ပြင်ရမယ့် စိတ်တွေ (၇) (ကျွန်တော်လေ့လာမိသော စိတ်များ ၄)
[By ဗုဒ္ဓဟောကြား မြတ်တရား]
စိတ်ကလေး (၇)
လူ၊ သတ္တ၀ါမှာ လောဘဟိတ်ဖြစ်ဖို့ အခြေခံ အကြောင်းရင်းတွေက ဒေါသဟိတ်ဖြစ်ဖို့အကြောင်းလိုဘဲ
လောဘဟိတ်
၁) လိုချင်နှစ်သက်စရာ အဆင်းမျိုးစုံ (ရူပါရုံ)
မျက်စိအကြည် အခံဓာတ်နဲ့ တပ်မက်စရာ အဆင်း အတိုက်ဓာတ်ကြောင့် မြင်သိစိတ်ပေါ်ပါတယ်။ မြင်သိစိတ်ပေါ်တော့ လိုချင်နှစ်သက်တဲ့ လောဘ (ဒါမှမဟုတ် မလိုချင်၊ မနှစ်သက်တဲ့ ဒေါသ) လာပါတယ်။ မျက်စိမှာ မြင်လာတဲ့ အဆင်း (ဥပမာ၊ လှပချောမွေ့တဲ့ မိန်းမလေးတစ်ယောက်ဆိုပါတော့၊ မြင်လာတာကိုသိတဲ့စိတ်တစ်ခု ဖြစ်လာတယ်၊ ဆက်တွေးတယ် “အော်သူလေးဟာသိပ်လှပါလား”၊ ဆက်တွေးပြန်တယ် “သူလေးသာ ချစ်ခင်နှစ်သက်ရမယ့်သူလေးသာဆို”
၂) လိုချင်နှစ်သက်စရာ အသံမျိုးစုံ (သဒ္ဒါရုံ)
နားအကြည် အခံဓာတ်နဲ့ တပ်မက်စရာ အသံ အတိုက်ဓာတ်ကြောင့် ကြားသိစိတ်ပေါ်ပါတယ်။ ကြားသိစိတ်ပေါ်တော့ လိုချင်နှစ်သက်တဲ့ လောဘ (ဒါမှမဟုတ် မလိုချင်၊ မနှစ်သက်တဲ့ ဒေါသ) လာပါတယ်။ နားမှာကြားလာတဲ့ အသံ (ဥပမာ၊ သာယာသောသီချင်းသံဆိုပါတော့၊ ကြားတာကို သိတဲ့ စိတ်တစ်ခုဖြစ်လာတယ်၊ အဆိုရှင်ကို ခွဲခြားတဲ့စိတ်တစ်ခု၊ (ဒါကတော့ မျိုးကြီး၊ အယ်ဆိုင်းဇီ၊ အငဲ စသည်ဖြင့်) သညာဖြင့်မှတ်သားထားမှုအတွေး၊ စာသားကို နားစိုက်ထောင်တယ် အတွေးတွေက စာသားအတိုင်းလိုက်တွေးတယ်၊ တစ်ခါတစ်လေ များ ရုပ်ပုံလေးတွေနဲ့ တောင်အတွေးကောင်းသူများ စဉ်းစားမိကြပါတယ်။ တစ်ချို့များ VCD ခွေလေးထဲက စကားပြောခန်းလေးများကောင်းနေရင် ပြုံးပြီးကြည့်နေလိုက်သေးတယ်။ ပြုံးပြီးနားထောင်နေလိုက်သေးတယ်
လည်းမေးအုံးမှ” ဒီလိုအတွေးတွေလည်း ဆက်တိုက်လာနေမှာပါ။ ဒါကတော့ ကြားရတဲ့ အသံပေါ်မှာ လိုချင် နှစ်သက်မှု အာရုံကြောင့် ဖြတ်ထွက်လို့ မရမချင်း ဆက်၍ဆက်ခါ တွေးနေအုံးမယ့် အတွေးစုတွေပါ။ ဒီလိုအတွေးတွေက ဆက်၍ဆက်ခါ ဖြစ်ပျက်နေလိုက်တာ၊ တွေးသူကိုယ်တိုင်လည်း မသိ၊ ပြုလုပ်သူကိုယ်တိုင်လည်း မသိ၊ ငါဘာတွေးနေလို့ တွေးနေမှန်းလည်း မသိ၊ အကုသိုလ်တွေဆက်တွေးနေလား၊ ကုသိုလ်တွေတွေးနေလားလည်း မသိ။ တွေးနေတာကို အကုသိုလ်အတွေးတွေ၊ ကုသိုလ်အတွေးတွေသာ မသိမှာပါ၊ ဒီကံတွေကတော့ ထပ်ချပ်မကွာလိုက်နေအုံးမှာပါ။
