Wednesday, September 28, 2016

လင်ယောင်္ကျားများ မသိသလိုဖြစ်ခဲ့တဲ့ ဇနီးသည်တွေရဲ့ဘဝ


နည်းစနစ်ကျကျအတွေးအခေါ်

ကျွန်တော်မနက်က အိမ်ကထွက်လာတော့
ဒီနေ့တော့ ဝယ်စရာဘာမှမရှိလောက်ပါဘူးဆိုပြီး ပိုက်ဆံအိပ်ထဲကငွေကို စစ်မကြည့်ခဲ့ဘူး
တစ်နေ့လုံး သာမာန်အသေးအဖွဲလောက်သာသုံးရင်း တကယ်လဲကြီးကြီးမားမားမရှိခဲ့ပါဘူး
ညနေအိမ်ပြန်ခါနီးတော့ ကျွန်တော့အလုပ်ထဲကို မထင်မှတ်ဘဲ ကျွန်တော့မိတ်ဆွေတွေရောက်လာတယ်ဗျာ
သေချာပြီ အဲ့ဒါငွေကုန်ပေါက်ဘဲ။
ဒီလိုညနေမှာ သူတို့ရောက်လာရင် ဆိုင်တစ်ခုခုကိုသွားပြီး စားကြသောက်ကြပြီးမှ အိမ်ပြန်တာထုံးစံပါဘဲ
ကျွန်တော်က ချမ်းသာပြည့်စုံတဲ့သူတော့မဟုတ်ပါဘူး။

"အတွင်းစိတ်သည်သာ ပဓာဏ"


တစ်ခါတုန်းက ရွာတစ်ရွာမှာ လေပူပေါင်းတွေရောင်းပြီး အသက်မွေးတဲ့ လူကြီးတစ်ယောက်ရှိပါသတဲ့။သူဟာ ရောင်စုံလင်လှတဲ့ လေပူပေါင်းလေးတွေကို ပွဲဈေးတွေမှာလိုက်ရောင်းချကာ အသက်မွေးပါတယ်။
တစ်ခါတစ်လေ သူ့ရောင်းအားမကောင်းတဲ့အခါတွေမှာတော့ သူ့ရဲ့လက်ကျန်လေပူပေါင်းလေးတွေကို လေထဲကို လွှတ်တင်လေ့ရှိပါတယ်။ ကောင်းကင်ပေါ်သို့ လေပူးပေါင်းလေးတွေ လွင့်တက်သွားတာကိုမြင်ရင်း ကလေးတွေကသဘောကျကာ သူဆီလာဝယ်ကြတဲ့အတွက် ရောင်းအားလည်းပြန်တက်သွားလေ့ရှိတယ်။

မေတ္တာသုတ်နဲ့ လစ်ဘာတီ


ကမ္ဘာကျော်ရွှေဝါရောင်တော်လှန်ရေး (၉) နှစ်ပြည့်သွားပေမယ့်လည်း မျက်စိထဲမှာ မနေ့တစ်နေ့ကလို..။ အဲဒီအချိန် အဲဒီကာလဟာ မြန်မာနိုင်ငံအဖို့ စစ်တိမ်သလ္လာအောက်မှာ ပိန်းပိတ်အောင်မှောင်မိုက်နေချိန်။ ၂၀၀၇ စက်တင်ဘာ အစောပိုင်း ပခုက္ကူသံဃာတွေကို စစ်တပ်က ရိုက်နှက်မှုအတွက် တရားမျှတမှု တောင်းဆိုဖို့ ရခိုင်နဲ့ ရန်ကုန်က ရဟန်းပျိုတွေ လမ်းပေါ် စထွက်လာပါတယ်။ တဆက်ထဲ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ ဒီမိုကရေစီအရေးတွေကိုပါ ရဲရဲဝံ့ဝံ့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ လမ်းပေါ် အညီအညာ စီတန်းထွက်လာတဲ့ ရဟန်းသံဃာတွေရဲ့ နှုတ်ဖျားမှ ရွတ်ဆိုတိုင်သံတွေက နိုင်ငံရေး ကြွေးကြော်သံတွေထက် မေတ္တာပို့သံတွေ ပိုလွှမ်းမိုးနေတာကဖြင့် အလွန်အံ့ဩ ကြက်သီးမွှေးညှင်းထစရာပါ..။ ကြားရသူတိုင်းရဲ့ ရင်နှလုံးကို ယမ်းခါလှုပ်နှိုးလိုက်ပြီး လမ်းဘေးဝဲယာရပ်ကြည့်သူ ဘာသာပေါင်းစုံဟာ သံယာတွေ စီတန်းလမ်းလျှောက်တဲ့နောက် ၀န်းရံသူတွေအဖြစ် လက်ချင်းဆက် လိုက်ပါသွားပါတယ်။ နေ့စဉ်ရက်ဆက် သံဃာလမ်းလျှောက်တာ တစ်နိုင်ငံလုံးအနှံဖြစ်လာပြီး မေတ္တာသံတွေ ညံလာတဲ့နဲ့အမျှ စစ်တပ်ရဲ့ ဖြိုခွင်းမှုကလည်း မြန်ဆန်လာပါတယ်။

တကယ်လို့ ခင်ဗျား အသက်ရှင်ခဲ့ရင်

Soe Naing

စစ်အကျဉ်းသားထားရာစခန်းဆီ အပို့မခံရခင်က Roddick ဟာ အင်္ဂလန်စစ်တပ်က ယာဉ်မောင်းတစ်ဦးဖြစ်တယ်။ နာဇီတွေက သူ့ကိုဖမ်းမိချိန် ယာဉ်မောင်းသမားလိုလို့ သူ့ကိုထရပ်ကားမောင်းဖို့ စေခိုင်းခဲ့တယ်။ အစာငတ်ပြီး သေသွားတဲ့အကျဉ်းကျစစ်သား၊ အသတ်ခံရတဲ့ အင်္ဂလန်စစ်သားတွေကို Roddick က နေ့တိုင်း ထရပ်ကားနဲ့တင်ပြီး မြှုပ်နှံဖို့ သယ်ပို့ပေးရတယ်။ တကယ်တော့ စစ်အကျဉ်းသားတွေထဲမှာ ကားမောင်းတတ်သူတွေ မနည်းပါဘူး။ ဒါပေမဲ့ ဘယ်သူကမှ နာဇီရဲ့လက်ကိုင်တုတ်မဖြစ်ချင်ခဲ့ကြဘူး။
Roddick တစ်ယောက်ပဲ ဒီအလုပ်ကို ကျေကျေနပ်နပ်လုပ်ကိုင်ခဲ့တဲ့အပြင် တခြားအကျဉ်းသားတွေကိုလည်း ကန်ကျောက်လိုက်၊ ဆဲဆိုလိုက်နဲ့ သူအပေါ်စီးဆက်ဆံခဲ့တယ်။ ပိုဒေါသထွက်စရာကောင်းတာက Roddick ဟာ အသက်မသေသေးတဲ့ အကျဉ်းသားတွေကိုလည်း မြှုပ်နှံဖို့ ကားပေါ်ပစ်တင်တာကိုပါပဲ။ ဒါကြောင့် အကျဉ်းကျစစ်သားတွေက သူ့ကို မုန်းကြတယ်။ သူ့ကို "နိုင်ငံရောင်းစားတဲ့သူခိုး"၊ "နောက်လိုက်ခွေး"လို့ ဆဲဆိုကြတယ်။

