Saturday, November 12, 2016

မတော်တဆ

Tin Nyunt

ဂျပန်နိုင်ငံ တောကျောင်းလေးတစ်ခုတွင်ဖြစ်သည်။ ဆရာရှိုဘက မျက်လုံးလေးမှိတ်ပြီး အနားယူနေစဉ် တပည့် တစ်ဦးက
“ဆရာ … ပညာရှိဆိုတာ ဘယ်လိုလူကို ခေါ်တာပါလဲခင်ဗျာ” ဟုမေးလိုက်သည်။
ဆရာရှိုဘက မျက်လုံးကိုဖွင့် ပြုံးလိုက်ပြီးနောက်
“ပညာရှိဆိုတာတာ သင်ကြားနေသူတွေမဟုတ်၊ သင်ယူနေသူတွေဖြစ်တယ်တပည့်” ဟု ပြန်ဖြေလိုက်သည်။ တပည့်က မကျေနပ်ဘဲ
“ဆရာ ပညာရှိတစ်ဦး မဟုတ်ပါလား”
“တပည့် … ငါသည် ပညာရှိမဟုတ် … ငါ့ကို ပညာရှိဟု မခေါ်နိုင်”
“အဘယ်ကြောင့်နည်းဆရာ”
“တပည့် … ပညာရှိဆိုသောသူများသည် မတော်တဆ ဖြစ်လာသူများဖြစ်သည်”
“ဆရာ့အဖြေ ဘဝင်မကျပါ။ ပညာရှိဆိုတာ ကြိုးစားအားထုတ်၍မဟုတ် … မတော်တဆ ဖြစ်လာရသည် ဆိုသော ဆရာ့စကား ဘဝင်မကျမိပါ”

နောက်ဆုံးတစ်ကြိမ်

Tin Nyunt

အဏ္ဏဝါဇီဝဗေဒတန်းတွင်ဖြစ်သည်။ ဆရာတစ်ဦးက ကျောင်းသားများကို လက်တွေ့စာသင်နေသည်။ သူက မှန်လှောင်ကန်ကြီးတစ်ခုအတွင်း ထည့်ထားသည့် ငါးမန်းတစ်ကောင်ကို ပြသည်။ ထို့နောက် ငါးပေါက် လေးများကို ကန်ထဲထည့်လိုက်သည်။ ငါးမန်းက ငါးတွေအကုန်လုံးကို စားလိုက်သည်။
ဆရာက ငါးကန်ကြီးကို အလယ်မှ မှန်တစ်ချပ်ဖြင့် ကာလိုက်သည်။ ကန်ကြီးထဲတွင် နှစ်ကန့်ဖြစ်သွားသည်။ တစ်ကန့်တွင် ငါးမန်းက ရှိနေသည်။
ကျန် ငါးမန်းမရှိသည့် ဘက်အခြမ်းတွင် ဆရာက ငါးပေါက်လေးများကို ယခင်ထက် များစွာ ချလိုက်သည်။ ငါးလေးများက ရေထဲတွင် ကူးခတ်နေသည်။
တစ်ဘက်အခြမ်းတွင် ရှိနေသည့် ငါးမန်းက ငါးလေးတွေကို မြင်သည်။ စားရန် ကူးခတ်လာသည့် အခါတွင် မှန်နှင့် တိုက်မိသည်။
ငါးမန်း နောက်တစ်ကြိမ် အရှိန်ဖြင့် ထပ်ပြီး ထိုးဝင်နိုင်ရန် ကြိုးစားပြန်သည်။

