Friday, February 3, 2017

"ငယ်​​ကြောက်​"

အ​ရှေ့​တောင်​အာရှ ပြိုင်​ပွဲတစ်​ခုအတွက်​ မြန်​မာ​ဘောလုံးအသင်းကို စခန်းသွင်း ​လေ့ကျင့်​​ပေး​နေပါတယ်​။
အချိန်​ကား ညဥ့် ၁၁ နာရီခန့်​ ရှိပြီဖြစ်​​သော်​လည်း မြန်​မာ​ဘောလုံးသင်း အိပ်​​ဆောင်​တစ်​ခုလုံး တစ်​​ယောက်​မှ မအိပ်​ကြ​သေးဘဲ၊ ဂစ်​တာတီးသူကတီး၊ ချက်​ထိုးသူကထိုး၊ စကားဝိုင်းဖွဲ့သူကဖွဲ့၊ ဖုန်း​ပြောသူက​ပြောနဲ့ အ​တော်​ကြီးကို ဆူညံလို့ ​နေပါတယ်​။
သည်းမခံနိုင်​တဲ့အဆုံး အသင်း​ခေါင်း​ဆောင်​က သူ့အသင်းသား​တွေကို ထ​ငေါက်​တယ်​... ...
"ဟိတ်​​ကောင်​​တွေ မနက်​အ​စောထပြီး ​လေ့ကျင့်​​ရေး ဆင်းရမှာ၊ ပါးစပ်​​ပေါက်​​တွေပိတ်​ပြီး ခု အိပ်​ကြ​တော့"
ဘယ်​သူမှ​တောင်​ သူ့ လှည့်​မကြည့်​ဘူး၊ ဆူမြဲဆူလျှက်​ပဲ။
ဒါနဲ့ တမျိုး​ပြောင်းပြီး ​ခြောက်​ကြည့်​တယ်​... ...
"​အေး မအိပ်​ရင်​​နေဗျာ၊ ဟိုမှာ နည်းပြကြီး လာ​နေပြီ"
တစ်​​ယောက်​လားပဲ ​ခေါင်း​ထောင်​ကြည့်​တယ်​၊ ကျန်​တဲ့လူ​တွေက​တော့ ​သောင်းကျန်းမြဲပဲ။

နောက်​တစ်​မျိုး ကြိုးစားကြည့်​ပြန်​တယ်​... ...
"​ဟေ့... အသင်းအုပ်​ချုပ်​သူ လာ​နေပြီ​နော်​"
မရဘူး။ ဆူ​နေတုံး။
ဝန်​ကြီးနဲ့​ခြောက်​ကြည့်​မယ်​ဆိုပြီး... ...
"အားကစားဝန်​ကြီး လာ​နေပြီ​ဟ၊​ တိတ်​ကြ​တော့"
ဂစ်​တာဝိုင်းကတော့ ခဏတိတ်​သွားတယ်​၊ ပြီးတော့ ပုံမှန်​အတိုင်း ဆူမြဲဆူလျက်​။
အသင်း​ခေါင်း​ဆောင်​ အ​တော်​စိတ်​ညစ်​သွားတယ်​။
ဒီ​ကောင်​​တွေ ဘယ်​လို​ခြောက်​​ခြောက်​ မ​ကြောက်​ကြဘူး။
သူတို့​ကြောက်​တာ ဘာများရှိမလဲလို့ စဉ်းစားကြည့်​လိုက်​​တော့...
ခေါင်းထဲ လက်​ကနဲ အကြံရသွားတယ်​။
ဒါနဲ့...
လှမ်း​အော်​လိုက်​တယ်​... ...
"​ဟျောင့်​​တွေ... ဟိုမှာ ထိုင်းအသင်း လာ​နေပြီ"
အဲလိုလည်း ဆိုလိုက်​​ရော...
ကုတင်​​အောက်​ ၀င်​ပုန်းတဲ့သူက ပုန်း
ဂစ်​တာဖွက်​တဲ့သူက ဖွက်
မီးပိတ်​တဲ့သူက ပိတ်
စောင်​ ​ခေါင်းမြီးခြုံ အိပ်​သူက အိပ်​... နဲ့
အိပ်​​ဆောင်​တခုလုံး အပ်​ကျသံကြား​လောက်​​အောင်​ တိတ်​ဆိပ်​သွား​တော့တယ်​။
ဂိုးသမား​လေးဆို ​အ​ကြောက်​လွန်​ပြီး ခြင်​​ထောင်​ထဲတင်​ တက်​​နေလို့ မနည်း နှာနှပ်​ယူရသတဲ့။
နောက်ရက်ကျတော့... ...
အသင်းသားတွေကို အလွန်အကျွံခြောက်လှန့်တယ်ဆိုပြီး... အသင်းခေါင်းဆောင်ကို အသင်းကနေ ထုတ်ပယ်လိုက်ပါတော့တယ်။
.
(တားဂ ဂျစ်လို့စထှာနော်၊ ချိပ်ချိုးနဲ့)
.
သန်၎ကို - ပေါက်ကရ၄၀

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...