အချိန်တို့ သည် နေမင်းကြီးနဲ့  မဆိုင် ၊၊


 
နိုဘယ်ဆုရ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းက အချိန်တိုင်း အချိန်တိုင်းတွေမှာ တယော ထိုးတဲ့ အချိန်ဟာ သူ့ ဘဝ အတွက် အပျော်ရွှင် ဆုံး အချိန်ဟု ဆိုတယ် ၊၊
ကျွန်တော်ရဲ ဘကြီးက အချိန်အတွက် ဒီလို ဆုံးမဖူးတယ် ၊ လူတစ်ယောက်ဟာ တစ်ရက်တာအတွင်းမှာ ဒီသုံးခုကို ရအောင် တစ်ခု မဟုတ် တစ်ခု အမိဖမ်းနိင်ရမယ်တဲ့ ၊ ၁ . ပညာ ၂. ပိုက်ဆံ ၃ . ကုသိုလ် တစ်ချို့ တွေက ဘာတစ်ခုမှာ မရလိုက်ဘူး ၊ တစ်နှစ်ကျော် သုံးနှစ်ထိ ၊၊ တစ်ချို့ တွေဆို သုံးခုလုံးကို အချိန်တိုင်းလိုလို ပိုင်ဆိုင်ကြတယ် ၊၊ ဗေဒင် ဆရာက သူ့ ပညာနှင့်သူ ဟောစားကာ အခကြေးယူနေတဲ့ အခါမှာ မိမိက အသိဥာဏ်ရင့်တော့ မိန်းမဖြစ်သူ ဗေဒင်သွားတွက်တာကို မပြောရဲပါပဲ ရှိနေတဲ့ အခါမျိုးတွေ့ ဖူးကြမှာပါ ၊၊ လူတွေရဲ့ သဘောက ဘယ်အချိန်မှာ ဘာဖြစ်မှာကို နတ်မျက်စိ ဖြင့် အမြန် သိချင်ကြတယ် မဟုတ်လား ၊၊ အချိန် ညီမျှခြင်း ပိုက်ဆံ ပိုက်ဆံ ညီမျှခြင်း မိန်းမချောချောလှလှ ၊ အိုင်ဖုန်း ခုနှစ် အပေါင်း ၊ အချိန်ညီမျှခြင်း အိမ်ကောင်းကောင်း ၊ မော်ဒယ်သစ် ကားလေး အဲလို သူများနိင်ငံတွေက ဒီဂါထားတွေကို နေ့တိုင်းရွတ်ကြတယ် ၊၊ တကယ်လည်း ဖြစ်လာကြတယ် ၊၊

CNN အင်တာဗျူး

Min Ko Ko 

CNN ။ ။ လူအများကို နားလည်ရခက်နေစေတဲ့ မေးခွန်းကနေ ကျနော် စမေးရမှာပါဘဲ ။ ဒေါ်စုတို့ နိုင်ငံကို ဘယ်လိုခေါ်ပါသလဲ ။
SUU ။ ။ တရားဝင် အခု Myanmar လို့ ခေါ်ပါတယ် ။ အရင်ကတော့ အင်္ဂလိပ်လို Burma လို့ ခေါ်ခဲ့ပါတယ် ။ ဒါကိုဘဲ ကျမတို့ဘာသာစကားနဲ့ Myanmar လို့ ပြောဆိုရည်ညွှန်းကြပါတယ် ......မြန်မာဆိုတာ ကျမတို့အသံထွက်ဆိုပါတော့ ။
CNN ။ ။ ကုလသမဂ္ဂမိန့်ခွန်းမှာ ဒေါ်စုက Myanmar လို့ သုံးခဲ့တာကို ကျနော်သတိထားမိလို့ပါ ။ အရင်ကဆို Burma လို့ဘဲ သုံးလေ့ရှိတယ်လေ ။ ဒေါ်စုရဲ့လက်ရှိအနေအထား ရာထူးကြောင့် တမင်တကာ ပြောင်းသုံးခဲ့လား ။

“ပုတ်သင်ဥများ”


အင်းဝအပ်ချုပ်ဆိုင်အကြောင်း ဖေ့စ်ဘုတ်ပေါ်မှာ ပွနေတဲ့အခါ ဆယ်လီပီပီ Main Stream ထဲကို ဒိုင်ဗင်ပစ်ဝင်လိုက်မယ်လို့ စိတ်မကူးပေမယ့် သူနဲ့ပတ်သက်ပြီး တွေးစရာပြောစရာလေးတွေ ရှိနေတဲ့အတွက် ဒီတစ်ခါလည်းပဲ သားလေးမောင်တင် ကန်တော့ပန်းဆင်လိုက်ရပါတယ်။ သည်းခံ၍သာ အားပေးကြပါတော့။ အင်းဝအပ်ချုပ်ဆိုင်ဆိုတာ ကိုယ်တို့ငယ်ငယ် ကလေးဘဝမှာကတည်းက အနော်ရထာနဲ့ ပန်းဆိုးတန်းလမ်းထောင့်မှာ ဖွင့်ထားတဲ့ နံမည်ကြီးတေလာတစ်ခုဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ရန်ကုန်မြို့မှာ ဈေးအကြီးဆုံး၊ လက်ရာအကောင်းဆုံး၊ နံမည်အကြီးဆုံးလို့တောင် ပြောရမလောက်ရှိပါတယ်။ ရက်ချိန်းလည်း တစ်လတိတိကြာမှ ရနိုင်တယ်။ အမြန်လိုချင် အမြန်ကြေးပေးချုပ်ရတယ်။ ကိုယ့်ဘဝရဲ့ ပထမဦးဆုံးသော အနောက်တိုင်းဝတ်စုံဟာ အင်းဝအပ်ချုပ်ဆိုင်မှာချုပ်ပါတယ်။ ၇ နှစ်သား အရွယ်မှာတုန်းကပါ။
ဆိုင်ကိုကြော်ငြာပေးတာ မဟုတ်ပါဘူး။ အဲ့ဒီတုန်းက ကိုယ့်အဖေက အဲ့ဒီကိုခေါ်သွားတာမို့ သူ့ကိုသတိရသွားတာပါ။ သူက ဘာစိတ်ကူးပေါက်တယ် မသိပါဘူး။ ကျောင်းကအပြန် အဲ့ဒီဆိုင်ခေါ်သွားပြီး ပိတ်စရွေး၊ ကိုယ်တိုင်းတိုင်းပါတယ်။

သစ်ထုးလွင် သတင်းစုစည်းမှု (၂၈-၉)

သစ်ထူးလွင်



Sunday, September 25, 2016

“နုနုငယ်ငယ်”


