Sunday, May 29, 2016

✿ မိဘကျေးဇူးအကျေဆပ်နည်း ✿


Q: အရှင်ဘုရား .......
မိဘကျေးဇူးကို ဘယ်လိုနည်းနဲ့မှ ကျေအောင်မဆပ်နိုင်ဘူးဆိုတာ မှန်ပါသလား၊ မြတ်စွာဘုရားတောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ဆပ်နိုင်ခဲ့တယ်လို့လည်း ပြောကြလို့ပါ၊ မိဘကျေးဇူး ကျေအောင်ဆပ်တဲ့နည်းရှိရင် မိန့်ကြားပေးတော်မူပါဘုရား။
(မောင်အောင်ဇော်၊ ရန်ကုန်မြို့။)

"မျက်မှန် မတပ်ရအောင် ဆောင်ရန် /ရှောင်ရန်များ"

Popular News Journal

ယနေ့ တိုးတက်လာတဲ့ ခေတ်စနစ်နှင့် နည်းပညာများ နောက်ကိုအမီလိုက်ရင်း ကျွန်မတို့ရဲ့ ကလေးတွေ၊ လူငယ် မျိုးဆက်သစ်လေးတွေ ဟာ မျက်မှန်လေးတွေ ကိုယ်စီ နဲ့ ဖြစ်လာကြပါတယ်။ အဲဒီတော့ မိဘတွေ အနေနဲ့ရော မျက်မှန် တပ်ဆင် နေရသူများရော၊ မျက်မှန် မတပ်ရသေး သူများရော သိထားသင့်တဲ့ မျက်မှန် တပ်ရ ခြင်းနှင့် သိမှတ် ဖွယ်ရာများကို မျက်စိ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်နီလာ သိန်းနှင့် ဒီတစ်ပတ် မှာ တွေ့ဆုံမေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။

Saturday, May 28, 2016

ပို့ပေးတဲ့ပန်းစည်းလေး ဒီနေ့ပဲ လက်ခံရရှိပါတယ်ရှင်။


ယူဆ

ပို့ပေးတဲ့ပန်းစည်းလေး ဒီနေ့ လက်ခံရရှိပါတယ်ရှင်။
ဒီနေ့က ကျွန်မမွေးနေ့လည်းမဟုတ်သလို တခြား ထွေထွေထူးထူး အမှတ်တရနေ့မျိုးလည်း မဟုတ်ပါဘူး။
မနေ့ညက ကျွန်မတို့လင်မယား ပထမဆုံးအကြိမ် ရန်ဖြစ်ကြတယ်လေ။
ကျွန်မရင်ကို တစစ်စစ်နာကျဉ်စေမယ့် ရက်စက်ကြမ်းကြုတ်တဲ့ စကားလုံး အသုံးအနှုန်းတွေနဲ့ပေါ့။
သူပြောခဲ့သမျှအတွက် သူနောင်တရနေမှာ ကျွန်မ အသေအချာသိနေတာပေါ့ရှင်။
ဘာ့ကြောင့်လဲဆိုတော့ ကလေးတွေအဖေက ကျွန်မကို ပန်းစည်းလေးပို့ပေးခဲ့တယ်လေ။

ဆေးဖက်ဝင်ကြောင်လျှာပင်အကြောင်းနှင့် အသုံးဝင်မှု မြန်မာ့ဆေးဖက်ဝင် ကြောင်လျှာပင်

Lwin Pyin

Item Name -------- Indian Trumpet Flower (ကြောင်လျှာ)
Category ----------- Raw Material
Botany Term ------- Oroxylum indicun Vent
Species Family ----- Bignoniaceae

မြန်မာနိုင်ငံ နေရာအနှံ့အပြား အမြင့်ပေ ၄၀၀၀ အထိ ပေါက်ရောက် နိုင်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။

အကုသိုလ်မဖြစ်အောင် ကြိုးစားကြစို့…

အရှင် တိက္ခာစာရ မန္တလေး

ဆရာတော်ကြီးတစ်ပါးက မိန့်ကြားဖူးပါတယ်။ “ပုထုဇင်တွေဟာ တစ်နေ့တစ်နေ့ အိပ်ပျော်နေချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ကုသိုလ် သို့မဟုတ် အကုသိုလ်စိတ် တစ်ခုခုနဲ့နေကြတာ”တဲ့။ ဟုတ်ပါတယ်။ စိတ်ဆိုတာဟာ တစ်ပြိုင်တည်း နှစ်စိတ်ဖြစ်လေ့မရှိပါဘူး။ အကုသိုလ်စိတ်ဖြစ်နေရင် ကုသိုလ်စိတ်မဖြစ်နိုင်သလို ကုသိုလ်စိတ်ဖြစ်နေရင်လည်း အကုသိုလ်စိတ် မဖြစ်နိုင်ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ကတော့ ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်တဲ့ဘ၀င်စိတ်ပါ။ ဆိုတော့ကား.. အိပ်ရာကနိုးတဲ့အချိန်ကနေ ညအိပ်ရာဝင်တဲ့အချိန်အထိ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ရင် ကုသိုလ်ဖြစ်တဲ့အချိန်က များသလား၊ အကုသိုလ်ဖြစ်တဲ့အချိန်က များသလား သိနိုင်ပါတယ်။

