Saturday, April 30, 2016

အောင်နက်တို့၏ရာဇဝင်။ ။

မင်း ဒင်

ကျုပ်ငယ်ငယ်ကနေခဲ့ဖူးတဲ့ ရပ်ကွက်ဟာကျူးကျော်မို့
အိမ်နောက်ဖေးတိုင်းမှာခြေတံရှည်အိမ်သာလေးတွေနဲ့ပေါ့ဗျာ။
ခြေတံရှည်တာကလည်း ဒီရေရောက်တဲ့အရပ်မို့ခင်ဗျ။
အဲဒီရပ်ကွက်ထဲမှာတော့ခွေးတွေကို အိမ်သာအောက်တွေက
မစင်တွေကို "ပလပ်" "ပလပ်" "ပလပ်" နဲ့?
အားပါးတရလွှေးနေကြတာ ရိုးအီနေတဲ့
မြင်ကွင်းပါပဲဗျာ။

အပူလေသင်တုန်းဖြတ်ခြင်း (Heat Stroke)

သိန်း မြင့်


လတ်တလောမြန်မာနိုင်ငံမှာ အပူဒဏ် ပူပြင်းလျက်ရှိပါတယ်။ ဒါကြောင့် အပူလွန်ကဲမှု ကြောင့်ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုကို တင်ပြလိုက်ရပါတယ်။
အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာ ဖြစ်တဲ့ထဲမှာ Heat Stroke လို့ခေါ်တဲ့ အပူ လေသင်တုန်းဖြတ်ခြင်းကို Medical Emergency ကျန်းမာရေးအရေးပေါ်ပြဿနာလို့ သတ်မှတ် ထားပါတယ်။ Heat Sroke ဖြစ်နေတယ်လို့ ယူဆရရင် ဆေးရုံကို အမြန်ဆုံးသွားရောက်ပြီး ကုသမှု ခံယူသင့်ပါတယ်။

ရူးသွပ်စွာ ပျံသန်းခဲ့သူ

မှတ်စုကြမ်း
 
ထရပ်ကားမောင်းတဲ့ လယ်ရီဝေါ်လ်တာ ဟာ အားလပ်ချိန်တိုင်း သူ့အိမ်နောက်ဖေး မှာ ကုလားထိုင် တစ်လုံးချလို့ လက်နှစ်ဖက်ကို ဆန့်တန်းပြီး လေပေါ် မှာ ပျံဝဲနေလေရဲ့ လို့ စိတ်ကူးယဉ်နေလေ့ ရှိပါတယ်။
တကယ်တော့ လယ်ရီဟာ ငယ်ငယ်လေး ကထဲက လေယာဉ် ပိုင်းလော့ အလွန် ဖြစ်ချင်သူ ဖြစ်ပါတယ်။ ကောင်းကင်ကနေ ကမ္ဘာမြေကြီး ကို လှမ်းကြည့်လိုက်ရရင်တော့ သိပ်ကောင်းမယ် ဆိုတဲ့ အတွေးကို ရူးသွပ်သူ တစ်ယောက် ဖြစ်ပါတယ်။

ပညာရေးသဘောတရားနဲ့ လက်တွေ့နယ်ပယ်အတွေ့အကြုံ (၂)

မင်း ဒင်

ရဲတင်းစွာ အာမခံသည်။ ။
ဒီစာကိုဖတ်ပြီးရင်တစုံတခု ရ ရပါစေ့မယ်လို့၊ ကျွန်တော်ရဲရဲကြီးအာမခံပါတယ်။ ။
ကျွန်တော့်အကိုကြီးလိုခင်မင်ရတဲ့ ဆရာညီညီဖေ (Jeffrey Pe )ရဲ့လက်ရာဆောင်းပါးလေးကို
ဖတ်ကြည့်ကြစေချင်လို့၊ ရှယ်တောင့်ရှယ်ခဲ ဝေမျှလိုက်ပါတယ်။ ။
..................
ပညာရေးသဘောတရားနဲ့ လက်တွေ့နယ်ပယ်အတွေ့အကြုံ(၂)

