Friday, April 1, 2016

✺ ပရိသတ်တစ်ယောက်အနေဖြင့်သိတဲ့ အယ်ဖြူ အကြောင်း ✺

Music Crazy Te Te Tar Tar
 
ကျွန်တော်တို့ငယ်ဘ၀ဆိုတာက
ဇော်ဝင်းထွဋ်သီချင်းတွေနဲ့ စတင်ကြီးပြင်းကြရတာပါ။
ဒါပေမဲ့ဇော်ဝင်းထွဋ် အခွေအသစ်ထွက်ပြီဆိုလဲ
တေးရေးဆရာဆိုတာမျက်စိမှိတ်ပြီးပြောလို့ရလောက်အောင်နည်းပါးပါတယ်
ဝင်းမင်းထွေး မောင်သစ်မင်း သုခမိန်လှိုင် မင်းချစ်သူ
ခေတ်ကိုကလဲ အစွဲကြီးတော့ သီချင်းဆိုရင် သူတို့ေ၇းပြီးဆိုမှသီချင်းလို့ထင်တဲ့ခေတ်ဗျ။

အဲ့တော့ဘောင်ကျဉ်းလွန်းတဲ့တေးရေးလောကကို ကျွန်တော်တို့ကတေးေ၇းအသစ်တွေဆို
ုသတိမထားမိသလို တေးရေးအသစ်ဆိုတာလဲ
တော်ရုံအဆိုတော်ဆိုလို့ကတော့သွားလေ၇ာပဲပေါဗျာ
ဥပမာ ခြောက်ခမ်းသွားတဲ့အိမ်မက်မြစ်ဆိုတာ
တခြားအဆိုတော်တစ်ယောက်ကသာ
ဆိုကြည့်ခဲ့မယ်ဆို
ုအဲ့ခေတ်အဲ့ကာလဆိုရင်ဘယ်သူမှသတိထားမိမယ်မထင်ဘူးဗျာ ဒါလဲကျွန်တော်အမြင်ပါ
အခုအချိန်ခါမှသာ
မောင်မောင်ဇော်လတ်နဲ့အယ်ဖြူနဲ့ကိုယှဉ်တွဲပြီးမြင်ပေမဲ့
အဲ့ကာလအဲ့အချိန်တစ်ခုမှာတော့မောင်မောင်ဇော်လတ်က
အယ်ဖြူထက်ပိုပြီးနာမည်ရစပြုနေပြီကျွန်တော်ထင်မိပါတယ်
ဥပမာဗျာကျွန်တော်အထင်
ဇော်ဝင်းထွဋ်အခွေနေရာသစ်မှာဆိုရင်
မောင်မောင်ဇော်လတ်သီချင်းတွေကပိုများတယ်လေ
ပေါက်သွားတဲ့သီချင်းနှစ်ပုဒ်ဖြစ်တဲ့
အသဲကွဲရေဒီယိုနဲ့ခြောက်ခမ်းသွားတဲ့အိမ်မက်မြစ်မှာဆိုလဲ မောင်မောင်ဇော်လတ်က
တွဲေ၇းပေးထားတာပဲ
အဲတော့ကလေးအရွယ်ရှိသေးတဲ့ကျွန်တော်တို့အတွက်ကတော့
မောင်မောင်ဇော်လတ်ကပိုမိုက်လို့ပဲတွက်တာပေါ့ဗျာ
ပြီးတော့အဲ့ကာလမတိမ်းမနှောင်းမှာ
မောင်မောင်ဇော်လတ်ဝင်ေ၇းပေးထားတဲ့
ဘိုဘိုရဲ့ဝန်ရိုးတန်းအိပ်မက်အခွေပေါက်သွားတာလဲပါတာပေါ့
အယ်ဖြူဆိုတာတော်တော်များများသတိထားမိတယ်ထင်တာ လေးဖြူ
လျှမ်းလျှမ်းတောက်စကာလလို့ထင်တယ်
ဘာဖြစ်လို့လဲဆိုတော့အယ်ဖြူကိုလေးဖြူအတိုကောက်ေ၇းထားတယ်ထင်ကြတာကိုး
.အဲ့အချိန်မှာ
တချို့သောမဂ္ဂဇင်းတွေမှာလဲအယ်ဖြူဆိုတာလေးဖြူမဟုတ်ဘူးဆိုတာဖြေရှင်းရေးသားထားတာလဲဖတ်ဖူးတယ်
