Wednesday, April 13, 2016

ဧရာဝတီတိုင်းမှာ ကရင်ရှိပါသလား

U Taw Pantanaw

"မသိလို့မေးပရစေခများ ဧရာဝတီမာရှိတဲ့ ကရင်ကဘာကရင်လဲ ဘယ်ကနေဆများင်းလာတာလဲ မသိလို့ဖြေပေးပါ"
ကျတော်တင်တဲ့ပို့စ်တစ်ခုအောက်မှာရေးလာတဲ့ ကောမန့်လေးပါ။
ဟုတ်ပါတယ် မေးသင့်ပါတယ်။ မေးမှလည်းသိမှာပါ။ ဒီလိုမေးရတာကလည်း ဧရာဝတီမှာ ကရင်ရှိတယ်ဆိုတာ မသိသေးတဲ့သူရှိနေလို့ပါ မေးတဲ့သူကိုလည်း အထူးကျေးဇူးတင်ပါတယ် ။ ဒီလိုမေးခဲ့လို့လည်း ကျတော်လည်းပြန်လေ့လာမိလို့ပါပဲ။

ဒီအမေးရဲ့အဖြေကိုတော့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့များစာအုပ်ထဲက ထုတ်နှုတ်တင်ပြပေးလိုက်ပါတယ်။
ဧရာဝတီရှိကရင်များ
*******************
ကရင်လူမျိုးများဟာ အေဒီ ခုနစ်ရာစု သို့မဟုတ် ရှစ်ရာစုလောက်ကစပြီ ရမည်းသင်း သို့မဟုတ် တောင်ငူ အရှေ့ဘက်မှ အနောက်ဘက်တောင်ငူ ရွေကျင်လမ်းကြောင်းအတိုင်းမြစ်ဝကျွန်းပေါ်ဒေသ
ဆီသို့၎င်း
တောင်ဘက်ဖာပွန်သံလွင်မြစ်ကြောင်းအတိုင်း
တနင်္လာရီကမ်းမြောင်ဒေသဖက်ဆီသို့၎င်း မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင်အနှံ့အပြား
ဝင်ရောက်နေထိုင်ခဲ့ကြပါတယ်။
ထို့ပြင် ကရင်များသည် သရေခေတ္တရာမပျက်မီကပင်မြန်မာနိုင်ငံအောက်ပိုင်းသို့ဝင်ရောက်နေထိုင်ကြပြီ ဗမာများထက်စောစွာ ဝင်ရောက်နေထိုင်ခဲ့ကြသည့်လူမျိုးလည်းဖြစ်ပါတယ်။
ဒီလိုနေထိုင်လာခဲ့ရာမှာ သိမှီသူများရဲ့ပြောစကားအရ ဦးနေဝင်းအစိုးရတက်လာမှ စစ်တောင်းမြစ်အရှေ့ဘက် ဘားအံခရိုင် ကော့ကရိတ်ခရိုင် ဖာပွန်မြို့နယ် သထုံခရိုင် မောင်လမြိုင်ခရိုင် ထားဝယ်ခရိုင် မြိတ်ခရိုင် တောင်ငူခရိုင် ရွေကျင် ကျောက်ကြီး ထန်းတပင်မှာ နေထိုင်တဲ့ကရင်ကိုအရှေ့ကရင်လို့ပိုင်းခြားလိုက်ပြီ
စစ်တောင်းမြစ်အနောက်ဘက်ရှိ မြစ်ဝကျွန်းပေါ်ကရင်များကိုတော့အနောက်ကရင်လို့
ခွဲခြားခဲ့ပါတယ်။
အထက်ပါစကားရပ်အထောက်အထားတွေကိုကြည့်
ပြီမြစ်ဝကျွန်းပေါ်ဆိုတာ ဧရာဝတီကို ရည်ညွန်းခေါ်ဆိုကြတာဖြစ်တဲ့အတွက် ဧရာဝတီရှိကရင်တွေဟာလည်းကရင်ပြည်နယ်မှာရှိတဲ့ကရင်တွေနဲ့နည်းတူမြန်မာပြည်သို့အတူတကွ
ရောက်ရှိလာကြောင်း
