Friday, December 23, 2016

သစ်ထူးလွင် (23-12)

သစ်ထူးလွင်



Posted: 23 Dec 2016 06:57 AM PST
လုံခြုံရေး ယူထားတဲ့ တူရကီစစ်သားတွေ။ ( မတ် ၂၂၊ ၂၀၁၆) တူရကီစစ်သားနှစ်ယောက်ကို IS အစွန်းရောက်အဖွဲ့က သတ်လိုက်တယ် ဆိုတာအပေါ် အမေရိကန်ပြည်ထောင်စုက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ အဖမ်းခံထားရတဲ့ တူရကီစစ်သား၂ယောက်ကို မီးရှို့သတ်လိုက်တယ်လို့ဆိုတဲ့ ရုပ်သံဖိုင်ကို ဆီးရီးယားမှာရှိတဲ့ IS အဖွဲ့က ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်ကြောင်း အမေရိကန်ခြေစိုက် အကဲခတ်အဖွဲ့တွေနဲ့ သတင်းမီဒီယာတွေက ပြောတာပါ။ တူရကီစစ်သား၂ယောက်ကို
Posted: 23 Dec 2016 06:57 AM PST
ခရစ်စမစ်နဲ့ နှစ်သစ်ကူး အားလပ်ရက်ကာလတွေမှာ IS အစွန်းရောက်အဖွဲ့ကို ထောက်ခံသူတွေက တိုက်ခိုက်လာနိုင်ခြေအပေါ် သတိပေးချက်တွေ ထွက်နေတဲ့အတွက် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ထိုင်းအပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေမှာ လုံခြုံရေး တိုးမြှင့်ထားပါတယ်။ ခရစ္စမတ်စ်ကာလမှာ IS နဲ့အချိတ်အဆက်ရှိတဲ့ အဖွဲ့တဖွဲ့က အသေခံဗုံးခွဲမယ့် အကြံအစည်ကို ဖော်ထုတ်လိုက်ပြီးတဲ့နောက် လုံခြုံ ရေးတပ်ဖွဲ့ဝင် ၁၅၀,၀၀၀ ကျော်ကို နေရာချထားမယ်
Posted: 23 Dec 2016 07:01 AM PST
ရှမ်းပြည်နယ် နမ္မတူမြို့နယ် ပန်လုံကျေးရွာမှာ မီးလောင်ပျက်စီးနေတဲ့ နေအိမ်တစ်လုံးကို ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ် ဒီဇင်ဘာလ ၂၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နမ္မတူမြို့နယ် ပန်လုံကျေးရွာမှာ နေအိမ်တချို့ ပျက်စီးခဲ့ပြီး သေဆုံး သူ အမျိုးသမီး ၁ ဦးနဲ့ ကျေးရွာသား ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ RCSS/SSAနဲ့ TNLA တပ်တွေ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာဖြစ်ပြီး အခုတော့ ထွက်ပြေးကြရတဲ့ ကျေးရွာ သားတချို့ ပြန်လ
Posted: 23 Dec 2016 06:58 AM PST
လေထဲမှာရှိနေချိန် ပြန်ပေးဆွဲခံထားရတဲ့ လစ်ဗျားလေယာဉ် တစင်းဟာ မြေထဲပင်လယ် ထဲက မော်လ်တာကျွန်းနိုင်ငံလေးမှာ ဆင်းသွားပါပြီ။ လေယာဉ်ပေါ်မှာ ပြန်ပေးသမားနှစ်ယောက် ရှိနေပုံရပြီး လေယာဉ်ကို လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်ထား ကြောင်း AP သတင်းဌာနက ပြောပါတယ်။ လေယာဉ်ဆင်းပြီး သိပ်မကြာခင်မှာပဲ အမျိုးသမီးနဲ့ ကလေးတွေကို လေယာဉ်ပေါ် ကနေ ထွက်သွားခွင့် ပေးခဲ့ပါတယ်။ တခြား ခရီး သည်တွေကို ပြန်လွှတ်ပေးဖို့
Posted: 23 Dec 2016 04:14 AM PST
