Friday, October 21, 2016

English Speaking Basics (8) အင်္ဂလိပ်စကားပြော အခြေခံများ

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

ဒီ တစ်ပတ်မှာတော့ စကားပြောသင်ခန်းစာလေးတွေအပြင်..သူတို့နဲ့ ဆက်စပ်နေတဲ့ အသုံးအနှုန်း ပုံစံမူကွဲလေးတွေကိုပါ နှိင်းယှဉ်မှတ်သားနိုင်စေဖို့ ရှင်းလင်းသွားပါမယ် ၊ တစ်ခုချင်း တွေ့တာလေးတွေကို မှတ်ထားရာကနေ ပုံစံကွဲလေးတွေ တွေ့လာတဲ့အခါ ရောထွေးသွားတတ်တာ ဝေခွဲ မရဖြစ်သွား တာမျိုးလေးတွေ ဖြစ်တတ်တဲ့အတွက်ကြောင့် တစ်ခါတည်း နှိင်းယှဉ်မှတ်သားလိုက်လျင် မရှုပ်ထွေးတဲ့အပြင် တခြားသူတွေနဲ့ ပြောဆိုဆွေးနွေးဖို့ ကြုံလာလျင်လည်း ပိုင်ပိုင်နိုင်နိုင် ပြောဆိုနိုင်မှာ ဖြစ်ပါတယ် ။ အသေးစိတ် နက်နက်ရှိုင်းရှိုင်း ရှင်းပြထားပါတယ် ၊ အဆက်အစပ်မိသွားအောင် အကြိမ်ကြိမ်ဖတ်ပါ လို့ မေတ္တာရပ်ခံပါတယ် ..

……………………………………………….
(1) I’M NOT USED TO + (V-ING)
……………………………………………..
ကျနော်တို့ဟာ တစ်ခုခုနဲ့ အရင်ကတည်းကနေ အခုထိ အကျွမ်းတ၀င်မရှိခဲ့ဘူး ၊ အလေ့အကျင့်မရှိခဲ့ဘူး ဆိုတဲ့ ကိစ္စတွေကို ဖေါ်ပြချင်တဲ့အခါ ဒီပုံစံကို သုံးပါတယ် ။ (Here you are using 'not used to' to inform someone that you are unfamiliar or uncomfortable with a topic at hand.)
.
(1.1) I'm not used to talking English.
ကျနော် အင်္ဂလိပ်စကား အပြန်အလှန်ပြောတာ အလေ့အကျင့်မရှိပါဘူး (talk = အပြန်အလှန်ပြောသည်)
(1.2)I'm not used to talking in front of groups of people.
ကျနော် လူအုပ်စုတွေရှေ့မှာ စကားပြောတာ အလေ့အကျင့် မရှိပါဘူး
(1.3) I'm not used to having so much stress.
ကျနော် ဖိစီးမှုတွေ အမြောက်အများ ရရှိနေတာ နဲ့ အကျွမ်းတ၀င်မရှိပါဘူး
(1.4) I'm not used to traveling so much.
ကျနော် အလွန်အမင်း ခရီးသွားတဲ့ အလေ့အကျင့် မရှိပါဘူး
(1.5) I'm not used to working so early.
ကျနော် သိပ်ကို စောစောကြီး အလုပ်လုပ်တဲ့ အလေ့အကျင့် မရှိပါဘူး
အငြင်းပုံစံတွေက အသုံးများလို့ ရှေ့မှာထားလိုက်တာဖြစ်ပါတယ် ..
……………………………………………….
** အဲလိုပဲ ကိစ္စတစ်ခုကို အရင်ကြာမြင့်စွာကတည်းက လုပ်ခဲ့တယ် အခုလည်း လုပ်နေဆဲပဲ ၊ အလေ့အကျင့် ရှိနေဆဲပဲ ဆိုတာ ဖေါ်ပြချင်လျင်တော့ အထက်ကပုံစံကနေ not ဖြုတ်လိုက်လျင်ရပါပြီ
.
BE + USED TO + (V-ING)
.
ပုံစံဖြစ်ပါတယ် .. သေချာမှတ်ပေးပါ ။ အဲဒီတော့ ဒီလိုဖြစ်သွားမယ်
(1.6) I’m used to smoking.
ကျနော်ဆေးလိပ်သောက်တဲ့ အကျင့်ရှိပါတယ် ( အရင်ကလည်း သောက်တယ် ၊ အခုထိလည်းသောက်တယ်)
(1.7) I’m used to travelling so much.
ကျနော် ခရီးတွေ အများကြီးမှ အများကြီး သွားတဲ့ အလေ့အကျင့်ရှိပါတယ် (အရင်ကတည်းက ခုထိသွားနေတာ ၊ ခရီးထွက်တာ သူ့အတွက် ဘာမှအဆန်းမဟုတ်)
………………………………………………..
** သူ့ကိုမေးခွန်းလုပ်တော့မယ် ၊ အလေ့အကျင့်တစ်ခုဟာ အရင်ကတည်းကနေ အခုထိရှိတာလားလို့ မေးချင်တယ်ဆိုလျင် ဒီပုံစံကိုသုံးပါ ၊ သူ့မှာ အကူကြိယာ V-be ပါပြီးသားဆိုတော့ ရှေ့ထုတ်လိုက်ပေါ့
.
