Friday, February 3, 2017

စင်ကာပူကို ကျော်ချင်ရင်

စင်ကာပူကို နောက် နှစ် ၂၀ မှာ ကျော်ဖို့ဆိုတော့ စင်ကာပူလို စည်းကမ်းရှိဖို့၊ ဥပဒေလိုက်နာဖို့တော့ လိုမယ် ထင်တယ်ဗျ။ လုပ်ချင်တိုင်း မလုပ်ရလို့၊ ဖြစ်ချင် တာတွေ မဖြစ်ရလို့ အားအားရှိ အစိုးရကို ဆန္ဒပြနေတာနဲ့တော့ ကျော်ဟိန်းပြော သလို “ဆယ်နှစ်” “ဆယ်နှစ်” ဆိုပြီး လက်ငါးခါထောင်၊ ငါးခါလောက်အော်၊ ငါးနဲ့မြှောက်တာ တောင် ရောက်လာမယ်မထင်ပါဘူး။
စင်ကာပူနိုင်ငံရဲ့ ထူးဆန်းတဲ့ ဥပဒေတွေကို အွန်လိုင်းမှာ ဖတ်မိတယ်။ စင်ကာပူကို Fine City လို့ ခေါ်ကြောင်း သိရတယ်။ မဟုတ်တာလုပ်လို့ကတော့ အနည်းဆုံး ဒဏ်ငွေချတာပဲလို့ ဆိုပါတယ်။
တရားဥပဒေစိုးမိုးရေး၊ ပြည်သူတွေ စည်းကမ်းလိုက်နာရေးကို အဓိကထားလွန်းတာကြောင့် သူတို့နိုင်ငံမှာ ဘာလုပ်လုပ် အဆင်ချောနေတာပဲလို့တောင် ပြောပါတယ်။ အစိုးရက ပြည်သူတွေအတွက် အလုပ်ကောင်း ကောင်းလုပ်တယ်။ ပြည်သူတွေကလည်း စည်းကမ်းသာ မဖောက်နဲ့ “ဘာမှ မလုပ်ရင်၊ ဘာမှ မဖြစ်ဘူး” ဆိုတဲ့ သဘောနဲ့ နေထိုင်နိုင်ကြတယ်။