ပြည်သူတွေပိုင်တဲ့နေရာကို အစိုးရဌာနတွေက ကျူးကျော်ထားတာ အများကြီးပဲ || ထက်ခေါင်လင်း / Myanmar Now ||

The Ladies News Journal

အများပြည်သူနှင့် သက်ဆိုင်သည့် နေရာအများအပြားကို အစိုးရက ကျူးကျော်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်ကပြောသည်။ ဦးနေမျိုးကျော်သည် နိုင်ငံရေးအကျဉ်းသားဟောင်း ဘလော်ဂါ နေဘုန်းလတ်အဖြစ် ပိုမိုလူသိများသူ ဖြစ်သည်။ မကြာသေးမီက Myanmar Now နှင့် တွေ့ဆုံစဉ် ဦးနေမျိုးကျော်က ယာဉ်ကြောပိတ်ဆို့မှု၊ ကျူးကျော်ရပ်ကွက်၊ လမ်းဘေးဈေးသည်၊ ရန်ကုန်လူထု၏ လူနေမှုဘဝများ အကြောင်း ပြောပြထားသည်။

❝ တီတီသိသမျှ ဂစ်တာအကြောင်း ❞

Music Crazy Te Te Tar Tar

ဂစ်တာ (Guitar) သည် ဂီတ တူရိယာ တစ်ခုဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာကပင် ပုံစံမျိုးစုံ ဖြင့်တည်ရှိခဲ့သည်။ များသော်အားဖြင့် ဂီတာသည် ကြိုးခြောက်ချောင်းပါတက်ပြီး လေး၊ ခုနှစ်၊ ရှစ်၊ ဆယ် နှင့် ဆယ်နှစ် ချောင်းတပ် ဂီတာများလည်း ရှိသည်။
✫ သမိုင်းကြောင်း ✫
ယနေ့  ဂစ်တာတွေရဲ့ ခေတ်စားမှူ့သက်တမ်းဟာ တိုတောင်းသေးတယ်လို့ ယူဆနိုင်ပေမဲ့ နှစ်ပေါင်းထောင်နဲ့ချီတဲ့ ရှည်လျားသော သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပါတယ်။

Telephone Expressions (4)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

(1) I can’t hear you well.
ခင်ဗျားပြောတာ ကျနော် ကောင်းကောင်း မကြားရဘူး
.
(2) Tell him I’ll call back.
ကျနော်က ပြန်ခေါ်မယ်လို့ သူ့ကို ပြောပေးပါ
.
(3) Please tell him to call me back.
ကျနော့်ကို ပြန်ခေါ်ဖို့ သူ့ကို ပြောပေးပါ

#‎သုတေသနစာတမ်းများကဏ္ဍ‬ ( ၁၅ ) အုပ်ပါခဗျာ

တွေးနိုင်သလောက်တွေးပါ

ကျောက်သင်ပုန်း

“ဟာ…သိပ်မစဉ်းစားခိုင်းနဲ့ဗျာ…ခေါင်းပူတယ်”
Brain Storming ဟူသော ဦးနှောက်အလုပ်ပေးခြင်းကို မြန်မာတို့ များစွာမရင်းနှီးကြ၊ ဆန်အိတ်တစ်အိတ် ကိုသာ ထမ်းလိုက်ချင်သော်လည်း၊ ဦးနှောက်အလုပ်ပေးမှုတစ်ခုကို မလုပ်ချင်ကြချေ။ တွေးရခေါ်ရ၊ တွေးတတ်ခေါ်တတ် သောဝန်းကျင်နှင့် များစွာစိမ်းနေခဲ့သောကြောင့် ဖြစ်သည်။