ကိုယ်ငယ်ငယ်က တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတွေဖတ်တဲ့အခါ ဝတ္ထုထဲက ကောင်မလေးက သေသွားတဲ့ ငှက်ကလေးကို မြေကြီးထဲမြှုတ်ပြီး အသုဘအခမ်းအနား လုပ်ပေးတယ် လို့ ဖတ်လိုက်ရပါတယ်။ ကောင်လေးကိုလည်း သူနဲ့အတူတူ အသုဘလိုက်ပို့စေသတဲ့။ ကောင်းရာမွန်ရာ ဘုံဘဝမှာ အေးချမ်းပါစေ လို့လည်း ဆုတောင်းပေးလိုက်သေးတယ်။ အသည်းနုနု အတွေးနုနု နှလုံးသားနုနု အရွယ်တွေ မဟုတ်လား။ စာရေးဆရာကြီးရဲ့ အဖွဲ့အနွဲ့ကလည်း အင်မတန်မှ နုလှယဉ်လှတော့ ကိုယ်တို့လို စာဖတ်ပရိသတ် နုနုငယ်ငယ်ကလေးတွေမှာလည်း ကြွေလုဆတ်ဆတ် တဖြတ်ဖြတ်ခုန် ခံစားကြရပါတယ်လေ။ စာရေးတဲ့သူဆိုတော့ ဘာမဟုတ်တဲ့ ငှက်ကလေးသေတာကိုတောင် သည်လိုပဲ ဇာတ်နာအောင် ပိုပိုဟေသာလုပ်ပြီး အိုဗာတင်းတွေဖျော်ရေးတာပေါ့။ ဟုတ်ဘူးလား။ အပြင်မှာတော့ အချစ်ဝတ္ထုဖတ်တဲ့ အပျံသင်စ အူနူးမကလေးတွေပဲ အိမ်ကခွေးကလေးတွေ သေလည်းငို၊ ကြောင်ကလေးတွေသေလည်းငို၊ အိပ်မက်ထဲမှာ မရှိတဲ့ချစ်သူက ပစ်သွားတယ်ဆိုလည်းငို၊ မျက်ရည်တွေယိုကြလွန်းတယ်ဆိုတာ ဟိုးရှေးရှေး ကိုယ်တို့တွေ ကလေးဘဝမှာပဲ ရှိခဲ့လိမ့်မယ်။ ခုခေတ် ခုအခါ လူငယ်များက အဲ့သလိုမျိုး ဖတ်ကောင်းအောင် အနုအရွ အတုအပတွေနဲ့ ဇာတ်နာအောင် ဖွဲ့နွဲ့ရေးသားတာတွေကို ရင်မခုန်တတ်တော့ဘူးတဲ့။

*** OD (Over Drive ) အကြောင်းသိကောင်းစရာ ***

သိန်း မြင့်

" Over Drive နဲ့ Over Speed "
Over Drive ဆိုတာ အင်ဂျင်နဲ့ဆက်သွယ်ပေးထားတဲ့ ထရန်စမစ်ရှင်းအချိုးတစ်ခုကို ခေါ်တာပါ ။ Over Speed ဆိုတာကတော့သတ်မှတ်တဲ့
မိုင်နှုန်းတစ်ခုကိုပိုမောင်းမိတဲ့သင့်ကားအမြန်နှုန်းပါပဲ။ ခုနေပြည်တော်အမြန်လမ်းမှာ 100Km ကျော်ခဲ့ရင် Over Speed ပေါ့ ။

Over Drive ဆိုပြီး ခုခေတ်ပေါ်ကားတွေမှာပါလာတဲ့ အော်တိုဂီယာကျမှစတင်ခေတ်စားလာတာပါ။ မိမိကားကိုလွန်ကဲတဲ့အမြန်နှုန်းတစ်ခုနဲ့မောင်းနေတဲ့ဖြစ်စဉ်လို့လည်းသီးခြားမှတ်ယူနိုင်ပါသေးတယ်။
မြန်မြန်မောင်းရင်မြန်မြန်အန္တရာယ်တွေ့နိုင်လို့ ဒီလိုထပ်ပြောပေးလိုက်တာပါ။

"နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်အောင်ဆန်းစုကြည် ၏ ဟားဗတ်မိန့်ခွန်း"

Daw Aung San Suu Kyi

ဒီဆုကို ကျမဆောင်ရွက်ခဲ့တာတွေအတွက် အသိအမှတ်ပြုပြီးပေးတာလို့ရော၊ အနာဂတ်မှာ ကျမတို့ ရအောင်ကြံဆောင်ရမယ့်အရာတွေအတွက် အတိတ်နိမိတ်ကောင်းအဖြစ်ပါ ကျမ သဘောထားပါတယ်။ ဘာလို့လည်းဆိုတော့ ကျမတို့ ပြည်သူတွေ လွတ်လပ်မှုရော၊ လုံခြုံမှုရော ရှိနေပြီလို့ ပြောနိုင်တဲ့အထိရောက်ဖို့ အဝေးကြီးလိုသေးလို့ပါ။ လွတ်လပ်ခြင်းနဲ့လုံခြုံခြင်းကို မျှမျှတတရဖို့ ဆိုတာ ဘ၀မှာ လူတွေ အတောင့်တဆုံးအရာတွေပါဘဲ။ ဒါကြောင့် ဒီနေ့ ကျမဒီလိုလာနိုင်အောင် အခွင့်အရေးပေးခဲ့ကြတဲ့ လူကြီးမင်းတွေရော၊ ကျမကို ချီးကျူးပြောဆိုခဲ့သူတွေရော အားလုံးကို ကျေးဇူးတင်ပါရစေ။

"တရား..တက်တယ်ဆိုတာ"

ခန္ဓာ-၅ပါး တစ်ဦး

နေ့စဉ် ဝိပဿနာ အားထုတ်ကြတဲ့ ဓမ္မမိတ်ဆွေတို့ မှာ ဖြစ်လေရှိတဲ့ ပြသနာကတော့ ဒီနေ့မှာတော့ တရားရှုမှတ်ရတာကောင်းလိုက်၊ နောက်ရက်မှာ ဖြင့် ရှုမှတ်ရတာမကောင်းလိုက်၊ တစ်ထိုင်အတွင်းမှာဘဲ ပထမ ၁၅မိနစ် လောက်ဘဲ.. ရှုမှတ်လို့ ကောင်းပြီး.. နောက်ပိုင်းတွေမှာ ရှုမှတ်လို့ မကောင်းတာတွေ ဖြစ်ကြတဲ့ ဓမ္မမိတ်ဆွေများရှိမှာပါ။
တစ်ချို့ လည်း တရားသာ ထိုင်ပြီး ရှုမှတ်ပြီးသာနေရတယ်.. ဘယ်တော့တရားတက်မလဲ. ..ဘယ်တော့တရားရမလဲပေါ့နော်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၉)

သစ်ထူးလွင်



Wednesday, September 21, 2016

ပုစွန်ဆိတ်နှင့်ရေချိုငါးပိဖျော်

ဟင်းချက်နည်းများ

ပုစွန်ဆိတ်...........၁၀ကျပ်သား
ရေချိုငါးပိ.............၁၀ကျပ်သား
ကုလားအော်သီး.....၃တောင့်
ငရုတ်သီးစိမ်း......... ၁၀တောင့်
ကြက်သွန်ဖြူ..........၅တက်
ကြက်သွန်နီ...........၁လုံး

“အောက်တန်းစားတွေနေတဲ့တိုင်းပြည်”


