Wednesday, October 26, 2016

အသံ (သတိ ၁၈+)

Thanlay Ko

လူတစ်​​ယောက်​ ဆိုင်​ကယ်​​မှောက်​လို့ ​ဆေးရုံ​ရောက်​လာတယ်​။
သတိ​​​မေ့​နေတဲ့သူ့ ကို အထူးကြပ်​မတ်​ကုသ​ဆောင်​မှာထားပြီး ကုသ​ပေး​နေရတယ်​။
ညပိုင်း​ရောက်​​တော့...
သူ့အခန်းထဲ သူနာပြုဆရာမတဦး ၀င်​လာတယ်​။
ဆရာမကိုမြင်​​တော့ သတိပြန်​ရ​နေပြီဖြစ်​တဲ့ လူနာက ​မေးတယ်​... ...
"ဆရာမ... ¿#!£€®©%*#"

"တန်ဖိုးချင်းတော့ မတူနိုင်"

Soe Naing

တစ်ခါတုန်းက သစ်ပင်တွေဟာ စကားပြောတတ်တယ်ဆိုပဲ။ စကားပြောတတ်တဲ့ သစ်ပင်တွေကို ပန်းပုဆရာတစ်ယောက်က ပန်းပုထုဖို့ ယူလာခဲ့တယ်။ ခုတ်ထားတဲ့ သစ်သား တုံးတွေကို ပန်းပုထုတော့ သစ်သားတုံးတစ်တုံးက အထုခံရ၊ အခုတ်ခံရ၊ အထွင်းခံရ၊ အရိုက်ခံရ၊ အနှက်ခံရတော့ "နာတယ်" ဆိုပြီး အော်တယ်။
ဒါကြောင့် ပန်းပုဆရာဟာ အဲ့သစ်သားတုံးကို အသေးစိတ် မွန်းမံမနေတော့ဘဲ တုံးမောင်းအဖြစ်၏နဲ့ပဲ ထားခဲ့လိုက်တော့တယ်။
နောက်သစ်သားတုံးတစ်တုံးကျတော့ ဘယ်လောက် နာပေမယ့် သူ မအော်ဘဲ ကြိတ်မှိတ်သည်းခံပြီးတော့ နေခဲ့လိုက်တယ်။ ပန်းပုဆရာက အဲဒီသစ်တုံးကိုကျတော့ လူသားတွေ အပူဇော်ခံမယ့် နတ်ဘုရားရုပ်တုအဖြစ် ထုခဲ့လိုက်တယ်။

ios မှာ အမြဲတမ်းတွေ့နေရတဲ့ မေးခွန်းတွေနဲ့ အဖြေတွေ

ကိုရီးယား-မြန်မာ

 1. iPhone မှာ Video ဘယ်လိုဒေါင်းမလဲ?
ဒီ App တွေကနေဒေါင်းပါ (FB Video လည်းရပါတယ်)
Files - File Browser & Manager by Efrem Nebay
https://appsto.re/us/qv-leb.i

QWE by Baulin Roman
https://appsto.re/us/NDUW3.i
2. MP3 ဘယ်လိုဒေါင်းမလဲ?
ဒီ App တွေကနေဒေါင်းပါ

အိမ်ထောင်ဖက်ဆိုသည်မှာ

Lwin Pyin

တစ်ယောက်နဲ့ တစ်ယောက်
မိသားစု တစ်ခုစီကနေ မွေးဖွားပြီး
ဖူးစာဖက်ဖြစ် ပေါင်းဖော်ခွင့်ရတာဟာ
အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။

ဘဝ ဘဝများစွာက
အတူပြုခဲ့ကြတဲ့ ကောင်းမှု ကုသိုလ်
သဒ္ဒါ သီလ စာဂ ပညာတွေ
တူမျှခဲ့တာကြောင့်
ဒီဘဝမှာလည်း ဆုံတွေ့ကြရပါတယ်။

ဘဝအချိုပွဲ ------(နှလုံးသားအာဟာရ)

Soe Naing

"ပညာရေး၊ မိသားစု၊ ကျန်းမာရေး၊ ....." စတာတွေ တစ်ခုမှစိတ်တိုင်းကျမဖြစ်ဘူးလို့ လူငယ်တစ်ဦးက အဘွားဖြစ်သူကို ညည်းတွားတိုင်တန်းတယ်။
အဲဒီအချိန်မှာ ကိတ်မုန့်ဖုတ်နေတဲ့အဘွားက မြေးဖြစ်သူကို ကိတ်မုန့်စားမလားလို့မေးတော့ လူငယ်က ဝမ်းသာအားရ ချက်ချင်းခေါင်းညိတ်တယ်။
အဘွားက သူ့ကို ဂျုံမှုန့်စားဖို့ကမ်းပေးတော့ လူငယ်က သဘောမကျဟန်နဲ့ "ဂျုံမှုန့်! ဒီလောက်စားရခက်တာ ဘွားဘွားကလဲ"လို့ပြန်ပြောတယ်။
"ဒါဆိုရင် ကြက်ဥအစိမ်းစားကြည့်ပါလား?" လို့ အဘွားကဆိုတော့ မြေးက "ဘွားဘွား ဘယ်လိုဖြစ်တာလဲ? ဒါတွေက အရမ်းစားရခက်တဲ့ အရာတွေပါ" လို့ဆိုတယ်။
"တကယ်တော့ ဒီအရာတွေကိုယ်၌က စားရခက်တာပါ။ ဒါပေမယ့် သူတို့ကို မှန်ကန်တဲ့နည်းနဲ့ပေါင်းစပ်ပြီး မီးဖုတ်ခဲ့ရင် အရသာရှိတဲ့မုန့်(အချိုပွဲ) ဖြစ်သွားပါတယ်" လို့ အဘွားက ဆက်ပြောပါတယ်။

"'ဒုံးကျည်နဲ့ လောင်ချာ ယူခဲ့ပါမောင်ရယ်"

