နိုင်ငံရေးနှင့် အတွေးအခေါ်
Author: lubo601 | 11:21 PM | No မှတ်ချက် |
နိုင်ငံရေးမှာ ယုံကြည်မှုအတွေးအခေါ် ဆိုတာရှိတတ်ပါတယ်။ ဥပမာ ဆိုရှယ်လစ်စံနစ် - ကွန်မြူနစ်စံနစ် ကို ယုံတယ် ဒါမှမဟုတ် ဒီမိုကရေစီကို ယုံတယ်စသည်ဖြင့်ပေါ့။ တချို့ ကတော့ဘာဝါဒတွေ ဘာတွေ ညာတွေ သိပ်စိတ်မ၀င်စားဖူး သူ့ကျွန်မခံချင် တာပဲ သိကြတယ်။ တချို့ ကတော့ ယုံကြည်ချက် သိပ် ပြင်းထန် သွားရင်မှားမှားမှန်မှန် ယုံကြည်ချက် နောက်ေ...ကာက်ကောက်ပါ သွားပြီး တဖက်စွန်း ရောက် သွားတတ်တယ်။ ဥပမာ စတာလင်တို့ မော်တို့ ပေါလ်ပေါ့တို့ ဘုံဘ၀ ရောက်ဖို့ ကိုယ့်လူမျိုးအချင်း ချင်းသန်းနဲ့ချီသတ်ဖို့ ၀န်မလေးကြတော့ဖူး။ (မှတ်ချက်။ မိမိအာဏါတည်မြဲမှ ဘုံဘ၀ ရောက်မှာမို့ နှစ်ခု ရောသွားတာလည်းပါ ပါတယ်။)
တချို့ကတော့ ယုံကြည်ချက်ရှိတယ် ဒါပေမဲ့ အဓိက မကျဖူး အဓိက က ရည်မှန်းချက်ပဲ။
ဥပမာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဘာလုပ်လုပ် လွပ်လပ်ရေး ဆိုတဲ့ ရည်မှန်းချက် ဟာ မပျောက်သွားဖူး ဒုတိယ တိုင်းပြည်ထူထောင်ရေး ပြီးမှ ဘယ်ဝါဒဟာ မျှတသလဲ သင့်တော်သလဲ ဆိုကို စဉ်းစားတာ။ တိုင်းပြည် နဲ့ လူမျိုးကို ချစ်တဲ့ စိတ်က အဓိက ပါပဲ။
ရည်မှန်းချက် နိုင်ငံရေး သမားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အတွေ့အကြုံရှိတဲ့ ဘကြီးဘဘေတို့ ဦးရာဇတ်တို့ကိုဆွဲခေါ်လာသလို ကရင်လူငယ်တွေနဲ့ ကရင်ခေါင်းဆောင်ဆွေကိုလည်း ဆွဲခေါ် လာ တယ်။ ဦးတင်ထွဋ် လို အင်္ဂလိပ် တွေအလွန်အားကိုးတဲ့ အိုင်စီအက်စ် တွေကိုလည်း ဆွဲခေါ်လာတယ်။
လွပ်လပ်ရေးရဖို့ တိုင်းပြည်ချစ်တဲ့ အရေအချင်းရှိသူမှန်သမျှ ပညာတတ် ပညာမတတ် အကုန်ဆွဲခေါ် လာတဲ့ အတွက် ဖဆပလ အဟာ အင်အားကြီးသထက်ကြီးလာတယ်။
သခင်စိုး သခင်သန်းထွန်း တို့ကြတော့ ကွန်မြူနစ် စံနစ်ထူထောင်ရေးက ပထမ အဓိက တိုင်းပြည်နဲ့ လွပ်လပ်ရေးက နောက်ရောက်သွားတယ်။ ဒါကြောင့် နောက်ဆုံး ဖဆပလ နဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ကိုတောင် ဗြောင်ဗြောင်းတင်းတင်း တိုက်ခိုက်လာကြတာပေါ့။ သဘောတရား ကို အသေကိုင်ထား တော့ (ငါ) ဆိုတဲ့ (မာန) ဟာလည်း ပါမှန်း မသိ ပါ လာကြပါတယ်။
သဘောတရား နိုင်ငံရေးသမားဖြစ်ကြတဲ့ သခင်စိုး သခင်သန်းထွန်း တို့ကြတော့လူတန်းစားမှန် ရဲ့လား? ကွန်မြူနစ်စစ်ရဲ့လား? သဘောတရား အမြင်ကြည်ရဲ့လား? ဆိုတဲ့ သဘောတရား ပေတံ နဲ့ အရင်တိုင်းတာကြောင့် ဟိုလူမပါရ ဒီလူမပါရ ဟိုလူ့ကိုမယုံရ ဒီလူ့ကို မယုံရ နဲ့ လုပ်ကွက်နဲ့နိုင် ငံရေးနယ် ဟာ ကျင်းကျင်းလာပြီး လူတော်တွေ လျော့လျော့ လာတယ်။