လူတစ်ယောက်နဲ့တစ်ယောက် ထိခိုက်နစ်နာအောင် ဆဲရေးတိုင်းထွာကြတဲ့အခါ အမိကိုပုတ်ခတ်၍ဆဲခြင်း၊ အဖကိုပုတ်ခတ်၍ဆဲခြင်း၊ အမျိုးဇာတိကိုပုတ်ခတ်၍ဆဲခြင်း ဆိုပြီး ရှိပါသတဲ့။ တိုင်းပြည်ကိုပုတ်ခတ်၍ဆဲရေးခြင်းဆိုတာ ရှိလာရင်တော့ တော်တော်ကို မခံချိမခံသာ ဒေါသထွက်စရာကောင်းမယ့် ဖြစ်ရပ်ပေပဲ။ ဒါပေမယ်လို့ ဆဲရေးတဲ့အခါ အဆဲခံရတဲ့သူဘက်မှာ တဘက်က ပုတ်ခတ်ဆဲဆိုနေသလို မဟုတ်ပဲ အပြစ်အနာအဆာ ကင်းနေလို့ရှိရင် သူ့ဘာသူ ဘာကြီးနဲ့ကိုင်တုပ်တုပ် သူသာလျှင် ကျက်သရေယုတ်ရမယ့် အဖြစ်မျိုးပါ။ ဘုရားရှင်လက်ထက်ကတည်းက “အသင်ပုဏ္ဏား ဆဲရေးသမျှကို ငါဘုရား မခံယူသဖြင့် သင်ပိုင်ပစ္စည်းသာ ဖြစ်တော့သည်။” လို့ မိန့်ကြားတော်မူခဲ့သလိုပေါ့။ ဘယ်သူတွေ ဘယ်လိုပဲ အပနာမ ပြောကြပလေ့စေ။ ကိုယ်ကိုယ်တိုင်က သင်္ကာရှင်းနေလို့ရှိရင် ဘာမှတုန့်ပြန်ပြောဆိုနေစရာ မလိုပါဘူး။ ပိန်းကြာဖက်မှန်ရင် ရေမတင်ဘူးတဲ့။ “ပွတ်လေလေ ဂူရွှေမှာ အရောင်ထွက်တယ် ရှေးကထက်ကဲ” ဆိုတဲ့ ပတ္တမြားရွှေဂူ ကဗျာလည်း ကြားဖူးတယ် မဟုတ်လား။ အဲ့ဒီတော့ တစုံတယောက်ကများ ကျုပ်တို့တိုင်းပြည်ကို အောက်တန်းစားတွေ နေတဲ့တိုင်းပြည်ပါ လို့ လာရောက်ဆဲရေးခဲ့ရင် ဘာမှ ဂရုစိုက်စရာ မလိုပါဘူး။

ကုလညီလာခံမှာ အမေစုပြောကြားတဲ့မိန့်ခွန်း အပြည့်အစုံ

ဥက္ကဋ္ဌကြီး၊ ဂုဏ်သရေရှိ ကိုယ်စားလှယ်တော်ကြီးများ၊ လူကြီးမင်းများရှင့်။
၁။ မြန်မာနိုင်ငံ အစိုးရသစ်ရဲ့ ပထမဦးဆုံး ကိုယ်စားလှယ်အနေနဲ့ ဒီအထွေထွေ ညီလာခံမှာ စကားပြောရင်း ကုလသမဂ္ဂ ပဋိဉာဏ်စာတမ်းရဲ့ ရည်ရွယ်ချက်နဲ့ မူတွေအပေါ်မှာ အပြည့်အ၀ ယုံကြည်မှုရှိကြောင်း ပြောကြားရတာဟာ ကျမရဲ့တာဝန်၊ ကျမရဲ့ အခွင့်ထူး ဖြစ်ပါတယ်။
ဒီအဖွဲ့ကြီးရဲ့ ခွန်အားဟာ ပဋိဉာဏ်စာတမ်းနဲ့ နိုင်ငံတကာဥပဒေရဲ့ အခြေခံမူတွေမှာ ထည့်သွင်းထားတဲ့ တကမ္ဘာလုံးလွှမ်းခြုံအကျုံးဝင်မှုနဲ့ တရားဝင် ဖြစ်မှုတို့အပေါ်မှာ မူတည်နေပါတယ်။ ပြီးပြည့်စုံမှု မရှိခြင်းနဲ့ ကန့်သတ်မှုတွေ ရှိနေပေမဲ့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ ကျမတို့အားလုံးရဲ့ ပိုမို ငြိမ်းချမ်း၍ သာယာဝပြောတဲ့ ကမ္ဘာကြီးဖြစ်ရေး၊ ဂရုဏာတရား ထွန်းကားတဲ့ လူသားအားလုံးရဲ့ နေရာထိုင်ခင်းဖြစ်မြောက်ရေး ဆိုတဲ့ မျှော်လင့်ချက်တွေကို သိုမှီးထားတဲ့ အဖွဲ့ကြီးအဖြစ် ရှိနေဆဲပါ။

"ကျေးဇူးပြု၍ အမျှဝေပါ"





တစ်ခါတုန်းက ဘုရားအလောင်းဟာ သူဌေးမျိုးမှာ ဖြစ်ပါတယ်။ ဘုရားအလောင်းမှာ ကောက်ကျစ်တဲ့ ညီတစ်ယောက်လည်း ရှိပါတယ်။
တစ်နေ့မှာ ညီအစ်ကို နှစ်ယောက် ကုန်ရောင်း ကုန်ဝယ် လုပ်ဖို့ ရေလမ်းခရီးနဲ့ ခရီးထွက်ပြီးအပြန်မှာ ငွေတစ်ထောင် အမြတ်ရခဲ့တယ်။
မြစ်ဆိပ်တစ်ခုရောက်တော့ လှေကို ခဏဆိုက်ပြီး ထမင်းအတူတူ စားကြတယ်။
ဘုရားအလောင်းက ထမင်းစားကြွင်းတွေကို ငါးလိပ်တွေကို ကျွေုးပြီး " ဤငါးလိပ်တွေကို အစာကျွေးရသော ကုသိုလ်ကောင်းမှုကို မြစ်စောင့်နတ်အား အမျှပေးဝေပါ၏ အမျှ အမျှ အမျှ ယူတော်မူပါ" လို့ မြစ်စောင့်နတ်ကို အမျှပေးဝေလိုက်တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၉)

သစ်ထူးလွင်



Tuesday, September 20, 2016

“ဥမၼတက ကြီး”


စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်ယောက်နဲ့ သွားပြဖို့လိုနေပြီလား မသိပါဘူး။ လောလောဆယ် မြင်သမျှတွေးသမျှတွေဟာ ကိုယ်သိထားတဲ့ စိတ်ဝေဒနာသည်တွေရဲ့ စရိုက်လက္ခဏာမျိုးတွေဖြစ်နေတယ်။ လမ်းသွားရင်း လူစိမ်းတစ်ယောက်ယောက် အနားကပ်လာရင် “သူ ငါ့ကို သတ်မလို့လား။ ငါ့ဆီက တစ်ခုခု လုမလို့လား” အရင်စတွေးတယ်။ ကိုယ်နဲ့မသိတဲ့သူတစ်ယောက်ယောက်ကို ကိုယ်ဘယ်မှာနေပါတယ် ဘာအလုပ်လုပ်ပါတယ် ရေရေရာရာ မိတ်မဆက်ရဲဘူး။ ကိုယ့်ဆီကအချက်အလက်တွေ လူတကာသိလို့ မဖြစ်ဘူးလို့ စဉ်းစားမိလာတယ်။ သွားရင်းလာရင်း သူ့ဟာသူ ချစ်ကြည်နူးနေတဲ့ တစ်တီတူးစုံတွဲလေးတွေ မြင်ရင်တောင် သိင်္ဂါရရသကို မခံစားရတော့ဘူး။ “ဒီကောင့်ကြည့်ရတာ ဆေးသမားလား မသိပါဘူး။ ဘယ်အချိန် ကောင်မလေးကို ထသတ်မလဲ။ ကောင်မလေးကရော တအောင့်လောက်နေရင် ဓါးနဲ့ထထိုးမှာလား။ အက်ဆစ်နဲ့ကောက်ပက်မှာလား” ရင်တထိတ်ထိတ် ဖြစ်လာတယ်။ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ မောင်မောင်မြင့် နဲ့ နွဲ့နွဲ့စန်းကြီးရဲ့ အလွန်မုန်းစရာကောင်းတဲ့ပေါ်လစီဝါဒဖြန့် ဇာတ်လမ်းတိုကလေးရှိတယ်။ “အသည်းတွေတုန်မှာပေါ့။

“ ဆက်ရက် ခြေပြတ်ကလေး ”