၃) လိုချင်နှစ်သက်စရာ အနံ့မျိုးစုံ (ဂန္ဓာရုံ)
နှာအကြည် အခံဓာတ်နဲ့ တပ်မက်စရာ အနံ့ အတိုက်ဓာတ်ကြောင့် နံသိစိတ်ပေါ်ပါတယ်။ နံသိစိတ်ပေါ်တော့ လိုချင်နှစ်သက်တဲ့ လောဘ(ဒါမှမဟုတ် မလိုချင်၊ မနှစ်သက်တဲ့ ဒေါသ) လာပါတယ်။ နံတာကိုသိတဲ့ စိတ်တစ်ခု (ဥပမာ၊ ဟင်းနံ့ဆိုပါစို့၊ ဘာနံ့လည်းလို့ စူးစမ်းတဲ့ နောက်စိတ်တစ်ခုဖြစ်ပါတယ်၊ ခွဲခြားသတ်မှတ်ပြီး ဆုံးဖြတ်တဲ့ နောက်စိတ်တစ်ခု “အော်၊ ၀က်သားဟင်းနံ့ဘဲ၊ မွေးလိုက်တာ ဘယ်အိမ်ကချက်ပါလိမ့်”၊ “၀က်သားဟင်းလေးကို၊ ငါးပိရည်လေးနဲ့ တွယ်လိုက်ရရင်တော့”၊ “ငါပိရည်ဆိုလို့၊ တို့စရာလေး တစ်ခုခုတော့ပါမှပါ၊ သခွားသီးလေးဆိုဘယ်လိုနေမလဲ၊ အင်း ၀က်သားက အီမှာလေ၊ ဒါဆို အချဉ်တို့စရာလေးနဲ့ဆို ထမင်းပိုမြိန်မယ်ဟ”၊ “အရည်သောက်လေးတစ်ခွက်ပါရင်တော့ ပိုကောင်းမယ်၊ ဗူးသီးဟင်းခါးလေးဆို ဘယ်လိုနေမလဲ” “အင်း၊ မဆိုးဘူးနော်” ဒါဆို အရသာပိုရှိမယ်။ ကဲ အိမ်သူသက်ထားကို ချက်ခိုင်းအုံးမှပါဘဲ။ “ဟေ့မိန်းမရေ၊ မနက်ဖြန် ၀က်သားလေးကို အတုံးကြီးကြီး၊ ၃ထပ်သားနော် ငြုပ်သီးနဲ့ ဆီပြန်လေးချက်၊ ကတက်ချဉ်လေးတို့စရာဝယ်၊ ဗူးသီးဟင်းခါးလေးချက်စမ်းကွာ”။ ကဲ အတွေးတွေရဲ့ နောက်ဆက်တွဲ ကာယကံမှု ခိုင်းစေချက်ကြောင့် ဝေဒနာကို တဏှာကူးပြီး၊ ဥပါဒါန် အစွဲနဲ့ ပဋိစ္စသမုပ္ပါသ်လည်သွားပါဘီ။ ဒါကတော့ အနံ့ရတဲ့ ပေါ်မှာ လိုချင် နှစ်သက်မှု အာရုံကြောင့် ဖြတ်ထွက်လို့ မရမချင်း ဆက်၍ဆက်ခါ တွေးနေအုံးမယ့် အတွေးစုတွေပါ။ ဒီလိုအတွေးတွေက ဆက်၍ဆက်ခါ ဖြစ်ပျက်နေလိုက်တာ၊ တွေးသူကိုယ်တိုင်လည်း မသိ၊ ပြုလုပ်သူကိုယ်တိုင်လည်း မသိ၊ ငါဘာတွေးနေလို့ တွေးနေမှန်းလည်း မသိ၊ အကုသိုလ်တွေဆက်တွေးနေလား၊ ကုသိုလ်တွေတွေးနေလားလည်း မသိ။ တွေးနေတာကို အကုသိုလ်အတွေးတွေ၊ ကုသိုလ်အတွေးတွေသာမသိမှာပါ၊ ဒီကံတွေကတော့ ထပ်ချပ်မကွာလိုက်နေအုံးမှာပါ။
၎) လိုချင်နှစ်သက်စရာ အရသာမျိုးစုံ (ရသာရုံ)
လျာအကြည် အခံဓာတ်နဲ့ တပ်မက်စရာ အရသာ အတိုက်ဓာတ်ကြောင့် ရသာသိစိတ်ပေါ်ပါတယ်။ ရသာသိစိတ်ပေါ်တော့ လိုချင်နှစ်သက်တဲ့ လောဘ(ဒါမှမဟုတ် မလိုချင်၊ မနှစ်သက်တဲ့ ဒေါသ) လာပါတယ်။ အရသာကိုသိတဲ့စိတ်တစ်ခု (ဥပမာ၊ ၀က်သားဟင်းဆိုပါစို့၊ အပေါ်ကဟာကို ဆက်လိုက်ပါမယ်။ ၀က်သားလေးတစ်တုံးကိုက်ကြည့်လို