(1.8) Are you used to smoking?
ခင်ဗျား ဆေးလိပ်သောက်တဲ့အလေ့အကျင့် ရှိလား ( အရင်ကနေ အခုထိ သောက်ဆဲလားလို့မေးတာနော်)
(1.9) Are you used to talking in front of groups of people.
ခင်ဗျား လူအုပ်စုတွေရှေ့မှာ စကားပြောတဲ့ အလေ့အကျင့်ရှိပါသလား ( အရင်ကလည်း ပြောခဲ့ပြီး ခုလည်းပြောနေလို့ အလေ့အကျင့် ကောင်းကောင်းရပြီလား )
……………………………….
ကွဲပြားစေချင်လို့ အရင်ကတင်ဆက်ခဲ့တဲ့ သင်ခန်းစာကို ပြန်ရှင်းပါတယ်
.
(2) အရင်က အလေ့အကျင်ရှိခဲ့ပြီး အခုပြတ်သွားတာတွေကျတော့
USED TO + V1 ပုံစံကို သုံးပါတယ်
(2.1) I used to paint.
ကျနော်ပန်းချီဆွဲတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ် ( အခုမဆွဲတော့ပါ)
(2.2) I used to work hard.
ကျနော် အလုပ်ကို ကြိုးစားလုပ်တဲ့ အကျင့် ရှိခဲ့ဖူးပါတယ် ( အခု အပါးခိုနေပါပြီ ၊ ကြိုးစားမလုပ်တော့)
.
** ဒီမှာ သေချာမှတ်ရမှာက used to အသုံးဟာ အတိတ်က အကြောင်းအရာကို ဖေါ်ပြတာ ဖြစ်ပေမယ့် past tense အသုံးနဲ့ မတူပါဘူး
** Used to က အရင်လို မဟုတ်တဲ့ အခြေအနေကို ၊ ပြောင်းလဲသွားတာကို အသားပေးဖေါ်ပြချင်တာဖြစ်တယ်
Past tense မှာက အခြေအနေ ပြောင်းသွားတာမဟုတ်ဘူး
I got a degree of Mathematic from Mandalay University.
ကျနော် မန္တလေး တက္ကသိုလ်ကနေ သင်္ချာဘွဲ့ရခဲ့ပါတယ် ( ခုလည်းဒီတိုင်းပဲလေနော်)
(2.3) I used to love her.
ကျနော် သူမကို အရင်က အချိန်ကြာကြာ ချစ်ခဲ့ပါတယ် ( အခု မချစ်တော့ဘူး ၊ အခြေအနေ ပြောင်းသွားတယ် )
………………………
သူ့ကိုမေးခွန်းလုပ်တော့မယ်
အရင်က ရှိခဲ့ဖူးပြီး အခုပြတ်သွားတဲ့ အလေ့ အထကိုမေးချင်တဲ့အခါ ဒီပုံစံကိုသုံးပါ
ဒီပုံစံမှာက အကူကြိယာမပါတဲ့အတွက် မေးခွန်လုပ်ဖို့ Did ကို အကူအညီခေါ်ရမယ် ။ အကြောင်းကတော့
** used to ဟာအတိတ်က အလေ့အကျင့်လို ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိုဖေါ်ပြဖို့ပဲသုံးတယ် ၊ သူ့မှာ present form မရှိဘူး ၊ future form မရှိပါဘူး
.
(2.4) Did you use(d) to smoke?
ခင်ဗျားမှာ အရင်က ဆေးလိပ်သောက်တဲ့ အကျင့်ရှိခဲ့ဖူးပါသလား
အဲဒီမှာ ..d.. လေးကို ကွင်းခတ်ထားခြင်းကတော့ မေးခွန်းမှာ used ကနေ ed ဖြုတ်မဖြုတ် နှစ်မျိုးရှိနေလို့ပါ ၊ သဒ္ဒါဆရာတွေကိုယ်တိုင် နှစ်မျိုး ဖြစ်နေတယ်.. ရှင်းပြပါမယ်
ယူဆချက် (၁)
Did နဲ့ စတဲ့ မေးခွန်းဖြစ်ခြင်းကြောင့် ပထမကြိယာ အများပဲ ဖြစ်ရမယ်လို့ ယူဆသူတွေလည်းရှိတယ်
ယူဆချက် (၂)
Used to ဟာ use ကို ed ပေါင်းထားတဲ့သဘောမဟုတ်ဘူး used နဲ့ to နဲ့ နှစ်လုံးပေါင်းမှ တစ်လုံးဖြစ်တယ် ၊ အလေ့အကျင့်ကိုမေးဖို့အတွက် တီထွင်ထားရတဲ့ စာလုံးဖြစ်တယ် ၊ တွဲသုံးရသော အထူးသုံး special word ဖြစ်ချင်းကြောင့် ဖြုတ်စရာ မလိုဘူးလို့ ဆိုသူတွေလည်း ရှိတယ် ..