နောက်တစ်ချက်သတိထားမိတာက
တေးရေးဆိုရင် ထူးအိမ်သင်ညီညီိစံညီညီသွင်အယ်ဖြူ
နောက်တစ်ယောက်နှစ်ယောက်ပါတယ်ဗျ မမှတ်မိတော့ဘူး သူတို့ကgroupတစ်ခုလိုတွဲလျက်နဲ့ 
တခါတလေအဆိုတော်အသစ်အခွေတွေမှာတွေ့မိသတိထားမိတယ်
ဒါပေမဲ့သူတို့ရေးပေးတဲ့အခွေတွေကပေါက်ပေါက်ေ၇ာက်ေ၇ာက်မရှိပဲပျောက်ကွယ်သွားတတ်တာများပါတယ်
အဲ့ကာလတွေဆိုတာကလဲ
တေးရေး ကေအေတ၊ီအငဲ၊သော်ဒီဝေ၊နိုင်နိုင်း၊၀င်းမင်းထွေး၊သုခမိန်လှိုင်၊မင်းချစ်သူ
သူတို့တွေလျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့အချိန်ဆိုတော့
သူတို့နာမည်လေးငါးဦးရေးပေးထားတဲ့
အဆိုတော်အသစ်အခွေဆိုရင် မအောင်မြင်ရင်တောင်မှလူသတိထားမိတာအသေအချာပါပဲ
ဝန်ခံစရာကအဲ့ကာလတွေတုန်းကအယ်ဖြူဆိုတာအနုပညာဝမ်းစာနည်းတဲ့သူလို့ထင်မိဖူးတယ်
သူကတစ်ပုဒ်စနှစ်ပုဒ်စတချို့အခွေတွေမှာရေးပြီးရေးတဲ့သီချင်းကလဲလူမသိသူမသိပျောက်
သွားတာများတာကိုးဗျ
ကျွန်တော်မှတ်မိတာအဲ့ခေတ်အဲ့ကာလက
ကော်ပီဘယ်သူမှမဆိုရသေးပဲနာမည်ကြီးနေတဲ့
LA GUNရဲ့ the ballad of jayne
ဆိုတဲ့သီချင်း တကယ်တော့အဲ့သီချင်းက
Copyခေတ်စကားနဲ့ဆို ပေါက်ကိုပေါက်ရမဲ့သီချင်း
ွသယ်သူရေးလို့ဘယ်သူဆိုမလဲလို့မျော်လင့်နေတဲ့အချိန် အဲ့လိုအချိန်မျိုးမှာ
ကိုအယ်ဖြူရေးပြီးကိုသူရိန်စိုးဆိုလိုက်တာ
လူမသိသူမသိပျောက်ေ၇ာဗျာ
ကလေးအတွေးဆိုတော့လဲဒီတေးရေးဆရာ
သိပ်စွံမှာမဟုတ်ပါဘူးလို့ထင်မိတယ်
(အခုဒီစာရေးနေရင်းစဉ်းစားမိတာ
ကိုအယ်ဖြူကcopyနဲ့သိပ်အကျိုးမပေးဘူးလို့
ထင်တယ်ဗျ)
အဲ့လိုအနုပညာဝမ်းစာနည်းတယ်ဆိုတဲ့
ွအတွေးမှားကြောင်းကိုသက်သေပြချက်ကတော့ဗျာ
ဂီတအချိုးအကွေ့တစ်ခုကိုအုတ်မြစ်ချခဲ့သူ(သိုမဟုတ်)
Copyတစ်ခေတ်ကိုပြောင်းပြန်လှန်မဲ့သူဆိုတာ
သက်သေပြခဲ့တဲ့The ants ရဲ့ေ၇ာင်စုံချောကလက်အခွေကစတာပေါ့ဗျာ
ဒါတောင်အဲ့အခွေပထမအခေါက်စနားထောင်တော့ နားမယဉ်ဘူးဗျ
လုပ်ပုံလဲကြည့်လေဗျာ
အဲ့ခေတ်အဲ့အခါကာလမျိုးမှာ rockမကျ metalမကျ
အဖွင့်သီချင်း introက