ဝိတ်ချနည်း

သိန်း မြင့်

ကိုချူချာ တစ်ယောက် အခုတစ်လော အလွန်ဝလာသဖြင့် အလွန်စိတ်ညစ်နေသည်။ စိတ်ညစ်ညစ်နှင့် အိမ်ရှေ့ ဧည့်ခန်းမှာထိုင်ရင်း သတင်းစာကို ယူကြည့်ရာ ကြော်ငြာတစ်ခုကို တွေ့ လိုက်ရသည်။ ကြော်ငြာက သင်၏ အဆီများကျဖို့  ကျွန်တော်တို့က တာဝန်ယူပါသည်။ ဖုန်းနံပါတ် - - - - - ကိုသာ ဆက်သွယ်လိုက်ပါ ဟု တွေ့ရသဖြင့် ခေါ်ဆိုကြည့်ရာတစ်ဖက်မှ၊ ဟုတ်ကဲ့ Slim Body Group မှ ကြိုဆိုပါတယ်။ မိတ်ဆွေအနေဖြင့်၊ နေနရပ်လိပ်စာနှင့် တစ်ပတ်အတွင်း ပေါင်မည်မျှ ကျချင်ကြောင်း ပြောပြပါ ဟုပြန်ဖြေလေသည်။

အသုံးဝင်တယ်ဆိုရင် ရှယ်ပြီးသိမ်းထားပါ ဖုန်းပျောက်သွားခဲ့ရင် (or) မေ့ကျန်ခဲ့ရင်

 ချစ် fri ' တို့ရဲ့ ဖုန်း ပျောက် သွားခဲ့တာပဲဖြစ်ဖြစ် ..!
တနေရာရာ မှာ မေ့ကျန် ထား ခဲ့ မိပြီး စဉ်းစား မရ
တာ ပဲ ဖြစ် ဖြစ် ပြန် ရှာတွေ့ နိုင်စေ ဖို့ ပါ ...!
ပျောက်ပီ ဆိုမှတော့ ပြန်ရှာဖို့ ခက်ခဲ မှာပါ...!
ကောက်ရသူကလဲ ဆင်းကဒ် က အသုံးမဝင်ပေမဲ့
တန်ဘိုးရှိ ဟန်းဆက်ကို တော့ ပြန်မပေး ပဲ ဆင်းကဒ်
လဲပြီး အသုံးပြု တတ် ပါတယ်...!!

ဂြိုဟ်တုချန်နယ်ငှားရမ်းသုံးစွဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုး

MOI Webportal Myanmar
·
နေပြည်တော် မေ ၂၈
ပို့ဆောင်ရေးနှင့် ဆယ်သွယ်ရေး ဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနနှင့် အမေရိကန်နိုင်ငံအခြေ စိုက် (Intelsat Global Sale and Marketing Ltd.)တို့၏ ဂြိုဟ်တု ချန်နယ်ငှားရမ်း သုံးစွဲမှု သဘောတူ စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်း အနားကို မေ ၂၇ ရက် နံနက် ၁ဝ နာရီက နေပြည်တော်ရှိ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံး ရုံးအမှတ်(၂)ရှိ စုပေါင်း ခန်းမ၌ ကျင်းပသည်။

နှစ်ပေါင်း (၂၀၀၀)ကျော် န၀၀ါသီ (သို့မဟုတ်) ပြည်မြို့ သမိုင်းအကျဉ်း

ပြည်မြို့မှအလှအပများ

အင်္ဂလိပ်တို့သည် န၀၀ါသီ (ပြည်မြို့)ဟောင်းနှင့် ပြည်ရွှေနန်းတို့ကို လုံးဝအစဖျောက် ဖြိုဖျက်ပြီးနောက် သာမန်ပြည်မြို့သစ်ကို ခရစ်နှစ် (၁၈၆၂)ခုနှစ်တွင် ၎င်းတို့စိတ်တိုင်းကျ မြို့ကွက်ရိုက်ခဲ့ . . .
ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ဘုရားဖြစ်သည်မှ (၉)ကိုးလမြောက်၊ မဟာသက္ကရာဇ် (၁၀၃)ခု၊ ပြာသိုလပြည့်၊ ဘီစီ(၅၇၇)တွင် သီဟပဗ္ဗတ အမည်ရှိသော “ဖိုးဦးတောင်”သို့ ပထမအကြိမ် ကြွရောက်တော်မူပြီးနောက် (၁၂)နှစ်ကာလကြာသော် ဝေဋ္ဌဒီပမင်း၏သားတော် သီရိခေတ္တမင်းသားသည် မိမိ၏နောက်လိုက် ဗိုလ်ခြေအများ နှင့်တကွ မြို့သစ်တည်ထောင်ရန်အတွက် သလ္လာဝတီ ဧရာဝတီမြစ်များကို ကူး၍မြို့သစ်တည်ရန် နေရာ ရှာဖွေကြသည်။

