Sunday, May 28, 2017

ဝတ်လစ်စလစ် နဲ့ ကလေးတစ်ယောက်ကို ချီပြီး အနုပညာ ပြကွက်တစ်ခုဖန်တီး ပြသခဲ့တဲ့ ပန်းချီ ဆရာမတစ်ဦး

ပန်းချီပညာရှင် တစ်ဦးဟာ ၀တ်လစ်စလစ် နဲ့ ကလေးတစ်ယောက်ကို ချီပြီး ပြခန်းအတွင်း လှည့်လည် သွား လာနေခြင်းဖြင့် ပန်းချီပြခန်း အတွင်းသို့ လာရောက်လည်ပတ် ကြည့်ရှုသူများကို အံ့အားသင့်စေခဲ့ပါတယ်။ ထို ပန်းချီ ဆရာမဟာ အသက် ၃၂ နှစ်ရှိနေပြီဖြစ်တဲ့ Milo Moire ဖြစ်ပြီး သူမဟာ မနှစ်ကလည်း သူမရဲ့ လိင်အင်္ဂါကနေ ဆေးရောင်ခြယ် ထားတဲ့ ကြက်ဥများကို ထုတ်ယူပြတဲ့ အနုပညာ ပြကွက်တစ် ခုကြောင့် ဝေ ဖန် ခံနေရသူ တစ်ယောက်လည်းဖြစ်ပါတယ်။

အခုလည်း သူမဟာ ဂျာမနီနိုင်ငံ ၊ Muenster မြို့  မှာ ပြုလုပ်တဲ့ LWL ပြခန်းရှိ ပန်းချီနဲ့ ယဉ်ကျေးမှုပြပွဲ မှာ အ၀တ်အစားမပါပဲ ထပ်မံပေါ်ထွက် ခဲ့ခြင်းနဲ့ အ တူ ခေါင်းစီး သတင်းမှာ ပါလာပြန်ပါပြီ။ ဆွစ်ဇာလန် နိုင်ငံသူ တစ်ယောက်ဖြစ်တဲ့ Moire ဟာ ၀တ်လစ် စလစ် ပန်းချီ ကား တစ်ခုရဲ့ အရှေ့မှာ ၀တ်လစ်စလစ်နဲ့ မတ်တပ်ရပ်ပြီး အ၀တ်မပါတဲ့ ကလေးငယ် တစ်ယောက် ကို ချီထားခြင်းဟာ အနုပညာ ပြကွက်တစ်ခု အနေနဲ့ ဖန်တီး ပြသ ခဲ့တာဖြစ်တယ် လို့ ဆို ပါ တယ်။

 ထိုပြပွဲကိုလာရောက် ကြည့်ရှုတဲ့ အသက် ၃၀ အရွယ် Anke Lange ကတော့ “ပန်းချီ အနုပညာရဲ့ ကွာပြားခြားနားခြင်းတွေနဲ့ ခံစားချက်တွေအားလုံးကို သဘောကျပါတယ်။ ဒါပေမယ့် ဒီပြကွက်ကြီးကတော့ မနှစ်မြို့ စရာပါ” လို့ဝေဖန်ထားပေမယ့် အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Tobias Meyer ဆိုသူ ပရိတ်သတ် တစ်ဦးကတော့ “ဒါဟာ သာမာန်ပန်းချီပြကွက်တွေ ထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ် ဆိုတာ ၀န်ခံပါတယ်” လို့ဆိုပါတယ်။

Credit By : ဖိုးသူတော် (www.phothutaw.com) &Thithtoolwin

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...