ရန်ကုန်မှာ တွင်ကျယ်လာသော အငှားမယား စနစ်

Min Aung Khine

အသားဖြူဖြူနှင့် ငယ်ရွယ်ပျိုမျစ်သည့် အလှတရားများအား ပိုင်ဆိုင်ထားသူ အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သူ၏မျက်နှာပေါ်တွင် တန်ဖိုးအသင့်အတင့်ရှိသည့် မိတ်ကပ်ကို လိမ်းခြယ်ထားပြီး ကြက်ေ သွးရောင်နှုတ်ခမ်းနီကို ခပ်စိုစိုကလေး ဆိုးထားသည်။ ကျောလယ်လောက်အထိရှိသည့် ဆံပင်မှာ ဖြောင့်စင်းလျက်။ သူဆင်ယင်ထားသော အဝတ်အစားမှာ မြန်မာဆန်ဆန် ရင်ဖုံးလက်ပြတ်နှင့် စည်းလုံချည်လေးဖြစ် သည်။ သို့သော် သူ လက်ရှိ အသက်မွေးဝမ်းကျောင်း ပြုနေရသည်မှာ အမျိုးသားတစ်ဦးနှင့် တရားဝင် လက်ထပ်ထားခြင်းမရှိဘဲ ရက်ရှည်ကြာ ပေါင်းသင်းနေရသည့် အငှားမိန်းမဘဝ ဖြစ်နေသည်ဆိုခြင်းကို မည်သူ ယုံနိုင်ပါ မည်နည်း။
''ကျွန်မ ဒီအလုပ်ကို လက်ခံတာ နှစ်ကြိမ်ရှိပြီ။ ပထမလက်ခံတဲ့လူက အသက် ၃ဝ ကျော်ပဲရှိတယ်။ သူက သဘောကောင်းတော့ နောက်တစ်ယောက်ကိုပါ ထပ်လက်ခံလိုက်တာ''ဟု မဇာခြည်(အမည်လွှဲ)က ပြော သည်။

"နှိုးဆော်စာ"

Pyay Zin

ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးတဲ့ ကျွန်တော့်အတွက်တော့
အီလဲဗင်းကိုကျေးဇူးတင်မိတာအမှန်ပဲ...
ရန်ကုန်မှာအချိန်နဲ့အမျှ လှုပ်ရှားရုန်းကန်နေရတဲ့ပြည်သူပြည်သားတွေတော်တော်များများ လက်ရှိအစိုးရနဲ့ပတ်သတ်ပြီး အချိန်ကိုမေ့နေကြတယ်...
အခု နာရီဆိုတာကြီးကြောင့် အချိန်ကို သတိပြုမိ လာကြတယ်...
ငယ်ငယ်က နာတာတွေပြီးရင်ရီ(ရယ်)ရတယ်ဆိုတဲ့
အရေးအသားဖတ်ခဲ့ဘူးတယ်...
နာပြီးမရီ(ရယ်)နိုင်တဲ့ကျွန်တော်တို့တွေအတွက် နာရီ
ဟာလုံးဝကို အရေးမကြီးဘူး...
ရန်ကုန်ဟာမြို့ပျက်ကြီးဖြစ်နေတာကို ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတာပါ... ဒါဟာအမှန်တရားပဲ

ထရမ့် ဘာလို့ နိုင်သလဲ

Tint Swe

By ဒီဗွီဘီ 11 November 2016
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရင့်သီးကြမ်းတမ်းပြီး လက်လွတ်စပယ် ပြောတတ်တဲ့ သူ၊ အသက်လည်းကြီးတဲ့သူ၊ ထင်မထားသူ ဘာလို့ နိုင်သလဲ။ ဒေါ်နယ်ထရမ့်ကို ‘စီအင်အင်’၊ ‘ဘီဘီစီ’၊ ‘အယ်လ်ဂျာဇီးရာ’ လို ကမ္ဘာ့ထိပ်တန်း မီဒီယာတွေကအစ မျှော်လင့်မထားခဲ့ကြပါ။ ဒါပေမယ့် တရားဝင်မဲပေးခွင့် ရှိသူတွေက တရားသဖြင့် ရွေးပေးလိုက်တာကို ဟယ်လာရီကိုယ်တိုင် ညတွင်းချင်း ဝန်ခံပြီး ဒေါ်နယ်ထရမ့်ကို ချီးကျူးစကားပြောပြီးပါပြီ။ ပြိုင်ဘက်နှစ်ဦးလုံးကနေ ဒီမိုကရေစီသံစဉ်နဲ့အညီ နယူးယောက်ဟိုတယ်တွေကနေ ပြောကြပါတယ်။

သစ်ထူးလွင် (12-11)

သစ်ထူးလွင်



Wednesday, November 2, 2016

ခင်ဗျားတို့အပိုင်းပေါ့

Soe Naing

တစ်ခါတုန်းက မောင်ဘနှင့်ညိုမြဆိုတဲ့ လက်ထပ်ပြီးကာစ ဇနီးမောင်နှံဟာ
သူတို့နေတဲ့လာရှိုးမြိုကလေးကနေ မန္တလေးဘက်ကို ကားလေးမောင်းပြီး
အေးအေးဆေးဆေး ဟန်းနီးမွန်းခရီးထွက်ခဲ့ကြသတဲ့.........