Min Myat Maung ·

သူများတွေ အိပ်တဲ့အချိန် ည ၁၀ နာရီခွဲကျော်တဲ့အထိ လော်စပီကာကြီး ဖွင့်နေတဲ့ ဓမ္မာရုံထဲဝင်ပြီး ပလပ်ကြိုးဖြုတ်လိုက်တဲ့ နယ်သာလန်နိုင်ငံသားအကြောင်း ရေးခဲ့တယ်။ ကျနော့အရင်ပို့စ်အောက်မှာ ဝင်ရေးကြတဲ့ ကွန်မန့်တွေ ဖတ်ကြည့်လိုက်မှ ပလပ်ကျွတ်နေတဲ့ မြန်မာတွေ အတော်များမှန်းသိရတယ်။ လော်ကြီးကျယ်ကျယ်ဖွင့်မှ သာသနာတော် ပြန့်ပွားမယ်လို့ ယုံကြည်စွာ လော်စပီကာကိုးကွယ်သူတွေ ရှိနေတာ အံ့အားသင့်စရာ တွေ့ရပါတယ်။
ဆော်ဒီမှာ ၊ တူရကီမှာ၊ အီရတ်မှာ၊ မူစလင်နိုင်ငံတွေမှာ ဒါမျိုး သွားလုပ်ကြည့်ပါလား၊

သစ်ထူးလွင် (26-10)

သစ်ထူးလွင်



Friday, October 21, 2016

ကျ​နော်​ ကွန်​ပြူတာ ပညာရှင်

Thanlay Ko
.
ကွန်​ပြူတာကို wifi ချိပ်​ပြီး သုံးချင်တဲ့အ​ခါ သူငယ်​ချင်းရဲ့ ဟိုတယ်​မှာ သွားသုံးရတယ်​။
ဟော်​တယ်​​ခေါင်​မိုးထပ်​မှာ dining room ရှိ​လေ​တော့ အဲ့ဒီမှာ သွားထိုင်​ပြီး သုံးရပါတယ်​။
အဲရ်​ကွန်းနဲ့ sky net TV နဲ့ ဆို​တော့ ဟန်​ကျတယ်​။
ကိုယ်က ​သူ​​ထေးရဲ့သူငယ်​ချင်းဆို​တော့ ​ရေ​နွေးကြမ်းနဲ့ ​ကော်​ဖီလည်း အလကားတိုက်​တယ်​။

နေ့တိုင်း ကွန်​ပြူတာတလုံးနဲ့ dining room ထဲ လာလာထိုင်​​နေတဲ့ကိုယ့်​ကို ဘာထင်​တယ်​မသိပါဘူး
တရက်​​တော့ ​ဟော်​တယ်​၀န်​ထမ်း​လေးက လာ​ပြောတယ်​... ...
'ဦး​လေးက ကွန်​ပြူတာ အရမ်းကျွမ်းတယ်​​နော်​'... တဲ့

English Speaking Basics (8) အင်္ဂလိပ်စကားပြော အခြေခံများ

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

ဒီ တစ်ပတ်မှာတော့ စကားပြောသင်ခန်းစာလေးတွေအပြင်..သူတို့နဲ့ ဆက်စပ်နေတဲ့ အသုံးအနှုန်း ပုံစံမူကွဲလေးတွေကိုပါ နှိင်းယှဉ်မှတ်သားနိုင်စေဖို့ ရှင်းလင်းသွားပါမယ် ၊ တစ်ခုချင်း တွေ့တာလေးတွေကို မှတ်ထားရာကနေ ပုံစံကွဲလေးတွေ တွေ့လာတဲ့အခါ ရောထွေးသွားတတ်တာ ဝေခွဲ မရဖြစ်သွား တာမျိုးလေးတွေ ဖြစ်တတ်တဲ့အတွက်ကြောင့် တစ်ခါတည်း နှိင်းယှဉ်မှတ်သားလိုက်လျင် မရှုပ်ထွေးတဲ့အပြင် တခြားသူတွေနဲ့ ပြောဆိုဆွေးနွေးဖို့ ကြုံလာလျင်လည်း ပိုင်ပိုင်နိုင်နိုင် ပြောဆိုနိုင်မှာ ဖြစ်ပါတယ် ။ အသေးစိတ် နက်နက်ရှိုင်းရှိုင်း ရှင်းပြထားပါတယ် ၊ အဆက်အစပ်မိသွားအောင် အကြိမ်ကြိမ်ဖတ်ပါ လို့ မေတ္တာရပ်ခံပါတယ် ..

အချက်ပြ မီးခိုး

သုတဇုန်

တစ်ခါတုန်းက လူတစ်ယောက်ဟာ သင်္ဘောပျက်ပြီး ကျွန်တစ်ကျွန်းပေါ်က တစ်ယောက်တည်း ရောက်သွားသတဲ့။
သူဟာ နေ့စဉ်နေ့တိုင်း သူ့ကို ကယ်ဖို့ ဘုရားသခင်ထံ ဆုတောင်းပါတယ်။ အကူအညီများ လာလေမလားလို့ ကမ်းစပ်က ပင်လယ်ထဲကို မျှော်ကြည့်တာလည်း အချိန်တိုင်းလိုလိုပါပဲ။ မျှော်ပေမယ့် အရိပ်အရောင်တောင် မတွေ့ပါဘူး။

ကျွန်တော့်ထမင်းအိုး

Tin Nyunt

ကျွန်တော် အင်တာနက်ကို မသုံးနိုင်ကြတဲ့ အချိန်ကတည်းက ကွန်ပျူတာသုံးတာ။ ကွန်ပျူတာ သုံးတာ စာစီစာရိုက်လုပ်ချင်တာလည်းပါတယ်။ ပြီးတော့ ကွန်ပျူတာထဲကို Encyclopedia စီဒီတွေထည့်ပြီး စာတွေ ဖတ်ရတာ သဘောကျတယ်။
တက္ကသိုလ်တက်စဉ်က ကွန်ပျူတာ မပေါ်သေးဘူး။ တက္ကသိုလ်စာကြည့်တိုက်ကို နေ့တိုင်းသွားတယ်။ စာဖတ်ခန်းထဲမှာ ထားပေးထားတဲ့ Encyclopedia တွေကို တစ်အုပ်ပြီးတစ်အုပ်လိုက်ဖတ်တယ်။ ကူးစရာတွေ ထိုင်ကူးတယ်။
ကွန်ပျူတာနဲ့ Encyclopedia တွေကြည့်လို့ရတဲ့ခေတ်ရောက်လာတော့ စီဒီတွေ ဝယ်စုပြီးဖတ်တယ်။ အဲဒီထဲက အကြောင်းတွေကို စာရေးတယ်။ Encyclopedia တွေရှိနေသမျှ ထမင်းမငတ်တော့ဘူးလို့ သိလာတယ်။
အင်တာနက်ကို တစ်မျက်နှာပေါ်လာဖို့ အကြာကြီးထိုင်စောင့်ရတဲ့ ခေတ်ကတည်းကသုံးတယ်။ တစ်နာရီ ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်ပေးရကတည်းကလည်း သုံးတယ်။ တစ်ခါ download လုပ်ထားရင် တစ်နာရီလောက် ကြာတတ်တဲ့ ခေတ်ကိုလည်း ကျော်ဖြတ်ခဲ့ဖူးတယ်။