တပ်မတော်နှင့် ရဲတပ်ဖွဲ့က မီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရားဖမ်းဆီးခြင်းမရှိကြောင်း ကျေးရွာများတွင် ရိုဟင်ဂျာဟု လှုံ့ဆော်မှုများရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည့်ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး အသတ်ခံရ ဒီဇင်ဘာ ၂၃၊ ၂၀၁၆ သတင်းမှန်ထုတ်ပြန်နိုင်ရေးအတွက် မောင်တောမြို့နယ် ငါးခူရကျေးရွာသို့ မြေပြင်ကွင်းဆင်း သတင်းရယူနေသည့် ပြည်တွင်း ပြည်ပမီဒီယာ (၁၃)ဦးပါ အဖွဲ့၏ မေးမြန်းမှုများကို ဖြေကြား
Posted: 23 Dec 2016 03:50 AM PST
ဓါတ်ပုံ - (နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ) မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာမှာ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေရဲ့ တွေ့ဆုံမေးမြန်းမှုတွေကို ဖြေကြားခဲ့တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦး အသတ်ခံရတယ်လို့ ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း အထွေထွေမန်နေဂျာ ဦးရဲနိုင်က 5Plus ကိုပြောပါတယ်။  အဲဒီရွာမှာ အခုလ(၂၁)ရက်နေ့က
Posted: 23 Dec 2016 03:49 AM PST
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနီးတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများ ကြောင့် လမ်းပိတ်ဆို့နေသဖြင့် သစ်သီးတင်ယာဉ်များ အဝင်နည်းပါးနေကြောင်း မူဆယ်မြို့ရှိ သစ်သီးဒိုင်များထံ မှ သိရှိရသည်။ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနီး နမ့်တောင်းကျေးရွာ၌ ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ ဖြစ်ပွားနေသည့် တိုက်ပွဲများ ကြောင့် လားရှိုးမှလာသည့် ယာဉ်များမှာ ဆက်လက်ထွက်ခွာလာခြင်းမရှိတော့ဘဲ လမ်းခုလတ်တွင်
Posted: 23 Dec 2016 02:56 AM PST
ဒီဇင်ဘာ ၂၃၊ ၂၀၁၆ ဒီဇင်ဘာ ၂၃ ရက် နံနက် ၂ နာရီ ၃၅ မိနစ်တွင် တပ်မတော်ရေမှ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ကင်းလှည့်နေစဉ် ရေယာဉ်၏ တောင်ဘက် ၄ မိုင်ခန့်အကွာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေပြင်မှ မြန်မာနိုင်ငံ ရေပြင်အတွင်း အနောက်မှ အရှေ့သို့ ခုတ်မောင်းနေသော ခရေဖူး အမည်ရှိ တရားမ၀င် လူမှောင်ခို လှေတစ်စီးနှင့်အတူ အမျိုးသား ၈ ဦးအား ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ လှေသည် ကျိုက္ခမီဆိပ်ကမ်းမှ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းမှ ထွ
Posted: 23 Dec 2016 02:28 AM PST
