Wednesday, May 31, 2017

ဒီနေ့ညနေရုံးချိန်း သွားသာနားထောင်ရရင် သိပ်ကြည့်ကောင်းမှာပဲ

Poem Myint

#အမေစု (နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်) အဖြစ်မှန် ကို အမြန်ဆုံး ဖတ်ရှု သိရှိ နိုင်စေဖို့ .. စာတိုက်က အမြန် ချောပို့နဲ့ပို့ခဲ့ပေမဲ့ မဖတ်ရသေးဘူးလို့ ယူဆတဲ့အတွက် ဒီကနေ့ဘဲ ပို့ပေးပါတယ် .. ကျွန်မအပေါ် ချောင်ပိတ် ဖိနှိပ်အနိုင်ကျင့် တရားစွဲထားတဲ့ အမတ် ၂ယောက်ကို အရေးယူပေးပါရန် …
(၆၆ - ဃ) ရုံးတင်
၃၁.၅.၁၇ (ဗုဒ္ဓဟူး)/ နေ့လည် ၁၂ နာရီ
ရန်ကင်းမြို့နယ် တရားရုံး။
(ပုဒ်မ - ၅၀၀)
၃၁.၅.၁၇ (ဗုဒ္ဓဟူး) နေ့လည် ၃ နာရီ
ရန်ကင်းမြို့နယ် တရားရုံး။
အဖြစ်မှန် သိဖို့ ကျွန်မ ရဲ့ ရုံးချိန်း တွေမှာ (Media အပါ အဝင်) မည်သူ မဆို လာရောက် ကြားနာ နားထောင် နိုင်ပါကြောင်း။
#2016_Sep_17 ရက် နေ့မှာ ~ ကျွန်မ အိမ်က အိမ်အကူ ကောင်မလေး ပိုက်ဆံတွေ , Phone တွေ ခိုးပြီး အိမ်က ထွက်ပြေး တယ် .. သိသိချင်း ရဲစခန်း မှာ လူပျောက် တိုင်ကြား ခဲ့တယ် .. အိမ်နီးနားချင်း ဦးအောင်မင်းမင်းကို (ကြက်ခြေနီ) က အိမ်အကူ ကောင်မလေး ကို လမ်းမှာ တွေ့လာ တော့ .. ကျွန်မ ဆီ ပြန်မပို့ ဘဲ ရန်ကင်း မြို့နယ် တိုင်း လွှတ်တော် ကိုယ်စားလှယ် (၂) ဦးသိန်းဇော် နဲ့ တိုင်း လွှတ်တော် ကိုယ်စားလှယ် (၁) ဒေါ်သီတာမောင် တို့ဆီ ပို့ခဲ့ တယ် .. အမတ်ကြီး ၂ယောက်က အိမ်အကူ သူခိုးမ ရဲ့ လိမ်ငြာ ပြောစကား ကို ယုံကြည်ပြီး .. အိမ်ရှင် ဖြစ်တဲ့ ကျွန်မကို ကိုင်တွယ် စစ်ဆေး ဖို့ ဒေါ်သီတာမောင် က စာ ထုတ်ခေါ် ခဲ့တယ် .. ကျွန်မ ကိုယ်တိုင် ပါတီ အတွက် 100% ထောက်ခံ, မဲဆွယ် ပေခဲ့ သူမို့ .. လေးစား သမှုနဲ့ NLD ရုံးကို ချက်ချင်း သွားခဲ့တယ် …