Blood in Stool စအိုက သွေးယိုခြင်း

Tint Swe

ဆရာ အဖေအသက်က ၅၃ နှစ်ပါ။ ဝမ်းသွားတိုင်း စအိုဝက သွေးတွေဆင်းနေလို့ပါဆရာ။ ဒီအတိုင်းနေရင်တော့ မဆင်းပါဘူး။ ဖြစ်တာတော့ တရက်ပဲရှိသေးတယ်။ ဝမ်းကတော့ ပုံမှန်သွားပါတယ်။ ဝမ်းမချုပ်ပါဘူး။ စိုးရိမ်လို့ပါဆရာ။ မေးစည်းကမ်းနဲ့မညီရင်လည်း တောင်းပန်ပါတယ်ဆရာ။
ဝမ်းသွာရာမှာပါတဲ့သွေးက အစာခြေလမ်း အထက်ပိုင်းခေါ်တဲ့ အစာအိမ်နဲ့ အစာမျိုပြွန်ကနေလာနိုင်တယ်။ အစာချေလမ်း အောက်ပိုင်းဖြစ်တဲ့ အူမကြီး၊ အစာဟောင်းအိမ် နဲ့ စအိုကနေလာနိုင်တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၄)

သစ်ထူးလွင်


Friday, April 29, 2016

သလ

Thanlay Ko

ကျုပ်က စကားပြောရင် တိုတိုပြတ်ပြတ်ပြောတာပဲ ကြိုက်တယ်။
ဒီနေ့...
ရန်ကုန်က ကုမ္မဏီတစ်ခုက အလုပ်အင်တာဗျူးခေါ်လို့ သူဌေးနဲ့ လာတွေ့တယ်။
သူဌေးက မေးတယ်... ...
"နာမည်ဘယ်လိုခေါ်လဲ"
"သလ"
"ဘာလဲဟ သလ ဆိုတာကြီးက"

"အရှင်ဆန္ဒာဓိက" စာအုပ်များ

ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်'s photo.
(၁)မြင့်မြတ်သော ဥပေက္ခာ
http://www.mediafire.com/?u8yt3r30m237182
(၂)အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်
http://www.mediafire.com/?7t4z7ny7dccqqgg
(၃)အမြင်မှန်ရဖို့ အမှန်မြင်အောင် ကြိုးစားစို့
http://www.mediafire.com/?ahpad7p2a9xs8l8
(၄)ကုသိုလ်စိတ်
http://www.mediafire.com/?to6pt6o7yjjwy3d
(၅)ရည်စူး ကုသိုလ်
http://www.mediafire.com/?vsge54qxix8xy0v
(၆)စိတ်အားဖြည့် ဓမ္မနှင်းပွင့်
http://www.mediafire.com/?ca69bkzwdokkczo
(၇)သတ်သတ်လွတ်နှင့်ကုသိုလ်စိတ်

အရမ်းညံ့ခဲ့တဲ့ ဘန်ဂျမင်

ကျောက်သင်ပုန်း

ငါးတန်းကျောင်းသားဘန်ဂျမင်ဟာ သူ့ကိုယ်သူ အတန်းရဲ့ အညံ့ဆုံး အထုံဆုံးလို့ ထင်တယ်။
အတန်းဖော်တွေကလဲ ဘန်ဂျမင်ဟာ တို့အတန်းရဲ့အညံ့ဆုံး။
အတန်းပိုင်ဆရာမရဲ့ အတွေးမှာလဲ ဘန်ဂျမင်ဟာ အထုံဆုံး ကျောင်းသားတစ်ယောက်။

နှစ်ဝက် အဆင့်ဖော်ပြတဲ့ကဒ်ကိုအိမ်ကိုပြရတော့
မှတ်ချက် ။ ။ "ထူးခြားစွာ တိုးတက်မှုမရှိ (ညံ့)" တဲ့။

သမန်းကျား

Saimaungmaung Aung

လူ ကနေ ကျားဖြစ် တဲ့ အကြောင်းကို လူတော်တော်များများ ကြားဖူးကြပါတယ်။ စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ဒါကြောင့် ဘယ်သူတွေက ဘယ်နေရာ မှာ ဒီလိုဖြစ်ကြသလဲ ဆိုတာ အနည်းငယ်လေ့လာကြည့်ရအောင်။
စစ်ကိုင်းတိုင်း ရှမ်းနီဒေသ ချင်းတွင်းမြစ်ရိုးမှာ တည်ရှိတဲ့ ကျွန်တော်တို့ရဲ့ ရှမ်းနီမျိုးနွယ် ဖြစ်တဲ့ ထမန်းလူမျိုးများတည်ထောင်ခဲ့တဲ့ ထမံသီ ဆိုတဲ့ ရွာ လေးတစ်ရွာ ရှိပါတယ်။ ထိုရွာမှာ ထူးရှားသော ဝိသေသ ဖြစ်တဲ့ လူ ကနေ ကျား ဖြစ်တယ်ဆိုတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