( ဓါတ်ပုံ - ဆိုင်တစ်ဆိုင်မှာ ဆီဖြည့်နေတဲ့ ကားတစ်စီးကို တွေ့ရစဉ် ) ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့တစ်ပတ်ကထက် ဈေးတက်လာရာမှာ ဒီကနေ့ Octane အောက်တိန်း တစ်လီတာကို ကျပ် ၇၅၀ အထိ ဈေးတက်လာနေသလို ဒီဇယ်တစ်လီတာကိုလည်း ၇၀၅ ကျပ်အထိ ဈေးတွေ မြင့်တက်နေပြီး လာမယ့်သတင်းပတ်မှာ ဆက်လက်တက်နေဖို့ အလားအလာရှိနေပါတယ်။ ကမ္ဘာ့ရေနံဈေးနဲ့ ပြည်တွင်းက ဒေါ်လာငွေလဲလှယ်နှုန်း မြင့်တက်နေတာတွေ ပုံမှန်အတိုင်း ပြန်မကျေ
Posted: 23 Dec 2016 02:17 AM PST
ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က ခရစ္စမတ်စ်ဈေးထဲကို ထရပ်ကားနဲ့ မောင်းဝင်တိုက်ခိုက်မှုအတွက် သံသယရှိနေသူ တူနီးရှား အမျိုးသားကို အီတလီနိုင်ငံ၊ မီလန်မြို့မှာ အသေပစ်သတ် ဖမ်းဆီးလိုက်ကြောင်း အီတလီပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ အသေးစိတ်တွေကိုတော့ ပြည်ထဲရေးဝန်ကြီး Marco Minniti သိပ်မကြာခင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောတဲ့အချိန်ကျမှပဲ သိရပါမယ်။ လူ ၁၂ ယောက်သေဆုံးရတဲ့ထိ ထရပ်ကားနဲ့ မောင်းဝင်တိုက်ခိုက်ခံခဲ့ရ
Posted: 23 Dec 2016 01:48 AM PST
အီရတ် နိုင်ငံ မိုဆူးလ်မြို့ အရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သော ကားဗုံးဖောက်ခွဲမှုကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးလုံးကြီးကို မြင်တွေ့ရစဉ်(ဆင်ဟွာ)     အာဘိလ် ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)     အီရတ် နိုင်ငံ မိုဆူးလ်မြို့ အရှေ့ပိုင်းတွင် ဒီဇင်ဘာ ၂၂ ရက်နေ့က ကားဗုံးဖောက်ခွဲမှုများ ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး ၂၅ ဦးသေဆုံးခဲ့ကာ ထိုသေဆုံးသူများတွင် ပြည်သူလူထု နှင့် လုံခြုံရေး ဝန်ထမ်းများပါဝင်ကြောင်း နှင့် ဆယ်နှင့်
Posted: 23 Dec 2016 01:47 AM PST
ဂါနာနိုင်ငံ တွင်ဖြစ်ပွားခဲ့သည့် ဓါတ်ငွေ့ဆိုင်ပေါက်ကွဲများအားတွေ့ရစဉ် (ဆင်ဟွာ)    အက်ကရာ၊ ဒီဇင်ဘာ ၂၃ရက် (ဆင်ဟွာ)     ဂါနာနိုင်ငံ မြို့တော် အက်ကရာမြို့တွင် ဒီဇင်ဘာ ၂၂ရက် ညနေပိုင်းက ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၇ဦးသေဆုံးပြီး အခြားလူ ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆင်ဟွာသို့ပြောကြားခဲ့သည်။ ပေါက်ကွဲမှုသည် ဂါနာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစင်တာ အနီးရှိ ဓါတ်ငွေ့ဆိုင် မှ မီတာအ
Posted: 23 Dec 2016 01:46 AM PST
( တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကျေးဇူးတော်ကျေးရွာက ဆီအုန်းခြံတွေကို တွေ့ရစဉ် )ဓါတ်ပုံ - တနင်္သာရီ မိတ်ဆွေများအဖွဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကျေးဇူးတော်ကျေးရွာက ရွှေပဒုမ္မာကုမ္ပဏီပိုင်မြေထဲမှာ ဝင်ရောက်စိုက်ပျိုးခဲ့တယ်ဆိုပြီး တရားစွဲခံထားရတဲ့ မူလပိုင်ရှင် တောင်သူ ၄ ယောက်ကို ဒဏ်ငွေ ၅ ထောင်စီ ပေးဆောင်ဖို့ ရေဖြူမြို့နယ်တရားရုံးက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။ အဲဒီတောင်သူတွေဟာ တပ်မတော်နဲ့ KNUြ
Posted: 23 Dec 2016 01:38 AM PST
ကျွန်းလှ ဒီဇင်ဘာ ၂၃ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်း လှမြို့နယ် သစ်ရာမြိုင်ရပ်ကွက် မိုဃ်းဆုတောင်းပြည့်စေတီအတွင်း ရှိ ရုပ်ပွားတော်များ ပျောက်ဆုံးမှု စုံစမ်းရာမှ ဦးခေါင်းမပါ ကြေး ဆင်းတုတော်တစ်ဆူနှင့် ဦးခေါင်း တော်တစ်လုံးသိမ်းဆည်းရမိကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး မြင့်ကျော်၊ ကျွန်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ခန့်တို့၏ လမ်းညွှန်မှု ဖြင့် မြို့မရဲစ
Posted: 22 Dec 2016 09:19 PM PST
 စပါးခြွေလှေ့စက်များတင်ဆောင်လာသော ခြောက်ဘီးယာဉ် ချောက်ထဲထိုးကျ အမ်း ဒီဇင်ဘာ ၂၂ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့ နယ် အမ်းတောင်အုပ်စု ဆင်ခုံကျေးရွာ အနီးတွင် မင်းဘူးမှ အမ်းမြို့ဘက်သို့ မောင်းနှင်လာသော ခြောက်ဘီးယာဉ် သည် ဘရိတ်ပေါက်ကာ ပေ၁ဝဝ ခန့် အနက်ချောက်ထဲထိုးကျကာ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီက တိမ်းမှောက်ခဲ့ ကြောင်း သိရသည်။ ဆင်ခုံတိုင်ကျေးရွာအနီး မိုင်တိုင် အမှတ်(၇၈/၆-၇)ကြား ယာဉ်တိမ်းေ
Posted: 22 Dec 2016 09:13 PM PST
အိုင်အက်စ်အကြမ်းဖက်အဖွဲ့ နှင့်ဆက်သွယ်ခဲ့သော ရုရှားကျောင်းသူအား အချုပ်ထောင်ထဲ၌ တွေ့ ရစဉ်(ဆင်ဟွာ)     မော်စကို ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)     ရှရှားနိုင်ငံ မော်စကိုခရိုင်ရှိ စစ်တရားရုံးက အိုင်အက်စ်(IS) အကြမ်းဖက်အဖွဲ့ နှင့်ဆက်သွယ်သော ရုရှားကျောင်းသူတစ်ဦးကို ဒီဇင်ဘာလ ၂၂ ရက်က ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်လိုက်ကြောင်း သိရသည်။ မော်စကိုတက္ကသိုလ်ကျောင်းသူ(ဟောင်း) Varvara Karaulova သည် တူရကီနယ်စပ်ကိုဖြတ်ေ
Posted: 22 Dec 2016 09:10 PM PST