ဒိအပြင် သဘောတရားကို တရားသေ ဖက်ကိုင်ထားတဲ့ သူတွေဟာ မိမိယုံကြည်တဲ့ သဘောတရား ဟာ မိမိလူမျိုးနဲ့ နိုင်ငံအတွက် မကိုက်ညီ တော့ဖူး။ ဒါမှမဟုတ် တဖြည်းဖြည်းတိုးတက်ပြောင်းလဲမှု နိယာမ တရား (Evolution) ကြောင့် မိမိယုံကြည်တဲ့ သဘောတရားဟာ ခေတ်နဲ့ မညီတော့ဖူး (သို့) သဘောတရား ခြစား သွား တဲ့ အခါ မာနကြောင့် မစွန့်လွှတ်နိုင်ပဲ အတင်းဖက်တွယ် ထားရင် ဆင်သေကောင် အပေါ် နားမိတယ် ငှက်ငယ် ပင်လယ်ထဲမျောပါသွားတဲ့ ကိန်းစိုက်တတ် ပါတယ်။
ဥပမာ မော်စီတုံးကိုကြည့်ပါ။ ကာလ်မာ့က်စ် ဟာ အင်္ဂလန်နဲ့ ဥရောပ တို့ရဲ့ စက်မှုလက်မှုတော်လှန် ရေးကို နောက်ခံထားပြီး သူ့ရဲ့ အတွေးအခေါ် မာ့က်စ်ဝါဒ (Marxism) ကိုဖေါ်ထုတ်ခဲ့ပါတယ်။ စက်မှု လက်မှု မထွန်းကားသေးတဲ့ တရုတ်ပြည်ကြီမှာ ပစ္စည်းမဲ့တော်လှန်ရေးရဲ့ ကျောရိုးဖြစ်တဲ့ ပစ္စည်းမဲ့ လူတန်းစား ကိုအားကိုးနေလို့မရ မိမိတိုင်းပြည်နဲ့ စပ်အပ်တဲ့ ဆင်းရဲသားလယ်သမားကို အခြေခံတဲ့ လယ်သမားတော်လှန်ရေးကို ဖေါ်ထုတ် တောကိုသိမ်း မြို့ကိုဝိုင်း ဆိုတဲ့ တော်လှန်ရေးဗျူဟာ ကိုဖေါ် ထုတ်နိုင်ခဲ့တာကြောင့် မော် လည်း ကွန်မြူနစ် တို့ရဲ့ ဘုရား တဆူ ဖြစ်ခဲ့ရတယ်။
ဗမာကွန်မြူနစ်တွေရဲ့ သဘောတရားရေးရာ ဖခင်ကြီး သခင်စိုး ကတော့ စတာလင် ကို ကိုးကွယ်ပြီး ရင်ပြင်နီမှာ အောင်ပွဲခံဖို့ စိတ်ကူးယဉ်တွေတာကြောင့် ဗမာပြည်မှာ ပစ္စည်းမဲ့တွေ ရှာမရ တာကို သတိမပြုမိဖူး စာအုပ်ကြီး အတိုင်း ရဲရဲကြီး ချေတက်လိုက်တာ ဂျောက်ထဲကျ သွားပါရော။ သခင် သန်းထွန်း ခမြာလည်း အဖေ တရုတ်ကြီး လုပ်သမျှ ဘုရားဟော အတိုင်း ဖြုတ်-ထုတ်-သတ် ဇာတ်ကို လိုက်.က.. လိုက်တာ ဗါးဂရာဂျောက် ကို ဆိုရှယ်လစ် အရိုးတွေနဲ့ မဖို့နိုင်ခင် ပဲခူးရိုးမ မှာ ကွန်မြူနစ် အရိုးတွေ ပြန့်ကြဲ ကုန်ရတယ်။ ဒါ သဘောတရား နိုင်ငံရေးရဲ့ အမှားတွေပါ။
သဘောတရားနိုင်ငံရေးကို အသေစုပ်ကိုင်ထားတဲ့ မော်စီတုံးဟာ သေခါနီးမှာတောင် အမြဲတန်း တော်လှန်နေရမယ်ဆိုတဲ့ သဘာဝ မကျတဲ့ အတွေးအခေါ် ကြီးကိုတောင်းဆိုလာသေးတယ်။
မော် ရဲ့ အမှားတွေ အလွန်အကျွံဆန်တာတွေကို လက်တွေ့ ခံစားရတဲ့ တိန်လျောက်ပိန်ဟာ အမြင်မှန်ရ သွားပြီး ကျနော်အမြင် ကျနော်သုံးသပ်ချက်အရ သဘောတရား နိုင်ငံရေးသမား က နေ ရည်မှန်းချက်နိုင်ငံရေးသမား ဖြစ်သွားတယ်။
တိန်ရဲ့ ရည်မှန်းချက် က တရုတ်ပြည်ကြီး တိုးတက်ရေး တရုတ်ပြည်သူတွေ လူတန်းစေ့ နေနိုင်ရေး
နဲ့ မော်ရဲ့ လူတဦး အာဏါရှင် စံနစ်ကို ပယ်ဖျက်ရေး နဲ့ အဓိကအကျဆုံးက တရုတ်ကွန်မြူနစ်ပါတီ အာဏါတည်မြဲရေး တို့ ဖြစ်တယ်။
ဒီ ရည်မှန်းချက် တွေကို ကောင်အထည်ဖေါ်ဖို့ သုံးမရတဲ့ ကွန်မြူနစ် စီးပွားရေး စံနစ်ကို စွန့်လွှတ်ပြီး ဈေးကွက်စီးပွားရေးစံနစ်စီကို ကုန်ကူးခဲ့တယ်။ ဒုတိယ စုပေါင်းခေါင်းဆောင်မှု (Collective Leadership) ကို Institutionalized အဖွဲ့အစည်းဘောင်ထဲ ထည့်ပြီး ဘောင်ခပ်ခဲ့တယ်။ ဒါတွေ အောင်မြင်မှ တရုတ်ကွန်မြူနစ် ပါတီအာဏါတည်မြဲမှာကိုး ….