စင်ကာပူမှာ လမ်းဘေး သီချင်းဆိုတာ၊ ညစ်ညမ်းတာတွေပြောတာ၊ ညစ်ညမ်းတဲ့ သီချင်းတွေဆိုတာတွေကို ဥပဒေက ခွင့်မပြုပါဘူး။ လမ်းဘေးမှာ ခွင့်ပြုချက်မရှိဘဲ ရှိုးတစ်ခုခု သွားလုပ်လို့လည်း မရဘူး။ အဲဒါ ဥပဒေ ချိုးဖောက်တာပဲ။ ထောင်ဒဏ် ၃ လနဲ့ ဒဏ်ငွေကျခံရနိုင်ပါတယ်။
အခြားတစ်ဦးတစ်ယောက်ရဲ့ ဝိုင်ဖိုင်ကို သွားပြီး ခိုးချိတ် သုံးလို့မရဘူး။ မိသွားလို့ကတော့ ဒဏ်ငွေ စင်ကာပူ ဒေါ်လာ ၁၀၀၀၀ နဲ့ ထောင်ဒဏ် ၃ နှစ်။
ခိုတွေကို လမ်းဘေး အစာကျွေးလို့မရဘူး။ သနားလို့ဆိုပြီး ပေါင်မုန့် အစလေး ချကျွေးလိုက်တာနဲ့ ပေးပေတော့ ဒဏ်ငွေ ဒေါ်လာ ၅၀၀။
စင်ကာပူမှာ လိင်တူ မကဲနဲ့ ဆွဲသွားလိမ့်မယ်။ လိင်တူကိစ္စ ခွင့်မပြုဘူး။
အများသုံးအိမ်သာမှာ သေးပေါက်ရင် သတ်မှတ်ထားတဲ့အပေါက်ထဲ တည့်တည့်ပေါက်။ ဘေးကိုငေါ့ပန်းမိရင် ငွေဒဏ်။ လမ်းဘေးသေးပန်းရင်လည်း ကြီးစွာသောဒဏ်။ ဓာတ်လှေခါးထဲ မမြင်လောက်ဘူးဆိုပြီး သေး မပန်းနဲ့။ သေး အနံ့ခံပစ္စည်း တပ်ဆင်ထားတဲ့နေရာ ဆိုရင် အချက်ပေးခေါင်းလောင်းထမြည်ပြီး တံခါးဖွင့်မရ ဖြစ်သွားလိမ့် မယ်။ ရဲကချက်ချင်းရောက်လာတတ်တယ်။
အများပြည်သူ သွားလာနေတဲ့ နေရာတွေနဲ့ ကားပေါ်မှာ ဆေးလိပ်သောက်တာ တားမြစ်ထားတယ်။ ကိုယ့် အိမ်မှာ ကိုယ်သောက် ပြဿနာမဟုတ်ဘူး။ အပြင်မှာ ဆေးလိပ်သောက်လို့မရဘူး။ ဒဏ်ငွေပဲ။
ဒီမိုကရေစီရထားတာပဲ။ ငါ့ဘာသာ ငါ့အိမ်ရှေ့ ကိုယ်လုံးချွတ်ပြီးနေမယ်။ လမ်းထဲ ကိုယ်လုံးတီးလျှောက်သွား မယ်။ မရဘူး။ ထောင်ဒဏ်ရော ငွေဒဏ်ပါ ကြီးလေးစွာထိမယ်။
လမ်းပေါ်ကို စီးကရက်တိုပစ်ချ။ သကြားလုံးအခွံပစ်ချ ဒဏ်ငွေ ဒေါ်လာ ၃၀၀ ပဲ။ လမ်းပေါ်ကို အမှိုက်အိတ် ခိုးမပစ်နဲ့။ တစ်ကြိမ်၊ နှစ်ကြိမ် သတိပေးမယ်။ သုံးကြိမ်ဆိုလို့ကတော့ တစ်ပတ်ကို ကိုယ့်လမ်းထဲ တစ်ကြိမ် သန့်ရှင်းရေး လုပ်ပေးရပြီးတော့ “ကျွန်တော် အမှိုက်ပစ်သူပါ” “ကျွန်မ အမှိုက်ပစ်သူပါ” လို့ အော်ရသတဲ့။ နောက် လမ်းပေါ်အမှိုက်မပစ်အောင် ဆုံးမတာတဲ့။
ပီကေရောင်းတာ ခွင့်ပြုမထားဘူး။ မှောင်ခိုရောင်းလို့ မိရင် ထောင်ဒဏ် ၂ နှစ်၊ ဒဏ်ငွေ ဒေါ်လာ တစ်သိန်း။ ဒီမှာ စဉ်းစားစရာက ကွမ်းတံတွေးထွေးတဲ့သူကို အပြစ်ပေးမှာလား၊ ကွမ်းရောင်းတဲ့သူကို အရေးယူရမှာလား မကွဲပြား သေးဘူး။
အများပြည်သူပိုင် နေရာတွေနဲ့ လမ်းပေါ်မှာ တံတွေးထွေးရင် ဒဏ်ထိမယ်။ ကော်ဖီဆိုင်နဲ့ ဈေးတွေမှာလည်း တံတွေး မထွေးရဘူး။ တံတွေးထွေးရင် ကြိမ်ဒဏ်တဲ့။ ဒေါ်လာ ၁၀၀၀ လည်း ပေးရလိမ့်မယ်။
ကျွန်တော် စင်ကာပူ မရောက်ဖူးပါဘူး။ စင်ကာပူ ရောက်ဖူးတဲ့ မြန်မာတွေ၊ စင်ကာပူမှာ နေဖူးတဲ့သူတွေ၊ နေထိုင်ဆဲသူတွေ အများကြီးရှိမှာပါ။ ကျွန်တော်က ဒီမနက် အွန်လိုင်းကတွေ့မိတဲ့ စာကိုဖတ်ပြီးတော့ တင်ပြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို နောက် နှစ် ၂၀ ကြာရင် စင်ကာပူနိုင်ငံကို ကျော်တက်ဖို့ဆိုတာ အထက်မှာ ဖော်ပြခဲ့တဲ့ အချက် လေးတွေကို ခုကတည်းက မလုပ်ဘဲ ဒီအတိုင်း လွှတ်ထားလို့ ဖြစ်မှာလားဆိုတာ အတွေးပေါက်မိလို့ပါ။
အမှိုက်ကစ ပြာသာဒ်မီးလောင်ဆိုတဲ့ စကားပုံကြားဖူးမှာပေါ့။ စင်ကာပူမှာ အမှိုက်ကမစရအောင် လုပ်ထား တာလေးတွေ၊ စီစဉ်ထားတာလေးတွေ သဘောကျလို့ပါ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အဲဒီိလို အသေးအမွှားကအစ အလေးထားဖို့ မလိုဘူးထင်သလား။
၂၃.၁၂.၂၀၁၆

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...