“ ရေ ကော်မတီ၊ မီး ကော်မတီ ”

Min Ko Naing

အထက် အညာဒေသ ရွာတစ်ရွာက အဖြစ်အပျက်
တခုပါ။အဲဒီ ဒေသဟာ လျှပ်စစ်မီးလည်း မရ၊ ရေလည်း
အင်မတန် ရှားပါတယ်။ မျက်ခမ်းစပ်ရောဂါ အပါအ၀င်
ရေအရင်းအမြစ် ချို့တဲ့မှုကြောင့် ရလာတဲ့ ဒုက္ခတွေကို
ကာလရှည် ခံစားခဲ့ရတာ ပါ။ ရေနဲ့ လျှပ်စစ်မီးဟာ ဒီ
ဒေသအတွက် အခြေခံ အကျဆုံး အရေးတကြီး လိုအပ်
ချက်ပါပဲ။

"ပညာရေး စနစ်သစ်အကြောင်း..."

Tun Min Latt

KG+12
_______
ယခုပညာသင်နှစ်မှာ သူငယ်တန်းကို Grade 1 လို့
ခေါ်ပါတယ်။ ရှေ့လာမယ့်စာသင်နှစ်မှာ သူငယ်တန်းကို KG လို့ခေါ်ပြီး Grade 1 ဆိုတာ ပထမတန်း ဖြစ်သွားပါပြီ။
ဒါကြောင့် ဒီနှစ်သူငယ်တန်း တက်နေတဲ့ ကလေး
အားလုံး ရှေ့နှစ်မှာ ပထမတန်း Grade 1 ကို သင်ရိုးသစ်နဲ့ သင်ကြားရမှာဖြစ်ပါတယ်။
သင်ရိုးဟောင်းနဲ့ သင်ရိုးသစ်( သူငယ်တန်း) ဘာ
ကွာသလဲ ကြည့်ကြရအောင်။
သင်ရိုးဟောင်းသည် မြန်မာစာ အင်္ဂလိပ်စာ
သင်္ချာ သိပ္ပံ စာရိတ္တ ဘဝတွက်တာကျွမ်းကျင်စရာ
စသည့် ဘာသာရပ်များကို အခြေခံထားသော သင်ရိုး ဖြစ်ပါတယ်။

မျောက်ဥပုသ်

Sandarwara Tdk

တစ်ခါက မျောက်အုပ်တစ်အုပ်ရဲ့ ခေါင်းဆောင် မျောက်ဟာ သူ့ငယ်သားမျောက်တွေကို စုဝေးစေပြီး တရားဓမ္မ ဟောပြပါသတဲ့။ သူက
"ငါ မနေ့က လူတွေနေတဲ့ ရွာက ဘုန်းကြီးကျောင်းဘေးက မန်ကျည်းပင်ပေါ်ရောက်ခဲ့တယ်။ ငါမန်ကျည်းသီးစားနေတုန်း ဘုန်းကြီးကျောင်းထဲက ဘုန်းကြီးရဲ့တရားဟာ ငါ့ကို သတိသံဝေဂ ပေးခဲ့တယ်။ အဲဒီတရားကို မင်းတို့ကိုလည်းငါပြန်ဟောပြမယ်"
လို့ပြောရင်း ဘုန်းကြီးရဲ့ဟန်ပန်အတိုင်း ချောင်းဟန့် တင်ပျဉ်ခွေထိုင်ပြီး သူကြားခဲ့ရတဲ့တရားကို ပြန်လည်ဟောပြခဲ့ပါသတဲ့..။

