Tuesday, December 20, 2016

မတာမ

Thanlay Ko

အမျိုးသမီးမှာ ညီမလေးတစ်ယောက်ရှိတယ်။
ကျောင်းဆရာမဖြစ်သွားတော့ ပဲခူးတိုင်းထဲက ရွာတစ်ရွာမှာ တာဝန်ကျတယ်။
သမီးလေးတစ်ယောက်ထဲ စိတ်မချလို့ သူ့အဖေရော အမေရော အဲ့ရွာမှာ လိုက်နေတယ်။
အမျိုးသမီးက သူ့ရုံးကလွှတ်လို့ ထိုင်းမှာ သင်တန်းသွားတက်နေတာ။
တရက်ကတော့ လူကြုံရှိလို့ဆိုပြီး သူ့အဖေတွေ အမေတွေအတွက် လက်ဆောင်တွေထည့်ပေးတာ ရလိုက်တယ်။
မန္တလေးကနေတဆင့် ပဲခူးဖက်ကို တဆင့်ပြန်ပို့ခိုင်းတယ်။
လူကြုံပစ္စည်းတင် မကဘူး၊ သူ့အဖေနဲ့ အမေကြိုက်တတ်တဲ့ ပုရစ်ကြော်နဲ့ လဘက်ပါ ဝယ်ထည့်ပေးလိုက်တဲ့... မှာတာ မှာတာ
ဒီလူမှာ အလုပ်က ရှုပ်ရတဲ့အထဲ အားမနာဘူး။

အမှာတော်ရှိလာတော့လည်း မလုပ်ပေးဘဲ မနေရဲလို့ သေချာထုပ်ပိုးပြီး ကားဂိတ်ကနေ တဆင့်ပို့လိုက်တယ်။
ဒါကိုဗျာ...
မမမိုးက Viber ကနေ လှမ်းဆူထားတယ်။
သူလိုင်းတက်တဲ့အချိန်တုန်းက ကိုယ်က လိုင်ဖွင့်မထားတော့ Viber Chat box မှာ စာပို့ပြီး ငေါက်ထားတာ... ...
"ရှင် ကျမခိုင်းထားတာ လုပ်ပြီးပြီလား
အဖေတို့အတွက် ပို့ခိုင်းထားတဲ့ ပစ္စည်းတွေလေ
ပို့ပြီးပလား ဟမ်
ပို့ပြီးရင်လည်းပြီးကြောင်း မပို့ရသေးရင်လည်း မပို့ရသေးကြောင်း သတင်းပြန်ပို့အုံးလေ
ခိုင်းလိုက်ရင် ဘာမှ စိတ်မချရဘူး
ဒီက မိုင်ထောင်ချီအဝေးရောက်နေလို့ ကျန်ခဲ့တဲ့ ကိုယ့်မိဘအတွက် သူ့ခိုင်းရတာကို စေတနာမပါသလို ပါသလိုနဲ့
ယောက်ခမဆိုတာလည်း မိဘပါပဲ ရှင့်
ရိုရိုသေသေနဲ့ ပြုစုလုပ်ကိုင်ကျွေး ကုသိုလ်ရပါတယ်
ဒီစာကို တွေ့ရင် အကျိုးအကြောင်း ပြန်ပြောအုံး
ဒါပဲ
စာကျက်လိုက်အုံးမယ်"
ကြည့်...
ဘယ်လောက်များ ရိုက်ချင်စရာ ကောင်းလိုက်သလဲလို့။
ဒါနဲ့ စာပြန်ပို့လိုက်တယ်... ....
"သခင်မ ထိပ်တင်မိုးပို့တော်မူလိုက်တဲ့ ပစ္စည်းတော်များကို ဖခမြင်းတော်နဲ့ မယ်တော်ထံ ပို့လိုက်ပြီးကြောင်းပါဖျာ့၊
ရွှေနန်းကြော့ရှင် ဘိုးတင်မောင် နဲ့ နန်းမတော်ကြီး မယ်အိတို့ကို ဖုန်းဆက်သော်လည်း Ring မြည်လျှက်နှင့် ကိုင်တော်မမူကြဘူးဖျာ့ (ဖုန်းမကိုင်ဘဲ ဘာကိုင်နေကြတာလဲတော့ မသိ)
သို့ကမို့ကြောင့် သခင်မလေး ထိပ်တင်မိုး ပေးပို့တော်မူသော ပစ္စည်းတော်များအား ပဲခူးကြက်ရှာရွှေနန်းတော်မှ လက်ခံရရှိတော် မူ မမူကို ငယ်ကျွှန်ကြီး သီရိသူ့ဓါးမ မနက်စောထ ထိပ်ပြောင်လပြွတ်ကြီး ငဖိုးသန် မသိရှိကြောင်းပါ။
သက်တော်ရှည် ဖခမြင်းတော်အတွက် အပိုလက်ဆောင်အဖြစ် ဂျော်နီလမ်းလျှောက်သူရာရည်ကိုလည်းး အပိုထည့်ပေးလိုက်ကြောင်းပါဖျာ့
မယ်တော်ကြီးကြိုက်တဲ့ ထိုးမုန့်တော်များနှင့်တကွ
အိမ်ရှေ့စံ နှမတော်လေးလိုက်ပွဲ ထိပ်တင်လှိုင်အတွက် ဗေဒါရွှေကြာလဘက်များလည်း ပါရှိတော်မူပါကြောင်း... ရိုသေစွာ လျှောက်ထား အစီရင်ခံအပ်ပါသည် သခင်မဖရား...""
(မတန်မရာနှိုင်းလို့ သူတို့တမျိုးလုံး နူကုန်လည်း အေးတာပဲ)
ခဏနေတော့ သူ့ဆီက မက်ဆေ့ခ်ျပြန်လာတယ်... ...
"တော်တယ် ငယ်ကျွန်ကြီး၊ အသပြာတောင်စဖုတ်က အဲလေ တောင်စမုတ်က စောင်စုပ်များ အဲ ထောင်ထုပ်များ ပေးသနားတော်မူမယ်၊
ကဲ... မင်းချင်းများ
ငယ်ကျွန်ကြီးငဖိုးသန်အား တောင်စွယ်နေကွယ် သတ်စေ"
"ငင်... မတာမ"
.
.
.
သန်၎ကို - ပေါက်ကရလေးဆယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...