Tuesday, October 4, 2016

ကပ်ပါးနာ

Aung Cho

လူမမာရဲ့
အနာရောဂါက
ဆရာတွေစုံ
အချိန်တွေကုန်ပြီး
တော်ရုံနဲ့မပျောက်တော့
ကုမယ့်ဆရာတွေကိုကြောက်
အသက်တွေလည်းထောက်ခဲ့ပြီလေ ။

အမည်ပေါင်းစုံအနာ
သွေးကွဲနာ…
လူမျိုးနာ…
နယ်မြေနာ…
အာဏာ နာ…
……………
အနာတွေကထပ်ထပ်ပွားလို့
ယင်ကောင်တွေက နား
လောက်ကောင်တွေက စား
အသွေးသားကို ပြည် တည်
အကြော်သည်တွေကဆီညှော်ရန်တိုက်
လူမမာကမျက်ဖြူစိုက်ပြီး
ခန္ဓာလောင်မြိုက်လို့
အမော ဟိုက်နေပြီလေ ။
ပေါ်ကြွယ်ဝတဲ့အနာရှင်
ပတ်ဝန်းကျင်ကနှာခေါင်းရှုံ့
အဖက်မလုပ်တော့
အောက်ကျို့မျက်နှာငယ်
အမြစ်တွယ်နေတဲ့အနာစုံ
မခုံမင်…
မယုံချင်…
မကြုံချင်တော့လို့
တုန်ငင်ငင် ဖြစ်ချင်ဖြစ်
ထုံကျင်ကျင်ဖြစ်ချင်ဖြစ်
အက်ဆစ်လောင်း စားထုတ်လို့
သွေးပုပ်တော့မယ့်အနာတွေကို
ခန္ဓာကိုယ်ကအရင်ရှင်း
လူမမာ ရောဂါတွေမကင်းသေးပေမယ့်
အနာ တွေတော့ရှင်းသွားမယ်လေ ။ ။
(ကိုရွှေကေဇာ)
21-10-2016
9:42pm

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...