Wednesday, May 24, 2017

Speaking အတွက် ဝါကျတိုလေးများ (၃၄)

Image may contain: one or more people and people sitting

အရင် post မှာ ဝါကျနံပါတ် ၉၇၀ မှာရပ်ခဲ့တယ်။ ဒီမှာ ၉၇၁ မှ စလိုက်ကြစို့။
၉၇၁။ I am going to stay here for a couple of days.
ငါ ဒီမှာ ၂ရက် ၃ရက်လောက်နေမယ်။
a couple of days= a few days
၉၇၂။ What have you done with my phone?
မင်း ငါ့ဖုန်းကို ဘာလုပ်လိုက်တာလဲ။

(ဘာတွေကလိလိုက်တာလဲ၊ ပျက်သွားပြီ၊ လုပ်မရတော့ဘူး ...စသည်ဖြင့်)
၉၇၃။ He has his shirt on inside out.
သူ အင်္ကျီကို ပြောင်းပြန်ကြီးဝတ်ထားတယ်။
to have something on= to wear= ကိုယ်ပေါ်မှာဝတ်ထားတာ
You are wearing your shirt inside out. လို့လည်းပြောလို့ရတယ်။
၉၇၄။ The desk drawer is open.
စားပွဲ အံဆွဲ ပွင့်နေတယ်။
၉၇၅။ I lost my key somewhere around here.
ဒီနားလေးမှာ ငါ သော့ကျပျောက်သွားတာ။
၉၇၆။ Don't waste your breath.
မင်း လေကုန်ခံပြီး ပြောမနေပါနဲ့တော့။
၉၇၇။ I object to her going there alone.
သူ အဲဒီကို တစ်ယောက်တည်းသွားမှာ ငါသဘောမတူဘူး။
object to something= ကန့်ကွက်သည်။ သဘောမတူ
၉၇၈။ We lost sight of the man in the crowd.
လူအုပ်ကြီးထဲမှာ အဲဒီလူကို ငါတို့ မျက်ခြေပြတ်သွားတယ်။
to lose sight of someone/something = မျက်ခြေပြတ်သွားသည်
၉၇၉။ I wish I were rich.
ချမ်းသာရင်သိပ်ကောင်းမှာပဲ။
၉၈၀။ Oranges are rich in Vitamin C.
လိမ္မော်သီးတွေမှာ ဗီတာမင် C ဓာတ်အများကြီးပါတယ်။
၉၈၁။ As he was feeling tired after work, he went to bed earlier than usual.
အလုပ်ပင်ပန်းလာလို့ သူဟာ ပုံမှန်ထက် စောပြီး အိပ်ရာဝင်သွားတယ်။
၉၈၂။ I can't get in touch with him yet.
ငါ သူနဲ့ ခုထိ အဆက်အသွယ်မရသေးဘူး။
to get in touch with someone ဆိုတာ အတွဲလိုက်မှတ်ပါ။
၉၈၃။ The news quickly spread.
သတင်းဟာ ပြန့်သွားတာ မြန်လိုက်တာ။
The news spread like wildfire.
သတင်းဟာ တောမီးပမါ ချက်ခြင်းပြန့်သွားတယ်။
(to spread like wildfire တဲ့။ အသုံးများလို့ ရအောင်မှတ်ပါ)
၉၈၄။ Can you explain it to me in detail?
မင်း ငါ့ကို အဲဒီကိစ္စ အသေးစိပ်ရှင်းပြပေးပါလား။
၉၈၅။ It's not possible to master English in a year or two.
အင်္ဂလိပ်စာကို တစ်နှစ် နှစ်နှစ်အတွင်း ပိုင်နိုင်စွာတတ်ဖို့ မဖြစ်နိုင်ပါဘူး။
to know English အင်္ဂလိပ်စာကို တတ်တယ် နားလည်တယ်
to master English အင်္ဂလိပ်စာကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တတ်မြောက်သည်
၉၈၆။ We couldn't go out because of heavy rain.
မိုးသည်းလွန်းလို့ ငါတို့ အပြင်မသွားနိုင်ဘူး။