"စက်ဝိုင်းမှာ ဘာတွေရေးထားမှန်း..မသိဘူးဆိုသူတို့ အတွက်..ပဋိစ္စသမုပ္ပါဒ် ရှင်းတမ်း( ပထမပိုင်း )"

ခန္ဓာ-၅ပါး တစ်ဦး

"ပဋိစ္စသမုပ္ပါဒ်" ဒေသနာတော်ဟာ ခက်ခဲနက်နဲ လှတဲ့အတွက်..
"ပဋိစ္စသမုပ္ပါဒ် ရှင်းတမ်း" လို့ အမည်ပေးထားတဲ့ ဒီစာစု ကို ပြုစု ရေးသားဖို့ အတော်အချိန်ယူခဲ့ရတဲ့အပြင်၊ အတတ်နိုင်ဆုံး နားလည်ရ လွယ်အောင်နဲ့ စာကြောင်းရေ နည်းအောင် ကြိုးစားထားပေမယ့် စာကြောင်းရေ က များရသည်က တစ်ကြောင်း၊ ဖေ့စဘုတ် စာမျက်နှာတွင် စာကြောင်း အရေအတွက် ကို ကန့် သတ်ချက်ရှိတဲ့အတွက်ကြောင့် ( နှစ်ပိုင်း) ခွဲပြီး ရေးသား ဖေါ်ပြလိုက်ခြင်းကြောင့် ဓမ္မမိတ်ဆွေတို့ အနေ ဖြင့် ဖတ်ရှုမှု လွယ်ကူစေရန် အတွက် အရင်ဆုံး လက်ကိုင်ဖုန်းမှာသော်လည်းကောင်း၊ မိမိတို့ ကွန်ပြူတာ မှာ သော်လည်းကောင်း သိမ်းဆည်းပြီး၊ အချိန်ပေးနိုင်မှသာ အေးအေးဆေးဆေးဖတ်ရှုကြဖို့ တိုက်တွန်းအပ်ပါသည်။

" ဆည်မနိုင်တဲ့ စုန်ရေ "

 "အမေကသားကို မချစ်ပါဘူးဗျာ"
"နင်က ချစ်စရာ ကောင်းတာကိုး အကောင်ရဲ့"
"အမေက သားကို ဆိုအကောင်းကိုမပြောဘူး"
"အေးဟေ့ ငါ့သားလေး သိပ်ချစ်တာပဲ တွေ ဘာတွေ ပြောမနေအားဘူး ၊ လုပ်စားရတာ မောရတဲ့ကြား နင်ကတစ်မျိုး ရော့ ဒီမှာ လက်ဖက်ရည်ဖိုး ထားခဲ့တယ် သွားမယ် "
ကျွန်တော်ပြုံးလိုက်သည်။ သေချာအောင် စောင်ထဲက ချောင်းကြည့်လိုက်သည်။ ပိုက်ဆံ တစ်ထောင်တန်ကိုမြင်မှ စောင်ခြုံပြီး အသာပြန်ကွေးနေလိုက်သည်။

ဦးကိတ္တိနှင့် ကျွန်တော်

Tin Nyunt

တောထဲတောင်ထဲ ငှက်ဖျားဆိုတဲ့ရွာရောဂါကြားထဲ နှစ်ပေါင်းများစွာ နေပေမယ့် ကျွန်တော် ကျန်းမာတယ်။ ဘာကြောင့် ကျန်းမာသလဲဆိုတော့ (၁) အရက်မသောက်ဘူး (၂) ဘယ်မှာအိပ်အိပ် ခြင်ထောင်နဲ့ပဲ အိပ်တယ် (၃) မနက်တိုင်း လမ်းလျှောက် ကျန်းမာရေးလုပ်တယ်။ ဒီအကျိုးတရားကြောင့် ထင်ပါတယ် အတူတူလာတဲ့ ဆရာတွေ ဆရာမတွေ ငှက်ဖျားစွဲကုန်ချိန်မှာ ကျွန်တော်ကတော့ ပန်းပန်လျက်ပဲ။
ဒါပေမဲ့ လူပဲ တစ်နေ့တော့ ဖျားပါတော့တယ်။ မနက်ခင်း ကျောင်းခြံစည်းရိုးဘေးက ရေမြောင်းတွေကို ဖော်နေတာ မိုးရွာထဲမှာ ကြာသွားတယ်။ ဒီတော့ တစ်နေ့လုံး မျက်စိတွေစပ်၊ နှာရည်တွေယို၊ ချောင်းတွေဆိုး တော့တာပဲ။
ဆရာတွေက အဆောင်မှာ သွားပြန်နားဖို့ ပြောပေမယ့် ၉ တန်းတစ်ချိန်ကို အောင့်အည်းပြီး သင်လိုက်သေး တယ်။ နောက်ဆုံးအချိန်တော့ မဟန်နိုင်တော့လို့ “ငါတော့ အဆောင်ပြန်ပြီး နားမှဖြစ်တော့မယ်ဟေ့” လို့ ရုံးခန်း ထဲမှာ ကြေညာလိုက်တယ်။ ဆရာမလေးတွေက “ခုမှပဲ ဒီစကား ကြားဖူးတော့တယ်။ နားသင့်တာ ကြာနေပြီ” လို့ ဝိုင်းပြောကြတယ်။

