ညီညီ(သံလွင်)
အဂတိလိုက်စားမှု ကင်းရှင်းတဲ့ နိုင်ငံအစိုးရတွေထဲမှာတော့ ဖင်လန်နိုင်ငံဟာ အကောင်းဆုံး စံနမူနာ ပြစရာ နိုင်ငံတစ်ခုပါပဲ။ ကမ္ဘာ့ စီးပွားရေးဖိုရမ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုနှုန်းကိန်းအရ စီးပွားရေး အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့ နိုင်ငံတွေထဲမှာ အမြဲလိုလို ပါနေပြီး ၂၀၀၄ ကနေ ၂၀၀၈ အထိ ၅ နှစ်တာကာလအတွင်း Transparency Int'l က ပြုလုပ်တဲ့ စာရင်းမှာ ၃ နှစ်ဆက်တိုက် ကမ္ဘာ့ အဂတိလိုက်စားမှု အကင်းဆုံး နိုင်ငံ အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဖင်လန်နိုင်ငံဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး Nokia လို ကမ္ဘာကျော် ဆက်သွယ်ရေးကုမ္ပဏီကြီးနဲ့ အခြား ကော်ပိုရေးရှင်းကြီးတွေ အများအပြား ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ နောက်ပြီး ဖင်လန်နိုင်ငံ Helsinki မြို့မှာ ၂၀၀၅ ခုနှစ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ခံ ကျင်းပပေးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံက အာချေးသူပုန်တွေနဲ့ အင်ဒိုနီးရှား အစိုးရတို့ အကြား ငြိမ်းချမ်းရေး ရစေဖို့ ကြားဝင်စေ့စပ် ပေးနိုင်ခဲ့ပါတယ်။
တကယ်လို့များ Helsinki မြို့မှာ လမ်းလျှောက်သွားမယ်ဆိုရင် ထူးခြားမှုရှိတာကို ခံစားရမှာပါ။ မြို့လည်လမ်းမကြီး တလျှောက်က စက်ဘီးရပ်နားစခန်းတွေမှာ ရပ်ထားတဲ့ စက်ဘီးတွေမှာ သော့ခတ်ထားခြင်း မရှိပါဘူး။ စက်ဘီးပိုင်ရှင်တွေကတော့ Mannerheimintie လို့ ခေါ်တဲ့ စူပါမားကတ်ကြီးထဲ အေးအေးလူလူ ဈေးဝယ်ထွက်နေကြပါတယ်။ ဒီလို တရားဥပဒေစိုးမိုးမှု ရှိတဲ့ ဖင်လန်နိုင်ငံမှာ နိုင်ငံသားတွေ ဥပဒေ ချိုးဖောက်ခဲ့ရင်လည်း ပြတ်သားထိရောက်တဲ့နည်းနဲ့ အရေးယူလေ့ ရှိပါတယ်။ ဥပမာ ပြောရရင် ၂၀၀၁ ခုနှစ် အောက်တိုဘာလက Nokia ရဲ့ အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်သူ Anssi Vanjoki ဟာ သူ့ရဲ့ Harley-Davidson မော်တော်ဆိုင်ကယ်ကို Helsinki မြို့ ရဲ့ လမ်းမတွေပေါ်မှာ အပြိုင်မောင်း ခဲ့တဲ့အတွက် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁ သိန်း ၄ ထောင် ပေးဆောင် ခဲ့ရပါတယ်။ တခြား တိုင်းပြည်တွေမှာ ဆိုရင်တော့ ဒဏ်ကြေး သိပ်များလိမ့်မယ် မဟုတ်ပေမယ့် ဖင်လန်နိုင်ငံမှာတော့ အရှိန်မြှင့်မောင်းလို့ ပေးဆောင်ရတဲ့ ဒဏ်ငွေဟာ အဲဒီ ပြစ်မှုကျူးလွန်သူရဲ့ ၀င်ငွေနဲ့ အချိုးကျ ပေးဆောင်ရတာမို့ပါ။