ယီမင်နိုင်ငံ၌ စစ်ဆင်ရေးပြုလုပ်နေသော အမေ၇ိကန်မောင်းသူမဲ့ လေယာဉ်တစ်စင်းအားတွေ့ ရစဉ်(ဓာတ်ပုံ- အင်တာနက်)     ဝါရှင်တန်၊ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)     ယီမင်နိုင်ငံ၌ အမေရိကန်မောင်းသူမဲ့ လေယာဉ်များ၏ ကိုးနေရာတွင် သီးခြားစီ တိုက်ခိုက်မှုများကြောင့် အာရေဗျကျွန်းဆွယ်အခြေစိုက် အယ်လ်ကိုင်းဒါးအဖွဲ့ (AQAP) ဝင် အကြမ်းဖက်သမားအဖြစ် သံသယရှိသူပေါင်း ၂၈ ဦးကို သုတ်သင်သတ်ဖြတ်နိုင်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်
Posted: 22 Dec 2016 09:07 PM PST
ရန်ကုန်မြို့က ဖုန်းအရောင်းဆိုင် ၁ ဆိုင်ကို တွေ့ရစဉ်။ Photo: RFA မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ တတိယ ၃ လပတ်အတွင်း နိုင်ငံခြားကနေ လက်ကိုင်စမတ်ဖုန်း အလုံးရေ ၂ သန်းခွဲ တင်သွင်းခဲ့တဲ့အတွက် အရင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၂၆% များလာတယ်လို့ IDC (International Data Corporation) ခေါ် နိုင်ငံတကာ အချက်အလက်စုဆောင်းရေး ကော်ပိုရေးရှင်း က ဒီဇင်ဘာ ၂၂ ရက်နေ့ မနေ့က ကြေညာလိုက်ပါတယ်။ အခုနှစ် ၉ လပိုင်းကုန်အထိ မြ
Posted: 22 Dec 2016 09:05 PM PST
နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို နေပြည်တော် နိုင်ငံတော်သမ္မတရုံးမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က ကျင်းပစဉ် ။ Photo: Myanmar President Office မြန်မာနိုင်ငံမှာ ကာလရှည်ကြာ လာရောက်နေထိုင်လိုတဲ့ နိုင်ငံခြားသားတွေ အမြဲတန်းနေထိုင်ခွင့်ရရှိရေးအတွက် ပိုမိုလွယ်ကူအောင် လုပ်ဆောင်ပေးမယ်လို့ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားလိုက်ပါတယ်။ နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ နိုင်ငြံ
Posted: 22 Dec 2016 06:58 PM PST
အင်တာနက် လူမှုကွန်ယက်တွေကို အသုံးများလွန်းရင် စိတ်ကျရောဂါ ဖြစ်နိုင်တယ်လို့ လေ့လာချက်အသစ်တခုက တွေ့ရှိခဲ့ပါတယ်။ လူမှုကွန်ယက် အမျိုးမျိုးကို အသုံးပြုတာဟာ အရွယ်ရောက်သူ လူငယ်တွေကြား စိတ်ကျရောဂါ၊ စိုးရိမ်ကြောင့်ကြရောဂါ ဖြစ်ပွားမှုတွေနဲ့ ခိုင်မာတဲ့ ဆက်နွယ်မှုတွေကို ပိုပြီးတွေ့ရတဲ့အကြောင်း - Pittsburgh တက္ကသိုလ်၊ မီဒီယာ၊ နည်းပညာနဲ့ ကျန်းမာရေးဆိုင်ရာ သုတေသန ဌာနက သုတေသီတွေ Computers in Human Behavior ဂျာနယ်
Posted: 22 Dec 2016 06:57 PM PST
တရုတ်ကုန်သွယ်ရေး က ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး ခေါင်းစဉ်တခုဖြစ်ခဲ့ အမေရိကန် နိုင်ငံ ရဲ့ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် က ဒေါက်တာ ပီတာ နဗာရို ကို အမျိုးသား ကုန်သွယ်ရေး ကောင်စီမှာ ခန့်ဖို့ လျာထားလိုက်ပြီးတော့ သူ့ကို ကုန်သွယ်ရေး ဆိုင်ရာ ပေါ်လစီတွေ မှာ ရှေ့ဆောင် စေမှာပါ။ မစ္စတာ နဗာရိုဟာ ပီအိတ်ချဒီ ဘွဲ့ ရဖြစ်တယ်၊ ဟားဗတ်က ကျောင်းဆင်းလာတဲ့ စီးပွားရေး ပညာရှင်ပါ။ ဒါပေမယ့် သူ့ရဲ့ တရုတ်နဲ့ ပတ်သက်တဲ့ အမြင်တွေ