Tuesday, October 4, 2016

အရွယ်

Myanmar Daily Star

အသက် ၂၀ တုန်းက အိမ်မှာနေတာနဲ့ ခရီးသွားတာ သိပ်မကွာလှပါ။
ဘယ်နေရာ ရောက်ရောက် ခဏလေးနဲ့ အကျွမ်းတ၀င်ဖြစ်သွားတယ်။
အသက် ၃၀ မှာ နေ့တာနဲ့ ညတာ သိပ်မကွာလှပါ။
ဘယ်နှစ်ညပဲ အိပ်ရေးပျက်ပျက် ဘာမှမဖြစ်သလိုပဲ။
အသက် ၄၀ ရောက်တော့ ဘွဲ့ရတာနဲ့ ဘွဲ့မရတာ သိပ်မကွာလှပါ။
ကျောင်းမပြီးလိုက်တဲ့ သူငယ်ချင်းတွေ ၀င်ငွေပိုကောင်းနေသလိုပဲ။

ကပ်ပါးနာ

Aung Cho

လူမမာရဲ့
အနာရောဂါက
ဆရာတွေစုံ
အချိန်တွေကုန်ပြီး
တော်ရုံနဲ့မပျောက်တော့
ကုမယ့်ဆရာတွေကိုကြောက်
အသက်တွေလည်းထောက်ခဲ့ပြီလေ ။

“ ဥသြတွန်တဲ့ လရာသီ ”

Min Ko Naing

သမီးနဲ့သား..
ဒီတစ်ပတ်တော့ စကားတွေ အတူပြောပြီး မငြင်းနိုင်
တော့ဘူး။ စာရေးပြီး ပြောပြတာပဲ တတ်နိုင် တော့မယ်။
အဝေးကြီး ရောက်နေလို့ပါ။ ဘယ်ရောက်နေလဲဆိုတာ
နောက်ပြီးမှ ပြောပြမယ်။ ဒီရောက်ရောက်ချင်း သမီး
နဲ့သားကို သတိရစရာတွေ့တာပဲ။ ဘာလဲဆိုတော့
သမီးနဲ့သားတို့ စိတ်ဝင်စားတဲ့ အကြောင်းပေါ့။ ကိုယ်
သိထားတာ အမြဲမှန်တယ်လို့ ထင်နေရာက နောက်ထပ်
အမျိုးမျိုးလည်း ရှိသေးတယ်ဆိုတာ သိရင် အမြဲအံ့သြတယ်၊
ပြီးတော့ သဘောကျတယ် မဟုတ်လား။

အရပ်သားဘဝ စိတ်နာအောင်လုပ်ကြသူတွေ

Tin Nyunt

ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူကတော့ သမ္မတရုံး အပါအဝင် အခြားဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေမှာ ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်နေတဲ့ အငြိမ်းစား တပ်မတော်အရာရှိပေါင်း (၅၄၁ ဦး) ရှိတယ်လို့ ပြော လိုက်ပြီဗျ။ ပြောချင်လို့ပြောတာ မဟုတ်ပါဘူး။ လွှတ်တော်မှာ မေးလို့ပြောရတာပါ။
အရပ်ဘက် အဖွဲ့အစည်းတွေထဲကို တပ်အဖွဲ့အစည်းထဲက လူပေါင်း ၅၄၁ ဦး ဝင်ပြီးတော့ နေရာယူလိုက်တော့ ဘာဖြစ်သွားသလဲ။
ရှင်းနေတာပဲဗျာ။ အရပ်ဘက်က ပညာရှင် ၅၄၁ ဦး နေရာပျောက်သွားရတော့တာပေါ့။ ငါတပ်က လာတာပဲ ဆိုပြီး အမြင့်ဆုံးကုလားထိုင်တွေပေါ် တက်ထိုင်လိုက်တော့ အရပ်ဘက်မှာ နှစ်ပေါင်းများစွာ ခေါင်းဖြူအောင် လုပ်နေရသူတွေဟာ အဲဒီ ကုလားထိုင်တွေနဲ့ ပိုပြီး အလှမ်းဝေးကုန်ကြရပါတယ်။
အလှမ်းဝေးတယ်ဆိုတာ ရိုးရိုးဝေးတာ မဟုတ်ဘူး။ စိတ်ပျက်လက်ပျက်ဝေးတာ။ ဌာနဆိုင်ရာအထဲမှာ အဲဒီလို ရောက်လာတဲ့ ရေမျောကမ်းတင်တွေကို ပေါင်းပြီး စားနိုင်တဲ့ကောင်တွေက ထပ်ဆင့်ရာထူးတွေတိုး။ တပ်ကလာလို့ ဘာပညာမှမတတ်၊ လုပ်ငန်းလည်းမတတ်၊ အတွေ့အကြုံလည်းမရှိလို့ မလေးစားဘဲ ဂရုမစိုက် နေသူတွေကတော့ ချောင်ထိုးခံရ။

မြန်မာပြညိဟိုင်းဝေး

Nyi Nyi Tun 

နေပြည်တော်အမြန်လမ်းဆိုတာကြီးကို နိုင်ငံပိုင်ငွေကြေးမြောက်များစွာ အကုန်အကျခံပြီး ဖောက်လုပ်ပေးခဲ့တယ်။
ဘယ်လောက်တောင် စောက်သုံးမကျတဲ့ကောင်လည်းဆိုတာ ဒီစာလေးဖတ်ကြည့်လိုက်ရင် သိသွားမယ်။
တရုတ်ပြည်မှာ လမ်းဖောက်တာ အစိုးရကတပြားတချပ်မှအကုန်အကျမခံဘူး။ပုဂ္ဂလိကကို အကုန်အပ်လိုက်ပြီး လမ်းကြေးကောက်ပြီးပိုက်ဆံပြန်ရှာစေတယ်။မြန်မာပြည်မှာတော့ ခွေးသူခိုးတွေက နိုင်ငံပိုင်ပိုက်ဆံတွေနဲ့ အမြန်လမ်းကြီးကိုဖောက်ခိုင်းတယ်။ GEတို့ဆောက်လုပ်ရေးတို့နဲ့ပေါင်းပြီး ပုဂ္ဂလိကကုမ္ပဏီတွေ ပက်ပက်စက်စက် ခိုးပွဲကြီးဆင်နွှဲကြကာ ကျိကျိတက်ချမ်းသာသွားကြတယ်။

အမှိုက်ပုံး

Tin Nyunt


ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အထက်တန်းပြဆရာ၊ ဆရာမ နှစ်ထောင်ကျော်ကို “ကန်ထရိုက် စနစ်” နဲ့ ချက်ချင်းခန့်တော့မတဲ့ဗျ။
ပညာရေးဝန်ကြီးရဲ့ဒေတာတွေကလည်း ရယ်စရာကိုဖြစ်လို့။ ယခင်ပညာရေးဝန်ကြီးလက်ထက်က ကျောင်းသား ၂၉ ဦးကို ဆရာတစ်ဦးနှုန်းတဲ့။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ ကျောင်းသား ၂၃ ဦးကို ဆရာတစ်ဦးနှုန်း သင်ကြား ပေးနေပါသတဲ့။ ဟုတ်ရဲ့လား ဆရာတို့ … ဆရာမတို့ရဲ့။
ဒေါက်တာကြီးက သူခန့်မယ့် ဆရာတွေ ဆရာမတွေဟာ “ဘွဲ့ရ” တွေတဲ့ဗျ။ အလိုဗျာ ဒေါက်တာ … ဘွဲ့ရတာနဲ့ ဆရာခန့်လို့ရသတဲ့လားဗျာ။ ဒေါက်တာတို့ ကိုယ်တိုင် ကိုယ့်တိုင်းပြည်က ဘွဲ့ရတိုင်းဟာ ဆရာတွေ သိသင့် သိထိုက် သင်သင့် သင်ထိုက် နားလည်သင့် နားလည်ထိုက်တာတွေ အားလုံး တတ်ကျွမ်းပြီးမြောက်သူတွေလို့ သတ်မှတ်ပါသလားဗျာ။
အတန်းထဲဝင်လာ အထူးထုတ်လေးကိုင်၊ လိုက်ဖတ်၊ လိုက်ဆို၊ အလွတ်ကျက်ခဲ့၊ စာမေးပွဲမှာ ဒါကျက် ဒါရေး ဒါပဲမေးမှာလို့ ပြောတတ်သူသည် ဆရာဟူ၏လို့ ဒေါက်တာကြီး သတ်မှတ်ပါသလားခင်ဗျာ။

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၁၀)

သစ်ထူးလွင်



Monday, October 3, 2016

တိုက်ဆိုင်လိုက်တာ .

Soe Naing

လူတစ်ယောက်က စားသောက်ဆိုင် တစ်ခုရဲ့ဘားမှာထိုင်ပြီး ဝိုင်နီ တစ်ခွက် မှာပါတယ်။
သူ့နံဘေးကမိန်းမက ကျွန်မလည်း အဲဒါပဲမှာလိုက်တာလို့ ပြောတော့ သူက
"ကျွန်တော် ကတော့ ပျော်စရာကြုံလို့ ဂုဏ်ပြုတဲ့အနေနဲ့သောက်မှာ"လို့ ဆိုပါတယ်။
အမျိုးသမီးကလည်း"တိုက်ဆိုင်လိုက်တာရှင်။ကျွန်မလည်း ပျော်စရာ
ရှိနေလို့ ဝိုင်နီမှာ သောက်တာ "လို့ဆိုတော့ အမျိုးသားက ဘာများလဲ
လို့ မေးတော့"ကျွန်မတို့လင်မယားက အိမ်ထောင်ကျတာကြာပြီ။

ဘာကြောင့်အင်ဂျင်ဝိုင်စားတာလဲ???

သိန်း မြင့်

ကားအင်ဂျင်စက်တစ်လုံး ကောင်းကောင်းလည်ပတ်နိုင်ဖို့ အင်ဂျင်ဝိုင်ချောဆီထောက်ပံ့ပေးရေးဟာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
☆ စက် မနိုးခင် အင်ဂျင်ဝိုင်တိုင်းလေ့ရှိပါတယ်။
☆ ဆီ Level စစ်ကြည့်မှ အင်ဂျင်ဝိုင် စား၊ မစား၊ လျော့၊ မလျော့သိနိုင်ပါတယ်။
☆ အင်ဂျင်အစိတ်အပိုင်းတွေ ချောချော မွေ့မွေ့လည်ပတ်ဖို့ ချောဆီလိုအပ်ပါ တယ်။
☆ အင်ဂျင်အတွင်းပိုင်း အအေးခံဖို့၊ သံထည်ပစ္စည်းတွေ သံချေးမ တက်အောင် ကာကွယ်ဖို့ အင်ဂျင် Compression ဖိအားလုံစေဖို့ စတဲ့ တာဝန်တွေကိုလည်း အင်ဂျင်ဝိုင်က လုပ်ပေးပါတယ်။

🚫အင်ဂျင်ဝိုင်ခမ်းတာ၊ လျော့နည်း နေတာ၊ အင်ဂျင်ဝိုင်စားနေတဲ့ပြဿနာ မျိုးကို ကားဆရာတိုင်း၊ ကားပိုင်ရှင် တိုင်း၊ တွေ့ကြုံရပါတယ်။

“သတင်းတွေ ကြားနေတယ်”