" လျှပ်စစ်၏ သိမ်မွေ့မှုအနုပညာ "

U Moe Aung

လျှပ်စစ်သည် အနုပညာရပ်တစ်ခုဖြစ်ရုံသာမက သိမ်မွေ့မှုလည်းရှိသည်။
လျှပ်စစ်သည် တကယ်တော့ အနုပညာတစ်ရပ်ဖြစ်သည်။ အနုပညာရပ်အချို့ကို ဖော်ပြရလျှင် စာပေ၊ ပန်းချီ၊
ဂီတ၊ အဆိုအက စသည်ဖြင့် ဖော်ပြမကုန်နိုင်အောင်ရှိမည်။ လျှပ်စစ်ကို စတင်တွေ့ရှိပြီးသည့် ကာလ၏နောက်၊ လျှပ်စစ်ဟူသည် လျှပ်စီးစီးခြင်း (Electric Current Flow) ဖြစ်သည့်အားလျော်စွာ လျှပ်စီးဟူသည် နန်းကြိုး (Wire) တစ်ချောင်းထဲ၌ လျှပ်စစ်ဓာတ်သယ်ဆောင်ထားသော အီလက်ထရွန် (Electron) အမှုန်ကလေးများ၏ရွေ့ရှားမှုဖြစ်သည်ဟု ပြောရပေမည်။

Next pregnancy နောက်ကိုယ်ဝန် ယူချင်သူများ

Tint Swe

၁။ ဆရာရှင့် ပထမကိုယ်ဝန်ခွဲမွေးထားတဲ့ အမျိုးသမီးဟာ ဒုတိယကိုယ်ဝန်ကို အစောဆုံး ဘယ်အချိန်မှာယူရင် သင့်တော်ပါသလဲ ဆရာ။ လက်ရှိ ကလေးအသက်ဘယ်လောက်မှာ ဒုတိယကိုယ်ဝန်ယူရင် သင့်တော်ပါသလဲဆရာ။
၂။ ဆရာရှင့် ပထမကလေးခွဲထားတာကို နောက်ကလေးကြိုမန်မြန်ပြန်ယူချင်ပါတယ်။ ဘယ်တော့လောက်ယူရမလဲဆရာ။ အမြန်ဆုံးကို။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၄)

သစ်ထူးလွင်


Thursday, April 28, 2016

အမှန်တရားရဲ့ ပထမဆုံးနေ့

Min Ko Naing

ထိုနေ့က ကျနော့်အိမ်မှာ ဟင်းမကောင်း။ စိတ်ကောက်ပြီး ကျနော်ထမင်း
မစားဘဲနေပြတဲ့နေ့။ နေ့လယ် ဆယ့်နှစ်နာရီကျော်ပါပြီ။ မိုးရွာနေ၍ အိမ်
ခေါင်မိုးပေါက်မှ ရေယိုသည်ကိုကြမ်းပေါ်မှာ ခွက်များ၊ အိုးများဖြင့် ခံထားရာ
ဧည့်ခန်း၌ ကျနော် ကြမ်းပေါ် ၀မ်းလျားမှောက်ကာ ဗိုက်တဂွီဂွီဆာနေသည့်
ဒုက္ခနှင့် ဟင်းမကောင်း၍မကျေနပ်သောဒေါသနှစ်မျိုး၏ တက်နင်းမှုကို
လျှာထွက်အောင် ခံနေရချိန်ဖြစ်ပါသည်။

#‎မောင်ထွန်းသူ‬ စာအုပ်များစုစည်းမှု (၃၉) အုပ်

စာအုပ်လင့်ပေါင်းစုံ

မောင်ထွန်းသူ ကင်မီလီ
https://www.mediafire.com/?y2268qepcd13735
မောင်ထွန်းသူ ဆင်ကုန်သည်
http://www.mediafire.com/download/2vvj2bjs8eiq8yx
မောင်ထွန်းသူ ကြောက်စရာ့ရောမ (4MB)
http://www.mediafire.com/view/?or39mo7j86d35rk
မောင်ထွန်းသူ ကင်နရီရိုး