ဒီလိုနဲ့မှောင်လဲသွားရော......
မေမြို့မှာတင်
ညအိပ်ဖို့ ဆုံးဖြတ်လိုက်ကြသတဲ့......
တည်းခိုးခန်းသွားအိပ်တော့
တည်းခိုခကို တစ်ည ၃၀၀၀၀ ကျပ်နဲ့
သဘောတူလိုက်ကြသတဲ့....
မောင်ဘတို့လည်းပင်ပန်းလာကြတာဆိုတော့ စောစောအိပ်ယာဝင်လိုက်ကြသတဲ့.....
မိုးလင်းလို့ မန္တလေးဘက်ကို ခရီးဆက်မယ်ဆိုပြီး ကောင်တာမှာပိုက်ဆံသွားရှင်းတော့ ၁၂၀၀၀၀
တောင်းသတဲ့.........
မောင်ဘတို့ကလည်း မပေးနိင်ဘူးဆိုတော့ မန်နေဂျာကို ခေါ်ရှင်းကြသတဲ့.........

``တစ်ခွက်တစ်ဖလား.....ဘဝများစွာ..``

Aungsoe Petroleum

ကျမတို့ပတ်ဝန်းကျင်တွင် တစ်ခါတရံ၌ အရက်နှင့်ပတ်သက်၍ ကွဲပြားခြားနားသော ထင်မြင်ချက်များကို ကြားရလေ့ရှိသည် ။
တချို့ကအရက်သောက်ခြင်းကို လူမှုရေးဟုခေါင်းစဉ်တပ်သည် ။ တချို့က သူငယ်ချင်းအချင်းချင်းအရက်သောက်၍စကားပြောဆိုခြင်း က ပို၍ရင်းနှီးချစ်ခင် အကျွမ်းတဝင်ဖြစ်စေသည်ဟုဆိုသည် ။ တစ်ခါတလေပါပဲ ဘာမှ မဖြစ်ပါဘူးဟုထင်မြင်တတ်ကြကာ ဆေးဖြစ်ဝါးဖြစ်ဟုပင် ခေါင်းစဉ်ကြီးကြီးတပ်ကြသည် ။ အရက်လေး တစ်ခါတလေပဲသောက်တာ ကျန်တာအားလုံးကောင်းတဲ့ လူကောင်းတစ်ယောက်ပါဟုဆိုတတ်ကြသည် ။

Facebook ထဲမှာ ကံကျူးလွန်မိခြင်း။

Dr Shwe Tun

လူတစ်ယောက်ဟာ Facebook ထဲမှာ ရေးပြီးတော့ လိမ်တယ်။ မဟုတ်တာတွေကို လိမ်ပြီး Facebook ကနေ ရေးမယ်ပေါ့။ "မုသာဝါဒမဖြစ်ဘူးလား"လို့ မေးရင် "ဖြစ်တယ်"။ အဲ့ဒီမုသာဝါဒကို ဘယ်လိုခေါ်လဲဆိုရင် "ကာယဒွါရ၀စီကံ"လို့ ခေါ်တယ်။ ဒွါရဆိုတာ ဖော်ဆောင်တဲ့အရာ။
ပါးစပ်ကပြောတာ မဟုတ်ပေမယ့်လို့ လက်နဲ့ရေးပြီး လိမ်တာလည်း မုသာဝါဒပဲ။

Facebook ထဲက ဆဲတယ်။ ဖရုသ၀ါစာ မဖြစ်ဘူးလား။ ဖြစ်တယ်။ ဆဲတာဟာ ပါးစပ်က ဆဲတာမဟုတ်ဘူး။ ဒါပေမဲ့ လက်နဲ့ရေးပြီးတော့ ဆဲတာ။

တစ်ခါမှ တရားမထိုင်ဘူးသူတို့ အတွက်..အသက်ကြီးငယ် အရွယ်မရွေး... "ဝိပဿနာ တရားစတင်အားထုတ် ရှုမှတ်နည်း"

