Saturday, July 16, 2016

ကိုနေဝင်း ( တေးရေး )

Maung Maung Nee 

၁၉၈၀ တဝိုက်က အားလုံး အေးအေးချ မ်းချ မ်းပဲ ။ တက္ကသိုလ်တွေလည်း ငြိမ်းငြိမ်းချ မ်းချ မ်းပါပဲ ။ ရန်ကုန်တက္ကသိုလ် ပန်းချီ အနုပညာ အသင်းကလည်း နှစ်စဉ်ကျ င်းပမြဲ နှစ်လည်ပန်းချီ ပြပွဲကို စည်စည်ကားကား ကျ င်းပပါတယ် ။ RC ခန်းမထဲမှာပါ ။ ကက်ဆက်သံ တညံညံပေါ့  ။ သည်တုန်းက သွှအောင်ရဲ့ သီချ င်းတွေပဲ အမြီးပြန် ၊ ခေါင်းပြန် ဖွင့်တာပါ ။ မြို င်နန်းစံ ပန်းတစ်ပွင့်သီချ င်းပါဝင်တဲ့ ပထမဆုံး စီးရီးပါ ။စောဘွဲ့မှူး ဂစ်တာလက်သံကလည်း ဆွဲဆောင်မှု အပြည့်ပါပဲ ။