၅) လိုချင်နှစ်သက်စရာ အတွေ့အထိမျိုးစုံ (ဖောဌဗ္ဗာရုံ)
ကိုယ်အကြည် အခံဓာတ်နဲ့ တပ်မက်စရာ အတွေ့၊ အထိ အတိုက်ဓာတ်ကြောင့် တွေ့ထိသိစိတ်ပေါ်ပါတယ်။ တွေ့ထိသိစိတ်ပေါ်တော့ လိုချင်နှစ်သက်တဲ့ လောဘ(ဒါမှမဟုတ် မလိုချင်၊ မနှစ်သက်တဲ့ ဒေါသ) လာပါတယ်။ အတွေ့ကို သိတဲ့စိတ်တစ်ခု(ဒီဥပမာ ကိုတော့ တော်တော်လေးသတိထား ရှင်းလင်းရမှာပါ။ အတွေ့အထိလို့ ဆိုတာနဲ့အမျှ လူ့သဘာဝအရ ပျော့ပျောင်းမှု ၊ နှူးညံမှု၊ မာကျောမှု၊ တောင့်တင်းမှု၊ အပူဓာတ်၊ အအေးဓာတ်၊ ဖိုမ ကွာခြားမှု ကို မူတည်ပြီးဖြစ်လာတဲ့ သာယာတဲ့စိတ်၊ လိုချင်နှစ်သက်မှု သဘောသဘာဝတွေကို တွေ့ရပါတယ်။ ပိတ်စလေးတစ်ခုမှာတောင် တောင်တင်းပြီး ကော်များများပါဝင်တဲ့ ပိတ်စအစား နှူးညံတဲ့ ဖဲသားလိုပိတ်စကိုမှ လိုချင်တယ်၊ ထိုင်စရာဆိုလည်း သစ်သားထိုင်ခုံများအစား ဆိုဖာထိုင်ခုံများမှာထိုင်ချင်
အပေါ်မှဥပမာများသည် စာရေးသူမှာရှိသော ညာဏ်လေးတထွာ၊ တစ်မိုက်လောက်ကို ဖျစ်ညစ်သုံးပြီးပေးထားခြင်းပါ။ မိတ်ဆွေများ၏ ဖွံ့ဖြိုး၍ တွေးအားကောင်းသော ညာဏ်ပညာအားထုတ်သုံး၍ အခြားကိုယ်တွေ့ကြုံခဲ့ရသည်များ
အကြောင်းဆိုးတွေကတော့ လောဘ၊ ဒေါသ၊ မောဟတို ဖြစ်ပါတယ်၊ အကြောင်းကောင်းတွေကတော့ ၎င်းတို့ရဲ့ ဆန်ကျင်ဘက် တရား အလောဘ၊ အဒေါသ၊ အမောဟ တွေပဲဖြစ်ပါတယ်။ အကြောင်းကို ဟေတုလို့ခေါ်ပါတယ်။ ဟိတ်ပေါ့။ အကြောင်းဆိုးကို အကုသိုလ်ဟိတ်၊ အကြောင်းကောင်းကို ကုသိုလ်ဟိတ်ပေါ့လို့ သတ်မှတ်ရမှာပါ။ ဆိုတော့ လောဘဖြစ်ကြောင်းတရားတွေဖြစ်တဲ့ အကုသိုလ်ဟိတ် တွေကို လေ့လာလိုက်စားပြီးသွားရင်တော့ အလောဘအကြောင်းလေးပြောပါမယ်။
အလောဘ
မလိုချင်၊ မတတ်မက်တဲ့ သဘော၊ လှူဒါန်းပေးကမ်းစွန်ကြဲလိုတဲ့ သဘောတရားတွေဟာ ဒီအလောဘ သဘာဝကိုအခြေခံပါတယ်။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်များဟာ ဘယ်ပစ္စည်းဥစ္စာ ကိုမျှ “ငါ့ဟာ၊ ငါ့ဥစ္စာ” လို့သိမ်းဆည်းထား ခြင်းမရှိပါဘူး။ (ဘိက္ခု ရဟန်းသည်) ဆွမ်း၊ ဟင်းတို့ကိုလည်းကောင်း၊ ထိုမှတပါး အဖျော်တို့ကိုလည်းကောင်း၊ ခဲဖွယ်တိုကိုလည်းကောင်း၊ ထိုမှတပါး အ၀တ်သင်္ကန်းတို့ကိုလည်းကောင်း၊ တရားသဖြင့်ရ၍၊ သိုမှီးသိမ်းဆည်းခြင်းကို၊ မပြုရာ။ ထိုဆွမ်း၊ အဖျော်၊ ခဲဖွယ်၊ အ၀တ်၊ သင်္ကန်းတို့ကို မရသော်လည်း အလွန်မတောင့်တ မပူပန်ရာ။ ဒါကတော့ တုဝဋ္ဋကသုတ်ပါဠိဂါထာတော်လေးရဲ့ အနက်မြန်မာပြန်ကို ဖတ်ထားမှတ်ထားဖူးတာလေး ဖော်ပြလိုက်တာပါ။ ပိုပြီးတော့ အမြင်ရှင်းစေချင်တဲ့စေတနာကြောင်