ခန္ဓာ-၅ပါး တစ်ဦး

ဆရာတော် သံဃာတော် များ ရဲ့ ရေးသားဖေါ်ပြချက်တွေ၊ ဟောကြားခဲ့ရတာတွေ ကို လေ့လာ ဖတ်ရှုထားဖူး၊ နာကြားဖူး ထား ရတဲ့ တရားအားထုတ်နည်း အမျိုးမျိုး ကို ရေးသား ဖေါ်ပြကုသိုလ်ပြုရမှာ တရားအားထုတ်နည်း တွေ က အမျိုးစုံ ရှိတော့ ဓမ္မမိတ်ဆွေ တို့ နဲ့ ကိုက်ညီဖို့ အတွက် အင်မတန်မှ ခက်ပါတယ်။
ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ ၊စိတ္တာနုပဿနာ နဲ့  ဓမ္မာနုပဿနာ ဆိုပြီး မြတ်စွာဘုရားဟောကြားခဲ့တဲ့ "သတိပဋ္ဌာန် " လေးပါး ရှိတဲ့အနက် အဲဒီလေးပါးထဲက "ကမ္မဌာန်း" တစ်ခုခု နဲ့ ပွားများအားထုတ်ကြရတယ်ဆိုပေမယ့်လည်း "ကာယာနုပဿနာ" မှာတင် "ဝင်လေ၊ထွက်လေ" လို့ ခေါ်တဲ့ "အာနာပါန" ကမ္မဌာန်း အပါဝင်ပေါ့လေ..ရှုရမဲ့ ကမ္မဌာန်း (၁၄) မျိုးလောက်ရှိတော့...

ရာဇတောဝါ

Tin Nyunt

ကမ္ဘာဦးတုန်းက လူတွေကို လူတွေကို ပြန်အုပ်ချုပ်ဖို့ မဟာသမ္မတမင်းကို တင်မြှောက်ကြသတဲ့ဗျ။ ကျမ်းဂန်တွေမှာတော့ မဟာသမ္မတမင်းကို ရသေ့မုနိ အစရှိတဲ့ သူတော်ကောင်းတွေနဲ့ တိုင်ပင်ပြီး အုပ်ချုပ်ဖို့ တင်မြှောက်ခဲ့ကြတာပဲ။
ဟိုးတုန်းကတည်းက အထူးထူးသော ဓမ္မသတ်တွေကို ကူးရေးထားပြီး အဲဒီ ဓမ္မသတ်တွေအတိုင်း အုပ်ချုပ်ကြ သတဲ့။ ဓမ္မသတ်တွေအတိုင်း အဂတိတရားလေးပါးမလိုက်ပဲ စီရင်ဖို့ မဟာသမ္မတမင်းကလည်း ကတိခံရတယ်။
လူတွေက သူတို့ထဲက လူတစ်ယောက်ကို သမ္မတမင်းတင်မြှောက်တော့ တောင်းဆိုတာ လေးချက်ပဲရှိတယ်။
(၁) ငါတို့ကို တရားအတိုင်း ဆုံးဖြတ် အုပ်ချုပ်ပေးပါ
(၂) ငါတို့ကောင်းရောင်း ကောင်းဝယ် စိတ်ငြိမ်းချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက်နိုင်ဖို့ စောင့်ရှောက်ပါ
(၃) ငါတို့ အကျိုးစီးပွားများ ဖြစ်ထွန်းစေဖို့ ကူညီပါ

English Speaking Basics (6) အင်္ဂလိပ်စကားပြောအခြေခံများ (၆)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

လွယ်လွယ်ရိုးရိုး စကားလုံးလေးတွေနဲ့ ၀ါကျလေးတွေက ဆန်းဆန်းပြာပြား ခေတ်ပေါ်စကားလုံးတွေထက် ပိုပြီးအသုံးများပါတယ် ၊ အခြေခံအားဖြင့် ၀ါကျရိုးရိုးလေးတွေကို ပိုင်နိုင်အောင် လေ့လာဖို့က ပိုပြီး အရေးကြီးပါတယ် ..
.
(1) I'VE DECIDED TO + (VERB)
..
တစ်ခုခုကို စလုပ်ဖို့ ဆုံးဖြတ်ပြီးသားကိစ္စတွေကို ပြောဆိုဖို့ ဒီပုံစံကို သုံးနိုင်ပါတယ် ၊ နိဂုံးချုပ်အဖြစ်နဲ့ အဖြေထုတ်လိုက်တဲ့ ကိစ္စတွေကိုလည်း သုံးနိုင်ပါတယ် ('I've' is short for 'I have' and including the word 'decided' you are stating that you have made a decision or come to a conclusion.)