ဖင်လန်နိုင်ငံရဲ့ နိုင်ငံရေး အစဉ်အလာနဲ့ ဓလေ့ထုံးစံတွေကို သေချာစူးစမ်းကြည့်မယ်ဆိုရင် အခြားသော နိုင်ငံတွေမှာ ဒီလို အကြောင်းရင်းတွေကြောင့် အဂတိလိုက်စားမှုတွေ ဖြစ်ရပါတယ်ဆိုတဲ့ ဆင်ခြေအတော်များများကို စိန်ခေါ်နေတာ တွေ့ရမှာပါ။ ပထမဦးဆုံး ပြောရရင်တော့ တိုင်းပြည်တပြည်ဟာ
ဒုတိယ အဆိုကတော့ နိုငံငံတစ်နိုင်ငံမှာ လူမျိုးစုကွဲတွေ အများကြီး မရှိခြင်းဟာ အဂတိလိုက်စားမှု ကင်းဝေးတဲ့ နိုင်ငံရေး အခြေအနေကို ဆောင်ကျဉ်းပေးပါတယ်တဲ့။ ဘာလို့လဲ ဆိုတော့ တူညီတဲ့ လူမှုဓလေ့ထုံးစံတွေကြောင့် အချင်းချင်း ယုံကြည်မှု ပိုပေးနိုင်လို့ ဖြစ်ပါတယ်တဲ့။ ဖင်လန်နိုင်ငံရဲ့
တတိယ အဆိုကတော့ တိုင်းတပါးကိုလိုနီ အဖြစ် ကျရောက်ဖူးတဲ့ တိုင်းပြည်တွေမှာ အဂတိလိုက်စားမှုကို ဆိုးမွေအဖြစ် ရလိုက်တယ်ဆိုတာပါ။ အဲဒီ ဆင်ခြေကိုတော့ ဥရောပတိုက်သားတွေရဲ့ ကိုလိုနီ အဖြစ် ကျရောက်ခဲ့ဖူးတဲ့ အိန္ဒိယ၊ ဇင်ဘာဘွေစတဲ့ နိုင်ငံတွေက ကြားရလေ့ ရှိပါတယ်။ ဖင်လန်နိုင်ငံဟာလည်း သမိုင်းတလျှောက် သူတပါးအုပ်စိုးမှုကို ဆက်တိုက် ခံခဲ့ရတဲ့ နိုင်ငံ တစ်ခုပါ။ ၁၃၂၃ ခုနှစ်မှာ ဆွီဒင်နိုင်ငံရဲ့ တစိတ်တဒေသ ဖြစ်ခဲ့ပြီး ၁၈၀၉ ခုနှစ်မှာတော့ ရုရှားလက်အောက်ကို ကျရောက်ခဲ့တာဟာ ၁၉၁၇ ခုနှစ် အထိပါပဲ။ အခြား တိုင်းတပါးကိုလိုနီတွေ ဖြစ်ဖူးကြတဲ့ အာရှနဲ့ အာဖရိက နိုင်ငံတွေလောက် တိုင်းတပါး အုပ်ချုပ်မှုဒဏ်ကို ခံရချင်မှ ခံရလိမ့်မယ်လို့ တချို့က သံသယ ရှိပါလိမ့်မယ်။ ဖင်လန်နိုင်ငံသားတွေဟာလဲ သူတို့ကို အုပ်ချုပ်တဲ့ ကိုလိုနီနိုင်ငံတွေရဲ့ ဖိနှိပ်၊ ဂုပ်သွေးစုပ်မှုဒဏ်ကို ကောင်းကောင်းကြီး ခံစားခဲ့ရတာပါ။ ဒါဆိုရင် ကိုလိုနီလက်အောက်က လွတ်မြောက်ခဲ့ကြတဲ့ နိုင်ငံချင်းအတူတူ ဖင်လန်နိုင်ငံဟာ အိန္ဒိယလို၊ ဘင်္ဂလားဒေ့ရှ်လို အဂတိလိုက်စားမှုတွေ အကြား ရုန်းကန်မနေရဘဲ ဘာကြောင့် အဂတိလိုက်စားမှုကင်းတဲ့ နိုင်ငံရေးကို