သမီးနှင့်သား -
ဒီတစ်ပတ်တော့ သမီးနှင့်သား မေးထားတဲ့ မေးခွန်းကို
သတိရလို့ ဆက်ရက်ကလေးတွေအကြောင်း ပြောပြ
ပါမယ်။ ဦးဦးဟာ တတ်နိုင်သရွေ့ ထောင်ထဲမှာ နေခဲ့တဲ့
အကြောင်းတွေ သားတို့ကို ပြောလေ့မရှိဘူး။ ဒါပေမယ့်
ဒီအကြောင်းကတော့ ထောင်ထဲဖြစ်စဉ်ပါမှ ဖြစ်မှာမို့
သည်းခံကြပါ။

"တရားထိုင်တဲ့အခါ.. အတိတ်ဘဝက အကြောင်းတွေ မြင်တဲ့သူများအတွက်"

ခန္ဓာ-၅ပါး တစ်ဦး

မိမိတို့ ရဲ့ သံသရာ ဝဋ်ဆင်းရဲကနေ လွတ်မြောက်ဖို့ အတွက် ဝိပဿနာ ကို ကျင့်ကြံ အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေများအတွင်း ဉာဏ်စဉ်တွေ အတော်ပေါက်မြောက်လာကြတာ တို့ ၊ တစ်ချို့ ပုဂ္ဂိုလ်များဟာလည်း မိမိတို့ စိတ်ချရတဲ့ အနေထားကို ရောက်ရှိသွားကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာကြလို့ စတဲ့ ပုဂ္ဂိုလ် အသီးသီးတွေမှာ တစ်ချို့ ပုဂ္ဂိုလ်တွေဟာ တရားရှုမှတ်နေတဲ့အချိန် မိမိရဲ့ ဟိုးအယင် အတိတ်ဘဝ ကို ပြန်မြင်တာတွေ ရှိကြပါတယ်။

ငုံးဥ နဲ့ တွဲမစားသင့်သော အရာများ

ငွေတာရီ

ငုံးဥကိုတော့ မသိတဲ့ လူဆိုတာ ရှားပါတယ်။ ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လို အာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်မယ်။
ငုံးဥထဲမှာ ပါတဲ့ အာဟာရ တန်းဖိုးဟာ ဆိုရင် ကြက်ဥ နှစ်လုံးစာနဲ့ ညီမျှတယ် ဆိုတာကော သိကြ ပါသလား။ ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကို အားကောင်း စေပါတယ်။
ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့ သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွားပြီး ခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။ ဦးနှောက် သွေးကြော ရှိတဲ့ သူတွေကတော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။

မြန်မာ့ရိုးရာ လက်ထပ်ခြင်း (၁၀) ပါး ဆိုသည်မှာ

သုတဇုန်

မြန်မာ့ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား မင်္ဂလာ (၁၀)ပါး ရှိပါသည်။
၁။ သတို့သား၊ သတို့သမီးနှစ်ဦးလုံးကို လူလည်ခေါင်တွင် ကန်တော့ခံမထွက်ပဲ မိမိအိမ်မှာပင် လွတ်လပ်စွာနေလျှင် ဖိတ်ထားသောပရိတ်သတ်များ စားသောက်ပြီး ပြန်သွားကြမှ သတိုးသမီး အိပ်ခန်းရှိ ကြိမ်တန်း၊ ကြိုးတန်း၌ သတိုးသား ပုဆိုး၊ ပုဝါ လှန်း၍ တင်ကာထိမ်းမြားခြင်းကို ပုဆိုးတန်းတင် ထိမ်းမြားခြင်း ဟုခေါ်သည်။

Monday, September 19, 2016

သား


ကြယ်တွေအများကြီးထဲမှာ
နာမည်မကြီးတဲ့ ကြယ်တွေရှိတယ်
အမေရိကန်သမ္မတတွေထဲလည်း
နာမည်မကြီးတဲ့ သမ္မတတွေရှိတယ်
ဘုရားတွေထဲလည်း
နာမည်မကြီးတဲ့
ဘုရားတွေရှိတယ်

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်းပြည်ပ နိုင်ငံရေးဗျူဟာ

Tin Hlaing

မြန်မာနိုင်ငံ၏ ဂျီဒီပီမှာ ဒေသတွင်း အလွန် နည်းပါးလျက်ရှိနေဆဲဖြစ်ပြီး နိုင်ငံလူဦးရေ ၅၄ သန်းအနက် သန်း ၂၀ မှာ သွားလာဆက်သွယ်ရန် ခက်ခဲသည့် အခြေအနေတွင် နေထိုင်နေရသည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင်ပင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံတွေ့နေရသည်။ ငွေကြောင်းဖောင်းပွမှုနှုန်း မြင့်မားနေပြီး ဆန်ထုတ်လုပ်မှုမှာ ကိုလိုနီခေတ်ထုတ်လုပ်မှုထက်ပင် လျော့နည်းလျက် ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံထံမှ ထောက်ပံ့မှုများ ဆက်လက်ရရှိရန် ၊ ရုရှားနှင့် စစ်ရေးဆက်ဆံမှု ဆက်လက်ထိန်းသိမ်းရန်နှင့် အာဆီယံနိုင်ငံများနှင့် ဆက်ဆံမှု မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိသည်။

အင်းလေးကန် ပေါ်ပေါက်လာပုံ သမိုင်း

နည်းစနစ်ကျကျအတွေးအခေါ်

ဘူမိဘေဒ ပညာရှင်များ၏ သင်ကြားချက် အရဆိုလျှင် ရှမ်းကုန်းမြေမြင့် ဒေသသည် (Lime stone) ခေါ် ထုံးကျာက်များ ပေါ်ကြွယ်ရာ ဒေသဖြစ်သည်။ မိုးများအဆက်မပြတ်ရွာသွန်းရာတွင် ထုံးကျောက်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသောပျော်ဝင်ကန် (solution lake) ဖြစ်သည်ဟု ဆိုကြ၏။ တစ်ချို့သော ဘူမိဗေဒ ပညာရှင်များကလည်း အင်းလေးကန်သည် ထုံးကျောက်များကိုရေတိုက်စားခြင်းဖြင့် ရေတိုက်စား ခံရသော နေရာများတွင် ချိုင့်ဝှမ်း ဖြစ်ပေါ်လာ သောထုံးကျောက်အိုင် ဟူ၍ ဆိုကြ၏။
တဖန်တစ်ချို့သော ပညာရှင်များက အင်းလေးကန်၏ တဖက်တချက်ရှိ အက်ကြောင်းကြီး နှစ်ခု၏ အလယ်ထုအာက်သို့ လျှောကျမှုကြောင့်(ထုပြတ်ရွေ့ Block Faulting) ဖြစ်ပေါ် လာသောရေအိုင်ဟူ၍ လည်းဆိုကြ၏။

ရခိုင်ပြသနာနှင့် ရာဇာပလ္လင် ဦးလှဝင်း (လေသူရဲတစ်ဦး)

U Hla WinFollow

၂၁ ပင်လုံ ညီလာခံ ပြဿနာ…။
နောက်… ဒီနေ့ ရခိုင်ပြဿနာ…။
ဒီပြဿနာ (၂)ခုအကြောင်းကို ကျွန်တော် လုံးဝ စာမရေးချင်ပါဘူး။
ဘာကြောင့်လဲ။
အားနာလို့ ခင်ဗျား။
အစိုးရ… စစ်တပ်… နောက်… ဦးဆောင်နေကြတဲ့ တာဝန်ရှိသူနှင့် သက်ရောက်နေသူအားလုံးကို အနှောင့် အယှက် မဖြစ်စေချင်လို့ပါ။
မိမိရဲ့စာက ကောင်းတဲ့ဘက်ကို အထောက်အကူပြုခဲ့ရင်တော့ ကောင်းတာပေါ့ ခင်ဗျား။ မပြုခဲ့ရင်တော့ ပြည်သူနှင့် အတူ စိတ်မချမ်းမသာ ဖြစ်ရတော့မယ်။