ကလေးတွေး

Tin Nyunt

ဖခင်က ခရစ်စမတ်အတွက် မုန့်ဘူးတစ်ဘူးဝယ်လာသည်။ မုန့်ဘူးက ဈေးကြီးသည်။ မိသားစုအားလုံး ညဘက်တွင် ပျော်ရွှင်စွာစားမည်ဟု ရည်စူးကာ စားပွဲပေါ်တင်ထားခဲ့သည်။
ဖခင်က ခြံထဲတွင် အလုပ်သွားလုပ်နေစဉ် သမီးလေးနှင့် သူ၏ခွေးကြီးက အခန်းထဲဝင်လာသည်။ ခွေးကြီးက အနံ့ခံပြီး မုန့်ဘူးကို စားပွဲပေါ်မှ တွန်းချလိုက်သည်။ ထို့နောက် မုန့်တွေကို စားပြီး ခွေးက အပြင်ကို ပြန်ထွက် သွားသည်။
သမီးလေးက အဖြစ်အပျက်ကို ငေးကြည့်နေမိသည်။ ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိ။ အခြေအနေက လွန်သွားပြီ။
ဖခင်ဖြစ်သူသည် မီးဖိုထဲဝင်လာပြီးနောက် စားပွဲပေါ်တွင် မုန့်ဘူးကို မတွေ့သဖြင့်
“မုန့်ဘူးကို ဘယ်သူယူသွားသလဲဟေ့” ဟုအော်မေးလိုက်သည်။

"စက်ဝိုင်းမှာ ဘာတွေရေးထားမှန်း..မသိဘူးဆိုသူတို့ အတွက်..ပဋိစ္စသမုပ္ပါဒ် ရှင်းတမ်း( ဒုတိယပိုင်း )"

Image may contain: text

"ပဋိစ္စသမုပ္ပါဒ် " ရှင်းတမ်း လို့ အမည်ပေးထားတဲ့ .. ဒုတိယပိုင်း ကို ဆက်လက်လက် ရေးသား ဖေါ်ပြရရင်..
ပထမပိုင်းတုန်းက ရေးလက်စ စကားကို ပြန်ကောက်ရရင်တော့.."ပဋိစ္စသမုပ္ပါဒ် " ကို ပြတ်အောင် လို့  ဓမ္မမိတ်ဆွေတို့ ဟာ တရားအားထုတ်ကြပါတယ်။ အဲဒီလို တရားအားထုတ်တယ် ဆိုတာ အတင်းအားထုတ်လို့ မရပါဘူး။ ခက်နေကြတာက အတင်းအားထုတ်မှ ရတာဆိုတာချည်းကို က ခက်နေကြတာပါ။

Centrum အားဆေး

Tint Swe

အဆိပ်ဓာတ်နှင့် ဆိုးဆေးအရောင်အတုများပါဝင်နေသော Centrum အားဆေးလို့ ခေါင်းစဉ်တပ်ထားတဲ့ စာတပုဒ်ကို တယောက်ကနေပို့ပေးလို့ ဖတ်ရပါတယ်။ အမေရိကန်မှာ ရောင်းအားအကောင်းဆုံး နာမည်ကြီးတံဆိပ်အားဆေး Centrum အားမရှိစေတဲ့အပြင် လူကို အန္တရာယ်တောင်ဖြစ်စေနိုင်လို့လည်းပါတယ်။ စာကို တော်တော်ရှည်ရှည်ရေးထားပေမဲ့ အချုပ်ကို ထုတ်ယူတော့ - မလိုအပ်ပဲ သတ်မှတ်ထားတဲ့ ပမာဏထက် ကာရိုတင်းကိုပိုစားမိရင် အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို ၂၀% မြင့်တက်လာစေတာတွေ့ရတယ်။ ဗီတာမင်အီး လိုတာထက် ပိုစားသုံးရင်၊ ပရိုစတိတ်ဆီးကျိတ်ကင်ဆာ ၁၇% အထိ မြင့်တက်လာစေတယ်။

သစ်ထူးလွင် (2-10)

သစ်ထူးလွင်



စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...