Ibanking အသုံးပြုသူရွှေမြန်မာများ သတိပြုရန်


စင်္ကာပူတွင် ရောက်ရှိနေကျသော ရွှေမြန်မာများ အများစုဟာ ခုဆိုရင် ဖုန်းနဲ့ပဲ အလွယ်တကူ ငွေလွှဲ ငွေချေ နေကျတာ ဖြစ်ပြီး မိမိအသုံးပြုရာ Banking အလိုက် သက်ဆိုင်ရာ Application ကိုဒေါင်းလုပ်ဆွဲ Install လုပ်ပြီး အလွယ်တကူ အသုံးပြုနေကျတာတွင်တွင်ကျယ်ကျယ်ပါ။
ယနေ့မှာတော့ စင်္ကာပူ ရှိ DBS ( POSB ) မှ mobile phone အသုံးပြုပြီး Ibanking အသုံးပြုရာတွင် မိမိတို့ရဲ့ ဖုန်း IOS , Android ဖုန်းများအား Jailbreak ဒါမှမဟုပ် Android ဖုန်းဆိုရက် Root လုပ်ထားခဲ့မယ်ဆိုရင် မိမိတို့ရဲ့ IBanking ရဲ့ အရေးကြီးတဲ့ User name နဲ့ Password ကိုအလွယ်တကူ ခိုးယူ သွားနိုင်ပြီး မိမိတို့ရဲ့ငွေကြေးများဆုံးရှုံးမယ်လို့သတိပေးလိုက်ပါတယ်။

ကျွန်ုပ်၊ဝန်ကြီးပဒေသရာဇာနှင့်မြူထသောနွေဦး (မင်းဒင်)

မင်း ဒင်

(တစ်)
“ဟာ၊ငတို့ဆြာ၊ခါးတောင်ကိုမြောင်နေအောင်ကျိုက်လိုက်တော့
၊ပေါင်လုံးကြီးတွေက၊ကောက်ညှင်းကျည်တောက် လောက်ကိုရှိသဟေ့”
“အေးကွ။တင်ပါးမှာလည်းပွေးကွက်တွေမနည်းပါလား”

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၅)

သစ်ထူးလွင်


Thursday, May 26, 2016

ချဉ်ဖတ်

Kyaw Thu Ya to စွယ်စုံကျမ်း

"ပြေးထားကွ"
"ပြေးကွ"
"မြန်မြန်ပြေးလေကွာ"
"ပြေးပါဟ"
ကျောင်းသားလေးတွေပြေးနေကြ တဲ့ အပြေးပြိုင်ပွဲလေး တစ်ခု။ ဆရာ၊
ဆရာမတွေ၊ အတန်းဖော် ညီအစ်ကို မောင်နှမတွေ ရဲ့ အားပေးမှုတွေ နဲ့
ကလေးတွေ ပြေးနေကြတယ်။ ပန်းဝင် ခါနီးပြီ။

ဟာသစုစည်းမှု (၂၆-၅)

Zaw Min Latt

... #‪#‎စားချင်အုန်း‬....

ကိုပိုင် တစ်ယောက် စပိန် နိုင်ငံမှ နွားရိုင်းသတ်ပွဲတစ်ခုသို့
ဝင်ရောက်ကြည့်ရှူပြီး အနီးမှစားသောက်ဆိုင်သို့ဝင်လိုက်သည်…
`ဟိုဘေးဝိုင်းက စားနေတာဘာလဲ´
`အဲ့ဒါ နွားရိုင်းသတ်ပွဲက သေသွားတဲ့ နွားရဲ့ fighting ball ပါခင်ဗျ၊
ကျွန်တော်တို့ ဆိုင်ရဲ့ အကောင်းဆုံးအစားအစာပါ´
... `င့ါကို တစ်ပွဲပေးကွာ´

“ဆာဗေး နဲ့ ဂျာအေး”


