Wednesday, July 27, 2016

သားလေးဖတ်ဖို့ 

Barlarlar

-စာကိုမကျက်ပါနဲ့သား . စာကိုနားလည်အောင် ဖတ်ပါ။ မှတ်ပါ။
-လိုချင်တာတွေကို မဝယ်ပဲ ပိုက်ဆံကို ခြစ်ကုပ်စုပီး ကပ်စေးမနဲပါနဲ့သား . ဒါပေမဲ့ အသုံးနဲ့ အဖြုန်းကို ခွဲခြားတတ်ပါစေ။
-ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ အတင်းအဖျင်းတွေကို ဂရုမစိုက်ပါနဲ့သား . သားအကြောင်းကို သားကိုယ်တိုင်ထက်ပိုပီး ဘယ်သူမှ မသိနိုင်ပါ။
-စာများများဖတ်ပါ သား .reader ကောင်းတစ်ယောက်ပာာ leader ကောင်းတစ်ယောက် ဖြစ်လာမှာပါ။

ကျန်းမာရေးလျှို့ဝှက်ချက်များ

Nine Nine Sanay @ နိုင်းနိုင်းစနေ

တရုတ်ရုပ်သံလိုင်းဖြစ်တဲ့CCTVက အသက်(၇၆)နှစ်ရှိပြီဖြစ်တဲ့ တရုတ်ကျန်းမာရေးပညာရှင် ပါမောက္ခWan Cheng Kuiနဲ့ အစီအစဉ်တစ်ခု တင်ဆက်သွားခဲ့တယ်။ အစီအစဉ်မှာ Wan Cheng Kuiက သူ့ရဲ့ကျန်းမာရေး၊ ပျော်ရွှင်ရေး၊ အသက်ရှည်ရေး လျှို့ဝှက်ချက်တွေကို ပြောသွားခဲ့တယ်။
.
(၁) ကျန်းမာဖို့အတွက် သင့်ကိုယ်ပေါ်မှာ မူတည်တယ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ သတ်မှတ်ချက်အရ လူတစ်ယောက်ရဲ့ အသက်ရှည်ရေးနဲ့ကျန်းမာရေးဟာ ၁၅%က မျိုးရိုးကြောင့်၊ ၁ဝ%က လူမှုပေါင်းသင်းရေးကြောင့်၊ ၈%က ရောဂါဘယကြောင့်၊ ၇%က ရာသီဥတုကြောင့်နဲ့ ၆ဝ%က ကိုယ့်ကိုယ်ကိယ်ပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

. ၁၈ နှစ်ကျော်ရင်မဖတ်ရ

ရဲ ဝဏ္ဏ သန်း

ညီလေးရေ...
COC game ဆော့နေတာလား
Candy crush game ဆော့နေတာလား
ခဏနားပြီးနားထောင်စမ်းပါ
အရေးကြီးတာ ပြောမလို့ကွာ...

ညီလေးရေ.. ..စာဖတ်ကွ
မြန်မာပြည်ရဲ့အနာဂတ်က မင်းတို့လက်ထဲမှာ
ပြင်စရာတွေ အများကြီး

ခဏ သေကြည့်ပါ

Dr Shwe Tun

ညအိပ်ခါနီးအချိန်ကို တစ်ကယ်သေခါနီး အချိန်လို့ သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင် အလေးအနက်ထား ကြိုးစားကြရပါမယ်။ ကုသိုလ်အာရုံက ဒါနအာရုံ သီလအာရုံ သမထအာရုံ ဝိပဿနာအာရုံ လို့လေးမျိုးရှိပါတယ်။
ဒါနအာရုံအနေနဲ့ ဒီနေ့ဒီအချိန်အထိ ဘဝ တစ်သက်တာမှာပြုခဲ့တဲ့ ကောင်းမှုတွေထဲက ကိုယ်အနှစ်သက်ဆုံး ကိုယ်ပီတိအဖြစ်ဆုံး ဒါန ကောင်းမှုတစ်ခုခုကို အာရုံပြုရပါမယ်။ အဲဒီဒါနဟာ ငွေကြေးအကုန်အကျ အနည်းအများနဲ့ မဆိုင်ပါဘူး။ အကုန်အကျများတိုင်း အကျိုးပေးထက်သန်တာ မဟုတ်ပါဘူး။ ပီတိအားကောင်းမှ အကျိုးပေးထက်သန်တာပါ။

မိသားစုတစ်စု ဘာ့ကြောင့်ဆင်းရဲရသလဲ…?


ကျနော်တို့လူသားတိုင်းမှာ မိသားစု အသိုက်အမြုံဆိုတာ ရှိကြပါတယ်..။
သက်ရှိသတ္တ၀ါတိုင်းမှာလည်း မိသားစုဆိုတာရှိကြစမြဲပါ…
ဒီမိသားစုဆိုတဲ့ လှပတဲ့အဓိပ္ပါယ်လေးက အရမ်းကို
လေးနက်မှုရှိသလို ပျော်ရွှင်အေးချမ်းဖွယ် မေတ္တာကမ္ဘာလေး
ဆိုလည်း (လုံးဝ) မမှားပါဘူး။
တစ်ဦးနဲ့တစ်ဦး အမှီသဟဲ ပြုပြီးနေထိုင်နေကြတာပဲဖြစ်ပါတယ်…