ကလေးကို မဆိုးအောင် ထိန်းကျောင်းပြုစုနည်း

Myanmar Forward

ကလေးဆိုးလေးလို့ဆိုလိုက်တာနဲ့ မျက်စိထဲ တန်းမြင်တာက ကစားစရာတွေ တအိမ်လုံးအပြည့်နဲ့ ပြည့်စုံတဲ့ကလေးမျိုးဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ကို ဆိုးစေတာဟာ ပိုင်ဆိုင်မှုများခြင်းကြောင့်မဟုတ်ပါဘူး။ ထိန်းကျောင်းပြစုနည်း လွဲမှားနေလို့ ဖြစ်ပါတယ်။
ကလေးဆိုးတွေဟာ အလိုကြီးပြီး တကိုယ်ကောင်းဆန်ကာ ဆင်ခြင်တုံတရား နည်းပါးပါတယ်။ သူတို့ကို အလိုလိုက်တာဟာ ထိန်းရပိုလွယ်သယောင်ထင် ရပေမဲ့ သူတို့လိုချင်တာဟူသမျှကို ရပါများရင်လည်း အထီးကျန်ဆန် သွားပြီး လောကကို သံသယများလာတတ်ပါတယ်။

(၂၁) ပင်လုံညီလာခံအချိန်မှာနှလုံး သွင်းသင့်သည့်ဂျပန်ပုံပြင်။ “ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”

Khin Lay


12:48:00 AM
ရှေးတုန်းက ဂျပန်ပြည်မှာ ခုခေတ် တိုကျိုမြို့တော်ဖြစ်လာမယ့် အဲဒိုဆိုတဲ့ မြို့ရှိခဲ့ပါတယ်။ အဲဒိုမြို့က တာတာမိ မြက်ဖျာရက်တဲ့ ဆာဘုရိုဘဲဆိုသူဟာ နှစ်သစ်ကူးပွဲတော်အတွက် ပိုက်ဆံ ရွှေဒင်္ဂါးသုံးပြား သွားချေးခဲ့တယ်။ ကံဆိုးချင်တော့ ငွေချေးပြီး အပြန်လမ်းမှာပဲ ပိုက်ဆံအိတ် ကျပျောက်သွားပါတော့တယ်။
ဆာဘုရိုဘဲဟာ အိမ်ပြန်ရောက်မှ ပိုက်ဆံအိတ် ကျပျောက်ခဲ့မှန်းသိပြီး ဆုံးပြီလို့ပဲ စိတ်လျှော့ထားလိုက်ပါတယ်။
သူကျကျန်ခဲ့တဲ့ ပိုက်ဆံအိတ်ကို လက်သမားဆရာ ချောဂျိရိုက ကောက်ရတယ်။

ဗိုလ်စိန်မှန်ကို အားနာတယ်။ သရဝဏ်(ပြည်)

Zawana Shen

မြန်မာ့နိုင်ငံရေးမှာ အမျိုးသားရေးတက်ကြွသူအချို့နဲ့ဖွဲ့စည်းထားတဲ့
လူမှုရေးလိုလို ၊ဘာသာရေးလိုလိုအဖွဲ့ ကြီးတစ်ဖွဲ့ က အတိုက်အခံလိုလိုဘာလိုလိုရပ်တည်လာပါတယ်။
တကယ်တော့မြန်မာနိုင်ငံမှာ ထေရ၀ါဒဗုဒ္စဘာသာပြန့်ပွားရေးအတွက် ဗုဒ္စဘာသာကလျာနယုဝ( YMBA) ၊ မလွန်ဆန်လှူအသင်းကြီး ၊
အဘိဓမ္မာပြန့်ပွားရေးအဖွဲ့ချုပ် စတဲ့
အသင်းအဖွဲ့များစွာပေါ်ပေါက်ဖူးပေမယ့်
အခု အဲဒိအဖွဲ့ ကြီးလို ကိုယ့်တနိုင်ငံထဲသားချင်း အဖွဲ့တဖွဲ့ဘက်ကရပ် ၊ အခြားအဖွဲ့ တဖွဲ့ကို
ဆန့်ကျင်တိုက်ခိုက်တဲ့အနေအထားမျိုးမရှိခဲ့ပါဘူး ။ နိုင်ငံရေးမှာ အတိုက်အခံဆိုတာ အစိုးရဘာလုပ်လုပ် ကန့်လန့်တိုက်အပြစ်ပြောနေရုံလောက်တင်မကပါဘူး ချီးကျူးစရာရှိတာကိုချီးကျူးမယ် ၊ ပူးပေါင်းစရာရှိတာကိုပူးပေါင်းမယ် ၊ ဆန့်ကျင်စရာရှိတာကိုဆန့် ကျင်ရပါမယ် ။ အရေးအကြီးဆုံးဖြစ်တဲ့ ချီးကျူးစရာရှိရင်ချီးကျူးမယ်ဆိုတာကတော့ အခုလက်ရှိ လူမှုရေးလိုလို မျိုးချစ်လိုလို အဖွဲ့ ကြီး နဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေထဲမှာဝေလာဝေးပါပဲ ။ ဘင်္ဂလီအရေးမှာ လက်ရှိ အစိုးရ ရဲ့ဆောင်ရွက်ချက်တွေကိုခါးခါးသီးသီးဆန့်ကျင်နေကြတဲ့သူတွေဟာ ဦးသိန်းစိန်အစိုးရလက်ထက်
နိုင်ငံတော်ရဲ့အမြင့်ဆုံးဥပဒေပြုအဖွဲ့ဖြစ်တဲ့

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၉)

သစ်ထူးလွင်



Sunday, September 18, 2016

ထူးချွန်တဲ့ ကလေးတွေကို ဒီလိုပျိုးထောင်ကြပါတယ်။

Dr Shwe Tun

၁။ နေ့တိုင်း အနည်းဆုံး နာရီဝင်ခန့် အချိန်ယူပြီး သင့်ကလေးနဲ့ ဆွေးနွေးပါ။
၂။ အိမ်မှာနေတယ်ဆိုပေမဲ့လည်း “ မင်္ဂလာပါ။ Good morning, Good night, စတဲ့ ယဉ်ကျေးတဲ့ စကားတွေနဲ့ နူတ်ဆက်သင့်ပါတယ်။
၃။ ကလေးများ ငယ်စဉ်မှ စ၍ တစ်ကိုယ်ရည် သန့်ရှင်းရေး ကို အကျင့်ပါပါစေ။
၎။ ကလေးရဲ့ စိတ်တွင်းစကားကို သေသေချာချာ နားထောင်ကြည့်ပါ။
စိတ်ရှည်ပါ။ မေတ္တာအပြည့်အ၀ သုံးပါ။ ပျော်ရွှင်တဲ့စိတ်နဲ့ နားထောင်ပေးပါ။
၅။ ကလေးကို သတိပေးတယ်ဆိုပြီးတော့မှ ကလေးရဲ့ အနာဟောင်းကို ခဏခဏ သွားမဆွ ပါနဲ့

ဗိုလ်ချုပ်အောင်ဆန်းနှင့်စပ်လျဉ်းပြီး စိတ်အထိခိုက်ရဆုံး အကြောင်းအရာလေးနှစ်ခု .....