ညရောက်ရင် RC ထဲမှာပဲ ပန်းချီ ကားတွေ စောင့်ရှောက်တဲ့အနေနဲ့ ကျောင်းသား ဆယ့်လေးငါးယောက် စုအိပ်ကြတယ် ။ ပန်းချီ ခန်းက ဘော်ဒါတွေပဲ များပါတယ် ။ RC ခန်းမကို တစ်ညတာတော့ သိမ်းပိုက်လိုက်နှိုင်ကြပါတယ် ။ ကြမ်းပြင်မှာ ဝိုင်းဖွဲ့ထိုင်တယ် ၊ အပျ င်းပြေ. ယမကာ မှီဝဲကြတယ် ။ ဂစ်တာတီးတယ် ၊ ရောက်တတ်ရာရာ ပြောကြတယ် ။ ပန်းချီ ဆရာကြီး ဦးနန်းဝေလည်း ပါပါတယ် ။ သူက လူငယ်တွေနဲ့ မလှမ်းမကမ်းမှာ တစ်ကိုယ်တော် သောက်တာ ... ၊ လူငယ်တွေကို ပြုံးပြုံးကြီး ကြည့်နေတတ်တယ် ။
တစ်ညသားမှာ တေးရေး ကိုနေဝင်းတို့အုပ်စု ဂစ်တာကြီးတွေထမ်းပြီး ရောက်ချ လာပါတယ် ။ ည ၉ နာရီလောက် ရှိပါပြီ ။ သူတို့ကို ဖိတ်ခေါ်လာသူက ထုံးစံအတိုင်း မင်းကျော်ခိုင်ပေါ့  ။ ကိုနေဝင်းနောက်မှာ တပည့် ၃ ယောက်လောက် ပါမယ်ထင်တယ် ။ သက္ကလတ် ဦးထုပ် ကိုယ်စီ ၊ ဂျ င်းဘောင်းဘီ ကိုယ်စီ ၊ လွယ်အိတ် ကိုယ်စီနဲ့ပါ ။ မျ က်နှာတွေက အဆီပြန်လို့ ၊ ညှင်းသိုးသိုး နွမ်းလျှ နေပုံတွေပေါ့  ။
မင်းကျော်ခိုင်က ပန်းချီ သမား ဘော်ဒါတွေနဲ့ မိတ်ဆက်ပေးတယ် ။ ဆရာဦးနန်းဝေနဲ့ မိတ်ဆက်ပေးတယ် ။ ခု မဂ္ဂဇင်း သရုပ်ဖေါ် ပန်းချီ ဆရာ ပန်းချီ ကိုမျိုးမြင့် ၊ မော်ဒန်ပန်းချီ ဆရာ ကိုစံမင်း ၊ DVB ကိုဇေယျ ... စသူတို့လည်း အဲသည်ညက လူစုံတက်စုံ ရှိပါတယ် ။
ကိုနေဝင်းက ဆရာဦးနန်းဝေကို သိတယ် ။ တရိုတသေ ဆက်ဆံတယ် ။ ဦးနန်းဝေနဲ့ မျ က်နှာချ င်းဆိုင်မှာ ကြမ်းပြင်ပေါ် ဖင်ချ ထိုင်တယ် ။ သူရေးစပ်ထားတဲ့ သီချ င်းတချို့ ကို ဆိုတီး တီးပြတယ် ။ အားလုံးဟာ ကိုနေဝင်း အနုပညာမှာ မိန်းမောနေမိကြတယ်ပေါ့  ။ ဆရာဦးနန်းဝေက ခပ်တိုးတိုးပဲ သူသိချ င်တာလေးတွေ မေးတယ် ။
သည်နေရာမှာ ပန်းချီ ဆရာကြီး ဦးနန်းဝေအကြောင်း အနည်းအကျ ဉ်း သိထားသင့်ကြပါတယ် ။ 7 July ပြီးတာလည်း မကြာသေးပါဘူး ။ ( သည်နေ့ 14 July ) 7 July ဟာ ဆရာဦးနန်းဝေတို့အတွက် ကမ္ဘာပျ က်တဲ့နေ့ ၊ ရင်ကွဲရတဲ့နေ့ ပါပဲ ။ ဖျ က်ဆီးခံလိုက်ရတဲ့ သမဂ္ဂ အဆောက်အဦထဲမှာ ဦးနန်းဝေရဲ့ လက်ရာမွန် ပန်းချီ ကားတွေရှိတယ် ။ ယူချိ န် မရလိုက်ဘူး ၊ အားလုံး ပြာပုံ ဖြစ်သွားခဲ့ပါတယ် ။ ရန်ကုန်တက္ကသိုလ်ရယ် ၊ သမဂ္ဂရယ် ၊ ပန်းချီ ဦးနန်းဝေရယ် ၊ သမဂ္ဂအစောင့် ဦးကံသိန်းရယ်ဆိုတာ ခွဲခြားလို့မှ မရတာ ... ။ သမဂ္ဂ + ဦးနန်းဝေ + ဦးကံသိန်းတို့သည် ဟိုခေတ် ကျောင်းသားတွေ မျ က်စေ့ထဲမှာ တွဲရက် မြင်လေ့ရှိတဲ့ အထင်ကရတွေပေါ့  ၊ ကျောင်းသားတွေရဲ့ အချ စ်တော်တွေပေါ့  ။ ဦးနန်းဝေရဲ့ ဂန္ထဝင် ပန်းချီ လက်ရာတချို့  ဘွဲ့နှင်းသဘင် ခန်းမထဲမှာ ယနေ့အထိ ရှိပါသေးတယ် ။ လူငယ်တွေ လေ့လာသင့်ပါတယ် ။