ကဲ နှစ်မျိုးလုံးသာမှတ်ထားလိုက်ပါတော့
………………….
အငြင်းလုပ်ဦးမယ် ..ရိုးရိုးအတိုင်းကတော့ didn’t ပေါင်းလိုက်တာပါပဲ
.
(2.5) I didn’t use(d) to drive a big car.
ကျနော် ကားအကြီးကြီးကို မောင်းတဲ့ အလေ့အကျင့်မရှိခဲ့ပါဘူး (အရင်က မမောင်းခဲ့ပေမယ့် ၊ အခုမောင်းပြီ)
အခုဒီမှာ ပြောတာက လုပ်တဲ့ အကျင့် မရှိခဲ့တာကို ပြောတာ ..လာဦးမယ်
မလုပ်တဲ့ အကျင့်ရှိခဲ့တာကို ပြောမှာကျတော့ to ရှေ့မှာ not ပေါင်းရမယ်
.
(2.6) I used not to have breakfast.
ကျနော် မနက်စာမစားတဲ့ အလေ့အကျင့် ရှိခဲ့တယ် (အခုစားပြီ)
လုပ်တဲ့အကျင့်မရှိခဲ့တာရယ် ၊ မလုပ်တဲ့အကျင့်ရှိခဲ့တာရယ် မတူဘူးနော် ၊ အခုလုပ်ပြီဆိုတဲ့သဘောကတော့ နှစ်ခုလုံးမှာ အတူတူပဲ
……………………….
အထက်မှာ ပြောခဲ့တာတွေက အချိန်ကြာမြင့်စွာကတည်းက ရှိခဲ့တဲ့ အလေ့အကျင့်တွေကိုပြောတာ ၊
အခုမကြာမတင်လေးကမှစပြီး အလေ့အကျင့် ဖြစ်လာတာမျိုးကိုတော့
(3) GET + USED TO + V-ING ပုံစံကိုသုံးပါ
.
Get ဟာ တစ်ချို့နေရာတွေမှာ helping verb (V-be) ကဲ့သို့ လုပ်ဆောင်တယ်လို့ ကျနော်မိတ်ဆက်ပေးခဲ့ဖူးတယ်နော် .. အခုဒီမှာလည်း အဲလိုပဲ
.
(3.1) You will soon /get used to/ living in the country. (country = ကျေးလက်တောရွာ)
ခင်ဗျား မကြာခင် ကျေးလက်တောရွာမှာ နေထိုင်ရတာနဲ့ အသားကျလာပါလိမ့်မယ် (နေသားကျလာခါစပဲရှိသေးတယ် ၊ နေသားကျလာတာက အချိန်မကြာသေးဘူး ၊ နောက်မှာ ဆက်ပြီးနေသားကျသွားတော့မယ်.. ဒီသဘောပဲ)
.
ဒီပုံစံမှာကျတော့ ဖြစ်စဉ်ဟာ အခုအချိန်ကနေ အနာဂါတ်ကို ဆက်သွားမှာဆိုတော့ future ပုံစံထည့်မယ်ဆို ရသွားပြီ
Get လိုပဲ အခြားသော become တို့ grow တို့နဲ့လည်း တွဲသုံးလို့ရသေးတယ် ၊ အခြေအနေပေါ်မူတည်ပြီးသုံးရပါမယ်
.
(3.2) Little by little, he /became used to/ his new office.
နည်းနည်းချင်း နည်းနည်းချင်း သူ့ရုံးခန်းအသစ်နဲ့ ကျင့်သားရလာခဲ့ပါပြီ
(3.3) It took a long time to /grow used to/ getting up early in the morning.
မနက်စောစောအိပ်ယာထတဲ့ အလေ့အကျင့်ရဖို့က အချိန်အကြာကြီးယူပြီး ပြုစုပျိုးထောင်ခဲ့ရပါတယ်
(ဒီမှာ grow က (အလေ့အကျင့်တစ်ခု ကြီးထွားဖွံ့ဖြိုးလာအောင်) ပျိုးထောင်သည်.. လို့ယူရပါမယ်)
………………………………………….
ကဲတော်တော်များသွားပြီ ၊ များပြီး လည်သွားပြီလားမသိ ၊ အနှစ်ချုပ်လေးပြန်လုပ်ပေးပါ့မယ်
(၁) အလေ့ကျင့်လိုရှိခဲ့တယ် ၊ အခုပြတ်သွားပြီ
USED TO + V1 သုံးပါ (အလေ့အကျင့်ရှိခဲ့တယ်)
(၂) အရင်ကတည်းကရှိခဲ့တဲ့အလေ့အကျင့် ခုထိရှိဆဲပဲ ၊ ကျင့်သားရနေတာ ကြာလှပြီ
BE + USED TO + V-ING သုံးပါ (အလေ့အကျင့် ရှိဆဲပဲ )
(၃) ခု မကြာမတင်လေးကမှ စဖြစ်လာတဲ့ အလေ့အကျင့်
GET + USED TO + V-ING သုံးပါ (အလေ့အကျင့်ရလာပြီ)
…………………….
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...