မဟာယာန နှင့်ထေရဝါဒ ကွာခြားမှု အကြောင်း

Yoyarlay

ခေါင်းစဉ်ဖတ်ရုံနှင့် အင်မတန်စိတ်ဝင်စားဖွယ်ကောင်းမည့် အကြောင်းအရာဖြစ်မှန်း စာဖတ်သူတို့ သိရှိမည်ဟု ယုံကြည်ပါသည်။
ယင်းသို့ ဗုဒ္ဓဘာသာမှ ခွဲထွက်လာသော ထိုလမ်းနှစ်သွယ်ကို ရေးသား သုံးသပ်ရန်မှာ အင်မတန် ခက်ခဲလှသည်။ အကြောင်းမှာ - တစ်ဖက်စောင်းနှင်း ဖော်ပြမိလျှင် မိမိဘာသာ သာ အမှန်၊ အခြားဘာသာမှားယွင်းသည်ဟု မှားမှားယွင်းယွင်း သိမြင်စေသော အတ္တဝါဒီ သမား ဖြစ်နိုင်ခြင်း၊ ကွဲလွဲမှုများဖော်ပြရာ စာဖတ်သူတို့အား အမြင်လွဲမှား မှုများဖြစ်ပေါ်စေခဲ့လျှင် သံဃာသင်းခွဲသည်ဟူသော ကံကြီးတစ်ခုပါ ထိုက်ချေအုံးမည်။

မျိုးချစ်စိတ် နဲ့ ရေးတဲ့ စာ


Khun Saing

မကြာခင်က မိတ်အင်မြန်မာ ( Made in Myamar ) တံဆိပ်ကပ်ထားတဲ့ ကုတ်အင်္ဂျာီတွေကို ကုန်တိုက်တခုရဲ့ အရောင်းစင်တွေပေါ်မှာ အစီအရီ တွေ့လိုက်ရလို့ ၀မ်းသာ-လှိုက်လှဲ အားရစိတ်နဲ့ တော်တော်ကြာအောင် အင်္ဂျာီတွေကို လှည့်ပတ်ကြည့်နေမိပါတယ်။ ကုန်တိုက်နံမည် က မာ့ ခ် အင် စပင်ဆာ ( Merk & Spencer ) ။ အင်္ဂလန်မှာကော ဥရောပမှာပါ နံမည်ကြီး-ဈေးကြီးတဲ့ - ကုန်တိုက်တခုပေါ့။ ဈေးကြီးသလို ပစ္စည်း အရည်အသွေးတွေလည်း ကောင်းတယ်ဆိုတဲ့ အမှတ်တံဆိပ်( Brand) ကိုထိမ်းသိမ်းထားသမို့ အင်္ဂလိပ်လူကုံတန် တွေ အသိအ မှတ်ပြု အားပေးတဲ့ တံဆိပ် -brand ဆိုတော့ ဒီ ကုတ်အင်္ဂျာီတွေ ဒို့ မြန်မာပြည်က ချုပ်နေနိုင်ပြီ ဆိုတဲ့ ဂုဏ်ယူကျေနပ်တဲ့စိတ်မျိုး -ပေါ်မိတာပါ။

အန္တရာယ်ကင်းအောင် စားသောက်နည်းများ

 ၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။
၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အ...နှစ်တို့ပါသော မုန်းဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ်များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။ရလာသော ဇွန်းဝက်ခန့် သံပုရာ ရည်များကို အရင်သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

နှလုံးသားနဲ့ နားလည်ကြည့်ပါ။

Dr Shwe Tun

Be a better than you
ကိစ္စတိုင်းကို နင်မှားတယ်၊
ငါမှန်တယ် လုပ်စရာမှမဟုတ်တာ။

အိမ်သူအိမ်သားနဲ့ စကားနိုင် လုတယ်၊
လုလို့နိုင်သွားတယ် ၊ ၅၂၈ လျော့သွားတယ်။
ချစ်သူနဲ့ စကားနိုင် လုတယ်၊
လုလို့နိုင်သွားတယ် ၊ ၁၅၀၀ လျော့သွားတယ်။
သူငယ်ချင်းနဲ့ စကားနိုင် လုတယ်၊
လုလို့နိုင်သွားတယ် ၊ သူငယ်ချင်းသံယောဇဉ်
လျော့သွားတယ်။

English Speaking Basics (30) အင်္ဂလိပ်စကားပြော အခြေခံများ (၃၀)

Win Naing Oo 

 အသေးစိတ် တိတိကျကျ မပြောနိုင်တဲ့ အမှားတစ်ခု ရှိတာကို သိနေတဲ့အခါ ၊ အမှားရှိတယ်လို့တော့ သိတယ် ဘာမှားနေတာလဲတော့ မသိဘူး ၊ အဲလိုအခါမျိုးမှာ “အမှားတစ်စုံတစ်ခုတော့ ရှိနေတယ်” လို့ ပြောတတ်ကြတယ် မဟုတ်လား အဲဒါကိုပြောဖို့ ဒီပုံစံလေးကို သုံးလိုက်ပါ .
.
THERE IS SOMETHING WRONG WITH + (NOUN)
……………………………………………………..
You are informing someone that there is something not right or out of the ordinary.
.
1. There is something wrong with my mobile phone.
ကျနော့် လက်ကိုင်ဖုန်းမှာ အမှားတစ်စုံတစ်ခုတော့ ရှိနေတယ်

#ဗုဒ္ဓဘာသာကောင်းတစ်ယောက်‬

စာအုပ်လင့်ပေါင်းစုံ

ဘာသာရေးနဲ့ ပတ်သက်တာမှန်သမျှ အစုံလင်ဆုံး စာအုပ်တစ်အုပ်ပါခဗျာ
ဝိပဿနာကဘယ်လို သမထဘယ်လို ဘာဝနာက ဘယ်လို ကမ္မဋ္ဌန်းကဘယ်လို
အခြေခံကျင့်ကြံပွါးများနည်းကစ ပြီး အဆင့်ဆင့် ရှင်းပြပေးထားပါသေးတယ်
မိရိုးဖလာဗုဒ္ဓဘာသာထက် တကယ့်ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ဖို့
သာသနာရေးဝန်ကြီးဌာန ထုတ်ဝေသော