[နာရီသံတွေဆူညံပြီးနားထဲကဗုံးဆံလေးနင်ဖောက်ခွဲ]တဲ့
လူကလန့်ဖျန့်သွားတာတော့အမှန်ပါဗျာ
လိမ်မပြောဘူး
နောက်ပိုင်းကြတော့လဲ
အခုအချိန်အထိ
ဟယ်ရီလင်းရဲ့အဲ့အသံစကြားမိမှေ၇ာင်စုံချောက်ကအရသာပိုရှိသွာသသလိုခံစားတယ်
ရောင်စုံချောကလက်ပြီးတဲ့နောက်မှာတော့
အားလုံးသိပြီးသာဇာတ်လမ်းဇာတ်အိမ်တွေပါပဲ ကောင်းဇုံေ၇ာက်လာတယ်
ကိုအောင်ေ၇ာက်လာတယ်
အောင်ဘုေ၇ာက်လာတယ်
ဘိုဖြူေ၇ာက်လာတယ်
ဝေဖြိုးေ၇ာက်လာတယ်
နောက်ထပ် နောက်ထပ်ေ၇ာက်လာကြတယ်
တစ်ချိန်က ဒီခေတ်ဒီကာလလိုမဟုတ်ပဲ
အစစအရာရာရှားပါးအထီးကျန်ဆန်လွန်းတဲ့
ခေတ်ဆိုးကြီးထဲမှာ
လူငယ်ဘ၀ကိုအဓိပ္ပါယ်ရှိခွင့်ပေးခဲ့ဖူးတဲ့
ကိုအယ်ဖြူ ကောင်းရာအရပ်မှာရှိနေပါစေ
CREDIT : AUGUST NANDAR
❂ အိမ်ရာမဲ့ ❂
✍ အယ်ဖြူ ✍
Key - G
Intro - G C Em C
G C Em C
ကျိန်စာတွေကို သင့်ခဲ့သလား တန်ခိုးရှင်တစ်ဦးရဲ့ 
G C Em C G C Em C
အငြိုးတွေကြီးစွာ ဖန်ဆင်းထားတဲ့ ဘဝတွေလား
G C Em C
နာကျင်နေတဲ့ အိပ်မက်များ အဆုံးမရှိသေးတယ်
G C Em C G C Em C
တန်ခိုးရှင်တစ်ဦးရဲ့ လှည့်စားထားတဲ့ ဘဝတွေလား
G C Em C
အသေလို မျက်နှာများနဲ့ လမ်းမများစွာထက်မှာ လျှောက်ရင်း
G C Em C
ကြင်နာခြင်းလက်များနဲ့ ဝေးရာ တစ်ခြားကမ္ဘာပေါ်က
G C Em C
ပုန်းရှောင်ခြင်းနဲ့ နေ့ညတို့ကို ဖြတ်သန်းရင်း
G C Em C G C Em C
လူလိုအရိပ်အယောင်များနဲ့ ဥပေက္ခာလောကသား
♬ ♬ ♬ ♬ ♬ ♬ ♬ ♬
❂ မင်းနဲ့ အဝေးဆုံး ❂
✍ အယ်ဖြူ ✍
Key - B
Intro: B A E B A E
E Gb E Gb
အမျှော်လင့်ဆုံးထားခဲ့ ငါ့ဝိညာဉ်ရဲ့  ကမ္ဘာငယ်လေး တစ်ခုထက်
E Gb A
ငါ့အသိတွေထက် ဆန္ဒအားလုံးထက်
တစ်ကြိမ်သေဆုံးဖူးတဲ့ အိပ်မက်တွေနဲ့ ငါ စွန့်စားမိခဲ့
ရူးသွပ်စေခဲ့ မင်းအတွက်ပါကွယ်
CHO1: B A E A
အရာရာထက် မင်းကို ပိုလွန်းခဲ့ပါတယ်
B A E
ယုံကြည်ခြင်းအစွန်းမှာ ရပ်တန့် ရင်း အိုး
B A E
မမြင်နိုင်တဲ့ တံခါးတွေ ဖွင့်ထားပါတယ်
Gb A
မင်းအတွက် / အလိုချင်ဆုံး
မသေချာခြင်းများနဲ့ သွေးပျက်စေတဲ့ ဒီမျက်ဝန်းလေးထဲ
