Saturday, July 23, 2016

ကင်ဆာရောဂါကို တိုက်ဖျက်နိုင်သော ဂျင်းနှင့် ကြက်ဥပြုတ်


မြန်မာဆေး ကြာပန်း ဆီးချို ငရုတ်ခါး ဆေးခါးကြီး

ဂျင်းဟာ ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်ကြောင်း အမေရိကန်မှ လေ့လာသူ ဆေးပညာရှင်များက အတည်ပြုပေးလိုက် ပါတယ်။
ဂျင်းမှ ထွက်ရှိတဲ့ ဓာတ်များဟာ ကင်ဆာ အကြိတ်နဲ့ ဆဲလ်များကို ပိုမို လျော့ပါးသွားအောင်၊ သေးငယ်သွားအောင် ချေဖျက်ပေးပါတယ်။ ဒါကြောင့်မို့ ကင်ဆာဆဲလ် ပြန့်ပွားနှနုးကိုလည်း နှေးစေတာကြောင့် ကင်ဆာရောဂါဖြစ်နေသူများ ကော သူ့ကို ဆေးအဖြစ် မှီဝဲသင့်ကြောင်းဆိုပါတယ်။ ဂျင်းကို နေ့စဉ်စားသုံးတဲ့ ဟင်းခတ်အမွေးအကြိုင်တို့မှာ အသုံးပြုခြင်းဖြင့်လည်း လူတို့ကို ကင်ဆာဖြစ်နိုင်ချေ ကာကွယ်တားဆီးပေး ပါတယ်။

ဒါကြောင့်မို့ ဂျင်းဟာ ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်ကြောင်း အတည်ပြုခဲ့ကြ ပါတယ်။
.
Ref: metro
အောင်ခမ်း (ရိုးရာလေး)
========= × ========= × =========

‪#‎ကင်ဆာပျောက်စေသော‬ ကြက်ဥပြုတ်။



လက်တွေ့ သားအိမ်ကင်ဆာဖြင့် ရန်ကုန်ဆေးရုံကြီးမှာ စစ်ဆေးပြီိး နောက်ကျမှလာသည်ဟု သတ်မှတ်ပြောဆိုခြင်းခံရသူ အသက်(၅၀-ကျော် အမျိုးသမီးကြီးတစ်ဦး လက်တွေ့ပျောက်ကင်းသွားသည်ဆိုသဖြင့် တိုက်ကြီးမြို့အဝင် "တာဂွရွာမှ သတင်းပျံ့ပြီး တစ်ဆင့်စကားကြားသိရသဖြင့် ကံတိုက်ဆိုင်သူများ ပျောက်ကင်းစေရန် တင်ပြပေးလိုက်ပါသည်။
ပေးပို့သူ ဆရာကြီးဦးသောင်းဌေး တာဂွရွာ အလယ်တန်း(ကျောင်းအုပ်ဆရာကြီး)
ကင်ဆာဒေဒနာခံစားနေရသူ။
သင်္ဘောသီး သင်္ဘောရွက်ကို နေ့စဉ်သုံးစွဲပါ ဆေးမီးတိုဆိုပြီး အဆင်မသေးပါ(နှင့်) အစာဟောင်းအိမ် အူမကြီးမှာ ကင်ဆာအလုံးတွေ့၍ ဖြတ်ထုတ်ရမည့်သူတစ်ဦး ငွေကြေးမတတ်နိုင်၍ ဆရာကြီးတစ်ဦး နည်းပေးသဖြင့်(သင်္ဘောရွက်ပြိုတ်အရည်သောက်ခြင်း-အရွက်နုကိုတိုစရာလုပ်စားခြင်းဖြင့် မခွဲရပဲ ဝမ်းလည်းပြန်သွားနိုင်ကာ နှစ်၂ကျော်ပြီး အသက်ရှင်နေပါသည်။
သင်္ဘောသီး ကြက်ဥပြုတ်သည် ရေမထည့်ပါ သင်္ဘောသီးထဲမှ အငွေ့အာနိသင်ဝင်ပြီး ကြက်ဥကျက်သွားခြင်းဖြစ်ပါသည်သင်္ဘောသီးအငွေ့ကြောင့်ကြက်ဥသည် ကင်ဆာပိုးကိုသတ်နိုင်ပါသည် ကြက်ဥမှမြွေဆိပ်ဖြေဆေးထုတ်နေသည်ကို ကြားဖူးကြပါလိမ့်မည် ကြက်ဥတစ်နေ့တစ်လုံးစားပေးသင့်သည်ဟု ယခုအခါ ကျန်းမာရေးဆရာဝန်ကြီးများက ညွှန်ကြားလျှက်ရှိနေကြသည်။
သဘာဝအိမ်ကြက်ဥများက ပို၍အာနိသင်ကောင်းပါသည် အိမ်ကြက်ဥကအလုံးသေးသဖြင့်ဈေးကွက်မဝင်ပါ။
သင်္ဘောသီးအစိမ်း ထိပ်မှဖြတ်ပါ အတွင်းမှအစေ့များကိုခြစ်ပါ အခေါင်းကျယ်စေဖို့ပါ အစေ့များကိုဖယ်မပစ်ပါနှင့် အခေါင်းတွင်းသို့ကြက်ဥထည့်ပါ အလုံးကြီးလျှင်ကြက်ဥ၂လုံးအထိဆန့်ပါသည် အဖုံးကိုပြန်အုပ်ပြီးအစေ့ဖြင့်ဖိကပ်ပါ မသေချာလျှင့်ရွှံ့ဖြင့်ဇော်မံပါ မီးဖို မီးကျီးဖြင့် နာရီဝက်ခန့်ဖုတ်ပါ။
ဖွင့်ကြည့်လျှင် သင်္ဘောသီးအတွင်းမှ အခိုးများထွက်လာပါလိမ့်မည် အတွင်းမှကြက်ဥကို အပြင်ထုတ်ပြီးအအေးခံပါ။
ကြက်ဥကိုရေမဆေးပါနှင့် ကြက်ဥနှစ်၂လုံးကိုအခြားအစာနှင့်မရောပဲထမင်းလွတ်စားပါ။
နေ့စဉ်။
အနည်းဆုံး ၁၄-ရက်စားမှ အကျိုးထူးပါမည်။
ကြောင်းကျိုးတိုက်ဆိုင်သူများ ပျောက်ကင်းကြပါစေ။
ကြည်လွင်မြင့်(မုဒြာ) ၂၉. ၄ .၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...