၉၈၇။ After the rain had let up a bit, I made a dash for the car.
မိုး နည်းနည်းစဲသွားတာနဲ့ ငါ ကားဆီကို အမြန်ပြေးတယ်။
to let up ဆိုတာ မိုးစဲသွားတာ
make a dash for= to run quickly
၉၈၈။ This yoghurt tastes strange.
ဒီ ဒိန်ချဉ်ရဲ့ အရသာက တမျိုးကြီးပဲ။
(သိုးနေပြီ ပျက်နေပြီထင်တယ်)
၉၈၉။ Be careful about what you eat.
မတည့်တာတွေမစားနဲ့။ အစားဆင်ခြင်ပါ။
၉၉၀။ I was delayed by a traffic jam.
ကားလမ်းပိတ်နေလို့ (ကားတွေလမ်းပေါ်မှာ ပြည့်ကြပ်နေလို့) ငါ နောက်ကျသွားတယ်။
၉၉၁။ He is a carbon copy of his father.
သူဟာ သူ့အဖေနဲ့ ချွတ်စွပ်တူတယ်။ တရုပ်ထဲ တပုံစံထဲပဲ။
carbon copy ဆိုတာ မှင်ခံစက္ကူနဲ့ ထပ်ပြီးစာရေးရင် ပုံစံတူရတာမျိုးပါ။ ဒါကြောင့် email ပို့ရင် CC ဆိုတာ carbon copy ရဲ့ အတိုကောက်ပါ။
He looks exactly like his father.
He is the spitting image of his father.
ဒီဝါကျ နှစ်ကြောင်းဟာလည်း "သူဟာ သူ့အဖေနဲ့ တထပ်တည်းကျ တပုံစံထဲပဲ" လို့ဆိုပါတယ်။
၉၉၂။ I think his life is in danger.
သူ့အသက် အန္တရာယ်ရှိနေပြီလို့ ငါထင်တယ်။
(အသက်ဘေး စိုးရိမ်စရာ)
၉၉၃။ He has no respect for other people's feelings.
သူဟာ သူများတွေ စိတ်ထဲ ဘယ်လိုခံစားနေမယ်ဆိုတာကို အလေးမထားဘူး။
၉၉၄။ You have changed so much that I couldn't recognize you at all.
မင်းပုံ တော်တော်ပြောင်းလည်းသွားလို့ မင်းကို ငါလုံးဝ မမှတ်မိဘူး။
၉၉၅။ I'm dying for a cup of coffee.
ကော်ဖီမသောက်ရရင်သေတော့မယ်။
တခုခုကို အရမ်းလုပ်ချင်နေပြီဆိုရင် be dying for+ noun နဲ့ be dying to+ verb ကိုသုံးပါ။
၉၉၆။ I feel more alert after drinking a cup of coffee.
ကော်ဖီတစ်ခွက်သောက်ပြီးရင် စိတ်ပိုပြီး နိုးနိုးကြားကြားရှိတယ်လို့ ခံစားရတယ်။
alert= active, not sleepy
၉၉၇။ Do ghosts really exist?
သူရဲဆိုတာ တကယ်ရှိလားဟင်။
၉၉၈။ The workers are on strike. They are demanding a better pay.
အလုပ်သမားတွေ ဆန္ဒပြနေကြတယ်။ သူတို့ လုပ်ခတိုးပေးဖို့ တောင်းဆိုနေကြတယ်။
to be on strike = ဆန္ဒပြသည်
၉၉၉။ I have a dim memory of my grandma.
အဖွားကို ရေးရေးလေးပဲ မှတ်မိတော့တယ်။
to have a dim memory of someone/ something အတွဲလိုက်မှတ်ပါ။
၁၀၀၀။ I ache all over.
တကိုယ်လုံးကိုက်ခဲနေတယ်။
He is aching all over.
သူတကိုယ်လုံးကိုက်ခဲနေတယ်။ (present continuous tense လည်းသုံးလို့ရပါတယ်)
ကဲ....ဝါကျ တစ်ထောင်ပြည့်သွားပါပြီ။
ဆက်ရေးရမလား....ဒီ topic ကို ဆိုင်ပိတ်ရင်ကောင်းမလား...စဉ်းစားလိုက်ဦးမယ်.......
With love,
Dr. Soe Than
May 10, 2017

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...