Posted: 22 Dec 2016 06:57 PM PST
 စစ်တပ် လိုလားသူတွေ မြို့တွင်းမှာ လှည့်လည် အောင်ပွဲခံ ဆီးရီးယား နိုင်ငံ အလက်ပို မြို့မှာ နောက်ဆုံး ကျန်တဲ့ သူပုန်တွေ နဲ့ အရပ်သား တွေ ကို ကယ်ထုတ် ခဲ့ပြီးနောက်မှာ အလက်ပို မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ပြီ လို့ နိုင်ငံ ပိုင် သတင်းဌာန တွေမှာ အစိုးရက ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။ ဆီးရီးယား ရဲ့ ဒုတိယ မြို့တော် ကို အကြမ်းဖက် သမားတွေ လက်ကနေ ပြန်လည် ကယ်တင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း အစိုးရ စစ်တပ် တာဝန်ရှိ
Posted: 22 Dec 2016 06:57 PM PST
အလက်ပိုမြို့ ဆီးရီးယားအစိုးရတပ် ပြန်သိမ်းမူကို အောင်ပွဲခံနေစဉ် ဆီးရီးယားနိုင်ငံက စစ်ဒဏ်သင့် Aleppo မြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း အစိုးရတပ်ဖွဲ့က ပြောဆိုလိုက်တဲ့အတွက် ၆ နှစ်နီးပါးကြာ ပြည်တွင်းစစ်မှာ အကြီးမားဆုံး အောင်ပွဲ ဖြစ်ခဲ့ပါတယ်။ အလက်ပိုမြို့မှာ လုံခြုံရေးနဲ့ တည်ငြိမ်မှုရအောင် ပြန်လည်ထိန်းသိမ်းနိုင်လိုက်တာဟာ မဟာဗျူဟာကျတဲ့ အောင်ပွဲဖြစ်သလို၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ အရေးကြီးတဲ့
Posted: 22 Dec 2016 06:57 PM PST
ရွေးကောက်ခံသမ္မတ Donald Trump အမေရိကန်ပြည်ထောင်စုရဲ့ နျူကလီးယားစွမ်းရည်ကို မြှင့်တင်ဖို့လိုတယ်လို့ ရွေးကောက်ခံထားရတဲ့ သမ္မတ Donald Trump ပြောခဲ့တာက ထိတ်လန့်စရာ ပြောကြားမှုတခုအဖြစ် မြင်သွားနိုင်တာကြောင့် Trump ရဲ့ အာဏာလွှဲပြောင်းယူရေးအဖွဲ့က ရှင်းပြဖို့ ကြိုးစားနေပါတယ်။ နျူကလီးယားစွမ်းရည်နဲ့ပတ်သက်လို့ ကမ္ဘာက လက်ခံလာတဲ့ အချိန်အထိ အမေရိကန်ပြည်ထောင်စုက လုပ်ရလိမ့်မယ်လို့ ကြာသပတေးနေ့မှာပဲ Twitter အင်တာန
Posted: 22 Dec 2016 01:05 PM PST
နေပြည်တော် နဲ့ ရန်ကုန်ကြား မိုင်တိုင်အမှတ် ၉၁မိုင် ၄ ဖာလုံမှာ မန္တလာမင်း ကားလိုင်းက ခရီးသည်တင် ဘတ်စ်ကား တိမ်းမှောက် သွားတဲ့ အတွက် ယာဉ်မောင်း အပါအဝင် ကျား-၄၊ မ-၃ စုစုပေါင်း ၇ ယောက် သေဆုံး သွားတယ်လို့ အမြန်လမ်းက တာဝန်ကျ ရဲ အရာရှိ တစ်ဦးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။ အဲဒီ ဘတ်စ်ကားဟာ နေပြည်တော် ကနေ ရန်ကုန်ကို အလာ အရှိန်နဲ့ မောင်းနှင်တုန်း တာယာဘီး ပေါက်ပြီး တံတား နှစ်စင်းကြား ထိုးကျ ခဲ့တာ ဖြစ်တယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...