 ‎
ရင်ထဲ မှာ တမျိုးကြီးဗျာ
ဗိုလ်ချုပ်အကြောင်းရေးထားတဲ့ စာအုပ်တွေကိုအတော်များများ ဖတ်ခဲ့ဘူး
ပါတယ်။အဲဒီစာအုပ်ပါ အကြောင်းအရာတွေထဲမှာမှစိတ်အထိခိုက်ရဆုံး
အကြောင်းအရာလေးနှစ်ခုကိုစွဲစွဲထင်ထင် မှတ်မိနေတယ်။
ပထမတစ်ခုက သခင်အောင်ဆန်းအဖြစ်နဲ့တက္ကသိုလ်ကထွက်၊ တို့ဗမာအစည်း
အရုံးထဲခြေစုံပစ်ဝင်ပြီးတော့ နိုင်ငံရေးလုပ်နေချိန်။

အသဲကွဲ တောင်ထိပ်ပေါ်က သူရဲကောင်း ပုံပြင်

ငွေတာရီ


တရုတ်ပြည် တနေရာမှာ အသဲကွဲတောင်ထိပ် လို့ခေါ်တဲ့ တောင်တန်း တစ်ခု ရှိပါတယ်။ အဲ့ဒီတောင်တန်း ရဲ့ ထူးခြားချက် ကတော့ တောင်တန်းကြီး ဟာဆိုရင် တောင်ထိပ် ကနေ အောက်ခြေရောက်တဲ့ အထိ ဓါးနဲ့ ခွဲ ထားသလို နှစ်ခြမ်းကွဲနေပါတယ်။
အဲဒီလို ပိုင်းခြား ထားတဲ့ အပိုင်းနှစ်ပိုင်း ဟာ တစ်ဖက်နဲ့ တစ်ဖက် (၁ဝ) မီတာလောက် ဝေးပါတယ်။ ကွဲကွာနေတဲ့ အောက်ခြေနေရာမှာတော့ အင်မတန်မှရေစီးသန် တဲ့ စမ်းချောင်း က ဖြတ်သန်း စီးဆင်းနေ ပါတယ်။ အဲ့ဒီတောင်တန်းပေါ်မှာတော့ တောင်ဆိတ်တွေ ကျက်စား နေထိုင်ကြ တဲ့နေရာလေးဖြစ်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၉)

သစ်ထူးလွင်



Monday, September 5, 2016

"ကျောင်းဖွင့်ချိန်" (တာရာမင်းဝေ)

ကျောက်သင်ပုန်း - အထွေထွေမှတ်စု

(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ ...
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ

ဦးနှောက်မတူသူများ

ဖြစ်ရပ်လေးတစ်ခုကို ပြောပြချင်တယ်။ သူငယ်ချင်း တစ်ယောက်ရဲ့ အဖြစ်အပျက်ကလေးတစ်ခုပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အမျိုးသမီးတစ်ယောက် ဈေးကပြန်လာတော့ သူ့ရှေ့က လမ်းပေါ်မှာ အိပ်နေတဲ့ ခွေးတစ်ကောင်ကို ဘာရယ်မဟုတ်ဘူး။ ကျောက်ခဲတစ်တုံးနဲ့လှမ်းပေါက်လို့ အဝေးကို မောင်းထုတ်ခဲ့ဖူးတယ်။ အဲဒီနေ့က စပြီးတော့ ခွေးဟာ မနက်တိုင်း အမျိုးသမီး ဈေးကပြန်လာပြီဆိုရင် တောက်လျှောက် လိုက်ဟောင်တတ်လာတယ်။
လိုက်အဟောင် ခံရတဲ့ အမျိုးသမီးရဲ့ ဒေါသ အဆုံးစွန်ရောက် လာတဲ့ တစ်မနက် မှာတော့ ဈေးအပြန်မှာ အဆိပ်လူးထားတဲ့ အမဲတုံးနဲ့ ခွေးကို ပစ်ကျွေးခဲ့လိုက်တယ်။

တောင်းပန်တာရှက်စရာလား

Zin Wyne

တနေ့ကကျနော့်friend ထဲက ကို #Aung soe moe က ဒေါ်အောင်ဆန်းစုကြည်ထမင်းစားပွဲမှာနှုတ်ဆက်တဲ့ဓါတ်ပုံကိုကြည့်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအပေါ်
အဝေဖန်စောမိလို့တာဝန်သိစွာပြန်တောင်းပန်တဲ့ကိစ္စ။

ဒီလိုပါပဲမန်းဝန်ချုပ်ကို ဇာတိမာန်သီချင်းနဲ့ပါတ်သက်လို့ ပုဂ္ဂိုလ်လေးတစ်ယောက်က အချက်လက်သေချာစွာမသိပဲဝေဖန်မိရာက မှားမှန်းသိတော့ ချက်ချင်းပြန်တောင်းပန်တဲ့ကိစ္စ။
ဒါတွေကိုဖတ်ပြီးစိတ်ထဲကျေနပ်မိလို့ဒီစာစုကိုရေးပါတယ်။
စာရှုသူမိတ်ဆွေတစ်စုံတရာ အကျိုးရှိမယ်လို့လည်း မျှော်လင့်မိပါတယ်ခင်ဗျာ။

အမျိုးသမီးများ သုံးနေကျ စကား ၉ ခွန်း

သုတဇုန်

(1 ) Fine: ကောင်းပြီလေ။ ။။ ဤစကားလေးက အမျိုးသမီးများ က သူမ မှန်နေသောအချိန် သင်နုတ်ပိတ်ဖို့ အတွက်ပြောခြင်းဘဲ။
( 2 ) Five Minutes: ငါးမိနစ်။ ။။ သူမ အပြင်ထွက်ဖို့အဝတ်အစားလဲနေချိန်သုံးပါတယ်၊ ဒီလိုဆို သေချာပြီ ခင်ဗျား နာရီဝက်အနဲဆုံးစောင့်ရမယ် ဆိုတာပါဘဲ။ သင်ဘောလုံးပွဲကို စိတ်ဝင်တစားထိုင်ကြည့်ပြီး၊အိမ်အလုပ်ကို လျစ်လျူရှုနေရင်တော့ သင့်အတွက် ငါးမိနစ်ဟာ ငါးမိနစ်ထက်လုံးဝမပိုတော့ပါဘူး။

"ကျွန်တော့်အဖေပြောတဲ့ လူတွေ"

ဘဝကိုတိုးတက်စေမည့်စာစုလေးများ

တစ်ခါက ကလေးလေးတစ်ယောက်ဟာ အဖေလုပ်သူကို မေးခွန်းလေးတစ်ခု မေးတယ်။
"လောကမှာ လူဘယ်နှစ်မျိုး ရှိသလဲ" တဲ့။
အမြဲတမ်း ကြံကြံဖန်ဖန် မေးတတ်တဲ့ ကလေးလေးကို ကြည့်ရင်း အဖေ လုပ်သူက ပြုံးပြတယ်။ မေးခွန်းတွေဟာ ကလေးလေးရဲ့ ဉာဏ်ရည် ဉာဏ်သွေးနဲ့ လက်ရှိ စိတ်အခြေအနေကို ထင်ဟပ်စေတယ်ဆိုတာ နားလည်တဲ့ အဖေလုပ်သူက ရှင်းပြဖို့ ကလေးလေးကို ခေါ်လိုက်တယ်။
အဖေလုပ်သူဟာ ကလေးလေးနားလည်လွယ်တဲ့ စကားလုံး အဖြေတွေ စုပုံထားတဲ့ အဘိဓာန်စာအုပ်ကြီးလို့ ကလေးလေးကလည်း ယုံကြည်တယ်လေ။