“မြင်းအလုပ် မြင်းလုပ်၊ နွားအလုပ် နွားလုပ်” ဆိုသလိုပဲ မင်းသားမလုပ်ရတော့လို့ ပတ်မကြီးထိုးဖောက်တဲ့သူတွေကလည်း သူတို့အလုပ် သူတို့လုပ်ပါလိမ့်မယ်။ အဲသည်လူတွေက ပေးကျွေးငှားရမ်း စေခိုင်းထားသူများကလည်း အွန်လိုင်းပေါ် တက်တက်ကြွကြွ ဝေါလုံးပြည့် ဝါဒဖြန့်မှိုင်းတိုက်၊ လူထုခေါင်းဆောင်အပေါ် ထောက်ခံမှု ကျဆင်းအောင် မမောမပန်း သူတို့အလုပ်သူတို့ လုပ်ကြပါလိမ့်မယ်။ စေသည့်ကျွန် ထွန်သည့်နွားဘဝတွေကိုး။ ကိုယ်တွေကတော့ အဲ့သလို စိတ်ကောင်းနှလုံးကောင်းမရှိသူတွေ ဘယ်လိုဝေဖန် ဘယ်လိုအမနာပပြောတယ်ဆိုတာ လှည့်လည်ရှာဖွေ ဖတ်ရှုချေပနေဖို့ အချိန်မရှိပါဘူး။ ကိုယ့်မှာလည်း ကိုယ့်အလုပ်နဲ့ကိုယ် မဟုတ်လား။ ပြောချင်တဲ့သူတွေ ပြောချင်တာ ပြောပလေ့စေ။ ကိုယ့်အလုပ်ကိုယ် အရင်ကထက်တိုးတက်အောင် အကျိုးရှိအောင် ဘယ်လိုလုပ်ကြမလဲ။ အထူးသဖြင့် လူသစ်စိတ်သစ် ကိုယ်လိုချင်တဲ့ အစိုးရသစ်အောက်မှာ ကိုယ့်တိုင်းပြည်ကြီး သာသာယာယာ အေးအေးချမ်းချမ်းရှိစေဖို့၊ အဆက်ပြတ်ကျန်ရစ်ခဲ့တဲ့ ပြင်ပကမ္ဘာကြီးနောက်ကို အမီလိုက်နိုင်ဖို့အတွက် ကိုယ်အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်မှာ ဘာတွေကို ဘယ်လိုပိုကောင်းအောင် လုပ်ကြမလဲ ဆိုတဲ့ အပြုသဘော ဝေဖန်ဆွေးနွေး အကြံပေးမှုတွေ လုပ်ကြပါတယ်။

ပြည်သူသာအမိ ပြည်သူသာအဖ တရားစီရင်ရေးစနစ်


နိုင်ငံသားအကျဉ်းသားဟောင်းတွေက အင်န်အယ်လ်ဒီလွှတ်တော်တွေမှာ လွှတ်တော်အမတ်တွေ ဖြစ်လာကြပြီး၊ အင်န်အယ်လ်ဒီအစိုးရအဖွဲ့ခေါင်းဆောင် လူထုသမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေခေတ်က တရားစီရင်ရေးဆိုတာ အမိန့်ဖတ်ပြရတဲ့ တရားသူကြီးတွေနဲ့ ရုပ်ရှင်ဆန်ခဲ့ပါတယ်။ မတရားတဲ့ ဥပဒေတွေ၊ အမိန့်တွေ၊ ညွှန်ကြားချက်တွေကြောင့် တိုင်းပြည်ရဲ့အရေးအရာတွေကို စီမံခန့်ခွဲကြရမယ့် ပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးအကျဉ်းသားဘ၀ကို မရောက်ချင်ဘဲ ရောက်ခဲ့ကြရပါတယ်။

Not တစ်လုံး စွမ်းအားမြှင့်ပြီးသုံးချင်တဲ့အခါ

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ
·
(1) ငြင်းဆိုဝါကျတွေပြုလုပ်ဖို့ not ကို သုံးကြပါတယ်
We use “not” to make negative sentences.
...........
(1.1) We are NOT friends.
ကျနော်တို့က သူငယ်ချင်းတွေ မဟုတ်ကြပါဘူး
.
(1.2) I do NOT know the answer.
ကျနော်က အဖြေကို မသိပါဘူး

"စင်္ကာပူက ကော်ဖီအကြောင်း"

Thanlay K


မန္တလေးမှာ လဘက်ရည်မှာမယ်ဆို အရသာမျိုးကွဲပေါင်း များစွာရှိပါတယ်။
- ပုံမှန်
- ပုံမှန်စိမ့်
- ကျစိမ့်
- ချိုစိမ့်
- ဖန်ချို
- ဖန်စိမ့်

အင်္ဂလိပ် သင်ခန်းစာ ၁၀၀ .Level (1) Lesson (26)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

...............................
မိသားစု ခရီး
....................
Angela: ဒေးဗစ်၊ အခုတလော ဘာတွေဖြစ်နေသလဲ
David, what have you been up to lately?

David: ပြီးခဲ့တဲ့ အပတ်က မိသားစုနဲ့ ခရီးသွားဖြစ်တယ်။
I went on a trip with my family last week.
Angela: တကယ်လား ဘယ်ကိုသွားတာလဲ
Really? Where did you go?
David: ဥရောပ ကိုသွားခဲ့တာပါ။

အသက် ရှည်လို ( ဂျင်း) ကိုမြို

Kyaw Wai

မြန် မာနိုင် ငံမှ ဆရာဝန် တစ်ဦး တိဗက် နိုင် ငံကို အလည်အပတ် ရောက် သွားခဲ့ပါတယ်
မိတ်ဆွေတစ်ယောက်၏ ညွှန်ကြားမှု ဖြင့် တောင် ပေါ်ရွာ လေးတစ် ရွာ၏ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ တည်းခိုခွင့် ရခဲ့ပါတယ်
ထို ဘုန်းကြီးတော်ကြီး ကျောင်း၏ ကျောင်းထိုင် ဆရာတော် လက်ထောက် ဆရာတော်တို့ မှာ အင်္ဂလိပ်စကားကို အ တော်အသင့်ပြော နိုင်ကြရကား ယင်းဆရာဝန် အတွက်လွန်စွာ အဆင်ပြေ ချောမွေ့ လှပေသည် ဧည့်ခံလိုက်သ ည်မှာလည်း အားနာစရာ ပင် ကေါင်းပေတော့သည်။