ဆက်အသက်ရှင်ခဲ့ မင်းအတွက်ပါကွယ်
CHO1
CHO2: Abm Gb E A Abm Gb E A
မင်းနဲ့ အဝေးဆုံး မင်းနဲ့ အဝေးဆုံး
Abm Gb Dbm Ebm E
မင်းနဲ့ အဝေးဆုံး တစ်ယောက်တည်း သွားချင်တယ်
Abm
အဝေးဆုံး
Solo : Abm E Abm Gb E Dbm Ebm E A
CHO1 CHO2
FINE
♬ ♬ ♬ ♬ ♬ ♬ ♬ ♬

❂ နေဝင်ချိန် ❂
✍ အယ်ဖြူ ✍
Key - D
Intro [ D Dsus4 D Dsus2 D Dsus4 D] x2
D A D D7 G
ဒီနေဝင်ချိန်ကို ဘယ်မေ့မလဲ အမှောင်ဝင်လာတယ် ဒီညထဲ
D A
ရက်စက်တဲ့ စကားလုံးများနဲ့ ငါ့အသည်းကို ဖဲ့ခြွေခဲ့
နေချင်တယ်ဆို နေနိုင်ပါတယ် အမှောင်ဝင်လာတယ် ဒီညထဲ
ရက်စက်တဲ့ စကားလုံးများနဲါ့အသည်းက ပဲ့ကြွေခဲ့
အချိန်နာရီတွေ အကုန်မြန်နေခဲ့ ရာသီတွေ လည်ပတ်ဆဲ
အဆုံးသတ်မဲ့ မေးခွန်းများအတွက် ငါ့အသည်းနှလုံးက ကြေကွဲ
နေချင်တယ်ဆို နေနိုင်ပါတယ် နာကျင်နေသူ ကိုယ်တစ်ယောက်တည်း
အသက်မဲ့တဲ့ လမ်းခွဲလေးနဲ့ ငါကျောခိုင်းသွားချင်တယ်
လေပြည်တွေလို ညင်သာတဲ့ လှောင်ရယ်သံတွေ ချိုလွင်ဆဲ
တိတ်ဆိတ်တဲ့ နှလုံးသားလေးထဲ ဖြတ်သန်းလို့ တိုးဝင်ဆဲ
G D A D
ဒိုင်ယာရီ စာရွက်ဟောင်းလေးများထဲမှာ ကျိန်စာသင့်သူ
G Gbm/ Bm
နာကျင်စွာ ဒဏ်ရာနဲ့ အိပ်မက်များစွာ
E A
သန်းခေါင်ယံမှာ ထင်ကျန်နေခဲ့
♬ ♬ ♬ ♬ ♬ ♬ ♬ ♬
❂ သားကြီး ❂
✍ အယ်ဖြူ ✍
Key- D
Intro D Gm D Gm
D Dmaj7
ဒီတစ်နှစ်တော့ လွဲသွားပြန်ပြီထင်ပါတယ်
D7 G
တစ်ယောက်တည်းကြိတ် အရှက်ရခဲ့တာ လူတွေမသိခဲ့
Bm Bm7 Bm6
မှိန်ဖျော့တဲ့ အပြုံးနဲ့ သံယောဇဉ်အကြည့်နဲ့
A D Gm
ကြင်နာသူလေးက နှစ်သိမ့်တယ်
မျှော်လင့်ချက်ကတော့ အရောင်ပိုမှိန်လာတယ်
သူငယ်ချင်းများကမေးတော့ ကျနော်ရင်ခုန်လာတယ်
တူ တူမများနဲ့ ညီညီမများရဲ့  ငင်နေတဲ့ ကြိုးကတင်းလွန်းတယ်
အကိုကြီးတော့ အဖအရာ လိုအပ်ချက်တိုင်းမှာ
အမေ့နားမှာ အမြဲတတမ်း ရှိနိုင်ဖို့ ကြိုးစား
အမေကတော့ပြောတယ် ကျနော် အသက်ဘယ်လောက်ကြီးလံ
အမေ့အသိမှာ ကလေးပဲ ရှိသေးတယ်
ကျနော့်ခေါင်းလေး ပွတ်သပ်ကာလေ အမေရယ် ကျီစယ်
အမေ့အနားမှာ အမြဲတမ်း ရှိနေမှာ ဒီသားပဲ