လက်ရှိ နိုင်ငံရေး အခြေအနေ ကိုလေ့လာရင် အတိုက်အခံလို့ ခေါ်တဲ့ (လူ) တွေ အားလုံး ဟာ သဘောတရား နိုင်ငံရေးပဲ။ ပိုဆိုးတာက အသွင်မတူတဲ့ သဘောတရား နှစ်ခု ကြားမှာ ဟိုယောင် ဒီယောင်နဲ့ ကြားညှပ်နေကြတယ်။
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဗမာ့နိုင်ငံရေးမှာ လက်ဝဲအတွေးအခေါ်က အုပ်စီးထားတာ ဘယ်သူမှ မငြင်းနိုင်ပါဖူး စာပေသမားတွေက လက်ဝဲသမား တွေ များတာကိုး ဒီလက်ဝဲ အတွေးအခေါ် က ရန်-ငါ-စည်း ပြတ်ရမယ် - သူနိုင်ကိုယ်နိုင် တိုက်ဆိုတဲ့ ဇီးရိုးဆမ်း အတွေးအခေါ်နဲ့ - သူရဲကောင်း အတွေးအခေါ် ကို တွန်းပို့ခဲ့တယ်။ ဒီ အတွေးအခေါ် အောက်မှာ သူ့ဖက်ကိုယ့်ဖက် ညှိနှိုင်း အပေးအယူ လုပ်ရေး ဆိုတဲ့ (Compromise Culture) ဟာ ပျောက်သွားရတယ်။ ဒီ လက်ဝဲ အတွေးအခေါ် က - ထိပ်တိုက်ရင်ဆိုင်မှု (Confrontation) ဖက် တွန်းပို့ပေးတယ်။
၈၈ အပြီး ဒေါ်အောင်ဆန်းစုကြည် ခေတ်ရောက်တော့ ဒေါ်စုရဲ့ အသဲထဲ စွဲနေအောင် ယုံကြည် တာက ဂန္ဓီာကြီးရဲ့ (အကြမ်းမဖက်ရေး) Non-Violence သဘောတရား …. အာဏါဆိုတာသေနပ်ပြောင်းဝ က လာတာဆိုတဲ့ ကွန်မြူနစ်တွေရဲ့ ဘုရားသခင် မော် ကြီးရဲ့ မိန့်ဆိုချက်နဲ့ လားလားကြီး ဆန့်ကျင် နေ တယ်။ ရန်-ငါ-စည်း ပြတ်ရမယ် - သူနိုင်ကိုယ်နိုင် တိုက်ဆိုတဲ့ ဇီးရိုးဆမ်း အတွေးအခေါ်နဲ့ ကြီးပြင်း လာ သူတွေအဖို့ တီကောင်ကို ဆားနဲ့ တို့လိုက် သလို ဒေါ်စုရဲ့ Non-Violence သဘောတရား ကြီး ဟာ အသဲထဲ ကို ကန့်လန့်ကြီး ဟက်တက်ကြီး ၀င်သွားလေရဲ့ ……
ရေများရေနိုင် - မီးများမီနိုင် ဆိုသလို - ဒေါ်စုရဲ့ ဘုန်းအရှိန် ကြီးမားလာတော့ မချစ်သော်လည်း အောင့်ခါနမ်း ဆိုသလို ဒေါ်စု ရဲ့ (အကြမ်းမဖက်ရေး) Non-Violence သဘောတရား ဆေးခါး ကြီးကို အောင့်သီးအောင့် သက်နဲ့ တရှုံ့ရှုံ့ ဟန်ဆောင် နမ်းနေကြပေမဲ့ အသဲထဲမှာတော့ ရန်-ငါ-စည်း နဲ့ ဇီးရိုးဆမ်း အချစ်ငွေ့တွေက မပြယ်နိုင်ကြ …. လက်ဝဲ ၀ါဒ အစွဲ တွေကို ကောင်းကောင်းကြီး နားလည် တဲ့ ထောက်လှမ်းရေးတွေ က ဟိုလူဒီလူ မယုံရ အောင် နဲနဲ လေး ရောမွှေ ပေးလိုက်တာနဲ့ ရန်-ငါ-စည်း စိတ် တွေ ၀င်လာပြီး အချင်းချင်း ၀ိုင်း သမ ကြပြန်ရော …. ဒီကတဆင့် ဇီးရိုးဆမ်း အတွေး အခေါ် .. စိတ်ရိုင်းတွေ ကပန့်ပိုးကာ သူသေကိုယ်သေ ချကြပြန်ရော….. ဒါအတော် မသတ် နိုင်တဲ့ အတိုက်အခံတွေ ရဲ့ ဖြစ်ရပ်အမှန်ပါပဲ။
Non-Violence သဘောတရား ကိုတကယ် ယုံကြည်သက်ဝင် သွားကြသူတချို့ ကြတော့လည်း ရောမသားပြဿနာ တက်ကုန်ကြပါတယ်။ (မှတ်ချက် .. အချိန်ရမှ အသေးစိပ်တင်ပြဆွေးနွေးပါရစေ)
ဗမာနိုင်ငံမှာ ဦးနေ၀င်း၏ ကျေးဇူးကြောင့် စစ်တပ်က လွဲရင် အရပ်သားအများစု ဟာ နိုင်ငံရေးမှာ အဖွဲ့ အစည်းနဲ့လုပ်ရမယ် ဆိုတာကို နားမလည်ကြတော့ပါ။ ထို့ကြောင့် Institutional Loyalty ဆိုတာကို လုံးဝ နားမလည်နိုင်ကြတော့ …. နောက်ဆုံး လှုပ်ရှားမှုဆိုတာ … ဒေါ်စု … လာဖြစ်ရတဲ့..ဘ၀.. ရောက်လာတော့ … စစ်တပ်အတွက် က သိပ်လွယ်သွားပြီ …. ဒေါ်စု ကို…. ထိန်းထားလိုက်တာနဲ့ … အဖွဲ့အစည်းနဲ့ နိုင်ငံရေး လုပ်ရမယ် ..ဆိုတာကို..နားမလည်တဲ့ ….. လက်ဝဲလား? … အကြမ်းမဖက် ရေး လား? လို့… ယောင်နေကြတဲ့ ..သဘောတရားရေး …. အတိုက်အခံ ..နိုင်ငံရေးသမားတွေဟာ …. အားကိုးစရာ …ဒေါ်စု..လည်းမရှိရော …. အချင်းချင်း…ဝေဖန်တိုက်ခိုက်ဖို့ နဲ့ … စစ်တပ်ဆို … ဆဲ..ဆိုတဲ့… အဆင့်က ..မတက်ကြတော့ဖူး …..