ဘန်ကောက်ကို မိမိဘာသာ ပထမဆုံးသွားရင် သတိထားရမည့်အချက်များ

Do's and Dont's For Bangkok

ဘန်ကောက်ဆိုတဲ့မြို့ကြီးက လူမျိုးစုံပျော်ပါးရာ ညမအိပ်တဲ့ မြို့တော်ကြီးပါဘဲ။ ဒါပေမဲ့လည်း သတိထားရမည့်အချက်လေးတွေရှိပါတယ်။ ချီလီ သိသလောက်မျှဝေပါတယ်နော်။ လိုနေခဲ့ရင် ထပ်ဖြည့်သွားပေးနို်င်ပါတယ်။ ဘန်ကောက်ကို သွားဖို့ ဗီဇာမလိုပေမဲ့ ကုန်းလမ်းက သွားမယ်ဆိုရင်တော့ ဗီဇာလိုပါတယ်နော်။
၁) ဘန်ကောက်ကိုသွားမယ်ဆိုရင် အတတ်နိုင်ဆုံး ကိုယ်ကုန်မယ်ထင်တဲ့ ငွေပမာဏကို ထိုင်းဘတ်ငွေ လဲယူသွားပါ။ ဒေါ်လာဆိုရင် ထပ်လဲရတော့ နှစ်ခါ နာလို့ပါ။ ပထမဆုံးဆိုရင် ဘတ် ၂၀၀၀၀, နဲ့ ဒေါ်လာ ၅၀၀ လောက်ယူသွားပါ။ ဒေါ်လာကြီးပဲတိုရင် ရ၀၀ ကျော်ပေါ့။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၇)

သစ်ထူးလွင်



Saturday, July 23, 2016

✤ လေးဖြူတက္ကသိုလ်ကျောင်းသား ဘဝက ပြောခဲ့သော ဂီတနဲ့ဂစ်တာအပေါ်သူရဲ့အတွေးအမြင်သဘောတရားများ ✤ . ⓛⓐⓨ ⓟⓗⓨⓤ

Music Crazy Te Te Tar Tar


ထိုနေ့က ကျွန်တော်သည် အဆောင်ထမင်းစားပြီး အိပ်ပျော်သွားသည်။အိပ်ရာမှရုတ်တရက် လန့်နိုးချိန်တွင်လွန်ကောင်းမွန်သောဂစ်တာသံကိုကြားရလေသည်။ရုတ်တရက်အိပ်ရာမှထသေးဘဲ
နားထောင်နေဖြစ်သည်။အမှန်တိုင်းပြောရရင် ကျွန်တော်ဂစ်တာစတီးသော ၁၉၇၉ ဒီဇင်ဘာလ မှ ၁၉၈၇ဖေဖော်ဝါရီလလယ်လောက်ဆို ၇ နှစ် လောက်ရှိပြီဖြစ်သည်။ ထိုကာလအတွင်းယခုလောက်ကောင်းသော ရစ်သမ် ဂစ်တာတီးသံကိုမကြားဖူးတာ အမှန်ပါ။

ဖြတ်သန်းရမယ့်နေ့ရက်တွေက ရှည်လျားတယ်၊ အတူတူဆော့ကစားနိုင်မယ့်သူကို ရှာယူပါတဲ့။

Nine Nine Sanay @ နိုင်းနိုင်းစနေ

(၁)
မနေ့က မထင်မှတ်ဘဲ ဟောင်ကောင်နာမည်ကြီးမင်းသမီးတစ်ယောက်ရဲ့ ဗီဒီယိုကလစ်တစ်ခု အမှတ်မထင်တွေ့လိုက်မိတယ်။ ဖွင့်ကြည့်လိုက်တော့ မင်းသမီးနဲ့ သူ့အမျိုးသား ဟိုတယ်အခန်းတစ်ခုမှာ ရိုက်ထားတဲ့ ဗီဒီယိုဖြစ်နေတယ်။ လေယာဉ်နောက်ကျလို့ နှစ်ယောက်သား ဟိုတယ်အခန်းထဲမှာနေပြီး အဆိုပွဲတစ်ခု သူတို့ကျင်းပလိုက်ကြတာပါ။

ပြန်မပြောလိုက်ပါနဲ့

 
မှတ်စုကြမ်း 

တခါတုန်းက လူတစ်ယောက်မှာ အလွန်အပြေးသန်တဲ့ မြင်းတစ်ကောင် ရှိတယ်တဲ့…။ အဲ့ဒိမြင်းကို လိုချင်တဲ့ သူဌေးကြီးတစ်ဦးလည်းရှိတယ်ပေါ့…။
သူဌေးကြီးဟာ မြင်းပိုင်ရှင်ဆီက ဝယ်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် မြင်းပိုင်ရှင်ကတော့ သူ့အချစ်တော်မြင်းဖြစ်လို့ ဘယ်လောက်ပေးပေး မရောင်းနိုင်ပါဘူးလို့သာအကြောင်းပြန်ခဲ့တယ်တဲ့…။
ဒီလိုနဲ့ တနေ့မှာတော့ မြင်းပိုင်ရှင်ဟာ သူ့မြင်းကို ဖြည်းဖြည်းမှန်မှန်လေး စီးလာတုန်း လမ်းကြားတခုအရောက်မှာ လူတစ်ယောက် လဲနေတာတွေ့လိုက်လို့ မြင်းဇတ်ကြိုးဆွဲပြီး ရပ်လိုက်တယ်။
နောက် မြင်းပေါ်ကဆင်း၊ လဲကျနေတဲ့ လူအနားသွားပြီး "မိတ်ဆွေ ကျွန်တော် ဘာအကူအညီပေးရမလဲ " လို့ မေးလိုက်တယ်။