မိုဘိုင်းဖုန်း တစ်လုံး ၏ လျှို့ဝှက်ချက် ငါးခု


လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေတဲ့လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarmနဲ့ Game အစရှိတာ...တွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရ ပါတယ်။

မြန်မာတို့မသိလိုက်သော မြန်မာအကြောင်းတစ်ခု

Simon Htoo Thant


ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို လာလည်တဲ့ ကမ္ဘာလှည့်ခရီးသည်အများစုဟာ Bosang ရွာလေးကို ဝင်ရောက်လည်ပတ်လေ့ရှိကြတယ်
အကြောင်းကတော့ အရောင်အသွေးစုံလင်လှတဲ့ ဝါးခြမ်းထီးလေးတွေကို ဝယ်ယူကြဖို့ပါ
Bosang ရွာဟာ ကမ္ဘာမှာ ထီးမြို့တော်ဟု နာမည်ကျော်ကြားပြီး တစ်ရွာလုံးထီးလုပ်ခြင်းဖြင့် အသက်မွေးကြပါတယ်။

မီးဖိုချောင်ထဲက စဉ်းတီတုံးကို သတိထား

ဖေ အောင်Follow

စဉ်းတီတုံးသည် မီးဖိုချောင် တစ်ခုတွင် မပါမဖြစ် ပစ္စည်းဖြစ်သည်။ သူရှိမှ အသားငါး တင်ခုတ် လို့ရသည်။ အသီးအရွက် တင်ဖြတ်လို့ ရသည်။ လူသားတို့ စားသမျှ အတော် များများသည် စဉ်းတီတုံးပေါ်တွင် ခုတ်ထစ် ဖြတ်တောက်ခံပြီးမှ ဒယ်အိုးထဲ ရောက်ကာ လူသားတို့ အစာအိမ်ထဲ ရောက်လာခြင်း ဖြစ် သည်။ နောက်ဆုံး လေ့လာမှု စစ်တမ်းသစ် တစ်ရပ်အရကား စဉ်းတီတုံးသည် အိမ်သာ ဘိုထိုင် ကြွေခွက် ထက်ပင် ဘက်တီးရီးယား (၂၀၀) ရာခိုင်နှုန်း ပိုများနေကြောင်း သိရသည်။

ကလေးတွေကို အောက်ပါအကျင့်ဆိုး သုံးခု ကို ဖျောက်ပေးပါ။

True Man

ကလေးများဟာ အောက်ပါအကျင့်ဆိုးကြီး သုံးခုကို စွဲကပ်သွားပြီဆိုရင် ဘ၀တစ်ခုလုံး ထိခိုက်တတ်ပါတယ်။ မိဘများ အနေနဲ့ အလေးထားပြီး အမြန်ပြုပြင်ပေးစေလိုပါတယ်။
၁။ မှီခိုလွန်းခြင်း၊ ဦးနောက်မသုံးလိုခြင်း၊ ပြသနာသေးသေးလေးကအစ မိဘကို အကူအညီတောင်းခြင်း။
အချစ်လွန်တော့ အနှစ်ဖြစ်တတ်ပါတယ်။ ကလေးများဟာ အရွယ်ကြီးလာတဲ့အထိ အစစ အရာရာ လူကြီးကို အားကိုးတကြီး ဆက်ဖြစ်နေတာမျိုးကို ဆိုလိုတာပါ။ ပြသနာသေးသေးလေးကအစ ဖြေရှင်းဖို့ မစဉ်းစားဘူး၊ ဦးနောက်သုံးဖို့ လေးဖျင်းနေတတ်တယ်။

ထုတ်ကုန် ထုတ်လုပ်ရေးအခြေခံအချက်များ......