သစ်ထုူးလွင် သတင်းစုစည်းမှု (၂၆-၅)

သစ်ထူးလွင်



Monday, May 23, 2016

မသေခင်ကျွေးမလား သေပြီးမှကျွေးမှာလားးး

နည်းစနစ်ကျကျအတွေးအခေါ်

“ငါ့သား၊ အဖေ့သူငယ်ချင်း အသုဘကို ငါသွားချင်တယ်၊ လိုက်ပို့”
ပြီးခဲ့တဲ့နေ့က အဖေ ကျွန်တော့် အိမ်ရောက်လာပါတယ်။ သူ့ သူငယ်ချင်း ဆုံးလို့ အသုဘကို လိုက်ပို့ပေးချင်ကြောင်း လာပြောပါတယ်။ ကျွန်တော့် အဖေနဲ့ ရွယ်တူဆိုတော့ အသက် ၇၀ ကျော်ပါ။ ကျွန်တော့်ရဲ့ကားပေါ်မှာ အဖေနဲ့ စကားပြောဖြစ်ကြတယ်။
“အဖေ… အဖေ့သူငယ်ချင်းက သားသမီးတွေ မရှိဘူးလား”
“သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်”

"အဖေကြီးပြောတဲ့ တကယ့်ပုံပြင်" (လယ်တွင်းသားစောချစ်)

စာဖတ်ကြရအောင်

ကျွန်တော်ငယ်စဉ်က အဖေကြီးပြောလေ့ရှိတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။ သို့သော် ပုံပြင်မဟုတ်။ အဖေကြီးက ကျောင်းဆရာဖြစ်၍ သူ့ကျောင်းသား
ကုလားလေးတစ်ယောက်ရဲ့ တကယ့်အဖြစ်အပြတ်တစ်ခု။

ထိုကုလားလေးရဲ့အဖေက ကုန်စုံဆိုင်ကြီးတစ်ခုကိုပိုင်တဲ့ ချမ်းသာတဲ့သူဖြစ်တယ်။ သို့သော် ကလေးနှစ်ယောက် ကျောင်းသွားရင် တစ်ယောက်ကို တစ်ပဲစီသာပေးသည်။ သို့သော် မုန့်ဝယ်စားရသည်မဟုတ်။ နေ့လယ်မုန့်စားဆင်းချိန်မှာစားဖို့ ပလာတာနဲ့ပဲဟင်း ထည့်ပေးလိုက်တယ်။

စားသောက်ဆိုင်သုံး အင်္ဂလိပ်စကားပြောများ (၁) English conversations for restaurant staff (1)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

BOOKING (ကြိုတင်စာရင်းသွင်းခြင်း)
…………………………..
What the customer says:
ဖေါက်သည်က ဒီလိုပြောမယ်
.
(1) “I like to make a reservation for two people at 1 p.m.”
နေ့လည်(၁)နာရီမှာ (စားဖို့) လူနှစ်ယောက်စာအတွက် နေရာသီးသန့်ချန်ထားဖို့ မှာကြားချင်ပါတယ်
(reservation (n) သီးသန့်ချန်ထားသောနေရာ)

နာကျင်မှုဝေဒနာများကို ပြေလျော့စေမယ့်သဘာဝနည်းလေးများ

Lwin Pyin

(၁) တကိုယ်လုံးက ကြွက်သားတွေ နဲ့  အရိုးများနာကျင်ကိုက်ခဲနေပါသလား?
ဂျင်း လက်တဆစ်လောက်ကို နေ့ တိုင်းစားပေး ပါ။ (အဆစ်ရောင်ရောဂါတွေအပြင်၊ အဆစ် တွင်းရှိ အရိုးနုများပျက်စီးတဲ့ရောဂါ တို့ ကိုပါ ၇၅ရာခိုင်နှုန်းလောက် သက်သာသွားစေ နိုင်ပါတယ်)
(၂) သွားကိုက်ပြီး သွားဖုံးတွေရောင်ကိုင်းနေပါသလား?
လေးညှင်းပွင့် ၂-ပွင့်ကို အာခံ တွင်းထဲမှာ ဖြည်းဖြည်းချင်းမြှု့ံ၍ ၀ါးပေးပါ။
(၃) ဘာအစာမှ စားချင်စိတ်မရှိဘဲ လေပူထနေပါသလား?
ပန်းသီးတစ်ခြမ်းကို အ ခွံနွှာပြီးနောက် ညက်ညက်ဝါးစားပေးလိုက်ပါ။