အသက်ကြီးလာသော လက္ခဏာများ

U Than Win

အောက်ပါလက္ခဏာများ သင်မှာ ရှိနေပြီလား။ ကိုယ် အသက်ကြီးလာပြီလား ဆိုတာ စစ်ဆေးကြည့်ရအောင်….
၁။ ဘာမဆို တိုးတိုးတိတ်တိတ် လုပ်ချင်လာတယ်။ တစ်ယောက်ထဲ နေတာကို ကြိုက်နှစ်သက်လာတယ်။ တစ်ယောက်တည်း မဂ္ဂဇင်း ပဲထိုင်ဖတ်နေရနေရ ကျေနပ်တယ်။ ဆူဆူညံညံ မကြိုက်ချင်တော့ဘူး။
၂။ အရင်တုန်းက ညလုံးပေါက် KTV ဆိုတာ နောက်တစ်နေ့ ဘာမှ မဖြစ်သလိုပဲ။ အခုဆို နည်းနည်းလေး အိပ်မပျော်လိုက်တာနဲ့ တော်တော်နဲ့ နလန်မထူချင်သလိုပဲ။

"ကိုယ်ပါပဲ"

 "လောက" မှာ...
ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း
"ကိုယ်ပါပဲ"
ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း
"ကိုယ်ပါပဲ"
ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း
"ကိုယ်ပါပဲ"
ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း
"ကိုယ်ပါပဲ"
"အဓိက" က ကိုယ့်ရဲ့ "စိတ်" ပါပဲ

အကြိမ်ကြိမ် ဖတ်သင့်တဲ့ 'ပလေးတိုး နိဒါန်း'

Open Mind Library

ဆရာဇော်ဂျီ ပြန်ဆိုတဲ့ ပလေးတိုးနိဒါန်း စာအုပ် အခု နှစ်ကြိမ်လောက် ပြန်ထွက်လာတယ်။ ပလေးတိုး ရဲ့ ဆောခရတ္တိနဲ့ ဆိုင်တဲ့ ကထာစာတမ်း ၁၃ ပုဒ်ကို ရွေးချယ်ပြန်ဆိုထားတယ်။ စကားလုံးအသုံးအနှုန်းကအစ ဂရုစိုက် ခန့်ခန့်ညားညား ပြန်ဆိုထားတာမို့၊ ဒီလို စာမျိုး ပြန်ဆိုသူ မြန်မာပြည်မှာ ဆရာဇော်ဂျီ တစ်ယောက်ပဲ ရှိတယ်လို့ ပြောရမလားပဲ..။ ဆော့ခရတ္တိရဲ့ အခြေအတင် မေးမြန်းဆွေးနွေးချက်တွေဟာ ပြန်ဖတ်လေ စဉ်းစားစရာတွေနဲ့ အပြည့်ပါ..။
ဆော့ခရတ္တိ သေဒဏ်ချမှတ်ခံရပြီးနောက် အဆုံးမစီရင်သေးခင် ပြောခဲ့တဲ့ စကားတွေထဲက အချို့ကို အောက်မှာ ထုတ်နှုတ် မျှဝေလိုက်ပါတယ်..

ဗုဒ္ဓဘာသာ ငါးမျိုး

မြတ်ဗုဒ္ဓ ၏ သာသနာ


ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို
အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး
ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။

အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ
(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)

နောက်တချိန်ဖြစ်နိုင်ချေ

နည်းစနစ်ကျကျအတွေးအခေါ်

အရူးအမူး ခံစားပြတာလောက်ကို ချစ်လှပီလို့မထင်နဲ့ ညီမငယ်။
ယူပီးရင် ခံစားချက်မဲ့သွားသူတွေ ဒုနဲ့ဒေး။
ရေသန့်ဗူးဖောက် ကိုယ့်အိတ်လေးဆွဲပေးရုံကို သာယာမနေနဲ့ ညီမငယ်။
ယူပီးရင် ခိုင်းရင်တောင်မလုပ် မသိချင်ယောင်ဆောင်နေတာတွေ ဒုနဲ့ဒေး။
Surprise တွေ ခနခနလုပ်ပေးလို့ စွဲလန်းမနေနဲ့ ညီမငယ်။
ယူပီးရင် Anniversary တောင် သတိမရတော့တာဒုနဲ့ဒေး။
လက်ဆောင်တွေ ခနခနပေးနေလို့ ပျော်နေတာလား ညီမငယ်။

ကားစီးရင် မူးတတ်သူများအတွက် နည်းလမ်းကောင်းများ


ကားမူးတာက လူတော်တော်များများ ကြုံလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကားမူးတဲ့ အကြောင်းရင်းက မျက်လုံးနဲ့ အတွင်းနားတို့ ဟန်ချက်မညီမျှမှုကြောင့် ဖြစ်ပါတယ်။ အတွင်းနားက ခန္ဓာကိုယ်ကရွေ့လျားနေတယ်လို့ ဦးနှောက်ကို သတင်းပို့တယ် ။ ဒါပေမဲ့ မျက်လုံးက ခန္ဓာကိုယ်က ရွေ့လျားမှုမရှိဘူးလို့ ပြောတယ်။ ဒီလို မတူညီတဲ့ သတင်းပေးပို့မှုတွေကြောင့် ကားမူးရခြင်းဖြစ်ပါတယ်။ ကားစီးတဲ့အခါ မူးဝေအော့အန်တတ်တဲ့သူတွေက ကားမူးတာကို သက်သာစေမယ့်နည်းလမ်းတွေနဲ့ မဖြစ်အောင် ကာကွယ်ရမယ့်နည်းလမ်းတွေကို သိထားသင့်ပါတယ်။
လတ်ဆတ်တဲ့လေကို ရှူလိုက်ပါ။