အခုတလော ဖေ့စ်ဘုတ်ပေါ်မှာ မယ်သီလရှင်အဝတ်ကြီးနဲ့တစ်မျိုး၊ သစ်ခေါက်ဆိုး ယောဂီဝတ်စုံကြီးနဲ့တစ်သွယ်၊ နာရေးအိမ်တွေမှာ စပ်ဟပ်မေးမြန်းရင်း အလှူခံနေတဲ့ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်အကြောင်း ပလူပျံအောင် ဖတ်ရပါလိမ့်မယ်။ လောလောဆယ် ရေပန်းစားနေတဲ့ Main Stream တွေကို သူ့အဖေဆီက မျက်ခြေမပြတ်ချင်တဲ့သမီးဟာလည်း ဘာထူးသေးလဲ လို့ သိချင်လာတဲ့အခါ ကိုယ့်အနေနဲ့ သူနားလည်အောင် ရှင်းပြရတာပေါ့လေ။ ဒီသတင်းတက်လာတာ သုံးလေးရက်လောက်တော့ ရှိပြီ မဟုတ်လား။ ဒါကတော့ ဒီလိုရေးကြတယ်။ ဒီလိုရှဲကြတယ်။ ဖတ်ရုံပဲဖတ်နှင့်ဦး။ အလျင်စလို စိတ်လိုက်မာန်ပါ သွားမတုန့်ပြန်လိုက်နဲ့။ သတင်းတစ်ခုခု ထင်းကနဲတက်လာရင် အရင်ဆုံး လုပ်သင့်တဲ့အလုပ်က “ကြည့်နေတယ်။ မပြောသေးဘူး။” ဆိုပြီး တကယ့်သတင်းအစစ် ဟုတ်မဟုတ်၊ အချိန်ကလေးတစ်ခု စောင့်ပြီး ကြည့်နေရတယ်။ တချို့သတင်းတွေဟာ အစစ်မဟုတ်ဘူး။ လူစိတ်ဝင်စားမယ့် ဖြစ်ရပ်တွေကို အုတ်အော်သောင်းနင်း ဖြစ်သွားအောင် တမင်ဖွတဲ့ မဟုတ်မဟတ် လုပ်ဇာတ်သတင်းတွေ အများကြီး ရှိတယ်။ အဲ့ဒါတွေကို သူတို့ဆီမှာတော့ Hoax လို့ ခေါ်တယ်။
ကောလာဟလ မဟုတ်ဘူး။ ကောလာဟလက ပြောရင်းပြောရင်း ချဲ့ကားလွဲမှားကုန်တာကို ပြောတာ။

မိနစ်(၂ဝ)နဲ့ စိတ်ချမ်းတဲ့ဘဝ တည်ဆောက်နည်း။

GandaWin Magazine

၁။ အသက်ရှူလေ့ကျင့်ခန်းအတွက် (၅)မိနစ်အချိန်ယူပါ။
တိတ်ဆိတ်တဲ့နေရာတစ်ခုမှာထိုင်ပြီး ငြိမ်းချမ်းတဲ့နေရာလေးတစ်ခုကို
စိတ်ကူးပုံဖော်ပါ။ အသက်ကိုနက်နက်ရှိုင်းရှိုင်း ရှူထုတ်၊ ရှူသွင်းပါ။
ထိုပုံစံအတိုင်း တစ်ရက်ကို ၅ မိနစ်အချိန်ပေးပြီး လုပ်ဆောင်ခြင်းဖြင့်
တစ်နေ့တာ ကုန်ဆုံးသွားသမျှ အားအင်တွေကို ပြန်လည်ရရှိစေသလို နောက်
တစ်နေ့တာရဲ့ စိန်ခေါ်မှုတွေကိုလည်း ခွန်အားအပြည့်နဲ့
ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

၂။ အတွေးတွေကို တည်ဆောက်ဖို့ (၅ မိနစ်)အချိန်ယူပါ။
စိတ်လက်မကြည်မလင်နဲ့နိုးထလာရတဲ့ နံနက်ခင်းတစ်ခုဟာ တစ်နေ့တာလုံးကိုပါ
အဆင်မပြေ ဖြစ်စေပါတယ်။

ညဖက်မှာ ရေချိုးရင် ဘာဖြစ်မလဲ?

New Myanmar News

လူတိုင်းလိုလို ကိုယ်ခန္ဓာနုပျိုလန်းဆန်းနေတာကို အလိုရှိကြပါတယ်။ ရေချိုးခြင်းဟာလဲ ခန္ဓာကိုယ်လန်းဆန်းသွားအောင် လုပ်ဆောင်ခြင်းထဲမှ တမျိုးအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ ညဖက်ပိုင်းမှာ ရေချိုးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်သလား ဆိုတာကို လေ့လာကြည့် ရအောင်ပါ။
ရေချိုးခြင်းဟာ ကိုယ်ခန္ဓာအပန်းပြေသွားအောင် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။ တနေကုန် အလုပ်ထဲမှာ စိတ်ရော ကိုယ်ပါ ပင်ပန်းလာခဲ့တဲ့အတွက် ညနေဖက်မှာ သင့်ရဲ့ကိုယ်ခန္ဓာဟာ ပြန်လည် လန်ဆန်းဖို့ တခုခုလုပ်ဆောင်ရန် လိုအပ်ပါတယ်။ ညပိုင်းမှာ ရေချိုးလိုက်ခြင်းဖြင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာခံနိုင်စွမ်းရည်အားကို ပြန်လည်မြှင့်တက်စေပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃-၁၀)

သစ်ထူးလွင်



Saturday, October 1, 2016

“လက်ဘက်ရည်ဆိုင်ကို သွားကြပါစို့လေ”


