Saturday, October 1, 2016

အစြမ္းထက္ေသာ သစၥာလက္နက္

ေရွးအခါက ခ်ံဳႏြယ္ပိတ္ေပါင္းတို႔ျဖင့္ ဝိုင္းရံထားေသာ ေရအိုင္ၾကီးတစ္အိုင္ရိွသည္။ ထိုအိုင္တြင္ ငါးရံ႕ၾကီးတစ္ေကာင္သည္ မင္းျပဳျပီး ငါးအေပါင္းျခံရံကာ ေနထိုင္သည္။ ငါးရံ႕ဆိုသည္မွာ မ်ိဳးတူငါးမ်ားအား စားေသာက္တတ္ေသာ္လည္း ငါးရံ႕မင္းသည္ မည္သည့္ငါးကိုမွ မသတ္စားသျဖင့္ ငါးမ်ားကလည္း ခ်စ္ခင္ၾကသည္။
တစ္ႏွစ္တြင္ မိုးေခါင္သျဖင့္ အင္းအိုင္တို႔ ခမ္းေျခာက္ကုန္သည္။ ငါးရံ႕မင္းေနထိုင္ေသာ ကန္သည္လည္း ေရခမ္းေလသည္။ ငါးအေပါင္းသည္ ရႊံ႕ႏြံမ်ားအၾကားတိုးဝင္ကာ အသက္ရွင္သန္ရန္ ေၾကာက္လန္႔တၾကား ၾကိဳးပမ္းၾကရသည္။
က်ီး ႏွင့္ သားစားငွက္အေပါင္းသည္ ငါးမ်ားအား ထိုးသုတ္စားေသာက္ၾကကုန္သည္။ ငါးရံ႕မင္းသည္ မိမိ၏ ေဆြမ်ိဳးငါးအေပါင္းတို႔ အတိဒုကၡေရာက္ေနၾကသည္ကို ၾကည့္ျပီး စိတ္ေရာ၊ ကိုယ္ပါ ႏြမ္းနယ္ေနေတာ့သည္။ ငါးရံ႕မင္းသည္ မိမိတြင္ သစၥာမွတပါး အျခားအားကိုးအားထားျပဳစရာ မရိွျပီဟု ေတြးမိကာ "ငါသည္ အသားစားငါးမ်ိဳးျဖစ္ပါေသာ္လည္း မည္သည့္ငါးကိုမွ မစားမေသာက္ခဲ့ေခ်။ ဤမွန္ေသာ သစၥာစကားေၾကာင့္ မိုးရြာျပီး ငါႏွင့္ ငါ၏ေဆြမ်ိဳးတို႔ ဆင္းရဲဒုကၡမွ လြတ္ေစသတည္း။" ဟု ပဇၨဳန္နတ္မင္းအား တိုင္တည္ျပီး သစၥာျပဳသည္။ ငါးရံ႕မင္း၏ မွန္ကန္ေသာ သစၥာအာႏုေဘာ္ေၾကာင့္ ပဇၨဳန္နတ္မင္းလည္း မေနသာေတာ့ဘဲ ၾကီးစြာေသာမိုးကို ရြာေစသည္။ ေရကိုမွီျပီး ရွင္သန္ရေသာ သတၱဝါအေပါင္းတို႔သည္ အသက္ခ်မ္းသာရာ ရေလသည္။