ကားစီးရင် မူးတတ်သူများအတွက် နည်းလမ်းကောင်းများ


ကားမူးတာက လူတော်တော်များများ ကြုံလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကားမူးတဲ့ အကြောင်းရင်းက မျက်လုံးနဲ့ အတွင်းနားတို့ ဟန်ချက်မညီမျှမှုကြောင့် ဖြစ်ပါတယ်။ အတွင်းနားက ခန္ဓာကိုယ်ကရွေ့လျားနေတယ်လို့ ဦးနှောက်ကို သတင်းပို့တယ် ။ ဒါပေမဲ့ မျက်လုံးက ခန္ဓာကိုယ်က ရွေ့လျားမှုမရှိဘူးလို့ ပြောတယ်။ ဒီလို မတူညီတဲ့ သတင်းပေးပို့မှုတွေကြောင့် ကားမူးရခြင်းဖြစ်ပါတယ်။ ကားစီးတဲ့အခါ မူးဝေအော့အန်တတ်တဲ့သူတွေက ကားမူးတာကို သက်သာစေမယ့်နည်းလမ်းတွေနဲ့ မဖြစ်အောင် ကာကွယ်ရမယ့်နည်းလမ်းတွေကို သိထားသင့်ပါတယ်။
လတ်ဆတ်တဲ့လေကို ရှူလိုက်ပါ။

သီလရှင် စတင်ဖြစ်ပေါ်လာပုံ

Khin Hnin Kyi Thar

သီလရှင်ထံမှ သီလယူလို့ရမရ၊ သီလရှင်အား မိဘများ၊ ယောက်ျားလေးများက ရှိခိုးသင့်လားစတဲ့ မေးခွန်းများကို ဦးဇင်းဆီ မကြာခဏ မေးခွန်းတွေ ရောက်လာပါတယ်။
ဒါကြောင့် သီလရှင်အကြောင်းနဲ့ပတ်သတ်ပြီး ဆရာရဝေထွန်း ရေးသား ထားတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင် သမိုင်းစာအုပ်ကို လေ့လာခဲ့ပါတယ်။ အဲဒီမှာဖော်ပြထားတာ က သီလရှင်တွေဟာ ဘိက္ခုနီသာသနာကွယ်ပြီး သာသနာနှစ်ကိုးရာကျော်၊ အေဒီသုံးရာစု ၀န်းကျင်လောက်မှာ သီလရှင်စတင်ဖြစ်ပေါ်လာတယ်လို့ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။

ကင်ဆာရောဂါကို တိုက်ဖျက်နိုင်သော ဂျင်းနှင့် ကြက်ဥပြုတ်


မြန်မာဆေး ကြာပန်း ဆီးချို ငရုတ်ခါး ဆေးခါးကြီး

ဂျင်းဟာ ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်ကြောင်း အမေရိကန်မှ လေ့လာသူ ဆေးပညာရှင်များက အတည်ပြုပေးလိုက် ပါတယ်။
ဂျင်းမှ ထွက်ရှိတဲ့ ဓာတ်များဟာ ကင်ဆာ အကြိတ်နဲ့ ဆဲလ်များကို ပိုမို လျော့ပါးသွားအောင်၊ သေးငယ်သွားအောင် ချေဖျက်ပေးပါတယ်။ ဒါကြောင့်မို့ ကင်ဆာဆဲလ် ပြန့်ပွားနှနုးကိုလည်း နှေးစေတာကြောင့် ကင်ဆာရောဂါဖြစ်နေသူများ ကော သူ့ကို ဆေးအဖြစ် မှီဝဲသင့်ကြောင်းဆိုပါတယ်။ ဂျင်းကို နေ့စဉ်စားသုံးတဲ့ ဟင်းခတ်အမွေးအကြိုင်တို့မှာ အသုံးပြုခြင်းဖြင့်လည်း လူတို့ကို ကင်ဆာဖြစ်နိုင်ချေ ကာကွယ်တားဆီးပေး ပါတယ်။

Different Between ‪#‎go‬ & ‪#‎visit‬

အင်္ဂလိပ်-မြန်မာအဘိဓာန် - ရွှေအိမ်စည်

 1. go နဲ့ visit အဓိပ္ပါယ်တူ ၊ သွားတွေ့တယ်လို့ စိတ်မှာယူ၊
2. to ဆိုတာကို မထည့်ရ ၊ visit နောက် မှာဗျ ၊
3. Visit နောက်က to ထည့်တာ ၊ Noun ရဲ့သဘော သုံးရင်သာ၊
4. ဟောဒီ မှာ ကြည့်ပါလား ၊ A visit to the pagoda.