အဆင့်မြင့် ..နိုင်ငံရေးဖြစ်တဲ့ … သဘောတရားရေးကို ကိုင်တိုက်မယ် … ဗျူဟာစွဲပြီး ဗျူဟာနဲ့ကိုင် တိုက်မယ် ..ပေါ်လစီရေးပြီး ပေါ်လစီ အရ တိုက်မယ် ..ကျစ်လစ်တဲ့ အဖွဲ့အစည်းဖွဲ့ပြီး အင်အားတည်ဆောက်ပြီး တိုက်မယ် …ဆိုတဲ့ ..နိုင်ငံရေး ..ကိုနားမလည်ကြတော့…
ယ္ခင် ၀သီ .. ယ္ခင် အကျင့်တွေဟာ ဖျောက်မရကြတော့ပါ …..
ဗိုလ်ချုပ်သန်းရွှေ တို့..ဘယ်ဗျူဟာ နဲ့ ..ဘယ် ပန်းတိုင် ..ကို ..ဦးတည်နေတယ် ..ဆိုတာကို ..မြင်အောင် ကြည့် ကြရမဲ့ .. အစား …. ဗိုလ်ချုပ်ကြီးတွေ … ကြိုးကြီးချိပ် လုံချည်ဝတ်တာတွေ …. ၀ိုင်းဟားသူ ကဟား …. လက်ရှိအစိုးရကို အသိမှတ်မပြုဖို့ …. ၀ါရှင်တန်သံရုံးမှာ … ဆန္ဒပြဖို့ ..ဖိတ်ခေါ်သူကခေါ် ..တယေက် တဖေါက်… နဲ့ ..အမှန်ကတော့.. မိမိတို့စိတ်ကျေနပ်မှု ..အတွက်.. စိတ်အစာကျွေး နေကြတာကို ..မြင်ရတော့ … စိတ်ဓါတ်..ကျစရာ..ဖြစ်ရတယ်…
ဒီလုပ်ရပ်တွေ ဟာ ..ငါတို့..ဆန့်ကျင်နေတယ်ဟေ့..လို့ ကျွေးကျော်တာက..လွဲလို့..ဘာအကျိုးမှမရှိ
ဒါတွေဟာ ..သူငယ်နာ..မဆင်သေးတဲ့ ..လက်ဝဲအတွေး..လက်ဝဲအကျင့်နဲ့ … capacity (နဲ ) ..တဲ့…ရလဒ်ပါပဲ….
စစ်တပ် ..ဆိုတာ… တွေ့ရာလူတွေ..ဆွဲခေါ်လာပြီး ..မဲမဲ မြင်တိုင်းပစ်လို့မရဖူး … စစ်တပ်တိုင်း.. အကြောက်ဆုံးက ..မသိလိုက်ပဲ … ချုံခို..အတိုက်ခံရတာပဲ… ဒါကြောင့် စစ်တပ်တိုင်းမှာ လေ့ကျင့်မှု .. ကြိုတင်ပြင်ဆင်မှု … ဗျူဟာ .. နဲ့ Battle Plan ရှိရပါတယ်။ ဒါကြောင့် ရှင်ဇူး က ရန်သူကိုလည်း သိ ရမယ် မိမိကိုယ်ကိုလည်း သိရမယ်လို့..ဆိုခဲ့တာမဟုတ်ပါလား ?
နောက်ဆုံးတော့ ….စစ်သားဆိုတာ ..စစ်သားလိုပဲ..တွေးသလို ….
အာဏါရှင်ဆိုတာလည်း… အာဏါရှင်..လိုပဲ..တွေးတာပါပဲ….
အာဏါရှင် တိုင်းမှာ အာဏါတည်ဆောက်တဲ့ကာလ …. အုပ်ချုပ်တဲ့ကာလ..နဲ့ လက်ပြောင်းကာလ
(Transition Period) ဆိုတာရှိစမြဲပါပဲ…
ဦးနေ၀င်း..ရဲ့အဓိက .. အမှားက …. လက်ပြောင်းကာလ အပြီး …. (နှောင်း) အကြို ကာလကို အချိန်ပေး.. မစဉ်းစားခဲ့ဖူး …. ငါ့စစ်တပ်ပဲဆိုပြီး .အပိုင်တွက်ပြီး …. တဆင့်ခံ (Proxy) နဲ့ပဲအုပ်ချုပ်ဖို့ … စီစဉ်ခဲ့တယ်…. နိုင်ငံတခါနဲ့လည်း.. ရန်မဖြစ်ခဲ့ရ….မည်သူကမှ အိုင်စီစီမှာ ခုံရုံးတင်ဖို့ မတောင်း ဆိုခဲ့…မိမိအတွက်အန္တရယ်မရှိ.. ပြဿနာက … မိမိရဲ့ တပည့် တဆင့်ခံ (Proxy) တွေက အရင် ဘ၀တပါး ပြောင်းကုန်ကြပြီး … မိမိက သေခါနီး…. တရားဖက်ရောက်သွားတော့ …. အာဏါနဲ့ အုပ်ချုပ်ရေးဖက် စိတ်မပါလှ တော့.. သတိလက်လွပ်..အဖြစ်မှာ … ခံလိုက်ရတယ် ….