ရုံးခန်း ထဲ ဝင်ဝင်ချင်း, ရုံးထဲရှိ အမှုဆောင်/ ပါတီဝင် ၈ယောက် ခန့် က ကျွန်မ ရဲ့ ခွင့်ပြုချက် မရှိဘဲ ကျွန်မကို ဓါတ်ပုံတွေ ဝိုင်းရိုက် ကြတယ် .. အိမ်ရှင် ဖြစ်တဲ့ ကျွန်မက ရဲစခန်း မှာ လူပျောက် တိုင်ကြား ထားပါ ရက်နဲ့ .. ပြည်သူ့ရဲ (သို့မဟုတ်) ရပ်ကွက် အုပ်ချုပ်ရေးမှူး လုပ်ရမဲ့ အလုပ်ကို #အမတ် က အဲ့လို ဘောင်ကျော် ဝင်ရောက် စွတ်ဖက်ပြီး ပြည်သူ တစ်ယောက်ကို စာထုတ် ခေါ် ကိုင်တွယ် စစ်ဆေး ခွင့် ရှိပါ သလား ??? ကာယကံရှင် ခွင့်ပြုချက် မရှိ ဓါတ်ပုံ ဗွီဒီယို ရိုက်ခွင့် ရှိပါ သလား ??? ရဲစခန်း ဆီ ကျွန်မ ph ဆက်လိုက် တော့ .. နယ်ထိန်း တစ်ယောက် ကောင်မလေး ကို လာရောက် လွှဲပြောင်း ခေါ်ယူ သွားတယ် .. ကောင်မလေး ကို ရဲ က စစ်တော့ မှ သက်သေခံ ပစ္စည်းနဲ့ တစ်ကွ ဝန်ခံ ခဲ့တယ် .. အဖြစ်မှန် ကို သေချာ မသိဘဲ NLD ရုံးခန်း က အဖွဲ့ဝင် လူအများ ရှေ့မှာ အိမ်ရှင် (ကျွန်မ) ကို မှားယွင်းစွာ စွတ်ဆွဲ ခဲ့တဲ့ အမတ် ၂ယောက် က ကျွန်မ ကို ပြန် တောင်းပန် ရမှာ လေ .. ဒါကို မတောင်းပန် တဲ့ အပြင် …
#2016_Sep_24 ရက် နေ့မှာ ~ အိမ်အကူ ကောင်မလေး ကို ရဲစခန်း ခေါ်ပြီး အဖွဲ့စည်း အစုံ (အဖွဲ့ ၅ဖွဲ့) နဲ့ စစ်ဆေး ခိုင်းပြန်တယ် .. ကောင်မလေး က အိမ်ရှင် ပိုက်ဆံ, ပစ္စည်း တွေကို သူ တကယ် ခိုးခဲ့ ကြောင်း , အိမ် ကနေ ထွက်ပြေးတော့ NLD ရုံးခန်း ကို ပို့ပေးတဲ့ .. အိမ်နီးနားချင်း လူက အိမ်ရှင်ကို အပြစ် ရောက်အောင် ဒီလိုတွေ လိမ်ငြာ ပြောခိုင်း ကြောင်း , သူ အရမ်း မှားသွားကြောင်း ဝန်ချ တောင်းပန် ခဲ့တယ် (ကောင်မလေး ကို စစ်ဆေး ခဲ့တဲ့ အဖွဲ့ အစည်း တွေမှာ ဒီ Video file သက်သေ ရှိပါတယ်) .. ကောင်မလေး က ဝန်ခံ နေတာတောင် အားမရ နိုင်သေးတဲ့ အမတ် ၂ယောက်က .. ရန်ကင်း ရဲစခန်း "မြို့နယ်မှူး ဦးမြင့်အောင်" ရဲ့ အကူညီနဲ့ ကောင်မလေး ကို ရဲစခန်း အပေါ်ထပ် ထပ်ခေါ် ယူပြီး ခြိမ်းခြောက် ပြန်တယ် …
