Friday, October 21, 2016

ကျ​နော်​ ကွန်​ပြူတာ ပညာရှင်

Thanlay Ko
.
ကွန်​ပြူတာကို wifi ချိပ်​ပြီး သုံးချင်တဲ့အ​ခါ သူငယ်​ချင်းရဲ့ ဟိုတယ်​မှာ သွားသုံးရတယ်​။
ဟော်​တယ်​​ခေါင်​မိုးထပ်​မှာ dining room ရှိ​လေ​တော့ အဲ့ဒီမှာ သွားထိုင်​ပြီး သုံးရပါတယ်​။
အဲရ်​ကွန်းနဲ့ sky net TV နဲ့ ဆို​တော့ ဟန်​ကျတယ်​။
ကိုယ်က ​သူ​​ထေးရဲ့သူငယ်​ချင်းဆို​တော့ ​ရေ​နွေးကြမ်းနဲ့ ​ကော်​ဖီလည်း အလကားတိုက်​တယ်​။

နေ့တိုင်း ကွန်​ပြူတာတလုံးနဲ့ dining room ထဲ လာလာထိုင်​​နေတဲ့ကိုယ့်​ကို ဘာထင်​တယ်​မသိပါဘူး
တရက်​​တော့ ​ဟော်​တယ်​၀န်​ထမ်း​လေးက လာ​ပြောတယ်​... ...
'ဦး​လေးက ကွန်​ပြူတာ အရမ်းကျွမ်းတယ်​​နော်​'... တဲ့

ငိ ငိ
ကိုယ်​က ကွန်​ပြူတာထဲ ​ခေါင်းမ​ဖော်​တမ်းသာ ကြည့်​​နေတာရယ်၊ တကယ်က ​​​ဖေ့စဘုတ်​နဲ့ You Tube ချ​နေတာ။
ဒါ​ပေမယ့်​ ဟန်​ကိုယ့်​ဖိုဆို​တော့ ပြန်​​ဖြေရတာ​ပေါ့...
"ငှဲ ငှဲ ဒ​လောက်​လည်း ဟုတ်​ပါဘူးကွာ"... လို့။
သူကဆက်​​ပြောတယ်​... ...
"ကျ​နော့်​ ကွန်​ပြူတာ​လေး ကြည့်​​ပေးပါလား ဦး​လေး၊ ဘာဖြစ်​မှန်း မသိလို့"
ငင်​... ဘုရား ဘုရား
ဂျောက်​​တော့ ကျပြီ
ကိုယ်​က ဘာမှလည်း တတ်​တာမဟုတ်
မတတ်​ဘူး​ပြောလည်း ကြည့်​မ​ပေးချင်​လို့လို့ ထင်​မှာ
ဒါနဲ့ ​ပြောလိုက်​တယ်​... ...
"ယူခဲ့​လေ ကြည့်​ ကြည့်​တာ​ပေါ့"
သူ ကွန်​ပြူတာ ယူလာ​ပေးတယ်​... ...
"​ရော့... ဦး​လေး၊ ဒီမှာ..."
"​အေး... ဘာဖြစ်​တာလဲကွ မင့်​ကွန်​ပြူတာက"
"​လေးတာ ဦး​လေး၊ စက်​က ​တော်​​တော်​​လေး ​လေး​နေတာ"
"​အော်​... ဒါ​လေးများ လွယ်​ပါတယ်​၊ ​နောက်​ နာရီဝက်​​နေရင်​ လာယူလိုက်​"
"ဟုတ်​..."
... ဆိုပြီး သူထွက်​သွားတယ်​။
ကိုယ်​လည်း သူ့စက်​​ လေး​နေတဲ့ကိစ္စကို လုပ်​စရာရှိတာ လုပ်​​ပေးထားလိုက်​တယ်​။
ခဏ​နေ သူလာ​တော့ ​ပေးလိုက်​တယ်​။
"​ရော့ကွ..."
ကောင်​​လေးက အံ့သြတဲ့မျက်​နှာနဲ့ ကိုယ့်​ကိုကြည့်​ပြီး ထွက်​သွားတယ်​။
တော်​​တော်​​လေးကြာ​တော့ မျက်​စိပျက်​ မျက်​နှာပျက်​နဲ့ ပြန်​​ရောက်​လာပါ​လေ​ရော... ...
"ဦး​လေး... ကျ​နော့်​စက်​ကို ဘာလုပ်​လိုက်​တာလဲ ဟမ်​"
"မင်းစက်​က ​လေး​နေတယ်​ဆို"
"ဟုတ်​တယ်​​လေ... ​လေး​ပေမယ့်​ အရင်​က ဖွင့်​လို့​တော့ ရ​သေးတယ်​၊ ခု ဖွင့်​မရ​တော့ဘူး"
"​ဟျောင့်​... ဖွင့်​ရတာ မရတာ ငါစိတ်​မ၀င်​စားဘူး၊ ငါက စက်​ကို ​ပေါ့သွား​အောင်​ပဲ လုပ်​​ပေးတာ"
"ခများက ဘယ်​လို လုပ်​လိုက်​လို့လဲ"
"အထဲက မားသားဘုတ်​တွေ၊ တခြား ဆားကစ်​ပြား​တွေနဲ့ မဲမဲမြင်​ရာ အကုန်​ဖြုတ်​ပြီး လွှင့်​ပစ်​လိုက်​တယ်​​လေ၊ ခု မ,ကြည့်​​တော့ ​ပေါ့သွားပြီ မဟုတ်​လား"
"ဟမ်​မ​လေး... ဂစ်​ ဂစ်​ ဂစ်​"
လေးတယ်​ဆိုလို့ ​ပေါ့​အောင်​လုပ်​​ပေးတာကို တက်​ချက်​​နေ​သေးတယ်
ခက်​ဖူးလား
.
.
.
သန်​၄ကို ​ပေါက်​ကရ​လေးဆယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...