Saturday, July 9, 2016

ရိုးဂုဏ်( ရိုးသားတဲ့ဂုဏ်) ရှိစေဖို့ 

True Man

ဘ၀မှာရိုးသားမှုဆိုတာ နေရာတိုင်းသိပ်အရေးကြီးပါတယ်။ နေ့ စဉ်ဖြတ်သန်းနေရတဲ့ အချိန်တွေမှာ ရိုးသားတဲ့အချိန်တွေ အင်မတန်နည်းကာင်း၊နည်းနေမှာပါ၊ ဒါပေမယ့် ရိုးသားမှုနဲ့ လုပ်ဆောင်တဲ့ အလုပ်တိုင်းအတွက် ထိုက်တန်တဲ့ အကျိုးကျေးဇူးတွေကို ရမှာတော့ မလွဲပါဘူး။ ရိုးသားတယ်ဆိုတဲ့အနေထားနဲ့ တုံး တဲ့ အ တဲ့အနေထားက ကွာပါတယ်။ ရိုးသားမှုဟာ သစ္စာတရားပေါ်ကို အခြေခံတာပါ။ အမှန်ကို အမှန်တိုင်း၊ အရှိကို အရှိတိုင်း ပြောတတ်တဲ့ အလေ့အထဖြစ်ပါတယ်။
အဲ့လိုပြောဆို ကျင့်ကြံခြင်း
အားဖြင့် လူတစ်ယောက်ဟာ မိမိကိုယ်ကို ယုံကြည်မှုတွေ ပိုဖြစ်လာလိမ့်မယ်။ ခွန်အား တွေ ပိုတိုးလာလိမ့်မယ်။ လုပ်ဆောင်မှုတွေပို အောင်မြင်လာပါလိမ့်မယ်။
ရိုးသားမှု့ ကြောင့်ရလိုက်တဲ့အကျိုးကျေးဇူးတွေကနေ လူတစ်ယောက်အတွက် အောင်စိတ်(အောင်မြင်တဲ့စိတ်) ဖြစ်လာတာပါပဲ။ သူဟာတဖြည်းဖြည်းနဲ့  ရိုးသားမှုကို အခြေခံတဲ့ အောင်မြင်မှုတွေ ရလာတဲ့အခါ၊ လိမ်ညာမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ ရှုံးနိမ့်မှုမျိုးတွေကို ရွံ့ ရှာတတ် လာလိမ့်မယ်၊ မုန်းတီးတတ် လာပါလိမ့်မယ်။ ဒါဟာ အင်မတန်အဖိုးထိုက်တဲ့ အလေ့အထတစ်ခုပါ။ ကိုယ်ကျင့်တရားတွေလည်း တစ်ဆ
ထက် တစ်ဆ ပိုပိုပြီးကောင်းမွန်လာပါလိမ့်မယ်။ ဒါကြောင့်လူတစ်ယောက် အတွက်
ရိုးဂုဏ်( ရိုးသားတဲ့ဂုဏ်) ရှိဖို့ သိပ်အရေးကြီးပါတယ်။ လူတစ်ယောက်ဟာ ရိုးသားမှု မရှိဘဲနဲ့ တော့ အသိဥာဏ်က မခိုင်မာနိုင်ပါဘူး၊ လျော့ရဲတတ်ပါတယ်။ အသိဥာဏ်
မခိုင်တဲ့သူက စိတ်ဓာတ်ဘယ်တော့မှ မြင့်မားမှုဆိုတာ မရှိလာနိုင်ပါဘူး ။
အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်ခံနိုင်ဖို့  သိပ်အရေးကြီးတယ်။ စိတ်ချမ်းသာအောင် ကိုယ့်ကိုယ်ကို လှည့်စားတာတွေ သူတပါးကို လှည့်စားတာတွေ ရှိတယ်။ အဲဒီလို လှည့်စားတာဟာ စိတ်ထဲမှာ ပဋိပက္ခ ဖြစ်စေတယ်။ ပဋိပက္ခဟာ စိတ်ဓာတ်အင်အားကို ကုန်ခန်းစေပါတယ်။ သူများကို လှည့်စားနေလို့ အောင်မြင်ချင်
အောင်မြင်နေပါလိမ့်မယ်၊ မိမိကိုယ်ကိုတော့ ဘယ်တော့မှာလှည့်ဖြားလို့ မရနိုင်ပါဘူး။
လှည့်စားမှု ထဲမှာပဲ အင်အား တော်တော်များများကုန်သွားပါပြီ၊ အသိအမြင်ရှင်းလင်းမှု၊
လွတ်လပ်မှုရဖို့  အရေးမှာ သုံးစရာအင်အားမကျန်တော့ဘူး။ အမှန်ကို လက်ခံဖို့ ကိုယ့်
ကိုယ်ကို မညာဖို့ လိုတယ်။ ရိုးသားမှုရှိမှ အသိဥာဏ်ပွင့်မှာ ဖြစ်တယ်။ ဒါပေမယ့် အဲ့ဒီရိုး
သားမှုကို လူတွေ မေ့တတ်ကြတယ်။ လူတိုင်းအသုံးပြုရမှာလည်း ၀န်လေးကြတယ်။ ဘာလို့ လည်းဆိုတော့ သူတို့ ပတ်ဝန်းကျင်မှာလည်း လူချမ်းသာတွေ၊ ရာထူးစည်းစိမ်
ရှိတဲ့သူတွေ ကိုယ်တိုင်ကိုက ရိုးသားမှုကို လစ်လျူရှု့ နေကြလို့ ပါပဲ။ ရိုးသားမှုဟာ မိမိ
ဘ၀နဲ့ ထပ်တူကြဖို့ လိုပါတယ်၊ ဒါမှာလည်း ကိုယ့်ကို ယုံကြည်မှုရှိတဲ့ လူတစ်ယောက်
ဖြစ်လာမှာပါ။
ရိုးသားမှုကို မိမိပတ်ဝန်းကျင်မှာ ရှာဖွေပါ၊ ကိုယ့်ကိုမှာလည်း ရှာဖွေပါ၊ မရှိရင် မွေးမြူပါ။
ကဲ..အားလုံးပဲ ရိုးသားမှုကို စမ်းစစ်ကြရအောင်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...