ဖန်တီးနိုင်ခဲ့သလဲ။ အဖြေကတော့ ကိုလိုနီလက်အောက်ခံနိုင်ငံ ဖြစ်ခဲ့ခြင်းထက် လွတ်လပ်ရေး အပေါ် ဘယ်လို သဘောထားခဲ့သလဲဆိုတာပေါ်မှာ ပိုပြီး မူတည်နေပါတယ်။ တခြား တိုင်းပြည်တွေလို အတိတ်က အရိပ်ဆိုးတွေ အပေါ်အာရုံစိုက်မနေဘဲ အနာဂတ်ရဲ့ အလားအလာကောင်းတွေမှာ အာရုံစိုက် ခဲ့တာမို့ ဖင်လန်နိုင်ငံဟာ မတူညီတဲ့ လမ်းကြောင်းပေါ် ရောက်ခဲ့တာပါ။
ဖင်လန်နိုင်ငံရဲ့ အစိုးရ ဖွဲ့စည်းမှု ပုံသဏ္ဍာန်ဟာ တကယ်တော့ သိပ်ထူးခြားဆန်းပြားလှတာ မဟုတ်ပါဘူး။ ဒါပေမယ့် ၂ နေရာမှာတော့ အတော်လေးကို အတုယူ
အခုဆိုရင် Nokia ဖုန်းတွေ၊ သဘာဝသစ်တော ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာတွေသာမက ဖင်လန်နိုင်ငံဟာ ပွင့်လင်းမြင်သာမှုနဲ့ အဂတိတိုက်ဖျက်ရေး ပေါ်လစီတွေကိုပါ နိုင်ငံတကာဆီ ဖြန့်ဖြူးနေပါပြီ။ Helsinki မြို့ထဲမှာ လျှောက်သွားမယ် ဆိုရင် သံတမန် တစ်ယောက်ယောက်၊ ဒါမှမဟုတ် ၀န်ကြီး တစ်ယောက်ယောက်၊ ဒါမှမဟုတ် ပြည်သူ့ဝန်ထမ်းအုပ်စု တစ်ခုခုနဲ့ မတိုက်မိအောင် လျှောက်သွားဖို့ ဆိုတာတောင် မဖြစ်နိုင်လောက်အောင်ကိုပဲ ကမ္ဘာအရပ်ရပ်ကသူတွေဟာ ဖင်လန်နိုင်ငံကိုလာပြီး အဂတိကင်းရှင်းရေး နည်းနာတွေကို လေ့လာနေကြရပါပြီ။
ညီညီ(သံလွင်)
အထက်ပါ ဆောင်းပါးသည် မတ်လ ၃၁ ရက် ၂၀၁၁ ခုနှစ်ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁ အမှတ် ၃၈ တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
မူရေး စာရေးသူ Darren C. Zook သည် အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် တက္ကသိုလ်(ဘာကလေ) တွင် နိုင်ငံရေးသိပ္ပံ သင်ကြားနေသူ ဖြစ်သည်။
(ကိုးကား။ ။ "Curious case of Finland's Clean Politics" by Darren C. Zook ၊ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလထုတ် ဒီမိုကရေစီဂျာနယ် အတွဲ ၂၀၊ အမှတ် ၁)
သံလွင်အိပ်မက်မှ ကူးယူဖေါ်ပြပါသည်။
ဘာဆင်ချေမှပေးမနေကြနဲ့ .လွယ်လွယ်ရလို့ လွယ်လွယ်လုတ်နေကြတာပါ။
ReplyDeleteအဂတိလိုက်စားတယ်ဆိုတာ ဝန်ထမ်းတွေဟာ ဥပဒေကို လက်နက်သဖွယ် ကိုင်စွဲပြီး ပြည်သူလူထုအပေါ်မှာစီးပွါးရှာနေကြတဲ့ စီးပွါးရှင်တွေနဲ့ အကြိုးတူပူးပေါင်းဆောင်ရွက်ခြင်းသာဖြစ်ပါတယ်။