ဗိုလ်ချုပ်သန်းရွှေက … ဦးနေ၀င်းရဲ့..အမှားကို အဖြစ်ခံမည်..မဟုတ် ….
ဒါကြောင့်..ကျနော် အမြင်အရ..ဗိုလ်ချုပ်သန်းရွှေ..ဟာ … လက်ပြောင်းကာလ နဲ့ ..နှောင်းကာလ …အတွက်..အသေအခြာ..စဉ်းစားပြီးမှ …. နိုင်ငံရေး..အကွက်ကိုရွှေ့တယ်လို့ ..ယူဆနိုင်ပါတယ်။
ကျနော်အမြင်..အရ..ဗိုလ်ချုပ်သန်းရွှေရဲ့..အဓိကအားနဲချက်ဟာ …. ၎င်းရဲ့..မိသားစုပဲ…
မိသားစု..ကို..အလိုလိုက်လွန်းတယ်..နေရာပေးလွန်းတယ်….နိုင်ငံရေး အမြင်နဲ့..ကြည့်ရင် … စစ်တက္ကသိုလ်ကျောင်းဆင်းပွဲမှာ.. မိသားစုက..ရှေ့ဆုံးက မိန့်မိန့်ကြီး.. ဗိုလ်ချုပ်တွေ..အရှေ့မှာ …. ထိုင်နေကြတာ..ကြည့်မကောင်းဖူး …..ဗိုလ်ချုပ်မောင်အေး..ဆို..အလုပ်ကိစ္စမှာ ..မိန်းမ.. ကို..အ၀င်မခံ… ဗိုလ်ချုပ်သန်းရွှေ ဟာ မိန်းမရှုပ်သည်ဟုလည်း..သတင်းမရှိ.. မိသားစုကို.. အတော်ခင်တွယ်ပုံရှိတယ်
ဒါကြောင့်..ဗိုလ်ချုပ်သန်းရွှေဟာ ….သူမရှိတော့တဲ့..နှောင်း..ကာလမှာ…. သူရဲ့..မိသားစု… လုံခြုံရေးနဲ့.. ချမ်းသာရေးအတွက်… အကွက်ချပြီး..လုပ်ဆောင်..သွားလိ မ့်မယ် လို့..ယူဆစရာ.. အကြောင်းရှိပါတယ်… ဦးနေ၀င်းလို..အဖြစ်ခံမည်..မဟုတ်ပါ….
နောက်..လူတယောက်ဟာ.. ဥါဏ်ရှိလို့..ရှိရင် …. လူကောင်းဖြစ်စေ..လူဆိုးဖြစ်စေ…. မိမိစု ဆောင်း ..လာတဲ့.. ဓနဥစ္စာကို… စိတ်အေးလက်အေး..သုံးနိုင်ဖို့.. စဉ်းစာလာပါတယ်… ဥပမာ..ခွန်စာ..နဲ့.. လောဆစ်ဟန်.တို့ကိုကြည့်ပါ …. စုမိဆောင်းမိတဲ့..ကာလမှာ …. အရင်ဘ၀ဟောင်းကို..စွန့်လွှတ်ပြီး .. တရားဝင်..ဘ၀ကိုကူးပြောင်းခဲ့ကြ ပီး ..သားသမီးတွေလည်း..ကြီးပွားနဲ့ ..ချမ်းချမ်းသာသာ.. လွပ်လွပ်လပ်လပ်.. နဲ့..စိတ်ချမ်းချမ်းသာသာနေ..နို င်ခဲ့ကြတယ်….
ဒီလို..ငြင်ငြင်သာသာ..ပြောင်းလဲ မှု..မျိုးလိုချင်ရင်..ကျနော်အမြ င်ကတော့.. တရုတ်စံနစ်ဟာ ..အသင့်တော်ဆုံးပဲ… တိန်လျောက်ပိန်ဟာ …မော်..လို..တဦးတယောက်ကို ..အာဏါအပ်မဲ့အစား …. ပြောင်းလဲမှု..Transition..ကို .Institutionalized ..လုပ်ခဲ့တယ်.. အကျိုးက..အာဏါရှင်..အသစ် ကို… လက်လွှဲရင်..အာဏါထူထောင်ရေး..လုပ်ရမယ်.. မတည်ငြိမ်ဖူး..တိုင်းပြည်နာတယ်… Transition & Collective Leadership ကို Institutionalized လုပ်လိုက်တော့.. Smooth transition … နဲ့ CONTINUITY ရှိတယ်။ ဒါကြောင့်…. 3rd generation – 4th generation နဲ့ 5th generation ဟာ ၂၀၁၂ မှာ လာတော့မယ်။ ဒီ စုပေါင်းခေါင်းဆောင်မှု ကို Elders လို့ခေါ်တဲ့… အာဏါလက်လွှတ် လိုက်ရသော ..ခေါင်းဆောင်.ဟောင်းတစု က..၀ိုင်းရွေး..၀ိုင်းထိန်း..ပေးတယ်။
တိန်လျောက်ပိန်..အသက်ရှင်လျက်.. ရှိစဉ်က … သက်ကြီးရွယ်အို (၆)ယောက်ရှိတယ်။ သမ္မတဟောင်း လီ့ရှင်နင်းရယ်.. ချောင်အင်လိုင်းရဲ့မိန်မ. .. စတဲ့..အတွေ့အကြုံ.ရင့်ကျက်တဲ့ … လူကြီးတွေ ..ဒီလူတွေက … gatekeepers တွေပဲ… ဘာရာထူးမှ..မယူထားကြတော့… တရားဝင်တည်ရှိနေသည် လည်းမဟုတ်… သို့သော် တိန်ခေါင်းဆောင်တဲ့..ဒီလူကြီးတွေက …. နေရာယူထားတဲ့… သမ္မတ နဲ့ ၀င်ကြီးချုပ်ကို ထိန်းပေးထားတာပဲ.. တနည်းအားဖြင့်… absolute power မဖြစ်ရအောင် check and balance – Chinese style လာဖြစ်တာပဲ….ယနေု့..ပြဿနာက..ဒီဖ က်ခေတ်မှာ … လူကြီးတွေ အဖွဲ့မှာ ဘယ်သူတွေ ပါကလဲ? ဘယ်လောက်အထိသြဇာရှိတယ်..ဆိုတာမသိရတော့…