မိဘတွေဖတ်ဖို့

စာဖတ်ကြရအောင်

ကလေးတွေ ကို ဘာတွေးရမယ်ဆိုတာထက်
ဘယ်လို တွေးသင့်တယ်ဆိုတာကိုသာ သင်ပေးပါ
ကလေးတွေကို ငွေအများကြီးရှာရမယ်ဆိုတာထက်
ငွေရဲ့အသုံးဝင်ပုံနဲ့တန်ဖိုးကို သာသင်ပေးပါ
ကလေးတွေကို မုန့်ဖိုးအများကြီးပေးလိုက်တာထက်
အရာဝထ္ထုတွေရဲ့တန်ဖိုးကိုသာ သင်ပေးပါ။

"အမြင်မှန်ရပြီ"

.
ကိုဖိုးသန်တစ်ယောက် မျက်စေ့ဆေးခန်း ရောက်နေတယ်။
ဆရာဝန်က စစ်ဆေးကြည့်ရှုပြီး မျက်မှန်တစ်လက် လုပ်ပေးလိုက်တယ်။
ပြီးတော့ မှာလိုက်သေးတယ်... ...
"ဒီမျက်မှန်နဲ့ အဆင်ပြေမပြေ မနက်ဖန်ကျ လာပြောအုံး"
"ဟုတ်ကဲ့"... ဆိုပြီး ကိုဖိုးသန် ပြန်သွားတယ်။
နောက်ရက် ကိုဖိုးသန် ရောက်လာတော့ ဆရာက မေးတယ်... ...

Breast Cancer Treatment Regimes ရင်သားကင်ဆာ ကုထုံးများ

Tint Swe

Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု ပြုလို့ ထွက်လာတဲ့ ရလဒ်၊ သုတေသနလုပ်ချိန် = အောက်တိုဘာ ၂ဝဝ၆
1. Ductal carcinoma in situ နို့ပြွန်လေးမှာသာ ကွက်ဖြစ်နေတဲ့ ရင်သားကင်ဆာ
Likely to be beneficial အကျိုးရှိနိုင်လောက်သည့် ကုသနည်း
(a) Conservative surgery + Radiotherapy တစိတ်တပိုင်းခွဲစိတ်နည်း + ဓါတ်ကင်နည်း၊
ပြန်ဖြစ်နှုန်းနည်းတယ်။ အသက်ရှည်နှုန်း မထူးခြား။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၅)

သစ်ထူးလွင်


Friday, May 20, 2016

❝ စောဘွဲ့မှူးအမှတ်တရ ❞ အမှတ် ➌ ✪ ကျွန်တော့် ဆရာ စောဘွဲ့မှူး ✪

Music Crazy Te Te Tar Tar

ကိုဘွဲ့ အကြောင်းက ကျွန်တော့် အတွက်တော့ ရေးစရာတွေအများကြီးပါပဲ။ ဒီလို စာတပုဒ်နဲ့ သူ့ အကြောင်း ပေါ်လွင်အောင် ဖေါ်ပြဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်တော် သိတဲ့ သူ့ အကြောင်းအချို့ကို ပရိသတ်တွေလည်း သိရအောင် ပြောပြပါ့မယ်။
သူဟာ ကျွန်တော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ တယောက်ပါ။ ပထမဆုံး သူနဲ့ စတွေ့တာကတော့ ကျွန်တော် ဆေးတက္ကသိုလ် ပထမနှစ် ပြီးခါနီး ၁၉၈၅ ခုနှစ်လောက်မှာပေါ့။

လူတိုင်း မသိမဖြစ်သော တို့ဆေး အန္တရာယ်အကြောင်း (လူတိုင်းဖတ်ရန် သတိထားရန်)

Hankyaw Min

တို့ ဆေးဟု လူပြောများနေသော်လည်း အမှန်မှာ အထူးပြုလုပ်ထားသည့် အပ်အသေစားက လေးဖြင့် လူကိုယ်တွင်းသို့  လျှက်တပျက် ထိုးသွင်းလိုက်ခြင်းဖြစ်သည် ခြင်းကိုက်သလို စစ်ကနဲ့ စူးရှနာကျင်သွားမည်၊

စုံ အချက်ပြမီး



  • ·
    သိန်း မြင့်

    လမ်းဆုံ လမ်းခွ ၊ မီးပွိုင့်များတွင် အတည့်သွားမည့်ကားသည် စုံ အချက်ပြမီး (ဘယ်/ညာ နှစ်ဖက်စလုံး အချက်ပြ) သုံးဖို့လိုလား-
    အဖြေကတော့ No ပါ။
    စုံ အချက်ပြမီးရဲ့ အခေါ်အဝေါ်ကိုတောင် မသိသူများမည်ဟုထင်ပါသည်။ ထိုတြိဂံ ပုံလေးရဲ့ နာမည်မှာ Hazard Warning Light / Hazard Light ဖြစ်ပါတယ်။

