Friday, December 23, 2016

ခွင့်မပန်ဘဲမသွားလိုက်ပါနဲ့ ဖွားဖွားသနပ်ခါးရယ်........


သနပ်ခါးအာဟာရ
ရွှေဘိုကိုမခိုက်
ရှင်မတောင်မှကြို က်
နှစ်ချို က်ထူထူ
အရောင်ဖြူ ဖြူ မှ ကြည်ဖြူ သတဲ့
လူကမွှေးတာလား
သနပ်ခါးကမွှေးသလား...

မေးတဲ့စကား
ဘယ်လိုများဖြေရ
သမီးကလေး မမွေးသေးစဉ်ကပေါ့။ ။
အခုမြေးမလေး ကိုးနှစ်
စတုတ္ထတန်းပင်ဖြစ်တော့
အချစ်မပေါ့
အသစ်တော့မရှာတစ်မျိုးငြီး
အဖိုးကြီးရှုပ်တယ်
တစ်ဖက်ခန်းမှာကုတင်အား
သွား....သွားအိပ်ချေ
ရှုပ်သလေ
အထုတ်တွေ အပုတ်လေအီး
နည်းနည်းမှသီးမခံ ဟောက်သံကညံသတဲ့
ကက်ကက်လန်လို့
ကျင်နာဟန်အပိုင်းအစ
ဘယ်လိုမှရှာမရ
မြေးမလေးဆီအကုန်ပါသွားပြီထင်ပါ့..။
ပြေးရ
ဝေးကနားထောင်
အဖြူ ရောင်သနပ်ခါး
ရနံ့များမေ့တေ့တေ့
တစ်နေ့နေ့ဆုတောင်း
လက်ဟောင်းငယ်ချ စ်
အစစ်ရယ်မှန်
ခွင့်မပန်ဘဲအဝေး တိတ်တိတ်ကလေး
ထွက်မပြေးလိုက်ပါနဲ့..နော်။ ။
သန်းခေါင်ကျော်ခန်းဆည်းစ
အသာမရင်းချောင်း
အိပ်ကောင်းနေတာမြင်မှ
ဘဝင်ကျ စိတ်ချလို့သွား
ဖွား..ဖွား..သနပ်ခါး။ ။
ဝယ်ထားတဲ့သနပ်ခါးအပုံ
ကုန်ရင်လဲနောက်တစ်ပုံပေါ့
လူစုံစုံနေရ
အချိန်လေးရသမျှ
အာဟာရအဖြစ်ဆုံး
သနပ်ခါးတုံးသခင်ရယ်
ကိုယ်အမြင်ဝေဝါးဝါး
မထင်မရှားမို့
ပြစ်မထားခဲ့လိုက်ပါနဲ့
သွားရင်လဲအတူတူမှသွားကြတာပေါ့
ကိုယ်သက်ထား သနပ်ခါးဖွားဖွားရယ်။ ။

Pawhtun Myaing

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...