ဆရာအတ္တကျော်ရဲ့ မကြာမီထွက်ရှိတော့မယ့် စာအုပ်ကြော်ငြာဖတ်ရတဲ့အခါ “ဖှက်ဒရယ်ဝါဒမိတ်ဆက်” ဆိုလို့ ကိုယ့်မှာ ပြုံးရပါသေးတယ်။ မကြာသေးခင်ကမှ ဆရာမင်းလူရဲ့ “မျောက်လက်” စာအုပ်ထဲမှာ အင်္ဂလိပ်စာလုံးတွေကို သူအသံထွက်လိုက်ရင် သူများနဲ့ကို မတူအောင် ဋ္ဌာန်ကရိုဏ်းကျလွန်းတယ် လို့ ဖတ်လိုက်မိသေးတာကိုး။ ငါ့ဆရာကတော့ လုပ်ပြန်ပြီ။ ကိုမင်းလူကြီးကပဲ သူ့ကိုသရုပ်ဖော်တာ တော်လွန်းတာလား သူကပဲ ကိုမင်းလူကြီးသရော်တဲ့စရိုက်ကို မဖျောက်နိုင်သေးတာလားတော့ မသိဘူး။ ဟော ကြည့်။ ဖှက်ဒရယ်တဲ့။ ဒါပေမယ့်လည်း အဲ့လို စာလုံးပေါင်းမှပဲ မူရင်းအင်္ဂလိပ်အသံထွက်ကလည်း ပီပြင်ပေမယ် မဟုတ်လား။ နို့မို့ရင် ငပိသံကြီး ပါနေမယ်လေ။ ဖက်ဂျီ (G Fatt မဟုတ်) ပဲ ကြားဖူးပါတယ်။ ဖက်ဒရယ်လည်း ရှိသကိုး လို့ ဒရယ်ကောင်သေးသေးလေးကို မျက်စိထဲ မြင်နေဦးမယ်။ နှုတ်ကျိုးသွားရင် ပြင်ရခက်ပါဘိသနဲ့။ အခုဆို ဒီမိုကရေစီ လို့ ခေါ်တာ ကိုယ်တို့တစ်နိုင်ငံပဲ ရှိမယ်။ သူများတွေ ဘယ်သူ့မေးမေး ဒမော်ခွေစီ လို့ ပြောမှ နားလည်မယ်။ အခုတော့ အင်္ဂလန်မှာ ဘွဲ့တွေတသီကြီးရခဲ့တဲ့ တို့မေမေတောင် မြန်မာလိုပြောရင် မြန်မာတွေ နားမလည်မှာစိုးလို့ ဒီမိုကရေစီလို့ပဲ အသံထွက်ပေးနေရတယ်။ ဘိုစာကို ဘိုလိုပဲ ပီပီသသဖတ်တာ ကောင်းပါတယ်လေ။

#နာမည်နဲ့စိတ်ဓါတ်

မြန်မာ့သတင်းထူးသတင်းဦးများ

သင့်ရဲ့ နာမည်ကို ကြည့်ပြီး သင့်ရဲ့ စိတ်နေ သဘာဝ ကို
အကြမ်းဖျင်း တွက် လို့ ရတဲ့ နည်း ရှိတယ် ။ကျွန်တော်
ပြောတာ ဟုတ်ဖူး နော် ။ အဘ ဂျာနယ်က ကူးထားတာ။
သင့်ရဲ့လူသိများသောအမည်ကိုအောက်ပါအတိုင်းတွက်ပါ။

အ-အာ-ဥ-သြ - ဧ = ၁
က-ခ-ဂ ဃ -င = ၂
စ-ဆ-ဇ-ည-စ် = ၃
ရ-ယ-လ-၀ = ၄
ဖ-ပ-ဘ-မ-ဗ = ၅
သ-ဟ = ၆

ဂီယာစနစ် ပျက်စီးနေတဲ့ လက္ခဏာများ

 
သင့်မော်တော်ယာဉ်ရဲ့ ဂီယာစနစ်ဟာ ကားတစ်စီးလုံးရဲ့ အရေးအပါဆုံးနဲ့ အရှုပ်ထွေးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ ရှုပ်ထွေးတဲ့ ဟိုက်ဒရောလစ် စနစ်တွေ ရာချီ ပါဝင်ပြီး ကွန်ပြူတာနဲ့ ထိန်းထားတဲ့ လျှပ်စစ်ပစ္စည်းတွေကလဲ ဂီယာပြောင်းဖို့ အတူတကွ ပူးတွဲလုပ်ဆောင်နေရပါတယ်။
🌐ခုခေတ် ရှေ့ယက် ယာဉ်တွေ၊ အော်တိုဂီယာတွေ၊ ကွန်ပြူတာစနစ်တွေ ပါဝင်လာတဲ့ ဂီယာစနစ်ဟာ ရှုပ်ထွေးပြီး ပြင်ဆင်ရခက်ပါတယ်။ ပုံမှန် Service ပေးဖို့၊ ဆီလဲပေးဖို့လဲ လိုအပ်ပါတယ်။
☆ ဂီယာပျက်ခြင်းမှ ကာကွယ်ဖို့ ဂီယာစနစ် ပျက်စီးစ ပြုနေကြောင်း ပြတဲ့ လက္ခဏာတွေကို ဖော်ပြ လိုက်ပါတယ်။

မီဒီယာတို့ရေ … ဝေ ... မီဒီယာတို့လား … ဝါး

Tin Nyunt

AimStar Network ဆိုတဲ့ ကုမ္ပဏီက ဂျိုးဇက်ဆိုတဲ့ကောင် ဘာကောင်မှန်းမသိ အွန်လိုင်းပေါ်မှာ ပက်ပက် စက်စက် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး စတုတ္ထမဏ္ဍိုင်ကို စိန်ခေါ်သွားပြီဗျ။ ဘာတဲ့
“နိုင်ငံခြားမှာ သတင်းရေးတဲ့သူက သိလား … တတ်လို့ရေးတာ။ မြန်မာပြည်မှာ များသောအားဖြင့် ရေးတဲ့သူက ငတ်လို့ရေးတာ။ မယုံရင် သတင်းရေးတဲ့သူ သွားကြည့်လိုက်။ တဲပုတ်မှာနေတဲ့ကောင်တို့၊ ဆိုင်ကယ်လေး စီးပြီးသွားတဲ့ကောင်တို့၊ ဟိုတောတိုး၊ ဒီတောတိုး၊ အဲဒီကောင်တွေ ရေးတာ” တဲ့ဗျ။
သတင်းသမားတွေ ကိုယ့်နိုင်ငံ ကိုယ့်ကောင်းကျိုး ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်နေတဲ့သူတွေပါဗျ။ “ကိုဆွေဝင်း” တို့လို သတင်းသမားတွေ မပေါ်လာရင် အင်းဝကိစ္စ ဘယ်သူတွေ စောစောသိကြမှာလဲ။ သေသွားမှ သိရတဲ့ အဖြစ်မျိုးက ကင်းဝေးအောင် စွန့်စားပြီး ဆောင်ရွက်နေတဲ့ ကိုဆွေဝင်းတို့ကို တစ်နိုင်ငံလုံးက ချီးကျူးဂုဏ်ယူနေချိန်မှာ သတင်းသမားဆိုတာကို စော်ကား လိုက်တဲ့ ဂျိုးဇက်ဆိုတဲ့ကောင်ကို ဒီအတိုင်း ကြည့်နေလို့ကတော့ နောက်ဆိုရင် အိမ်ဦးခန်းလာပြီးတော့ အဲဒီလိုမျိုးကောင်တွေ ချေးပါချတော့မယ်။