အာဏာတွေ ရသွားတော့ ပြည်သူတွေ အပေါ် ဒီလိုတွေ အနိုင်ကျင့် ပူးပေါင်း ဖိနှိပ် နေကျလို့ .. သက်ဆိုင်ရာ ပါတီ ထိပ်ပိုင်း လူကြီးတွေ သိရှိ စေဖို့ .. အနိုင်ကျင့် ခံရတဲ့ ဖြစ်စဉ် အမှန်နဲ့ လတ်တလော အမတ် တစ်ချို့ရဲ့ လုပ်ရပ် တွေကို လည်း တိုင်ကြား အကြံပြု ပူးတွဲ ရေးသား တင်ပြ ခဲ့တယ် .. ကျွန်မ တို့လို သာမန် ပြည်သူတွေ အနေနဲ့ အထက်ပိုင်း လူကြီးတွေ နဲ့ တိုက်ရိုက် ထိတွေ့ဖို့ မလွယ်ကူ လို့ .. FB ကနေ တစ်ဆင့် အမေစု / အန်ကယ် ဦးဝင်းထိန် တို့ နံမည် တပ်ပြီး ဖြစ်စဉ် အမှန်ကို အားကိုး တကြီး ရေးသား တင်ပြ အကူညီ တောင်း ခဲ့တယ် …
အဖြစ် အမှန် သိအောင် အကူညီတောင်း အကြံပြုစာ ရေးတာ ကိုတောင် သူတို့ အရှက်ကွဲ သိက္ခာ ကျရ ပါတယ် ဆိုပြီး တိုင်း လွှတ်တော် အမတ် ဒေါ်သီတာမောင် ရဲ့ (၆၆-ဃ) နဲ့ အမှုဖွင့် တာကို ခံရ တယ် .. ကျွန်မကို ဒီလောက် ဒုက္ခပေး လိမ်ငြာ မျိုးစုံ လူပါးဝ နေတဲ့ အိမ်အကူ ကောင်မလေး ကို NLD ရုံးခန်း ထဲမှာ ကျွန်မက ဆူ ဆဲ တာကို လည်း .. NLD ရုံး နဲ့ သူတို့ကို ဆဲ ပါတယ် ဆိုပြီ တိုင်း လွှတ်တော် အမတ် ဦးသိန်းဇော် ရဲ့ (ပုဒ်မ ၅၀၀ - အသရေ ဖျက်မှု) နဲ့ တရားရုံး မှာ ဦးတိုက်လျောက် တရားစွဲ တာကို ခံရ ပြန်လို့ .. တရားရုံးမှာ အမှု ရင်ဆိုင် နေရ ပြန်တယ် …
#2016_Oct_လ လောက်မှာ ~ သန်လျင် ထမလုံရွာ က ကျွန်မရဲ့ "Myat Thet Mon, Animal Shelter" ဒုက္ခသယ် ခွေးဂေဟာ ကို (ဘယ်သူ့ လက်ချက်မှန်း မသိ) အတင်းကို ရွှေ့ပြောင်း ခိုင်းလို့ .. သန်လျင် သဘာဝ ဆရာတော် စွန့်ကြဲ ပေးတဲ့ "မင်းကုန်း - လှည်းကူး" တောထဲ ကို ခွေးဂေဟာ အသည်းအသန် ပြောင်းပေး ရတယ် .. မိုးတွင်း ကာလ ဘာမှ အဆင်သင့် မဖြစ် သေးတဲ့ .. တောထဲက ဂေဟာ ဆိုတော့ အိုးနင်း ခွက်နင်း ဗျုတ်စ ဗျင်းတောင်း ပေါ့ …
