Sunday, May 28, 2017

ပုံပြင်အတိုအထွာများ

Soe Naing

ပုံပြင် (၁)
ကြောင်နဲ့ ဝက်က သူငယ်ချင်းတွေ။
တစ်နေ့ သူတို့နှစ်ယောက်လမ်းလျှောက်လာရင်း ကြောင် က မုဆိုးထောင်ထားတဲ့ ကျင်းကြီးထဲ ပြုတ်ကျသွားတယ်။
ဝက် ကကြိုးအရှည်တစ်ချောင်းသွားရှာလာတယ်။
ကြောင်က ဝက်ကို ကြိုးပစ်ချခိုင်းတယ်။
ဝက်က ကြိုးအခွေလိုက် ပစ်ချပေးလိုက်သည်။
ကြောင်က ဒေါသထွက်ပြီးပြောတယ်။
"နင် ဒီလိုပစ်ချတော့ ငါက ဘယ်လိုတက်လာရမလဲ.. " တဲ့

" ဒါဆို ငါဘယ်လိုလုပ်ရမှာလဲ " လို့ ဝက်က မေးတယ်။
"ကြိုးတစ်ဖက်ကို လက်ကကိုင်ထားရမှာလေ.." လို့ ကြောင်ကပြန်ဖြေတယ်
ဝက်က ချက်ချင်း ကျင်းထဲ ခုန်ချလိုက်ပြီး ကြိုးစ ကောက်ကိုင်လိုက်သည်။
" ပြော... ခု ငါဘာဆက်လုပ်ရမှာလဲ "
ကြောင် ငိုသွားတယ်... ပျော်ပြီးဝက်ကိုထဖက်လိုက်သည်။
*** ( အချို့ လူတွေက သိပ်ဥာဏ်မကောင်းကျဘူး.. ဒါပေမယ့် သူတို့က သင့်ဘဝအဆုံးထိ ဘေးမှာထာဝရနေပေးသွားတယ် )***

ပုံပြင် (၂)
မျက်မမြင်တစ်ယောက်က ဆီမီးလေးကိုင်ပြီးရပ်နေတာ ဘုန်းကြီးက တွေ့သွားတော့ နားမလည်ဖြစ်ပြီး သွားမေးတယ်။
"ဒကာလေးက မျက်လုံးမှ မမြင်တာ အလင်းရှိတော့ကော ဘာထူးသလဲ.. "တဲ့
မျက်မမြင်က .. "ကျနော်ကြားဖူးတာတစ်ခုရှိတယ်.. လူတွေဟာ နေဝင်မိုးချုပ်သွားတာနဲ့ တစ်ပြိုက်နက် ကျနော့်လို ဘာမှ မမြင်တော့ဘူးဆို..
အဲဒါကြောင့် သူတို့ မြင်ရအောင် မီးထွန်းပြီးလမ်းပြ ပေးနေတာ "
ဘုန်းကြီးက " အော်.. ဒကာလေး စိတ်ထား အင်မတန်မွန်မြတ်ပါလား" လို့ချီးမွမ်းတယ်။
မျက်မမြင်က " တစ်ကယ်တော့ ကျနော်က ကျတော့်အတွက် မီးကိုထွန်းထားရတာ.. လူတွေ ကျနော့် မီးကိုမြင်တဲ့ အခါ ဝင်မတိုက်မိ.. မနင်းမိတော့ဘူးလေ... အဲဒါကြောင့်.. "
ဘုန်းကြီးက စိတ်ထဲက ရေရွတ်လိုက်တယ်... အများအကျိုးဆောင် ကိုယ်ကျိုးအောင် ပါတကား ...

ပုံပြင် (၃)
အလုပ်သမားတစ်ယောက်က သူ့သူငယ်ချင်းဆီ ရင်လာဖွင့်တယ်။
" သောက်လုပ်က ငါတို့လုပ်ရတာ..
အချီးမွမ်းခံရတော့ ဟိုအဖွဲ့ခေါင်းဆောင်က..
ခုဆို သူက မန်နေဂျာရာထူးတောင်တက်သွားပြီ.. မတရားဘူး... ဒါလုံးဝမတရားဘူး.."
သူငယ်ချင်းက ရယ်ပြီးပြောတယ်...
" အခု မင်းလက်ပတ်နာရီကို မင်းငုံ့ကြည့် ..
နာရီ လက်တံအတိုကို အရင်ကြည့်ပြီးမှ အရှည်ကို ကြည့်တာမဟုတ်လား .. အလုပ်လုပ်နေတဲ့ စက္ကန့်လက်တံကို မင်းတစ်ချက်လေးမှ မကြည့်ဘူး ... "
*** ( ဘဝမှာ မိမိဟာ စက္ကန့်လက်တံနေရာမှာ ရှိနေသရွေ့ မကျေနပ်ချပ်တိုင်းဟာ အလကားပါအပို အလုပ်တစ်ခုပါ.. စက္ကန့်မှ မိနစ်.. မိနစ်မှ နာရီလက်တံ သို့ တက်လှမ်းနိုင်အောင် အရင်ကြိုးစားပါ... )****

ပုံပြင် (၄)
ဘုန်းကြီးက ကိုရင်လေးကိုမေးတယ်
" တကယ်လို့ ကိုရင်လေး ရှေ့တစ်လှမ်း လှမ်းရင်သေမယ်.. နောက်တစ်လှမ်းဆုတ်ရင် မျက်လုံးကန်းမယ်ဆို ဘာကိုရွေးမလဲ.?? "
ကိုရင်လေးက ဖြေတယ်... " ကိုရင် ဘေးတိုက်သွားမယ်.. "တဲ့။
*** ( ဘဝမှာ လမ်းဆုံးသွားတာ မရှိပါဘူး။ အခက်အခဲနဲ့ကြုံတွေ့တဲ့အခါ အခြား အမြင်ရှုထောင်က ပြောင်းကြည့်ဖို့ပဲလိုတာပါ... တကယ်လို့ ဘေးက လမ်းဟာ လမ်းပဲဆိုတာ မြင်တတ်ရင် မခက်ပါဘူး...
(``စာပေ´´ Page မှ)

copy From Zaya Ditha 's facebook
ဓါတ်ပုံတော့ စာဖတ်သူတွေအားနာ၍ချန်ခဲ့သည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...