နေထိုင်ကြတဲ့ကရင်တွေဟာပိုးကရင် (ဖလုံး)နဲ့ စကောကရင်များကအများစုနေထိုင်ကြကြောင်း
တင်ပြပေးလိုက်ရပါတယ်။
တဆက်ထဲမှာပဲ ဧရာဝတီမှာ ကရင်ရှိတယ်ဆိုတာ တင်ပြပြီတဲ့နောက်မှာ ဧရာဝတီတိုင်းအတွင်း ကရင်လူဦးရေဘယ်လောက်ရှိတယ်ဆိုတာကိုလည်း ၂၀၁၃-၂၀၁၄ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာလွတ်တော်အစည်းအဝေး
အစီရင်ခံစာမှာတင်ပြထားတဲ့ခန့်မှန်းလူဦးရေစာရင်းကို မြို့နယ်အလိုက် တင်ပြပေးလိုက်ပါတယ်။
ပုသိမ်ခရိုင်
*********
ပုသိမ်= ၄၆၉၂၆၅ ကန်ကြီးထောင့်= ၆၈၆၂၀
သာပေါင်း= ၅၃၀၀၀ ငပုတော= ၆၁၄၇၆
ကျုံပျော်= ၁၀၅၇၄၂ ရေကြည်= ၂၅၇၉၉
ကျောင်းကုန်း= ၇၄၅၀၉
ဟင်္သတခရိုင်
***********
ဟင်္သတ= ၅၅၀၄၄ ဇလွန်=၅၉၃၆၆
လေးမျက်နှာ= ၂၀၇၀၆ မြန်အောင်= ၁၆၈၇၁
ကြံခင်း= ၇၇၇၅ အင်္ဂပူ= ၂၆၀၂၅
မြောင်းမြခရိုင်
************
မြောင်းမြ= ၁၀၇၁၉၇ အိမ်မဲ= ၁၁၀၁၂၀
လပွတ္တာ= ၅၈၈၇၈ ဝါးခယ်မ= ၁၇၉၅၃၇
မော်ကျွန်း= ၄၂၅၀၄
မအူပင်ခရိုင်
************
မအူပင်= ၅၇၉၃၇ ပန်းတနော်= ၁၀၆၇၇၆
ညောင်တုန်း= ၈၂၄၇၄ ဓနုဖြူ= ၅၈၂၉၂
ဖျာပုံခရိုင်
*******
ဖျာပုံ= ၁၅၉၈၉ ဘိုကလေး= ၃၈၆၃၄
ကျိုက်လတ်= ၃၅၃၄၈ ဒေးဒရဲ= ၁၃၃၅၆ တို့ပဲဖြစ်ပါတယ်။
ခရိုင်အနေနဲ့ဆိုရင်
ပုသိမ်ခရိုင်မှာ= ၄၆၈၂၆၅
ဟင်္သတခရိုင်မှာ= ၁၈၅၇၈၇
မြောင်းမြခရိုင်မှာ= ၄၉၈၄၀၇
မအူပင်ခရိုင်မှာ= ၃၀၅၃၄၉
ဖျာပုံခရိုင်မှာ= ၁၀၃၄၁၉ တို့ဖြစ်ပြီ စုစုပေါင်းလိုက်မယ်ဆို ၁၅၆၂၃၅၇ (ဆယ့်ငါးသိန်းခြောက်သောင်းနှစ်ထောင့်သုံးရာငါးဆယ်ခုနှစ်)ဦးရှိပါတယ်။
ဒီအထဲမှာ ဖေ့ဘုတ်ပေါ်မှာ ရင်ဖွင့်လာတဲ့ အဆိုအရ မော်ကျွန်းမှာစကောကရင်ကိုပဲ ကရင်အဖြစ်သတ်မှတ်ပြီ ပိုးကရင်ကို ဗမာဗုဒ္ဓလုပ်ပြီး၂၀၁၅မှာမဲထည့်ခွင့်မရခဲ့ဘူးလို့ဆိုခံထားရတဲ့အတွက် ဒီလိုဗမာဗုဒ္ဓအဖြစ်စာရင်းအဖျောက်ခံရတဲ့ ကရင်တွေလည်းအများအပြားတိုင်းအနှံ့မှာရှိနိုင်တာ
ကြောင့်ဒါတွေပြန်ဖော်ထုတ်ဖို့တောင်းဆိုလိုက်မယ်ဆို ကရင်လူဦးရေဟာ ဧရာဝတီမှာ သိန်းနှစ်ဆယ် အထက်မှာ ရှိနိုင်လိမ့်မယ်လို့ အပြည့်အဝယုံကြည်မိပါတော့တယ်။
အမျိုးများအားလုံးကျန်းမာချမ်းသာကြပါစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...