1. go နဲ့ visit ၏ အဓိပ္ပါယ် မှာ သွားတွေ့တယ် ဖြစ်သည်၊
visit ၏ နောက် တွင် to ကိုမထည့်ရပါ ၊go နောက်တွင် to ထည့်၍ရသည်။

ကံ ကံ၏အကျိုး

ဓမ္မရတနာ

ဖန်ဆင်းရှင်မှာ မိမိသာ
မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၌ သီတင်းသုံး
နေတော်မူ၏။ ထိုအခါ တောဒေယျ ပုဏ္ဏား၏သား သုဘလုလင်သည် သင့်လျော်ရာ၌ထိုင်ကာ မြတ်စွာဘုရားအား ဤသို့လျှောက် ထား၏။
သုဘ
အရှင်ဘုရား၊ လူအချင်းချင်းဖြစ်ကြပါလျက်_
(၁) အသက်တိုခြင်း၊ အသက်ရှည်ခြင်း၊
(၂) အနာရောဂါများခြင်း၊ အနာရောဂါကင်းခြင်း၊

ပြည့်တန်ဆာနှင့် ၀ိပဿနာ

Dr Shwe Tun

လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀ကျော်လောက်က တကယ့်ဖြစ်ခဲ့တဲ့ ဇာတ်လေးတစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။
ကာလအနေနဲ့ပြောရင် မြတ်စွာဘုရားပွင့်တော်မူနေတဲ့ ကာလပါ။ ပြည်က ဝေသာလီပြည်မှာပါ။ အဲဒီကာလ အဲဒီဝေသာလီပြည်မှာပဲ "မ၀ိမလာ" လို့ အမည်ရတဲ့ အမျိုးသမီးလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ၀ိမလာရဲ့အဓိပ္ပာယ်က အညစ်အကြေး ကင်းစင်သူ၊ သန့်ရှင်းစင်ကြယ်သူပါ။
ဒါက တင်စားထားတဲ့ ရုဠီ နာမည်ပါ။ တကယ့်အရှိ အနွတ္ထအမည် မဟုတ်ပါဘူး။ ၀ိမလာဟာ ဝေသာလီပြည်မှာ အလှဆုံးစာရင်းဝင် တစ်ယောက်ပါ။

❝ Lazy Club Music Band ရဲ့ ဖြစ်တည် မှု့သမိုင်း ❞

Music Crazy Te Te Tar Tar

၁၉၈၅ -၈၆ မှာ ကျနော် စင်္ကာပူ မှ ၁၀ တန်း GCE O level အပြီး မှာ ရန်ကုန်တွင် တက္ကသိုလ် တက်နေကြပြီဖြစ်တဲ့
ကျနော့်ငယ် သူငယ်ချင်း ဂျင်ပိ (Lazy Club) ဆီ ခဏပြန်လာခဲ့ ပြီး။
ရန်ကုန် တက္ကသိုလ် ကျောင်းသားများကြား....RC-2 ခေါ် ဒေ သကော လိပ် အမှတ် (၂) လှိုင် နယ်မြေတွင်
အတူ ၀င် စီးမျော ရင်း...ပျော်ရွှင်စရာနေ့ ရက် ကလေးများနှင့် လူငယ်ဘ၀တစ်ခုရှိခဲ့ဘူးပါသည်။
ငယ်သူငယ်ချင်း ဂျင်ပိ ၊ မောင်မောင်(ခေါ်) ထွန်းအေးမောင်ဝင်း အပြင်၊ ကျောင်းတွင် စုံတွေ့ သိလာရသော မိုးနိုင် တို့ရှိ ရာဘူမိကျောင်းသား စာသင်ခန်းများဘက်ကို အကြိမ်ကြိမ် ခြေဦးလှည့်ဖြစ်လေသည်။

အလွန်ရှေးကျတဲ့ မျိုးနွယ်ဝင်တွေရဲ့ ကျေးဇူး ?


အခုခေတ် လူသားများ ( အများစု ) ကိုးကွယ်ကြတဲ့ ဘာသာကြီးပေါင်းဟာ အမှန်တော့ ၁၁ ခု ရှိပါတယ် ။ ကမ္ဘာ့အရှေ့ပိုင်းမှာ ကွန်ဖြူရှပ်ဝါဒ / တာအိုဝါဒနဲ့ ရှင်တိုဘာသာ ။ အာရှတောင်ပိုင်းမှာတော့ ဟိန္ဒူဘာသာ ဂျိန်းဘာသာ ဗုဒ္ဓဘာသာနဲ့ ဆစ်ခ်ဘာသာ ။ အရှေ့အလယ်ပိုင်းဒေသက ဂျူးဘာသာ / ခရစ်ယာန်ဘာသာ / အစ္စလာမ်ဘာသာနဲ့ ဇိုရိုအက်စတာ ဆိုပြီး အသီးသီး ပေါ်ထွန်းခဲ့ကြပါတယ် ။ ဘာသာရေးနဲ့ ပတ်သတ်ပြီး လူသားတို့ရဲ့ ယဉ်ကျေးမှုအခန်းကဏ္ဍ ပါဝင်ခဲ့ခြင်းဟာ ငြင်းဆိုနိုင်စရာမရှိတဲ့ အဖြစ်ပျက်ကြီး တစ်ခုဖြစ်ပါတယ် ။

အတူဆော့ကစားနိုင်တဲ့ လင်မယားမျိုးဆိုတာ ဘယ်လိုမျိုးလဲ…

Nine Nine Sanay @ နိုင်းနိုင်းစနေ

ကိုယ်ကာယလေ့ကျင့်တဲ့လင်မယားနှစ်ယောက်ရှိတယ်။ လင်မယားနှစ်ယောက်စလုံး ကိုယ်ကာယအတူလေ့ကျင့်သလို ဒီအလုပ်ကိုပဲ သူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးအလုပ်အဖြစ် တိုးချဲ့နိုင်ခဲ့တယ်။ ကိုယ်ပိုင်အမှတ်တံဆိပ်အားကစားဝတ်စုံတွေ သူတို့တီထွင်ဖန်တီးနိုင်ခဲ့တယ်။
.
သူတို့ရဲ့ ပျော်ရွှင်ခြင်းလျှို့ဝှက်ချက်က ဘာလဲလို့ တခြားသူမေးတဲ့အခါ သူတို့က သူတို့ဟာ လင်မယားဖြစ်သလို ဘဝတိုက်ပွဲအတူဝင်ကြတဲ့ ရဲဖော်ရဲဘက်တွေလည်းဖြစ်တယ်လို့ဆိုတယ်။ သူတို့ရဲ့ပျော်ရွှင်ခြင်းလျှို့ဝှက်ချက်က အတူကျခဲ့တဲ့ ချွေးစက်တွေ၊ အတူမ,ခဲ့တဲ့ သံတွေ (အားကစားကရိယာ) လို့ဆိုတယ်။