တိန်လျောက်ပိန်ဟာ ..မသေခင်...ဘာရာထူးမှ..မယူထားပေ မဲ့… Paramount Leader အနေနဲ့ … နောက်ဆုံး..ဘယ်သူမှ.. သူ့ကိုမကျော်နိုင်ပါ။ ဗမာပြည်..အနေအထားကို ..ကြည့်ရင်.. ဘေင်းဘီ ၀တ်ထားတဲ့..သူဟာ… first class citizen ဘောင်းဘီချွတ်တွေက second class citizen အရပ်သားက third class citizen နဲ့..နင်းပြားတွေလာဖြစ်ကြတာကိုး … ဒါကြောင့် ဗိုလ်ချုပ်သန်းရွှေ ဟာ ဘာရာထူးမှ ယူထားစရာမလို …. ဗိုလ်ချုပ်မှုးအပွင့်တွေ..ရှိနေရ င် …. စစ်ဦးစီးချုပ်က လာ အလေးပြုရမှပဲ… အေးအေးထိုင်ပြီး..ဘယ်သူဘာလုပ်တာ ..ဆောင့်ကြည့်နေရုံပဲ….
ပြိးခဲ့တဲ့..ရွေးကောက်ပွဲ..အပြီး ..လုပ်ရပ်တွေကို ကြည့်ရင်… ဗိုလ်ချုပ်သန်းရွှေရဲ့..နိုင်ငံေ ရးရွှေ့ကွက် ကို မြင်နိုင်ပါတယ်။ အရင် က institution ဆိုလို့စစ်တပ်ပဲရှိတယ် …. စစ်ရေး..အုပ်ချုပ်ရေး … စီးပွားရေး.လူမှုရေး..အားလုံးဟာ … စစ်တိုင်းမှုးလက်ထဲမှာ..ရှိတယ်.. ဥပဒေ..ဆိုတာ … စစ်ဗိုလ်တွေ ရဲ့..ပါးစပ်ထဲမှာပဲရှိတယ် …. အခုလွှတ်တော် (၂) ခု နဲ့… တိုင်းနဲ့ပြည်နယ်.လွှတ်တော်တွေဟာ … institution တွေဖြစ်လာတယ်။ ဒါဟာ အုပ်ချုပ်ရေးနဲ့ စီးပွားရေးကို စစ်တပ်လက်ထဲက ခွဲထုတ်လိုက် တာပဲ။ အန္တရာယ်ရှိတယ် ..ဗိုလ်ချုပ်သန်းရွှေ..ဘာနိုင်ကွ က်..ကိုင်ထားသည်ကို..တော့..မသိပါ။
ရွေးကောက်ပွဲ..တုန်းကလည်း…အင်အဲ လ်ဒီ..ကို … ဥပဒေနှင့် ကိုင်၍ ကစားသွားခဲ့ပါသည်။ ကျနော့် အထင် … ပုံဖေါ်ရာတွင်..ထိုင်း..ဆီကလည်း. .ခိုး..သည်ဟု..ယူဆမိပါသည်။ ဆိုလိုသည်မှာ …. စစ်တပ်က ..ကရှေ့ကရပ်ပြီး..အာဏါပြမည့်..အ စား ..နောက်က ..ကြိုးကိုင်မည်။ Hard Power အစား.. ထိုင်း မှာ ..လို … Soft Power သို့ ငြင်ငြင်သာသာ ကူပြောင်းမည်။ နောက် ထိုင်းမှာ ခေတ်အဆက်ဆက် စီးပွားရေးကို စစ်ဗိုလ်တွေမကိုင် .. technocrat တွေလက်ထဲထားသည်။ အခု ဗမာအစိုးရသစ်မှာ ဒုဝန်ကြီးတွေဟာ အများအားဖြင့် technocrat တွေဖြစ်တာကိုတွေ့ရတယ်။
ဘယ်လောက်မှန်သည်မသိ … လွှတ်တော်ရှိ စစ်တပ်ကိုယ်စလှယ်တွေကို ဗိုလ်ချုပ်သန်းရွှေက သြော်ဝါဒ စကားချွေရာတွင် ..(၃)နှစ် အတွင်း စစ်တပ်ကို ပြည်သူက ချစ်လာအောင်..လုပ်ရမည်တဲ့… ဒီစကားမှန် ခဲ့ရင် ..ဗိုလ်ချုပ်သန်းရွှေစီမှာ .. ရည်မှန်းချက်ရှိတယ်။