#2016_Nov_လ လယ်မှာ ~ ဘာမှ အဆင်သင့် မဖြစ်သေးတဲ့ မင်းကုန်း တောထဲ ခွေးဂေဟာ ဆီ .. ကျွန်မ မရှိတုန်း တိရစ္ဆာန် ချစ်သူတွေ ဆိုတဲ့ အဖွဲ့ တစ်ဖွဲ့ (ဘယ်သူတွေ စေခိုင်းမှန်း မသိ) ပိုင်နက် ကျူးလွန် အတင်း ဝင်ရောက် .. ဓါတ်ပုံ / Video တွေ ရိုက် ပြီး .. "ခွေးတွေ ကို အစာ မကျွေး ရေမတိုက် ညှဉ်းပန်း နှိပ်စက် နေတဲ့ ခွေးဂေဟာ/ တရုတ်ပြည် ပို့ , ခွေးကုန်ကူ, ခွေးသား ပေါ်နေတဲ့ ခွေးဂေဟာ/ ခွေးပြ မြေတောင်း လုပ်စား နေတဲ့ ခွေးဂေဟာ ပါ ဆိုပြီး .. Acc အစစ်/ အတု တွေနဲ့ Online မှာ နံမည် လိုက်ဖျက် ကြတယ် (Screen Shot - Record များ အားလုံး ရှိ) …
#2016_Nov_လကုန် လောက်မှာ ~ လွှတ်တော် အမတ် ဦးညီညီ ဆိုသူ ကလည်း .. ခုဏ က တိုက်ခိုက်တဲ့ တိရစ္ဆာန် ချစ်သူ အဖွဲ့ ဆိုတဲ့ group နဲ့ ပူးပေါင်းပြီး .. ခွေးတွေ ညဉ်းပန်း နှိပ်စက် သူကို အရေးယူဖို့ စီစဉ် သွားမယ် ဆိုပြီး .. သူ့ FB Timeline မှာ Post တင် ခြိမ်းခြောက် ရေးသား (Screen Shot - Record များ အားလုံး ရှိ) .. #လှည်းကူး_ငပိချက် Page နဲ့ #လှည်းကူး_မီဒီယာ_သတင်း_ဌာန Page တွေ က Admins တွေ ကလည်း (Admins - ဘယ် အဖွဲ့စည်း ကလည်း မသိ) သူတို့ Page တွေမှာ ခွေးဂေဟာ နဲ့ ကျွန်မ နံမည်တပ် ပြီး နံမည်ဖျက် ရေးသား .. #ရန်ကင်းသူ_ရန်ကင်းသား Page ထဲမှာလည်း .. Acc အစစ်/ အတုများ ကျွန်မ နာမည်တပ် ရေးသား စော်ကား …
#2016_Dec_လဆန်း လောက်မှာ ~ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်/ သမ္မတရုံး/ အန်ကယ် ဦးဝင်းထိန် (စည်ပင်ရိပ်သာ, နေပြည်တော်)/ အန်ကယ် ဦးဥာဏ်ဝင်း နဲ့ အန်ကယ် Dr.မျိုးညွှန့် (ပါတီ စည်းကမ်း ထိမ်းသိမ်းရေး/ ရွှေဂုံတိုင် NLD ဗဟိုရုံး) တို့ဆီ ~ အမတ် ၂ယောက် နဲ့ ဖြစ်တဲ့ ပြသနာ ဖြစ်စဉ် အမှန်ကို ရေသား လိပ်မူပြီး ကိုယ်တိုင် ကိုယ်ကျ သွားရောက် ပေးပို့ တိုင်ကြား ခဲ့တယ် …