ဒီမှာတစ်ခါ လောဘရဲ့သဘောကိုပြန်လေ့လာသုံးသပ်
(၁) ဆင်းရဲဒုက္ခရောက်နေသူများအား ကယ်တင်လိုမှု၊ ပေးကမ်းလိုမှု
(၂) ဘုရားဟော ကျမ်းဂန်များကို တတ်ကျွမ်းလိုမှု
(၃) မဂ်တရား၊ ဖိုလ်တရားရလိုမှု နှင့်
(၄) နိဗ္ဗာန်ကို ရလိုမှု၊ မျက်မှောက်ပြုလိုမှုတို့ဟာ လောဘတွေလား၊ အကုသိုလ်တွေလားလို့ သုံးသပ်စရာရှိပါတယ်။
တကယ်တော့ ဒီလိုသဘောတွေက လောဘ အကုသိုလ်မဟုတ်ပါဘူး။ ကောင်းမြတ်တဲ့ လိုလားအပ်တဲ့ ဆန္ဒတွေပါ။ တစ်နည်းဆိုရရင်တော့ သမ္မာဆန္ဒသာ ဖြစ်ပါတယ်လို့ လေ့လာမိထားပါတယ်။ လောဘဟိတ် နဲ့ ဆန္ဒဟိတ်များက တူသလိုရှိပေမယ့် ခြားနားမှုသဘောကို ဒီလိုလေးမှတ်သားထား မိပါတယ်။ လောဘသဘောက ရလေ၊ လိုချင်လေ၊ တောင့်တလေ၊ မြင်မြင်သမျှ၊ ကြားကြားသမျှ၊ နံနံသမျှ၊ ရသာကောင်းသမျှ စသည့် အာရုံ ၆ပါး ကတွေ့လာသမျှ လိုချင်၊ နှစ်သက်၊ အဖန်ဖန်ရယူချင်စိတ်ရှိပါတယ်။
ဆန္ဒကတော့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိလိုမှု၊ ရလိုမှုတော့ ရှိတယ် ရပြီးရင်လည်း စွန့်လွတ်ရဲတဲ့ သတ္တိစွမ်း ပကား ရှိပါတယ်။ ဖက်တွယ်ထားခြင်း မရှိပါဘူး။ သာဓကအနည်းငယ်ထုတ်နှုတ် ပြပြီး စကားရှည်လိုက်ပါအုံးမယ် ဘုရားအလောင်း သုမေဓာရှင်ရသေ့ ဒီပင်္ကရာမြတ်စွာဘုရားထံတော်မှ နိယတဗျာဒိတ် ကိုခံယူချိန် ကတည်းက နိဗ္ဗာန်ကို တစ်ကိုယ်ကောင်းဆန်ဆန် ယူရင်ရနိုင်ပါတယ်။ သို့သော်လည်း ဩဃလေးပါးမှာ နစ်မွမ်းမျောပါနေကြတဲ့ ဝေနေယျသတ္တ၀ါတွေကို သနားကြင်နာတော်မူလို့ ကယ်တင်လိုတဲ့ ဆန္ဒကြောင့် ရောက်ပြီးသား နိဗ္ဗာန်ချမ်းသာကို စွန့်လွတ်တော်မူခဲ့ပါတယ်။ နောက်ပိုင်း လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလုံးလုံး ဘ၀မျိုးစုံမှာ ဒုက္ခတွေပင်လယ်ဝေပြီးမှ ပါရမီတော်တွေကို ဖြည့်စည်းပြီး ဘုရားအဖြစ်ကို ရောက်ပြီးမှသာ ဝေနေယျများစွာကို ကျွတ်တမ်းဝင်စေတော်မူပါတယ်။