အမေ့နှုတ်ခမ်းက ပြုံးလည်း ကြေကွဲတဲ့ အကြည့်အတွက်
ကျနော့် စကားတွေ အမြဲတမ်းဆွံ့ အဆဲ
အကိုကြီးတော့ အဖအရာ မိသားစုအရေးမှာ
ရှေ့ တန်းက မတ်မတ်ရပ်တည်နိုင်ဖို့ ကြိုးစား
အမေကတော့ ပြုံးတယ် အဖေနဲ့ အမေအတွက်တဲ့ ချန်နေမဲ့ သားကြီး ရှိသေးသတဲ့
♬♬♬♬♬♬♬
❂ နောက်ဆုံး ❂
✍ အယ်ဖြူ ✍
Intro: C Cmaj7 Am Cmaj7
V1: C Cmaj7 Em G
လမ်းခွဲတစ်ခုမှာ ငြိမ်သက်ဆဲ ကိုယ်စီဒဏ်ရာများနဲ့ ပြည့်နှက်ဆဲပဲကွယ်
C Cmaj7 Em G
ပတ်သက်ခဲ့တာ ဒါနောက်ဆုံးပဲ ဒီလိုနာကျင်စေတဲ့ စကားတော့ မပြောပါနဲ့
Dm A Dm A
ရင်ထဲက ချည်နှောင်ထားတဲ့ ဒီကြိုးလေးတွေလဲ
Dm A Gadd9 G
ပြတ်တောက်သွားရင် နောက်ဆုံးတော့ နာကျင်မှာ တို့နှစ်ဦးပဲ
V2: သိပ်ချစ်ခဲ့တာ သိသားနဲ့ ပြန်လည်ကာလေ စဉ်းစားကြည့်ပါဦး ကလေးရယ်
ဒါနောက်ဆုံး တောင်းဆိုနေခြင်းပဲ ဒီလိုနာကျင်စေတဲ့ စကားတော့ မပြောနဲ့ဦး နေဦး
ရင်ထဲက ချည်နှောင်ထားတဲ့ ဒီကြိုးလေးတွေလဲ
ပြတ်တောက်သွားရင် နောက်ဆုံးတော့ နာကျင်မှာကို မင်းလေးနားလည်
CHO: C Cmaj7 F9 G
ဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုရင်ဆိုင်မလဲ အမှောင်ညတွေ ပျောက်ဆုံးချိန်
C Cmaj7 F9 G
ဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုရင်ဆိုင်မလဲ အမှောင်ညတွေ ဒါနောက်ဆုံးအချိန်
C Cmaj7 Am Cmaj7
C Cmaj7 Em G
C Cmaj7 Em G
Dm A Dm A
ရင်ထဲက ချည်နှောင်ထားတဲ့ ဒီကြိုးလေးတွေလဲ
Dm A Gadd9 G
ပြတ်တောက်သွားရင် နောက်ဆုံးတော့ နာကျင်မှာကို မင်းလေးနားလည်
CHO: C Cmaj7 F9 G
ဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုရင်ဆိုင်မလဲ အမှောင်ညတွေ ပျောက်ဆုံးချိန်
C Cmaj7 F9 G
ဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုရင်ဆိုင်မလဲ အမှောင်ညတွေ ဒါနောက်ဆုံးအချိန်
C Cmaj7 Em G
လမ်းခွဲတစ်ခုမှာြ ကိုယ်စီဒဏ်ရာများနဲ့ ပြည့်နှက်ဆဲပဲကွယ်
♬♬♬♬♬♬♬♬♬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...