ဒါလောက်တော့ သိထားသင့်တယ်


1~~Facebook messengerမှာ ညာဘက်ထောင့်ထိပ်က မက်ဆေ့ခ်ျ icon ကို နှိပ်ပြီး People ~~Message Request tab ကို နှိပ် ပြီးရင် friend မဟုတ်တဲ့ သူတွေ ပို့ထားတဲ့ မက်ဆေ့ခ်ျတွေကို မြင်တွေ့ရမှာပါ။
2~ account ဆိုတာနှိပ်ပြီး
မက်ဆန်ဂျာ မှာ ငါးကောင့်အထိဝင်လို့ရပါမယ်
3~ facebook acc လုံးဝမရှိပဲ
messenger acc သီးသန့်
ဖွင့်သုံးလို့ရပါတယ်

သတိထားကြပါ။ ။

Mie Mie Zaw Ko
ပုံတွင်ပါရှိသူက သာမာန်ကြည့်လျှင် မယ်သီလရှင်တပါးပါ။ အသက်ကလဲ ၈၀ ကျော်ရှိပါပြီ။ သူ့ကို "လူလိမ်" လို့ပြောရင် ယုံကြမှာမဟုတ်ပါဘူး။ တကယ်ပဲ လူလိမ်ပါ။ ကျမအစကတည်းက သူ့ကိုလူလိမ်လို့ သိနေခဲ့ပါတယ်။ ဒါပေမဲ့ လက်ဆုပ်လက်ကိုင် မပြနိုင်တာက တကြောင်း။ သူ့ကိုအရမ်းဝိုင်းပြီး ကိုးကွယ်နေကြတဲ့ သူတွေကြားမှာ အတိုက်အခံ မလုပ်ချင်တာကြောင့် ဘာမှမပြောတော့ပဲ ၁၅ နှစ်လောက် ကြာသွားခဲ့ပါတယ်။ အကြောင်းက ဒီလိုပါ။
တရက် ကျမတို့တိုက်က အန်တီကြီးတယောက်ဆုံးသွားပြီး ရက်ပိုင်းရှိသေးတယ်။ အဲဒီအိမ်ကို ကျန်ရစ်သူသားသမီးတွေဆီ သူရောက်လာပါတယ်။ ကွယ်လွန်သူ အန်တီကြီးနဲ့ ငယ်သူငယ်ချင်း လို့ပြောပါတယ်။ သတင်းစာထဲမှာ နာရေးကိုဖတ်မိပြီး လိပ်စာနဲ့ လိုက်လာတယ် ပြောပါတော့တယ်။

အစွမ်းထက်သော သစ္စာလက်နက်

ရှေးအခါက ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ဝိုင်းရံထားသော ရေအိုင်ကြီးတစ်အိုင်ရှိသည်။ ထိုအိုင်တွင် ငါးရံ့ကြီးတစ်ကောင်သည် မင်းပြုပြီး ငါးအပေါင်းခြံရံကာ နေထိုင်သည်။ ငါးရံ့ဆိုသည်မှာ မျိုးတူငါးများအား စားသောက်တတ်သော်လည်း ငါးရံ့မင်းသည် မည်သည့်ငါးကိုမှ မသတ်စားသဖြင့် ငါးများကလည်း ချစ်ခင်ကြသည်။
တစ်နှစ်တွင် မိုးခေါင်သဖြင့် အင်းအိုင်တို့ ခမ်းခြောက်ကုန်သည်။ ငါးရံ့မင်းနေထိုင်သော ကန်သည်လည်း ရေခမ်းလေသည်။ ငါးအပေါင်းသည် ရွှံ့နွံများအကြားတိုးဝင်ကာ အသက်ရှင်သန်ရန် ကြောက်လန့်တကြား ကြိုးပမ်းကြရသည်။

အဆိပ်အတောက် ဖယ်ရှားရေး


၂၀၀၀-ပြည့်နှစ် တရုတ်ပြည် ပေကျင်းမြို့နေ လူထု၏ သေဆုံးရခြင်းအကြောင်းကို သုတေသနပြုရာတွင် ဦးနှောက်သွေးကြောရောဂါ၊ နှလုံးရောဂါနှင့် အများဆုံးသေကြရကြောင်း တွေ့ရှိရသည်။
ယနေ့ တရုတ်ပြည် နေ့စဉ် လူ ၂၀၀၀-ခန့်သည် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးကြရသည်။ လူအများတွင် ၆၅-ရာခိုင်နှုန်းခန့်သောလူများသည် ဆေးလိပ်သောက်ခြင်း၏ အန္တရာယ်မှာ မပြောပလောက်ဟု ယူဆကြသည်။ ၆၀-ရာခိုင်နှုန်းသော လူများသည် ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာရောဂါ ဖြစ်စေနိုင်သည်ကို မသိကြ။ ၉၆-ရာခိုင်နှုန်းသောလူများသည် ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါဖြစ်နိုင်သည်ကိုလည်း မသိကြ။ ထိုသို့ မသိကြခြင်းကြောင့် လူပေါင်းများစွာသည် မသေသင့်ဘဲ သေဆုံးနေကြရရှာသည်။

၂၀၀၂-ခုနှစ် စက်တင်ဘာလ ၉-ရက်နေ့ထုတ် တရုတ်အလုပ်သမား နေ့စဉ်သတင်းစာအရ တရုတ်ပြည်တွင် လူသန်းပေါင်း ၁၃၀-သည် သွေးတိုးရောဂါ ခံစားနေရသည်။ ဤသွေးတိုးရောဂါရှင်များမှ ထက်ဝက်ကျော်သည် မိမိတို့၌ သွေးတိုးရောဂါရှိနေသည်ကို မသိရှာကြပေ။

သစ်ထူးလွင် သတင်းစုစည်းမှု (၁-၁၀)

သစ်ထူးလွင်



စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...