သစၥာလက္နက္သည္ စြမ္းသည္ဟု အၾကိမ္ၾကိမ္ ဖတ္ရႈမွတ္သားဖူးၾကသည္။ သို႔ေသာ္ တကယ့္လက္ေတြ႕ ေဘးၾကပ္နံၾကပ္ အေျခအေနမ်ိဳး ေတြ႕ၾကံဳသည့္အခါ သစၥာျပဳစရာမရိွ ျဖစ္တတ္ၾကသည္။ သစၥာျပဳတိုင္တန္ႏိုင္ရန္ ေစာင့္ထိန္းႏိုင္ေသာ (သို႔မဟုတ္) ျပဳလုပ္ႏိုင္ေသာ အေၾကာင္းတစ္ရပ္ကို ယေန႔မွစျပီး မည္သူမဆို ေစာင့္ထိန္းက်င့္ၾကံျခင္းျဖင့္ သစၥာလက္နက္ကို စတင္တည္ေဆာက္ႏိုင္သည္။ ဥပမာအားျဖင့္ ေစာင့္ထိန္းရာတြင္ ယေန႔မွစျပီး မည္သည့္သတၱဝါမွ မသတ္ျဖတ္ျခင္း (သို႔မဟုတ္) ေျခေလးေခ်ာင္းရိွေသာ မည္သည့္သတၱဝါမွ မသတ္ျဖတ္ျခင္း အစရိွသျဖင့္ ေစာင့္ထိန္းလိုေသာ ကံတစ္ခုကို တိတိက်က်ေစာင့္ထိန္းကာ သစၥာလက္နက္တစ္ခု တည္ေဆာက္ႏိုင္သည္။ ျပဳလုပ္ႏိုင္ေသာအရာမ်ားမွ ယေန႔မွစျပီး လစဥ္ ဆီတစ္ပိႆာလွဴဒါန္းမည္ (သို႔မဟုတ္) ယေန႔မွစျပီး ညအိပ္ယာမဝင္ခင္ မိဘအား အရိုအေသျပဳ ရိွခိုးျပီးမွ အိပ္မည္ဟု စိတ္ပိုင္းျဖတ္ကာ တိတိက်က်ျပဳလုပ္ျခင္းျဖင့္ အစြမ္းထက္လွေသာ သစၥာလက္နက္ကို တည္ေဆာက္ႏိုင္ေပသည္။ သစၥာလက္နက္၏ အစြမ္းကို ေကာင္းေသာေနရာမ်ားတြင္သာ အသံုးျပဳရင္း ဆင္းရဲဒုကၡအေပါင္းမွ လြတ္ေျမာက္ႏိုင္ေစရန္ ရည္ရြယ္ျပီး ငါးရာ့ငါးဆယ္ဇာတ္နိပါတ္ေတာ္လာ မစၦဇာတ္ေတာ္ကို ယခုအပတ္အတြက္ ေဖာ္ျပေပးလိုက္ပါသည္။
ခ်မ္းေျမ့ (ရိုးရာေလး)
http://yoyarlay.com/knowl…/religious/667-2016-09-30-08-44-27