*အဖေ*

ဇင်းနစ် ဇင်းနစ် to ရသစုံ စာပေပျိုးခင်း

*ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကြိတ်ပျော်
နေခဲ့တာ *အဖေ*
* မမြင်ရသေးသော သားသမီးလေးကို
စိတ်ကူးနဲ့ ရူးနေခဲ့တာ *အဖေ*
*မွေးဖွားလာတော့လည်း သားသမီးမျက်နှာ
လေးကို တစိမ့်စိမ့်ကြည့်နေပြီး အနာဂတ် plan
ကိုကြိုတင်ရေးဆွဲနေခဲ့တာ *အဖေ*

လူတိုင်းမသိသေးတဲ့ဦးနှောက်ရဲ့ လျှို့ဝှက်ချက် (၁၀)မျိုး

သိန်း မြင့်


ဦးနှောက်ရဲ့ ပြဿနာအရပ်ရပ်တွေဟာ ဆေးပညာအမြင်နဲ့ အဖြေထုတ်တဲ့အခါမှာ အပြည့်အစုံ မသိနိုင်သေးဘဲ၊ လိုအပ်ချက်တွေ၊ ကွဲလွဲချက်တွေ ရှိနေပါတယ်။ ဒါ့အပြင် လုံးဝ အဖြေရှာမရသေးတဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ထူးဆန်းမှုတွေကလည်း များလှပါတယ်။ ဒါကြောင့် ဗဟုသုတ အနေနဲ့ လူတိုင်း မသိသေးတဲ့ ဦးနှောက်ရဲ့ လျှို့ဝှက်ချက် (10) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ပစ္စုပ္ပန် ကမ္မဝါဒ ဗုဒ္ဓဘာသာတည်ထောင်သူ ဓမ္မဝိဟာရီဆရာတော်သျှင်ဥာဏမဟာထေရ် မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခြင်း။


 ယနေ့မနက် ဆရာတော်လွတ်မြောက်သည့်သတင်း လူမှုကွန်ယက်စာမျက်နှာများ၌ တပည့်သာဝကများ အပြန်အလှန် ဝမ်းမြောက်ဝမ်းသာ အသိပေးကြသည်များနှင့် ပြည့်လျှံနေသည်။အချို့ FB ဖရင့်ဖြစ်ပြီး အကြောင်းမသိသူုများက ဘယ်ဆရာတော်လည်း စသည်ဖြင့် ဘာညာစူးစမ်းကြ မန့်ကြသည်။သည်တော့ ထိုဆရာတော်အကြောင်း ကျွန်ပ်သိမှီသလောက် အသိပေး ရေးတင်ချင်စိတ်ဖြစ်လာသည်။ ထို့ကြောင့် ဤ စာကို ရေးပါသည်။ မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားဟူ၍ ရှိသည်

'ဂျပန် လူမျိုးတို့ရဲ့ စာရိတ္တ'

Min Yar

မနေ့ညက ...
တိတိကျကျ ပြောရရင် ၂၀၁၆.၅.၁၀ ရက်ညက သူငယ်ချင်းတစ်ယောက် ဖုန်းဆက်တယ်....
ယမနိုတယ် ရထားပေါ် သူ့ ပိုက်ဆံအိတ် ကျနေခဲ့လို့ တဲ့....ရဲစခန်းကို လိုက်ခဲ့ပါဦး ဆိုတော့ မအိပ်သေးပဲ လိုက်သွားတယ်...ဗျ။
သူ့အလုပ်က လကုန်ရက် time card သိမ်းပြီး ၁၀ ရက်နေ့ လစာ ရှင်းတော့ ၊ လစာတွေ ထုတ်လာတယ်.... ယန်း သောင်း(၂၀)ကျော်ပါတယ်(ယန်း ၂ သိန်းကျော်) မြန်မာငွေ ၂၃ သိန်းလောက်ပေါ့...

ကျန်းမာရေးအတွက်ဆေးတစ်ခွက်



ဓာတ်ဆားမှုန့်ရေဖျော်သောက်တော့မယ်ဆိုရင်သတိထား
(ဓာတ်ဆားဆိုတာ ဘာလဲ…ဘာအတွက်သုံးတာလဲ)…
ဓာတ်ဆားမှုန့်(Oral Rehydration Salts) ဆိုတာ…ဝမ်း
ပျက်ဝမ်းလျှောခြင်းနဲ့အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာ
ရှိတဲ့ ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက်ရေနဲ့
ဖျော်သောက်တာပါ…

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၅)

သစ်ထူးလွင်


Wednesday, May 11, 2016

ငွေလွှဲရောက်ပြီ ဒေါ်စိန်ကြည်

U Saw Maung

(၁)
အိမ်မိုးလို့ရပြီ
ဆေးကုလို့ရပြီ
ကလေးတွေ ကျောင်းအပ်နိုင်ပြီ
အကြွေးဆပ်နိုင်ပြီ
ဒေါ်စိန်ကြည်ဆီ ငွေလွှဲရောက်ပါပြီ။

လူတွေ ဘာကြောင့် ဒေါသထွက်ရင် အော်ပြောသလဲ ?