'' ဗိုလ်ချုပ် တစ်ယောက် မှ ဟုတ်ရဲ့လား ဗိုလ်ချုပ် ရယ်''

မင်း ရသFollow


တစ်နေ့ ဗိုလ်ချုပ်က ဗိုက်ဆာတော့ သူ့နားမှာ အမြဲရှိနေတဲ့ ဗိုလ်ထွန်းလှကို ဗိုက်ဆာလိုက်တာကွာ လို့ပြော သတဲ့။ ဗိုလ်ထွန်းလှကလည်း ဗိုလ်ချုပ်ဘာစားချင်သလဲဆိုတော့ ဗိုလ်ချုပ်က
"ငါ ပလာတာ စားချင်တယ်ကွာ" လို့ ပြောသတဲ့။

ဒီတော့ ဗိုလ်ထွန်းလှလည်း ဗိုလ်ချုပ်ကို မဂိုလမ်း (ယခု ရွှေဘုံသာလမ်း) ကိုခေါ်လာပြီး သူတို့ ကျောင်းသား ဘဝက စားနေကျ ပလာတာဆိုင်မှာ ပလာတာ မှာကျွေးတယ်။ ဗိုလ်ချုပ်က ဆာနေတာနဲ့ ဆိတ်သားခပတ်ပါ စားချင်တယ်ပြောတော့ ဗိုလ်ထွန်းလှလည်း ဆိတ်သားခပတ်ပါ မှာပေးလိုက်ရတယ်။

ဒရီးဖတ်ကျောက်တုံး၊မြင်းခွာပုံကမ်းပါးနှင့်၊ လှိုင်းလုံးအမှတ်(၇) (မင်းဒင်)

မင်း ဒင်

(တစ်)
ညအတော်များများတွင်အိပ်ပျော်လေ့မရှိသောကျွန်တော်သည်လွန်ခဲ့သည့်
ညကလည်း၊ထုံးစံအတိုင်းအိပ်မပျော်ခဲ့ပြန်ချေ။ပြုမြဲအတိုင်း၊ အပေါ်ထပ်ဝရန်တာဆီသို့ထွက်ကာ၊တောင်ငေးမြောက်ငေးလုပ်နေမိပြန်သည်။
ပတ်ဝန်းကျင်တခုလုံးအိပ်မောကျနေကြချိန်၊တိတ်ဆိတ်လွန်းလှသည်ဖြစ်၍၊
အိမ်ရှေ့လမ်းတဖက်ခြမ်းရှိ၊ဘောစကိုင်းပင်တောအုပ်သည်၊မီးရောင်
ပျပျအောက်တွင်ကျွန်တော့်ကိုခြောက်လှန့်နေသယောင်ရှိလေ၏။

English Speaking Basics (23) အင်္ဂလိပ်စကားပြော အခြေခံများ (၂၃)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ
·
…………………………………..
WHAT IF + (SUBJECT + VERB)
………………………………….
What ဆိုတော့.. “ဘာလဲ”.. ပေါ့ ၊ if က.. “လျှင်”.. ဆိုတော့ နှစ်ခုပေါင်းလိုက်တာ what if = လျှင်ဘာလဲ .. လို့ ဖြစ်သွားမှာပေါ့နော ။ တကယ်တော့ အဲဒီအတိုင်းဆို.. ဆိုလိုရင်းအချက်နဲ့ နည်းနည်း လွဲနေပါသေးတယ် ..

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၇)

သစ်ထူးလွင်



Saturday, July 16, 2016

နည်းပညာများစုစည်းမှု ( ၃၀၀ ) ဝန်းကျင်ခန့်ပါခဗျာ

စာအုပ်လင့်ပေါင်းစုံ·

ပထမတင်ထားတဲ့ပိုစ့်က ဘာဖြစ်မှန်းမသိ ဝင်မရတော့လို့ ထပ်တင်ပေးတာပါခဗျ
ကိုယ်ပိုင်လင့်မဟုတ်သော အခြားလင့်များကို ချန်ပြီးတင်မှ တင်လို့ရပါတော့တယ်ခဗျ။

၁။ဆန္ဒီလွင်
The Myanmar Android မြန်မာလိုစာအုပ်
http://pc.cd/g7MctalK
၂။The IT Manager’sSurvivalGuide အင်းလိလို
http://pc.cd/gc9ctalK

ကိုနေဝင်း ( တေးရေး )

Maung Maung Nee 

၁၉၈၀ တဝိုက်က အားလုံး အေးအေးချ မ်းချ မ်းပဲ ။ တက္ကသိုလ်တွေလည်း ငြိမ်းငြိမ်းချ မ်းချ မ်းပါပဲ ။ ရန်ကုန်တက္ကသိုလ် ပန်းချီ အနုပညာ အသင်းကလည်း နှစ်စဉ်ကျ င်းပမြဲ နှစ်လည်ပန်းချီ ပြပွဲကို စည်စည်ကားကား ကျ င်းပပါတယ် ။ RC ခန်းမထဲမှာပါ ။ ကက်ဆက်သံ တညံညံပေါ့  ။ သည်တုန်းက သွှအောင်ရဲ့ သီချ င်းတွေပဲ အမြီးပြန် ၊ ခေါင်းပြန် ဖွင့်တာပါ ။ မြို င်နန်းစံ ပန်းတစ်ပွင့်သီချ င်းပါဝင်တဲ့ ပထမဆုံး စီးရီးပါ ။စောဘွဲ့မှူး ဂစ်တာလက်သံကလည်း ဆွဲဆောင်မှု အပြည့်ပါပဲ ။

‪#‎မောင်သာချို‬ စာအုပ်များစုစည်းမှု

စာဖတ်ခြင်းနှင့် ပတ်သက်၍ ...