လွှတ်တော်အသစ်.. အစိုးရအသစ်ကို အခွင့်ကောင်းယူပြီး ..စီးပွားရေးကို ..ဖွင့်ပေး ..ထိန်းချုပ်မှု တွေကို လျော့ပေးရင်.. လူတွေက .. နာကြည်းမှု..လျော့သွားမှာပဲ… ဒီမိုကရေစီ..လမ်းကြောင်း အပေါ်..တင်ပေးတယ် ..ဆိုပြီး … အီးယူးနဲ့ အမေရိကန် ကိုဖြည်းဖြည်းချင်း ချော့ခေါ်.. ဦးနေ၀င်း..အရှေ့ရောအနောက်..အုပ်စုနဲ့..တဲ့အောင်ပေါင်းတဲ့.. လမ်းအတိုင်း..သွားပြီး …. စင်ရှင်ကို တထစ်ချင်း..လျော့ချသွားရင် …. အသက်ရှုချောင်လာမယ်။ အရှေ့မှာ သမ္မတဦးသိန်းစိန်ကို ရုပ်ပြထား ပြီး ..ကိုယ်က..နောက်က..ငြိမ်ငြမ်လေး နေ …အချိန်ကြာလာတာနဲ့အမျှ … လူတွေက မိမိကို သတိပြုမိမှု ..လျော့နဲ.. လာလိမ့်မယ်.. မိသားစု ..အရင်းအနှီးကိုလည်း …. တဖြည်းဖြည်း..တရုတ်နဲ့ ဒူဗိုင်းကိုရွှေ့ …. Diversified လုပ်…ခွန်စာတို့.လောစစ်ဟန်တို့လို….ဖြည်းဖြည်းချင်း … ကိုယ်ယောင် ဖျောက်သွားပြီး … မိသားစု..အတွက် …နေရာချပေးပြီး …. အေးအေးဆေးဆေး … ဘ၀တပါးကို ..စိတ်အေးလက်အေး…ကူးပြောင်းသွား .. နိုင်တယ်။ ဘောင်းဘီမချွပ်သမျှ …. အာဏါကို..လုံးလုံး လက်မလွှတ်သမျှ .. အန္တရာယ်..မရှာနိုင်ကြပါဖူး …..
ဒါက ..ပလင်.. လက်တွေ့ ..အကောင်အထဲဖေါ်တော့…ပြဿနာ..က..ေ သာင်းခြောက်ထောင် ….
အုပ်ချုပ်သူ ..အများအားဖြင့်ဟာ … အုပ်ချုပ်မှုကာလ..လွန်မြောက်သွား ကြပြီးရင်.. ကျန်ခဲ့မဲ့.. အမွေ.. Legacy ကို စဉ်းစားကြတာပဲ… ဗိုလ်ချုပ်သန်းရွှေလည်း..စဉ်းစား နိုင်တာပဲ..
အရေးကြီးတာက …. ရထားကထွက်သွားပြီ …..
ဖင်ပြဲအောင် .. အော်ကြရင်း …. နောက်အနှစ် (၂၀) ဗျူဟာမရှိပဲ … ဆက်လျောက်ကြမလား? စဉ်းစဉ်းစားစားနဲ့ ကိုယ့် ဘာလုပ်သင့်တယ် ဘာလုပ်နိုင်မယ် ဆိုတာကို..သုံးသပ်သင့်တယ် လို့ ရိုးရိုးသားသား..မြင်မိတယ်။
NLD ရော ဒေါ်စုအတွက်ရော စဉ်းစားတပ်ရင် ..ကစားစရာ အကွက်တွေရှိပါတယ်။
အစိုးရ ..မဖြည့် နိုင်သေးတဲ့ ကွက်လပ်တွေ ရှိပါသေးတယ်။
ဒါပေမဲ့… အကွက်ကျကျပြင်ဆင်ပြီး..ဗျူဟာ ကျကျ.. ပုံဖေါ်သင့်တယ် ….
နိုင်ငံရေးဆိုတာ …. ဗိုလ်ချုပ်သန်းရွှေလို..ပလင်ချပြီး လုပ်တိုင်း .ဖြစ်ချင်မှ..ဖြစ်လာတာပဲ….
မထင်တာတွေ..ဖြစ်လာတတ်တာပဲ….
နောက်..နိုင်ငံရေးမှာ …. အရေးအကြီးဆုံးအချက်က ..ပေါ်လာတဲ့ အခွင့်အရေးကို လှမ်းဆွဲနိုင်ဖို့ ….
ဒီလို … ပေါ်လာတဲ့ အခွင့်အရေးကို လှမ်းဆွဲနိုင်ဖို့ဆိုတာက… အဆင်သင့်ဖြစ်ဖို့လိုပါတယ်…
အဆင်သင့်ဖြစ်ဖို့..ကြိုတင်ပြင် ဆင်မှုလိုပြန်တယ် …. ကြိုတင်ပြင်ဆင်ဖို့ … ပလင်ရှိရမယ် … ပလင်ရှိဖို့ … ဗျူဟာလိုတယ် … ဗျူဟာရှိဖို့ …Vision လိုပါတယ်။ တခုနဲ့တခု..ဆက်စပ်နေပါတယ်။
ဒီလို..လိုအပ်ချက်တွေကို ..(သိ) ဖို့က …. စိတ်ခံစားမှု (Emotion) ..နဲ့..ဆုံးဖြတ်လို့မရ … ခေါင်းအေးအေးနဲ့.. ဥါဏ်..ကို.အလွှာ..လိုက်..သုံးပြီး ..နက်နက်တွေးတတ်ရပါမယ်။ အဆင့် ဆင့် ဖေါ်ဆောင်မဲ့..သူတွေ မှာ capacity ရှိရမယ်။
ဗမာပြည် ကွန်မြူနစ်ပါတီကို …မြေမြှုပ်သဂြိုဟ်ခဲ့တာ … ရန်-ငါ-စည်း..နဲ့ ဇီးရိုးဆမ်း…စိတ်ဓါတ်တို့ဖြစ် ကြတယ်။ အတိုက်အခံ..အများအဖြင့်..ဟာလည်း ..ဒီ.စိတ်ဓါတ်က ..လွပ်မထွက်နိုင်ကြသေးဖူး … အနှစ် ၂၀ ကျော်ကျော် ဘာပြင်ဆင်မှု ..ဘာဗျူဟာမှ မရှိပဲ … ဘလိုင်း..ကလော်ကလော်ဆဲ..ကြရင်း. . နိုင်ငံရေး..ကိုစိတ်အစာကျွေး..ရုံသက်သက်..အချိန်ဖြုံးခဲ့..ကြတာ လဲ..ဒီစိတ်ဓါတ် (၂)ခုကို ရင်မှာ ပိုက်ခဲ့ကြလို့ပဲ..လို့မြင်မိတယ်…..