#2016_Dec_လ အလယ် လောက်မှာ ~ ညှိနှိုင်း ဖြေရှင်း ပေးမယ် ဆိုပြီး လာခဲ့ဖို့ ခေါ်လို့ .. ကျွန်မ, အမျိုးသား, ကျွန်မတို့ (၁၄ ရပ်ကွက်) အုပ်ချုပ်ရေးမှူး , အိမ်အကူ ကောင်မလေး စုစုပေါင်း ၄ဦး ရွှေဂုံတိုင် NLD ဗဟိုရုံး ဆီ တနင်္ဂနွေ တစ်ရက်မှာ သွားခဲ့တယ် .. အန်ကယ် Dr.မျိုးညွန့် , ရှေ့နေကြီး ဦးကျော်ဟိုး နဲ့ တစ်ပည့် ရှေ့နေ တစ်ယောက် , စုစုပေါင်း ၃ယောက်က ရုံးခန်း အပေါ်ထပ် အခန်း ထဲမှာ စောင့်ဆိုင်း နေတယ် .. အမတ် ၂ယောက်ကို "ကျွန်မ ဘက်က တောင်းပန်ရင် အမှု ပိတ်ပေးဖို့ ပြောပေးမယ်" လို့ ရှေ့နေကြီး က ပြောခဲ့တယ် .. မတောင်းပန် နိုင်ကြောင်း, အမတ် ၂ယောက် ကသာ ကျွန်မကို တောင်းပန် ရမှာ ဖြစ်ကြောင်း , ညှိနှိုင်း ဖြေရှင်း ပေးမယ် ပြောလို့ ယုံကြည်ပြီး ဒီရုံးကို လာခဲ့ကြောင်း, တောင်းပန် ခိုင်းဖို့ ဆိုရင် ကျွန်မ အနေနဲ့ လာစရာ တောင် မလိုကြောင်း , လူမသိ သူမသိ ဒီလို ဖိနှိပ် တာကို Media နဲ့ ချပြပြီး သတင်းစာ ရှင်းလင်းပွဲ လည်း လုပ်မယ် ဆိုတဲ့ အကြောင်း ကျွန်မက ပြောတော့ .. ဒီလို လုပ်ရင် နောက်ထပ် ပုဒ်မ တစ်ခုနဲ့ ထပ်တိုး အမှုဖွင့် တရားစွဲ ခံရ လိမ့်မယ်လို့ ရှေ့နေကြီး က ပြောခဲ့တယ် …
#2016_Dec_27 ရက် နေ့မှာ ~ ကျွန်မ အပေါ် အမတ် ၂ယောက်ရဲ့ ဒီလို လုပ်ရပ်ကို လုံးဝ မကျေနပ်လို့ အဖြစ်မှန် သိရှိအောင် City Star Hotel ဘားလမ်းမှာ ကျွန်မ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တယ် .. Media တော်တော် များများ တက်ရောက် ခဲ့ပေမဲ့ .. အနိုင်ရ ပါတီရဲ့ လွှတ်တော် အမတ်တွေ ကိစ္စ ဖြစ်နေလို့ .. ပြည်တွင်း Media တွေက အဖြစ်မှန် ကို အကျယ် တဝင့် မရေးရဲ ကြပါဘူး ..
#2016_ကုန်လို့_2017 ထဲ ရောက် လာတယ် .. 2017 January လ ထဲမှာ ဦးကိုနီ ဆုံး .. 1st April မှာ ကြားဖြတ် ရွေးကောက်ပွဲ ရှိ .. May လ ထဲမှာ ပင်လုံ ညီလာခံ .. စတဲ့ နိုင်ငံရေး ကိစ္စတွေ ရှုပ်ထွေး နေတဲ့ ကာလမှာ (၆၆-ဃ) လည်း မှေးမှိန် နေခဲ့တယ် ..