နောက်တစ်ခု ဘုရားရှင်ဖြစ်တော်မူမည့် သိဒ္ဓတမင်းသား နန်းတော်ထဲ ရံရွှေတော်ပေါင်းများစွာ၊ ချစ်ခင်၊စွဲလမ်း၊ နှစ်သက်စရာ ယသော်ဓရာ နဲ့ သားတော်လေး၊ စားမကုန်တဲ့ မင်းစည်းစိမ်၊ လက်ညိုးညွန်ရာ ရေဖြစ်နေတဲ့ လောကီအရ ဒီလောက်ကောင်းတဲ့ အခွင့်ထူးသာယာနှစ်သက်စရာ (လောဘ၊ တဏှာ၊ ရာဂ) တွေကို စွန့်လွတ်ပြီး ဘုရားဖြစ်ဖို့ ရည်သန်တဲ့ အဓိဆန္ဒနောက်ကို ထပ်ချပ်မကွာလိုက်ခဲ့ပြီး သတ္တ၀ါအများကို တရားထူး၊ တရားမြတ်တွေနဲ့ ကယ်တင်နိုင်ခဲ့တာကို ကြည့်ရင်တော့ လောဘ နဲ့ ဆန္ဒကို အနည်းငယ်ပုံပေါ်လာမှာပါ။ (ဒီက ဆန္ဒအကြောင်းများကတော့ အဓိပတိပစ္စည်း နဲ့စပ်ဆက်နေပါသဖြင့် နောင်အခါအခွင့်သင့်သော ပိုစ့်များမှာဆွေးနွေးပါမယ်)
လောဘဟိတ်ဟာ ကုသိုလ်အထောက်အပံ့မရဘဲ သူ့ချည်းသက်သက်သာဆိုရင်တော့ အလွန်သေးငယ်တဲ့လောဘ ဖြစ်ပေမယ့် အပါယ် ကျစေနိုင်တဲ့ သာဓကတွေကိုလည်း တွေ့ရပါတယ်။ ဥပမာ အလွန်သေးငယ်တဲ့ ကျောက်မှုန့်ကလေးဟာ ရေမှာ မပေါ်နိုင်ဘဲ ရေထဲနစ်မြုပ်သွားရသလို၊ ဘုရားရှင်လက်ထက်တော်က ရဟန်းတော်တစ်ပါးဟာ ပျံလွန်တော်မမူခင် သင်္ကန်းကိုစွဲလန်းတဲ့ ဥပါဒန်အစွဲကြောင့် စုတိပြီးနောက် သင်္ကန်းရဲ့ ချုပ်ရိုးကြားမှာ သန်းမဖြစ်ရကြောင်း သာဓကများကို မှတ်သားသိရပါတယ်။
နောက်တစ်ခု လောဘစိတ်ကို ခြေရာကောက်ကြည့်ကြပါစို့။ လောဘသဘောကတော့ သူ့အလိုလိုမဖြစ်ပါဘူး။ ဒွါရ နဲ့ အာရုံတိုက်ဆိုင်မှသာ ဖြစ်လာတတ်တဲ့ သဘောရှိပါတယ်။
မျက်စိအကြည် နဲ့ သာယာနာပျော်ဖွယ်အဆင်းနဲ့ တိုက်ရင်တော့ မြင်သိစိတ်ဖြစ်ပြီး လိုချင်မှု လောဘတဏှာလာပါတယ်။ မျက်စိအကြည်နဲ့ ရွံ့ရှာဖွယ်အဆင်းနဲ့ တိုက်ရင်တော့ မြင်သိစိတ်ဖြစ်ပြီး မလိုချင်မှု ဒေါမနဿ လာပါတယ်။
နားအကြည်နဲ့ သာယာတဲ့ အသံနဲ့ တိုက်ရင်တော့ ကြားသိစိတ်ဖြစ်ပြီး လိုချင်တဲ့ လောဘတဏှာ၊ နားအကြည်နဲ့ ဆိုးရွားတဲ့ အသံနဲ့ တိုက်ရင်တော့ မလိုချင်တဲ့ ဒေါမနဿ လာပါတယ်။
နှာအကြည် နဲ့ အနံ့၊ လျာအကြည် နဲ့ ရသာ၊ ကိုယ်အကြည် နဲ့ တွေ့ထိစရာ၊ စိတ်အကြည် နဲ့ ကြံတွေးစရာ၊ ဒါတွေမှာလည်း သာယာနှစ်သက်လို့ လိုချင်မှုတွေဖြစ်လာရင် လောဘတဏှာ နဲ့ မသာယာမနှစ်သက်လို့ မလိုချင်မှုတွေ ဖြစ်လာရင် ဒေါမနဿတွေကို တစ်လှည့်စီ အချိန်တိုင်း လာနေကြပါတယ်။ ဒီတော့ ဒါတွေကို မသိဘဲ တွေးတောကြံစည်မှုတွေကို မသိတဲ့ မောဟကဦးဆောင်ပါတယ်။ မသိသောမောဟ၊ ဒီအရာများ သည် တစ်နေ့၊ တစ်ချိန် ပျက်စီး၊ ပျောက်ဆုံးရမည်ကို မသိခြင်း အ၀ိဇ္ဇာ၊ ၎င်းအရာများ သည် ပျက်စီး၊ ပျောက်ဆုံး ရခြင်းများ ရှိနေသဖြင့် ဆင်းရဲခြင်းဒုက္ခ ကို မသိခြင်း အ၀ိဇ္ဇာ၊ ၎င်းအရာများအား မပျက်စီး၊ မပျောက်ဆုံး အောင် ထိန်းချုပ်မရသည့် မပိုင်ဆိုင်တဲ့ သဘော၊ ကိုယ်ပိုင်ကိုယ်ဆိုင်မဟုတ်သည့် သဘော ကို မသိခြင်း အ၀ိဇ္ဇာများကြောင့်လည်းကောင်း၊ “ငါ”စွဲ၊ အတ္တစွဲဖြင့် ပုဂ္ဂိုလ်၊ သတ္တ၀ါ စွဲထားပြီး ဆင်ခြင်တွေးတောခြင်း သက္ကာယဒိဌိဖြစ်နေတော့ ပြုလုပ်သူကို တွေးလေတွေးလေ ပိုပိုလိုချင်မှု၊ သောက်လေသောက်လေ ငတ်မပြေတဲ့ လောဘတဏှာနွံ့ထဲကို တစ်ဖြည်းဖြည်းစွဲသွင်းခြင်းကို ခံနေကြရပြီး၊ ဒါတွေရဲ့နောက်မှာ စိတ်သောက၊ ဗျာပါဒ၊ ပူဆွေးမှု ပရိဒေ၀၊ ဒေါမနဿတွေ လည်းပါဝင်အားဖြည့်လိုက်ပါနေရတာ ဓမ္မသဘာဝပါ။ ဒီအတွေးတွေကို အလောဘ စိတ်နဲ့ အချိန်မှီအစားထိုး လိုက်နိုင်ရင်တော့ လောဘစိတ်တွေကို ဖျက်စီးလိုက်သလိုဖြစ်သွားတာပါဘဲ
ပြီး သတ္တ၀ါများကို ပင်ပန်းဆင်းရဲခြင်းဘက်ကို ရောက်သွားရတဲ့ သာဓကများကိုလည်း လေ့လာမိ ပြီးသားဖြစ်ပါတယ်။
ဒါတွေကို လေ့လာခြင်းအားဖြင့် လောဘဖြစ်ကြောင်းတရားတွေကို ပေါ်ပေါ်ထင်ထင်တွေ့မြင်လာပြီးတဲ့ေ
လက္ခဏာရေး ၃ပါးအရ
(၁) လောဘစိတ်ဟာ ဖြစ်ပြီးရင် ပျက်ရပါတယ်။ မြဲနေတယ်ရယ်လို့ မရှိပါဘူး၊ ဒါကြောင့် (အနိစ္စလက္ခဏာ)
(၂) လောဘစိတ်ဖြစ်နေတဲ့ အချိန်လေးကို သတိထားကြည့်မိရင်၊ နှစ်သက်တတ်တဲ့သဘော၊ လိုချင်တဲ့သဘော၊ ရချင်တဲ့သဘော၊ သာယာတဲ့သဘော၊ ဖြစ်မှု၊ ပျက်မှုတွေကို တွေ့ဖန်များလာတော့ ကြောက်ထိပ်လန်ဖွယ် တွေကို လက်တွေ့သိမြင်နေရလို့ (ဒုက္ခလက္ခဏာ)
(၃) ခိုင်မာကျစ်လစ်၊ အနှစ်လုံးလုံး မရှိသုဉ်း တဲ့ သဘောတရား၊ ပုဂ္ဂိုလ်သတ္တ၀ါ၊ သူ၊ ငါကြောင့် ဖြစ်ရသည်မဟုတ်ဘဲ တရားသဘော သက်သက်သာ ရှိလို့ ကိုယ်ပိုင်ကိုယ်ဆိုင်မဟုတ်တဲ့ သဘောတရား (အနတ္တလက္ခဏာ)
ပဌန်းဝိပဿနာနည်းအရ
စတုသစ္စ၀ိနိမုတ္တော ဓမ္မော နာမ နတ္ထိ၊ ဆိုလိုတာက သစ္စာလေးပါးမှ လွတ်သောတရားမည်သည်မရှိပါတဲ့။ ဒါကြောင့် ဟေတုပစ္စည်းဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ တို့ကို သစ္စာဖွဲ့လို့ရပါတယ်။ လောသဟိတ် သည် သူ့အလိုလိုမဖြစ်ပါဘူး၊ ဒွါရနဲ့ အာရုံနဲ့ တိုက်မှ ဖြစ်ရတဲ့သဘောရှိပါတယ်။ ဒီလောဘဖြစ်တဲ့ စိတ်တွေကိုပြန်ကြည့်ရင်လည်း လူ၊ပုဂ္ဂိုလ်၊သတ္တ၀ါကို ရှိတယ်လို့ အခြေခံပြီးမှဖြစ်လာရတဲ့ တရားတွေပါ။ ပဌာန်းနည်းအရတော့ ရေသောက်မြစ်လျှင် ယင်းသစ်ပင်ကို စိမ်းရွှင်ညွန့်ဝေ၊ စည်ပင်စေထ၊ ထောက်ပံ့မသို့၊ သဟဇာတံ၊ ရုပ် နှင့် နာမ်ကို သန္ဓေ, ပ၀တ်၊ မလွတ်စေရ၊ သဘာဂတာ၊ ဆယ့်နှစ်ဖြာတွင်၊ ကောင်းစွာခိုင်ကြည်၊ တည်သည်၏ အဖြစ်ကို ပြီးစေတတ်သော ဟေတုသတ္တိထူး ဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော ဒီလိုဟိတ် ၆ ပါးကို ဖြစ်စေပါတယ်။ ပုဂ္ဂိုလ်သတ္တ၀ါ၊ သူ၊ ငါကြောင့် ဖြစ်ရသည်မဟုတ်ဘဲ တရားသဘော သက်သက်သာရှိကြပါကုန်၏ လို့ ဆင်ခြင်ခြင်းဖြင့် အရာအားလုံး ဓမ္မသဘောသက်သက်သာရှိပါလား၊ ဒီလိုလောဘစိတ်၊ အလောဘစိတ်တွေဟာလည်း ဖြစ်လာပြီးရင် ပျက်ရတဲ့ ဓမ္မသဘောသာရှိလို့ ခဏ၊ ခဏ ဖြစ်ပျက်နေသဖြင့် ဒုက္ခသစ္စာ၊
သိနေတဲ့ ဥာဏ်က မဂ္ဂသစ္စာ၊
တဒင်္ဂသေနေတဲ့ တဏှာက သမုဒယသစ္စာ၊
တဏှာအကျွင်းမဲ့ချုပ်ညိမ်းတာက နိဗ္ဗာန် နိရောဓသစ္စာ၊
ပဋိစ္စသမုပ္ပါဒ်နည်းအရ
အ၀ိဇ္ဇာမသိမှု၊ သင်္ခါရ ကြောင့် ဖြစ်လာတဲ့ ၀ိညာဏ်၊ ၀ိညာဏ်ကြောင့် ဖြစ်ရတဲ့ နာမ်၊ရုပ်၊ နာမ်ရုပ်ကြောင့်ဖြစ်ရတဲ့ သဠာယတန (အာရုံ ၆ပါး)၊ သဠာယတန (အာရုံ ၆ပါး) ကြောင့် ဖြစ်ရတဲ့ ဖဿ၊ ဖဿကြောင့် ဖြစ်ရတဲ့ လောဘဝေဒနာ သည်လည်း ဖြစ်ခြင်း ပျက်ခြင်း သဘောတရားသက်သက် ဓမ္မသက်သက်သာ ရှိပါတယ်။ ပုဂ္ဂိုလ်သတ္တ၀ါ၊ သူ၊ ငါကြောင့် ဖြစ်ရသည်မဟုတ်ဘဲ တရားသဘော သက်သက်သာရှိကြပါကုန်၏ လို့ ဆင်ခြင်ခြင်းဖြင့် အရာအားလုံး ဓမ္မသဘောသက်သက်သာရှိပါလား၊ ဒီလိုလောဘစိတ်၊ အလောဘစိတ်တွေဟာလည်း ဖြစ်လာပြီးရင် ပျက်ရတဲ့ ဓမ္မသဘောသာရှိလို့ ခဏ၊ ခဏ ဖြစ်ပျက်နေသဖြင့် ဒုက္ခသစ္စာ၊
သိနေတဲ့ ဥာဏ်က မဂ္ဂသစ္စာ၊
တဒင်္ဂသေနေတဲ့ တဏှာက သမုဒယသစ္စာ၊
တဏှာအကျွင်းမဲ့ချုပ်ညိမ်းတာက နိဗ္ဗာန် နိရောဓသစ္စာ၊
စိတ္တနုပဿနာရှုပွားနည်း
မိမိစိတ်ကို သတိတရားထားကာ စောင့်ကြည့်လေ့လာလိုက်တဲ့အခါမှာ တစ်ချို့များတော့ လောဘကို ဖြစ်နေတုန်းတောင်မသိပါဘူး၊ ဖြစ်ပြီးသွားပြီးမှားသွားပြီးမှ
နောက်တစ်ခါ မြင်သိစိတ်ကြောင့် ဖြစ်လာတဲ့ လောဘအာရုံလေးဟာလည်း မြဲမြံခြင်းမရှိ၊ ကြားသိစိတ်ကြောင့်ဖြစ်လာတဲ့ လောဘအာရုံလေးဟာလည်း မြဲမြံခြင်းမရှိ၊ နံသိစိတ်ကြောင့်ဖြစ်လာတဲ့ လောဘအာရုံလေးဟာလည်း မြဲမြံခြင်းမရှိ၊ ရသာကောင်းစိတ်၊ တွေ့ထိစိတ်၊ ကြံစည်တွေးတောစိတ် မှာဖြစ်လာတဲ့ သာယာတဲ့ နှစ်လိုဖွယ်ကောင်းတယ်လို့ဆိုတဲ့ လောဘအာရုံလေးတွေ၊ မသာယာတဲ့ နှစ်လိုဖွယ်မကောင်းဘူးဆိုတဲ့ ဒေါသအာရုံလေးတွေဟာလည်း မြဲမြံခြင်းမရှိဘူးဆိုတာကို စိတ်ကိုစောင့်ကြည့်လေ့လာသုံးသပ်
(၁) ဒီလောဘစိတ်ကလေး ဖြစ်လာတာကို သိလိုက်တယ်၊ ပျက်သွားတာကို သိလိုက်တဲ့ အခိုက်မှာ မမြဲခြင်းသဘောဓမ္မသက်သက်သာ ရှိလို့ (အနိစ္စလက္ခဏာ)
(၂) လောဘစိတ်ဖြစ်နေတဲ့ အချိန်လေးကို သတိထားကြည့်မိရင်၊ နှစ်သက်တတ်တဲ့သဘော၊ လိုချင်တဲ့သဘော၊ ရချင်တဲ့သဘော၊ သာယာတဲ့သဘော၊ ဖြစ်မှု၊ ပျက်မှုတွေကို တွေ့ဖန်များလာတော့ ကြောက်ထိပ်လန်ဖွယ် တွေကို လက်တွေ့သိမြင်နေရလို့ (ဒုက္ခလက္ခဏာ)
(၃) ခိုင်မာကျစ်လစ်၊ အနှစ်လုံးလုံး မရှိသုဉ်း တဲ့ သဘောတရား၊ ပုဂ္ဂိုလ်သတ္တ၀ါ၊ သူ၊ ငါကြောင့် ဖြစ်ရသည်မဟုတ်ဘဲ တရားသဘော သက်သက်သာ ရှိလို့ ကိုယ်ပိုင်ကိုယ်ဆိုင်မဟုတ်တဲ့ သဘောတရား (အနတ္တလက္ခဏာ)
စာရှုသူများလည်း မိမိစိတ်ကို မိမိ သတိတရားထားကာ လေ့လာသုံးသပ်ပြီး မကောင်းသော အကုသိုလ်ဟိတ်ကြောင့်ဖြစ်ရမယ့် ဓမ္မတရားတွေကို ဆင်ခြင်သုံးသပ်ပြီး သံသရာခြားရဟတ် ရပ်တန့် နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
ဝန်ခံချက်။ ကျွန်တော်သည် တရားတော်များကို လေ့လာလိုက်စား သင်ယူ ကျင့်ကြံနေသူဖြစ်ပါသဖြင့် မိတ်ဆွေစာရှူသူများထက် သိလို့ တတ်လို့ မဟုတ်ပါဘဲ။ ကိုယ်ပိုင်အတွေးအမြင်များကို ဖတ်မှတ်လေ့လာသော စာပေများနှင့် ညှိနှိုင်းရေးသားချယ်မှုန်းခြင်
စာအကိုးအကား။ သာသနဓဇသိရီပ၀ရဓမ္မာစရိယ (သိရောမဏိ) မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီး ဦးဝင်းကြိုင် ပြုစုရေးသားသော ပဌာန်းဝိပဿနာ စာအုပ်မှ တစ်ဆင့် ထပ်မံဆင့်ပွား တွေးတောချက်များပါ။ အမှားများ ရှိပါကလည်း ကျွန်တော်စာရေးသူ၏ တာဝန်သာဖြစ်ပြီး မူရင်း ရေးသားသူ ဆရာကြီး၏ အယူအဆများ မဟုတ်ပါကြောင်းလေးစားစွာ အသိပေးအပ်ပါသည်ခင်ဗျာ။
ဤဆောင်းပါးငယ်၊ နက်ဓိပ္ပာယ်၌၊ ပျက်ပြယ်ချွတ်ယွင်း၊ တွေ့ရှိလျဉ်းမူ၊ စိတ်ရင်းဖြူစင်၊ ရဟန်းရှင်တို့၊ ပြုပြင်၍သာ၊ ရှူကြပါဟု၊ တောင်းပန်စကား နှုတ်ချိုအားဝယ်၊ အသိမကြွယ်၊ လူမိုက်ငယ်။
(တွေးမိသော အတွေးတစ်စပါ)
0 comments:
Post a Comment