နိုင်ငံတိုင်းမှာ … အပြောင်းအလဲလိုအပ်လာရင်..တော်လှ န်ရေးကာလ …. အုပ်ချုပ်ရေးနဲ့တိုင်းပြည်ထူ ထောင်ရေး..ကာလ..တွေကိုဖြတ်ကျော် ရပါတယ်။ တော်လှန်ရေးကာလ..မှာ တော်လှန်ရေးသမား တွေ..လိုတယ်။ တော်လှန်ရေးကာလ..မှာ..အသေခံမဲ့သူတွေလိုတယ် …. ဒီကာလမှာ ရန်-ငါ-စည်း..နဲ့ ဇီးရိုးဆမ်း…စိတ်ဓါတ်တို့လိုတယ် … ကွန်မြူနစ်ပါတီဟာ …. ဆက်တိုက်..အရှူံ့းနဲ့..ချည်း..ရင်ဆိုင်ခဲ့ရ တာ ကြောင့်… တော်လှန်ရေးကာလ..ကိုတသက်လုံး..မ ကျော်.နိုင်ခဲ့ကြ..မော်စီတုံး.. လိုချင်တဲ့… ရာသက်ပန်တော်လှန်ရေးသမားတွေ..ဖြ စ်ကုန်ကြရ… ခေါင်းဆောင်စစ်ရင်.. လိုအပ်ချက်ကိုကြည့်ပြီး … ပြောင်းလဲ..နိုင်ရမယ်.. တိန်..တို့လိုပေါ့… ဗမာပြည်ကွန်မြူနစ်ပါတီမှာ တည်ထောင်သူတစု..ပြီး ကတည်းက… ထက်ထက်မြက်မြက်..ခေါင်းဆောင်..မ ထွန်းပေါက်ခဲ့ကြ…. သခင်ဇင်…သခင်ဗသိန်း တင်တို့ဆိုတာက … ပထမတန်းစား…ခေါင်းဆောင်တွေမဟုတ် ကြ…သခင်သန်းထွန်းရဲ့..အောက်စွဲ တွေ …. ပါတီဗျူရိုကရက်တွေ… ဒါကြောင့်.. ရန်-ငါ-စည်း..နဲ့ ဇီးရိုးဆမ်း…စိတ်ဓါတ်တို့ကို အသေစုပ် ကိုင်ရင်း… ပါတီဂျောက်ထဲကျ မဲ့..လမ်းကြောင်းပေါ်က..(မ)..မတင်နိုင်ကြ… ဥါဏ်မမှီကြရှာ…
ဒေါ်စုရဲ့…အကြမ်းမဖက်ရေး…အတွေးအေ ခါ်..ခေတ်စားလာတော့ ….. ပါးစပ်ကတော့..ဒေါ်စု.. စိတ်ဓါတ်ကတော့ …. ရန်-ငါ-စည်း..နဲ့ ဇီးရိုးဆမ်း…ဒါကြောင့်.. ဗိုလ်ချုပ်သန်းရွှေ … ဘယ်လမ်း မောင်းနေသည်ကို သတိမရှိနိုင်ကြ… ပကထိ ..အခြေအနေ.ကို.. မသုံးသပ်..နိုင်ကြ…. ရန်-ငါ-စည်း...မပြတ်ဖူး..လို့.. အထင်ခံရမှာ..စိုးသေး… တောင့်ထားတောင့်ထား..ဆိုပြီး.. ကလော်.. ကလော်..ဆဲ..လိုက်ရမှာ… စိတ်အာသာပြေ..သွားပြီး..နေသာတို င်သာ..ရှိသွားသည့် … Addiction ကိုလည်း..ဖျောက်၍..မရကြ….
သဘောတရားနိုင်ငံရေးလား? ရည်မှန်းချက်နိုင်ငံရေးလား? ဆိုတာတွေကို..မဆုံးဖြတ်နိုင်သေး သည့်.. တိုင်..စဉ်းစားတတ်ဖို့..ကောင်ြး ပီ…
မိမိ..အာသာပြေမှုက ..အဓိက..ဆို..ပြောစရာ.မရှိတော့…
နိုင်ငံ့..အတွက်ဆိုရင်တော့ …. လက်တွေ့ကျဖို့လိုပါသည်။ ဗျူဟာရှိဖို့လိုပါသည်…
ဗမာအတိုက်အခံတွေ…ပကထိ..အခြေအနေကို ..သုံးသပ်နိုင်ကြပြိး ..အကျိုးရှိ..နိုင်ငံရေးကို ..လုပ်ဆောင်နိုင်ကြပါစေဟု..ဆုတောင်းရင်း…
ဘိုဘိုကျော်ငြိမ်း
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment