုသည်မှာ သမိုင်းက မှတ်တမ်းတင်ပေလိမ့်မည်။ ထမင်းတစ်လုပ်အတွက် အလုပ်လုပ်နေရ၍ အနုပညာခေါင်းဆောင်မှုအတွက် မစွမ်းဆောင်နိုင်ပါ ဆိုသည့် အနုပညာရှင်များ ယခုအချိန်၌ အများပင်။ ထမင်းတစ်လုပ် မစားရ၍ သေမည်ကို ကြောက် သော အနုပညာရှင်များသည် အနုပညာဘွဲ့ ကို မခံယူသင့်ပေ။ ပီမိုးနင်းလို အနုပညာရှင်များ ဘယ်ရောက်ကုန်ပါလိမ့်။ ပီမိုးနင်းသည် အများကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့သည်မှာ မည်သူမျှ မငြင်းဆိုနိုင်ပေ။ အနုပညာရှင်သည် အများကောင်းကျိုးကို လိုလားသော လူတစ်ယောက် ဖြစ်သင့် သည်။ ဘ၀သည် တန်ဘိုးရှိလှ၏။ ဘ၀တစ်ခုဆုံးရှုံးရာ၌ အလဟသ မဖြစ်သင့်ပေ။ အများအကျိုးအတွက် အကျိုးရှိမည်ဆိုလျင် တစ်နည်းအားဖြင့် အနုပညာထွန်းကားပြောင်မြောက်လာမည်ဆိုလျှင် အနုပညာရှင်သည် အသက်စွန့်  ခံရဲရမည်။ ပြောင်မြောက်သော အနုပညာရပ်များ ကျွန်တော်တို့ နိုင်ငံ၌ ရှိသင့်ပေသည်။ မြန်မာ့အနုပညာထွန်းကား ပြောင်မြောက်ရေးအတွက် ဤ ဆောင်းပါးကို ကျွန်တော် ရေး၏။ ပြောင်မြောက်သော အနုပညာရပ်များသည် ကမ္ဘာ့ အနုပညာရေစီးကြောင်းကို လွှမ်းမိုးစမြဲပင်။ တစ်ပါးသူများကို လွှမ်းမိုးနိုင်အောင် လုပ်စရာ မလို။ မိမိဘာသာ ထွန်းပြောင်ရန်သာ လုပ်စရာ လို ပေမည်။ ထို့ ကြောင့် ကျွန်တော်တို့ ၏ အနုပညာများ မထွန်းကား မပြောင်မြောက်သည်မှာ အနုပညာသတ္တိ ရှိသူများ ရှားပါးနေပြီလား ဟု ကျွန်တော်တွေးမိသည်။
ခင်မောင်ရင်
0 comments:
Post a Comment