အဲသည်နောက် ဦးနန်းဝေလည်း စိတ်ဓာတ်ကျ သွားပါတယ် ။ ယစ်ထုပ်ကြီးလိုလို ဖြစ်သွားခဲ့ပါတယ် ။ ယစ်ထုပ်ပေမယ့် ရှေး အနုပညာသမားကြီးတွေ သောက်ပုံက ယဉ်ကျေးတယ် ခင်ဗျ ။ ပုလင်းလွတ်ထဲမှာ အရက်နဲ့ရေ ၊ သင့်တော်ရုံရောပြီး ပုလင်းအဖုံး ( ဝီစကီ ပုလင်းအဖုံး ) ထဲ ငှဲ့ သောက်တာဗျ ။ ဖန်ခွက်တွေ ဘာတွေ မလိုဘူး ၊ အာစွတ်ရုံပဲ သောက်တာ .. ။ သည်တော့ တစ်နေကုန် သောက်လို့လည်း မူးမသွားဘူး ။ အသက်လည်း ရှည်တယ် ၊ ၉၀ လောက်အထိ နေသွားရတယ် ။
ကိုနေဝင်းတို့ဟာ ဆရာဦးနန်းဝေရဲ့ အနုပညာနဲ့ ဖြတ်သန်းမှု သမိုင်းကြောင်းကို ကောင်းကောင်း သိပုံရပါတယ် ။ ဂါရဝတရား အပြည့်ပါ ။ သည်နေရာမှာ ကိုနေဝင်းရဲ့ ထူးခြားမှုကိုလည်း တင်ပြချ င်ပါတယ် ။ အဲဒါက အရယ် အပြုံး နည်းခြင်းပါပဲ ။ ကိုနေဝင်း ရယ်တာ ၊ ပြုံးတာ တစ်ခါမှ မမြင်ဖူးဘူး ။ ကိုနေဝင်းနည်းတူ မဇ္ဈိမလှိုင်း အဖွဲ့သားတွေ ရယ်တာ ပြုံးတာလည်း မြင်ရခဲတယ် ။
အထူးသဖြင့် ကိုနေဝင်း ၊ ကိုရဲလွင် ၊ ကိုမောင်မောင် ၊ တွတ်ကီတို့ဟာ မျ က်နှာထား အတည်ဆုံးပဲ ။ သူတို့နဲ့စာရင် ကိုခင်မောင်တိုးနဲ့ ဇော်မျိုးထွဋ်တို့က ပြုံးဖေါ် ပြု ဖေါ် ရပါသေးတယ် ။ စန္ဒယားမောင်မျိုးခင်လည်း အရယ် အပြုံး နည်းတယ် ။ သည်ပုဂ္ဂို လ်တွေဟာ ပုရိသ သတ္တိ အားကြီးသူတွေလို့ ထင်ပါတယ် ။ ( သည်စကားလုံးက စန္ဒယားတင်ဝင်းလှိုင်ရဲ့ စကားလုံး ၊ အဆိုကျော် မပုလဲကို သူက ဣတ္ထိယသတ္တိ အားကြီးသူလို့ ပညတ်ပါတယ် ။ )
အဲသည့်ညက ကိုနေဝင်းနဲ့ ဆရာဦးနန်းဝေတို့ အပြန်အလှန် ဘာတွေ ဆွေးနွေးကြတယ်ဆိုတာ သေချာ နားမထောင်မိလိုက်တာ ခုမှ နောင်တ ရမိပါတယ် ။ မှတ်မိတာကတော့ ကိုနေဝင်းက ရေးလက်စ သီချ င်းတစ်ပုဒ် ဆိုတီးတီးပြတယ် ၊ ( Classical ဂစ်တာနဲ့ပါ ။ ) ၊ ရှင်းပြတယ် ၊ ဆရာဦးနန်းဝေက ဂရုတစိုက် နားထောင်ပေးတယ် ၊ သူမရှင်းတာမေးတယ် ။ ပန်းချီ ကိုမျိုးမြင့်တို့ကလည်း စကားစ မပြတ်အောင် ဝင်ဝင်ထောက်ပေးတယ် ။ ပြီးရင် ကိုနေဝင်းက ဂစ်တာ ဆက်တီးတယ် ၊ ရှင်းပြတယ် ။ ဘေးမှာ လူဆယ်ယောက်လောက် ဝိုင်းထိုင် နားထောင်ကြတယ် ၊ ခံစားကြတယ် ။
ကျ နော်တို့က လူငယ်ဆိုတော့ အလေးအနက် ထားရကောင်းမှန်း ဟိုစဉ်က မသိခဲ့ပါဘူး ။ မလှမ်းမကမ်းမှာ လတ်လျှား လတ်လျှား ... ။ ည ၁၂ နာရီလောက်ကျ တော့ သူတို့အဖွဲ့ လာရာလမ်းအတိုင်း .....
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
× မယ်ညွှန်ရာ ခရီး × သွားလိုက်ဦး × သြော် ခုမှ မငြင်းသာပြီ × အသင်ပေးသည့် အပြစ် × လက်နှင့်မယူ အသက်နှင့် ယူပါမည် ×
🎵🎶🎼🎵🎶
........

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...