#stacy_yyl #religious_yyl (unicode version)
အစွမ်းထက်သော သစ္စာလက်နက်
ရှေးအခါက ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ဝိုင်းရံထားသော ရေအိုင်ကြီးတစ်အိုင်ရှိသည်။ ထိုအိုင်တွင် ငါးရံ့ကြီးတစ်ကောင်သည် မင်းပြုပြီး ငါးအပေါင်းခြံရံကာ နေထိုင်သည်။ ငါးရံ့ဆိုသည်မှာ မျိုးတူငါးများအား စားသောက်တတ်သော်လည်း ငါးရံ့မင်းသည် မည်သည့်ငါးကိုမှ မသတ်စားသဖြင့် ငါးများကလည်း ချစ်ခင်ကြသည်။
တစ်နှစ်တွင် မိုးခေါင်သဖြင့် အင်းအိုင်တို့ ခမ်းခြောက်ကုန်သည်။ ငါးရံ့မင်းနေထိုင်သော ကန်သည်လည်း ရေခမ်းလေသည်။ ငါးအပေါင်းသည် ရွှံ့နွံများအကြားတိုးဝင်ကာ အသက်ရှင်သန်ရန် ကြောက်လန့်တကြား ကြိုးပမ်းကြရသည်။ ကျီး နှင့် သားစားငှက်အပေါင်းသည် ငါးများအား ထိုးသုတ်စားသောက်ကြကုန်သည်။ ငါးရံ့မင်းသည် မိမိ၏ ဆွေမျိုးငါးအပေါင်းတို့ အတိဒုက္ခရောက်နေကြသည်ကို ကြည့်ပြီး စိတ်ရော၊ ကိုယ်ပါ နွမ်းနယ်နေတော့သည်။ ငါးရံ့မင်းသည် မိမိတွင် သစ္စာမှတပါး အခြားအားကိုးအားထားပြုစရာ မရှိပြီဟု တွေးမိကာ "ငါသည် အသားစားငါးမျိုးဖြစ်ပါသော်လည်း မည်သည့်ငါးကိုမှ မစားမသောက်ခဲ့ချေ။ ဤမှန်သော သစ္စာစကားကြောင့် မိုးရွာပြီး ငါနှင့် ငါ၏ဆွေမျိုးတို့ ဆင်းရဲဒုက္ခမှ လွတ်စေသတည်း။" ဟု ပဇ္ဇုန်နတ်မင်းအား တိုင်တည်ပြီး သစ္စာပြုသည်။ ငါးရံ့မင်း၏ မှန်ကန်သော သစ္စာအာနုဘော်ကြောင့် ပဇ္ဇုန်နတ်မင်းလည်း မနေသာတော့ဘဲ ကြီးစွာသောမိုးကို ရွာစေသည်။ ရေကိုမှီပြီး ရှင်သန်ရသော သတ္တဝါအပေါင်းတို့သည် အသက်ချမ်းသာရာ ရလေသည်။
သစ္စာလက်နက်သည် စွမ်းသည်ဟု အကြိမ်ကြိမ် ဖတ်ရှုမှတ်သားဖူးကြသည်။ သို့သော် တကယ့်လက်တွေ့ ဘေးကြပ်နံကြပ် အခြေအနေမျိုး တွေ့ကြုံသည့်အခါ သစ္စာပြုစရာမရှိ ဖြစ်တတ်ကြသည်။ သစ္စာပြုတိုင်တန်နိုင်ရန် စောင့်ထိန်းနိုင်သော (သို့မဟုတ်) ပြုလုပ်နိုင်သော အကြောင်းတစ်ရပ်ကို ယနေ့မှစပြီး မည်သူမဆို စောင့်ထိန်းကျင့်ကြံခြင်းဖြင့် သစ္စာလက်နက်ကို စတင်တည်ဆောက်နိုင်သည်။ ဥပမာအားဖြင့် စောင့်ထိန်းရာတွင် ယနေ့မှစပြီး မည်သည့်သတ္တဝါမှ မသတ်ဖြတ်ခြင်း (သို့မဟုတ်) ခြေလေးချောင်းရှိသော မည်သည့်သတ္တဝါမှ မသတ်ဖြတ်ခြင်း အစရှိသဖြင့် စောင့်ထိန်းလိုသော ကံတစ်ခုကို တိတိကျကျစောင့်ထိန်းကာ သစ္စာလက်နက်တစ်ခု တည်ဆောက်နိုင်သည်။ ပြုလုပ်နိုင်သောအရာများမှ ယနေ့မှစပြီး လစဉ် ဆီတစ်ပိဿာလှူဒါန်းမည် (သို့မဟုတ်) ယနေ့မှစပြီး ညအိပ်ယာမဝင်ခင် မိဘအား အရိုအသေပြု ရှိခိုးပြီးမှ အိပ်မည်ဟု စိတ်ပိုင်းဖြတ်ကာ တိတိကျကျပြုလုပ်ခြင်းဖြင့် အစွမ်းထက်လှသော သစ္စာလက်နက်ကို တည်ဆောက်နိုင်ပေသည်။ သစ္စာလက်နက်၏ အစွမ်းကို ကောင်းသောနေရာများတွင်သာ အသုံးပြုရင်း ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်စေရန် ရည်ရွယ်ပြီး ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်လာ မစ္ဆဇာတ်တော်ကို ယခုအပတ်အတွက် ဖော်ပြပေးလိုက်ပါသည်။
ချမ်းမြေ့ (ရိုးရာလေး)

0 comments:

Post a Comment

စာမေရးျဖစ္ေတာ့တာေၾကာင့္ က်ေနာ္ႀကိဳက္ၿပီး ဖတ္ေစခ်င္တဲ့ စာေလးေတြကို တင္ထားပါတယ္ဗ်ာ

Followers

Total Pageviews

အမွာပါးစရာမ်ားရွိေနရင္

Pop up my Cbox

Blog Archive

အက္ဒမင္

အျခားက႑မ်ားကို ေလ့လာရန္

ရွာေဖြေလ ေတြ႔ရွိေလ

စာေပျမတ္ႏိုးသူမ်ား

free counters
Related Posts Plugin for WordPress, Blogger...