Videos for knowledge ဗဟုသုတ ဗွီဒီယိုများ

တစ်နေ့သ၌ သူတော်စင်တစ်ပါးနှင့် တပည့်ယောဂီတစ်စု တို့သည် မြစ်ဆိပ်သို့ ရေချိုးရန်ထွက်လာ ကြသည်။
မြစ်ဆိပ်သို့ ရောက်သော် တစ်ယောက်ကို တစ်ယောက် ဒေါသတကြီးနှင့် အော်နေကြသော မိသားစုတစ်စုကို တွေ့လေ၏။
ဤတွင် သူတော်စင်သည် တပည့်တို့ဖက်သို့လှည့်၍ အပြုံးဖြင့် မေး၏။
"တပည့်တို့... လူတွေဟာ ဘာအတွက်ကြောင့် ဒေါသထွက်ရင် တစ်ယောက် နဲ့ တစ်ယောက် အော်ပြောကြလဲ သိကြသလား?"
ယောဂီတွေဟာ ခေတ္တမျှ စဉ်းစားကြပြီးတော့ တစ်ယောက် သော ယောဂီက ထပြောတယ်။

မေတ္တာပန်းခြံ

Tin Nyunt

နော်ဝေနိုင်ငံ၊ ဖရိုလန်းမြို့လယ်မှာရှိတဲ့ ပန်းခြံကို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံလို့ အမည်ပေးလိုက်ပြီတဲ့ဗျ။ အရင်က Froland Park လို့ သူတို့နိုင်ငံမှာ ခေါ်ကြပေ မယ့် မေလ ၁၄ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံလို့ ခေါ်တွင်စေဆိုပြီး တရားဝင်ပွဲတွေလုပ်မှာပါ။ မြို့တော်ဝန်ကိုယ်တိုင်က ဂုဏ်ပြုပြီးတော့ကို အမည်ပေး လွှဲပြောင်းမှုကို လုပ်မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ကတော့ ဂုဏ်ယူစရာပဲ။ နှစ်ပေါင်း ၅၀ ကျော် တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်သွားတဲ့ စစ်အာဏာရှင်တွေ ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ … အလို ဒီလူတွေကို ဘာဖြစ်လို့များ သူတို့ အမည်တွေနဲ့ ဂုဏ်မပြုကြတာလဲဗျာ။

အရမ်းကို စိတ်ထိခိုက်ရတဲ့ အဖြစ်အပျက်လေးတစ်ခု

သက်တန့်ချို·

ကျွန်တော် စတိုင်းဆိုင်တစ်ခုမှာ ဈေးဝယ်ထွက်ဖို့ လမ်းလျှောက်နေတဲ့အချိန်တုန်းကပေါ့ ။ အသက် ၅ နှစ်လောက်ပဲရှိတဲ့ ကောင်လေးတစ်ဦးကို အရောင်းစာရေးမလေးက ပြောနေတာကို မြင်ခဲ့တယ် ။ အရောင်းစာရေးမလေးကပြောတယ် ။
“ စိတ်မကောင်းပါဘူးကလေးရယ် မင်းမှာ ဒီအရုပ်လေးကို ၀ယ်ဖို့ ငွေမလောက်ဘူးလေ ”
အဲဒီတော့ ကောင်လေးက ကျွန်တော့်ကြည့်နေတာကိုမြင်သွားပြီး ကျွန်တော့်ကို မေးတယ် ။ “ ဦးဦး ကျွန်တော့်မှာ ငွေမလုံလောက်ဘူးဆိုတာ သေချာလားဟင် ”

အမေက “မှီခို” တဲ့လား!

စာဖတ်ကြရအောင်

The status of a mother is not dependent
အမေက “မှီခို” တဲ့လား! အဲ့လိုထင်ရင် ဒီစာကို ဆုံးအောင်ဖတ်လိုက်…
ဟားဟား အကြီးကြီးရယ်လိုက်ချင်တယ်။ ဘယ်လိုဉာဏ်ကြီးရှင်ကများ အိမ်ထောင်စုဇယားထဲမှာ ကျွန်တော်တို့ အမေတွေရဲ့အလုပ်အကိုင်ကို “မှီခို” ဆိုပြီး ဖြည့်ဖို့ ထွင်ခဲ့တာပါလိမ့်။ တကယ့်တကယ်တော့ အမေဆိုသည်မှာ…

Due to သုံးဖို့

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

Due to က because of နဲ့ ဆင်တူပါတယ် ၊ အကြောင်းပြချက်ပေးဖို့သုံးပါတယ် ၊ due to ကို စကားစု (phrase) များ .. တစ်လုံးတည်းသောစကား( single word) များနဲ့ အတူသုံးစွဲနိုင်သော်လည်း ပုဒ်စု (clause) များနဲ့ အတူ မသုံးနိုင်ပါဘူး
"Due to" is very similar to "because of." It gives a reason for why something is true. You can use "due to" with phrases and single words, but you can't use "due to" with a clause.
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...