မြန်မာ တိုင်းရင်းသား လူမျိုး (၁၃၅) မျိုး ဆိုတာ ဘာတွေလဲ

Khant Naing

မြန်မာတိုင်းရင်းသားလူမျိုးအဓိက ကတော့ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှုမ်း ၊ ဆိုပြီး ( ၈ မျိုး ) ရှိပါတယ် ။
( ကချင် )မှာ လူမျိုးစု စုစုပေါင်း ၁၂ မျိုး ရှိပါတယ်။
(၁) ကချင် Kachin(၂) တရုမ်းTaron Taron(၃) ဒလောင် Dalaung(၄) ဂျိန်းဖော Jinghpaw(၅) ဂေါ်ရီ Guari(၆) ခခူ Hkahku(၇) ဒူးလန်း Duleng(၈) မရူ (လော်ဝေါ်) Maru (Lawgore)(9) ရ၀မ် Rawang(၁၀) လရှီ (လချိတ်) Lashi (La Chit)(၁၁) အဇီး Atsi(၁၂) လီဆူး Lisu

မြန်မာရှေးဘုရင်မင်းဆက်များ

Tin Maung Hlaing

●ပထမတကောင်းမင်းဆက်၊
●ဒုတိယတကောင်းမင်းဆက်၊
●သရေခေတ္တရာပထမမင်းဆက်၊
●သရေခေတ္တရာဒုတိယမင်းဆက်၊
●ပုဂံမင်းဆက်၊
●ပင်းယမင်းဆက်၊
●စစ်ကိုင်းမင်းဆက်၊

ပုံပြင်ထဲက အမေအို

Kyaw Thurein 

ဟိုးရှေးရှေးတုန်းက အင်မတန်ရက်စက်တဲ့ ဓါးပြကြီးတစ်ယောက်က ရွာလေးတရွာကို ဓါးပြ၀င်တိုက်သတဲ့ ၊ ဓါးပြဆိုမှတော့ ဘယ်မေတ္တာတရားရှိမလဲကွယ် ရွာထဲရှိတာ အကုန်သိမ်းကြုံးယူသွားတာပေါ့ ၊ မကြည်ဖြူလို့ မပေးချင်တဲ့သူဆိုရင် သူက ဓါးနဲ့ ပိုင်းပစ်တော့ သူယူသမျှပေးလိုက်ကြရတာပေါ့ ၊ ဒီလိုနဲ့ ရွာကနေ ဓါးပြကြီး ထွက်သွားတော့ သတ္တိရှိပြီး ဇွဲကောင်းတဲ့ အမေအိုကြီးတစ်ယောက်က လူငယ်တွေကို ခေါ်ပြီးပြောသတဲ့ ၊ ကဲလူလေးတို့ရေ ဒီဓါးပြကြီး ဒီလောက်ပစ္စည်းတွေ အများကြီးသယ်ပြီး တယ်ဝေးဝေးတော့သွားနိုင်မှာ မဟုတ်ဘူး သူပင်ပန်းတဲ့အခါ ချခဲ့တဲ့ ပစ္စည်းလေးများ ဒို့ ပြန်ရအောင် လိုက်ကြရအောင် ခေါ်သတဲ့ ၊

ဘီလျံနာ ဒေါနယ်ထရမ့်၏ မှတ်သားဖွယ်ရာ စကားများ

Lwin Pyin

၁။ ကျွန်တော်က အိမ်ငှားခအတွက် လစာရဲ့ 25% ထက် ဘယ်တော့မှ ပိုမသုံးခဲ့ဘူး။
၂။ ထူးဆန်းတဲ့ လုပ်ငန်းသစ်တွေအတွက် ငွေမြှုပ်တာဟာ ဘယ်တော့မှပြန်မဆပ်မယ့်လူကို ငွေချေးလိုက်တာနဲ့ တူတူပဲ။ ကိုယ် ကိုယ်တိုင်ကစွန့်ဦးတီထွင်သူမဖြစ်နိုင်ရင် လုပ်ငန်းတစ်ခုကိုဦးဆောင်ရှေ့ရွက်မလုပ်နိုင်ရင် သေချာတဲ့ရှိပြီးသား လုပ်ငန်းတစ်မျိုးမျိုးမှာပဲ ငွေထည့်သင့်ပါတယ်။ ကိုယ်နဲ့စိမ်းတဲ့လုပ်ငန်းမျိုးမှာ ဘယ်တော့မှ ငွေမထည့်ပါနဲ့။

မြန်မာတို့ ရဲ့  နှစ်ပေါင်း သန်း ၄၀ ကျောက်ဖြစ်ရုပ်ကြွင်းများ

Tin Maung Hlaing

၁၈၅၉ ခုနှစ် မှာ ချား(စ်)ဒါဝင် က မျိုးစိတ်တို့ ရဲ့ မူလအစ (The origin of Spieces ) ဆိုတဲ့ စာအုတ်ထုတ်ဝေလိုက်တော့ ကမ္ဘာ တစ်ဝှမ်းလုံး ပွတ်လော ရိုက်သွားတော့ တယ် ။ ဘာကြောင့်လဲဆိုတော့ အဲဒီစာအုတ်ထဲမှာ .. လူဟာ အဆင့် နိမ့် တဲ့ ကျောရိုး ရှိ သတ္တ၀ါ တစ်မျိုးကနေ သဘ၀ရွှေးချယ်မှု အရ တဖြည်းဖြည်းပြောင်းလဲ ဖွံ့ဖြိုးတိုးတက် လာသူဖြစ်တယ်လို့ ဒါဝင် ကရဲရဲ ကြီးကို ဆိုလိုက်တဲ့ အခါမှာ ရှေးရိုး သမားတွေ ဆတ်ဆတ် ခါသွားတော့တာပဲ ။

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၉)

သစ်ထူးလွင်



Friday, September 2, 2016

၃၁ - သြဂုတ် မျှော်ချင်း


လွမ်းချင်းလည်း ငါ မဆို
အိုင်ချင်းလည်း ငါမရေး
အဲချင်းလည်း ငါ မသီ
ခု
ငါ့တိုင်းပြည်အတွက်
"မျှော်ချင်း "သက်သက် ကဗျာသစ်
ရင်ထဲက ကို ဖြစ်တည်လာ
ဆွေ မြန်မာတို့ထံ စာသဝဏ်။

Zika ဇီကာဗိုင်းရပ်စ်ရောဂါကို ဘယ်လိုကာကွယ်ရမလဲ (ကျန်းမာရေးဝန်ကြီးဌာန)

Dr. Tint Swe

ဇီကာဗိုင်းရပ်စ်ရောဂါဆိုသည်မှာ ရောဂါပိုးသယ်ဆောင်ထားသည့် အေးဒီးစ်ခြင်ကျား ကိုက်ခံရခြင်းမှ ကူးစက်ပျံ့နှံ့ဖြစ်ပွား တတ်သော ရောဂါတမျိုးဖြစ်ပါသည်။
အဆိုပါရောဂါပိုးကို ၁၉၄၇ ခုနှစ်ကတည်းက ယူဂန်ဒါနိုင်ငံရှိ မျောက်များတွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ယူဂန်ဒါနိုင်ငံနှင့် တန်ဇန်းနီးယားနိုင်ငံများတွင် လူသို့ကူးစက်မှုရှိခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် ၂ဝ၁၂ ခုနှစ်က စတင်ဖြစ် ပွားခဲ့ပြီး ၂ဝ၁၄ ခုနှစ်အထိ ဖြစ်ပွားသူစုစုပေါင်း ခုနစ်ဦးရှိကြောင်း သိရှိရပါသည်။
ဇီကာဗိုင်းရပ်စ်သယ်ဆောင်သော အေးဒီးစ်ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပွားသည်။

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...