#2017_May_လ ဒီအပတ် ထဲ ရောက်မှ ~ ဆက်သွယ်ရေး ဝန်ကြီး ဌာနက (၆၆-ဃ) စက်ရှင်ချ / တရားစွဲ ဆိုခွင့် ပြုလိုက်တယ် ဆိုပြီး .. ရန်ကင်း ဒုရဲအုပ် ဇော်မင်းလွင် က ကျွန်မဆီ ဆက်သွယ် လာတယ် .. ဖိအားပေး ဖမ်းခိုင်း တယ် လို့ သိရ ပါတယ် .. ကျွန်မမှာ ဘာ အပြစ် ရှိလို့ , မိန်းမသား တစ်ယောက် အပေါ် ဒီလောက်တောင် အုံလိုက် ကျင်းလိုက် ကမ်းကုန်အောင် ဝိုင်း မိုက်ရိုင်း အောက်တန်းကျ ယုတ်မာ ကြရတာ တုန်းးးးးးးး .. ပါတီကို အပြည့်အဝ ထောက်ခံ မဲဆွယ် ပေးခဲ့တဲ့ မဲဆန္ဒရှင် ပြည်သူ တစ်ယောက် ကို ထောက်ထားမှု မရှိဘဲ .. သား သမီးချင်း ကိုယ်ချင်း မစာနာ အမတ် ၂ယောက် က လုပ်ချင်တိုင်း လုပ်နေ ကြတာ ကို .. ပါတီ လူကြီးတွေ က မသိ ကြတာ လား ??? အမတ် ၂ယောက် ကျွန်မ အပေါ် ထပ်ခါ ထပ်ခါ လာ မှားထား ကျပြီး .. အမှန်တွေ ချပြ ပြောပြ မှာ စိုးလို့ .. ဘာမှ မပြော နိုင်အောင် .. ထောင်ထဲ အတင်း ထည့်ဖို့ ကြံစည် ကြတာ လား ??? …
#စဖြစ်တဲ့_2016_Sep_ကနေ_2017_May ခုချိန်ထိ ~ ထောင်ချောက် ဆင် ထားတဲ့ ဒီ အမှုတွေ ရင်ဆိုင် နေရလို့ .. လူမမယ် (5 yrs & 8 yrs) သမီးလေး ၂ယောက် ကိုလည်း ဂရု မစိုက် အချိန် မပေးနိုင် .. ခုလို ကျောင်းစဖွင့် ခါနီး ရက်တွေမှာ - ကျောင်းအကျီ င်္, ထမင်းဘူး, ရေဘူး, ကျောပိုအိတ်, ထီး မိုးကာ ဘာမှ မစီစဉ် ပေးနိုင် .. ခွေးဂေဟာ အနီး ဆင်ရိုင်းတွေ ဝင်ရောက် .. လေ/မိုး ကြမ်းလို့ မင်းကုန်း လှည်းကူး တောထဲက ခွေးဂေဟာ နဲ့ အလုပ်သမား တန်းလျား ပျက်ဆီး ယိုယွင်း .. ဘာမှ မစီစဉ် ပေးနိုင် သေး .. အလုပ် စီပွား အားလုံး ပြစ်ထားရ .. အပြစ် မလုပ် ရပါ ဘဲ, တရားခံ တစ်ယောက် အဖြစ်, အဓိပ္ပါယ် မရှိ အမှု ရင်ဆိုင် နေရလို့ ရုံးချိန်း/ တရားရုံး/ ရှေ့နေခ အလဟသ ငွေ အရမ်းကုန် နေရ …
နိုင်ငံရေး နဲ့ ပတ်သက်မှု လည်း မရှိ .. ဘာ အပြစ်မှ လည်း မလုပ် ခဲ့ .. ကိုယ့် အလုပ် နဲ့ .. ကိုယ် အားသန်ရာ ပရဟိတ ခွေးဂေဟာ ကို တစ်စိုက် မတ်မတ် .. လမ်းကျော အမှန် လျောက်နေတဲ့ .. လူမမယ် သမီးလေး ၂ယောက်ရဲ့ မိခင် .. မိန်းမသား တစ်ယောက် .. ပြည်သူ တစ်ယောက် .. ဒီလောက် အထိ .. နစ်နာ ထိခိုက် နေရတာ ကို .. အမေစု မသိ သေးလို့ လား ????? တာဝန် ယူမှု , တာဝန် ခံမှု အပြည့်နဲ့ (Record သက်သေများ အားလုံးရှိ) ဒီ အဖြစ် အမှန်ကို ရေးပါတယ် .. အဖြစ်မှန် ကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အမြန် သိစေဖို့ .. အမှန် တရား လိုလားသူ ပြည်သူတွေ , Media တွေ .. ဒီ စာလေး အမေစု ဆီ အမြန်ဆုံး ပို့ပေး ပါ …
မြတ်သက်မွန်
09-5189198
(၁၄) ရပ်ကွက် ကျောက်ကုန်း
ရန်ကင်း မြို့နယ် ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...