Nine Nine Sanay @ နိုင်းနိုင်းစနေ

ဂျူးလူမျိုးတွေက စာအလွန်ဖတ်သူတွေဖြစ်တယ်။ အစ္စရေးနိုင်ငံမှာ ၁၄နှစ်အထက်လူတွေ ပျှမ်းမျှတစ်လမှာတစ်အုပ် စာဖတ်ကြတယ်။
.
အစ္စရေးမှာ လူတိုင်းနီးနီး စာကြည့်တိုက်ကတ်ရှိကြတယ်။ ကလေးတွေ နားလည်တတ်စအရွယ်မှာ မိခင်တိုင်းလိုလိုက ကလေးတွေကို စာဖတ်ဖို့တိုက်တွန်းတတ်ကြတယ်။ စာအုပ်ထဲမှာ အသိဉာဏ်ပညာသိုဝှက်ထားကြောင်း၊ ကျောက်သံပတ္တမြားတွေထက် တန်ဖိုးကြီးကြောင်း၊ အဲဒီအသိဉာဏ်ပညာတွေ သူတစ်ပါးမခိုးနိုင်ကြောင်း လမ်းညွှန်ပြကြတယ်။

သင့်အတွက် အကျိုးရှိမယ့် ဝဘ်ဆိုဒ်ပေါင်း ၁၀၀

Sakhunna Ung

အင်တာနက်သုံးတဲ့အခါ Facebook ပေါ်မှာ အချိန်ကုန်နေတာထက်
အခြား ဗဟုသုတ ရနိုးနိုး ဝဘ်ဆိုဒ်လေးတွေဆီ သွားနိုင်ရင် ပိုကောင်းပါတယ်။
အကောင်းဆုံး ဝဘ်ဆိုဒ် ၁၀၀ စာရင်းကို တစ်ဆင့် ပြန်လည် မျှဝေပေးလိုက်ရပါတယ်။

BUSINESS + E-COMMERCE
_______________________
blogs.hbr.org
fastcompany.com
entrepreneur.com

မလိုအပ်တဲ့ဝန်ထုပ်တွေကို လွှတ်ချခဲ့ပါ

မောင်(စွယ်စုံကျမ်း)

ဝမ်းနည်းကြေကွဲနေတဲ့ လူငယ်တစ်ဦးဟာ အထုပ်ကြီးတစ်ထုပ်ထမ်းပိုးပြီး မိုင်ပေါင်းများစွာကနေ ဆရာတော်တစ်ပါးဆီ ရောက်လာခဲ့တယ်။ ဆရာတော်ဆီရောက်တာနဲ့ သူက “ဆရာတော်.. တပည့်တော် အထီးကျန်လွန်းနေပါတယ်။ နာကျင်ကြေကွဲနေပါတယ်။ နှစ်ရှည်လကြာ လျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးလမ်းကြောင့် တပည့်တော် ပင်ပန်းနွမ်းနယ်နေပါတယ်။ ဖိနပ်လည်း ပေါက်ပြဲခဲ့ပါပြီ။
ခြေထောက်နှစ်ဘက်မှာလည်း ဆူးဒဏ်ရာတွေပြည့်ခဲ့ပါပြီ။ လက်တွေလည်း သွေးတစိမ့်စိမ့်နဲ့ ထိရှခဲ့ပါပြီ။ နှစ်အတော်ကြာ ဟစ်အော်ခဲ့ရတဲ့ လည်ချောင်းလည်း ကွဲအက်နေခဲ့ပါပြီ….. ဘာဖြစ်လို့ တပည့်တော်ရင်ထဲကနေရောင်ခြည်ကို တပည့်တော်မတွေ့ရသေးတာလဲ ဘုရား” လို့ လျှောက်တင်တယ်။

Hyperthyroidism လည်ပင်းကြီးရောဂါ

Tint Swe

၁။ ကျေးဇူးပါဆရာ hypo ပြီးတော့ hyper ကိုလည်းတင်ပေးစေချင်ပါတယ်ဆရာ။ အရမ်းစိတ်ဝင်စားနေလို့ပါ။ ဆရာကျန်းမာသက်ရှည်ပါစေရှင့်။
၂။ ဆရာ မင်္ဂလာပါရှင်။ သမီးအခု Thyrotoxicosis ဖြစ်နေလို့ ဆေးသောက်နေရပါတယ်ရှင့်။ အဲဒါနဲ့ပက်သက်ပြီး နားလည်အောင်ရှင်းပြပေးစေလိုပါတယ်။ အစားအသောက်နဲ့ပက်သက်ပြီးလည်း ဆောင်ရန်ရှောင်ရန်လေး ပြောပြ ပေးစေလိုပါတယ်ရှင့်။ အင်္ဂလိပ်လိုဖတ်ရတာသေချာနားမလည်လို့ပါ။ ဆရာ့ကို ဆေးစစ်ထားတာလည်း ပို့ပေးလိုက်ပါတယ်ရှင့်။ သမီးအီးမေးလ်နဲ့ အဖြေလေးဖတ်ပြပေးပါရှင့်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...