WinMyint IQwin


ထုတ်ကုန်ပစ္စည်းတခု ထုတ်လုပ်မယ်ဆိုရင် အခြေခံရမယ့် 3 ချက် ရှိပါတယ်....
1) အရည်အသွေးကောင်းမွန်ရမယ်။
2) ဈေးနှုန်းချိုသာရမယ်။
3) မြန်မြန်ထုတ်လုပ်နိုင်ရမယ်။

အရေးကြီးဆုံးကတော့ ဘယ်သူ့ ကိုရောင်းမလဲ။ ဘယ်သူက ၀ယ်သုံးမလဲ ဆိုတာကို တိတိကျကျ သတ်မှတ်ထုတ်လုပ်ရမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ခင်ဗျာ

Than Min

ယာဉ်ကြောပိတ်ဆို့မှုကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖြေရှင်းသည့်စံနစ်ကို တိုကျိုမှာ ကားဝယ်ထားစဉ်ကအတွေ့အကြုံကိုပြောပြခြင်ပါသည်။
မည်သည့်ကားမဆို မိမိအိမ်ရှေ့ ရုံး၊ကျောင်း၊ဈေး၊ဆေးရုံများတွင် ကာလကြာရပ်ထားခွင့်မပြုပါ ၁၅မိနစ်ထက်ကျော်၍ ရပ်နားမည်ဆိုပါက အခပေး ပါကင်များတွင် သွားရောက်ရပ်နားရပါသည်။

အမျိုးသား တန်းတူရေး ဗမာပြည်နယ် ဖွဲ့စည်းရေး သစ်ထွန်းအောင်

Mon Kaung Lay

"ဗမာပြည် လွတ်လပ်ရေး ရပြီဟု ဆိုနိုင်ကြောင်း၊ တောင်တန်းနယ်များ ပြဿနာသာ ကျန်တော့ကြောင်း၊ တောင်တန်းနယ်များ မလွတ်လပ်သရွေ့ ဗမာပြည် လွတ်လပ်ပြီဟု မဆိုနိုင်ကြောင်း၊ ဗမာများသည် တောင်တန်း လူမျိုးများကို ၎င်းတို့ ဘာသာ အုပ်ချုပ် စေလိုကြောင်း၊ ဗမာများသည် ရှမ်း၊ ကချင်၊ ချင်း တို့၏ ပြည်တွင်းရေးကို စွက်ဖက်မည် မဟုတ်ကြောင်း"
ဗိုလ်ချုပ်အောင်ဆန်း ပင်လုံ မိန့်ခွန်း ကောက်နုတ်ချက်မှ။

ကျောက်စိမ်း အရိုင်းတုံးကို ကြည့်ရှု့စစ်ဆေးရမည့် အချက်များ

ကျောက်သင်ပုန်း

( ၁ ) ရိုးရိုး ကျောက်တုံး နှင့် ကျောက်စိမ်းအရိုင်းတုံး ခြားနားချက်ကို စစ်ဆေးခြင်း
သန့်ရှင်းစင်ကြယ်သော ကျောက်စိမ်းအရိုင်းတုံး ၏ မျက်နှာပြင်တွင် အလင်းရောင် ၌အရောင်လက်သော ယမ်းပွင့်ဖတ် အကြီးအသေး ၊ ယမ်းမျှင် အကြီးအသေး များ ကျဲကျဲဖြစ်စေ ၊ စိတ်စိတ်ဖြစ်စေ အနေအထားအမျိုးမျိုးဖြင့် ရှိနေသည် ။ ကျောက်စိမ်းမဟုတ်သော ကျောက်တုံး ရိုးရိုး ၏ မျက်နှာပြင်တွင်မူ ဤလက္ခဏာမျိုး တွေ့ရလေ့မရှိပါ ။

ဒေါ်အောင်ဆန်းစုကြည် နဲ့ လစ်ဘရယ်ဝါဒ

Maung Tun Wai

ဒေါ်အောင်ဆန်းစုကြည် သည် လစ်ဘရယ် ၀ါဒ ကို လိုက်နာ ကျင့်သုံးသူ အဖြစ် ပြည်ပမှာ ထင်ရှားကျော်ကြားနေသူ ဖြစ်ပါတယ်။ ဒီနေရာမှာ လစ်ဘရယ် ၀ါဒ ဆိုတာ ဘာလဲ ဆိုတာ တိတိကျကျ သိထားမှသာ သူမရဲ့ မူဝါဒ တွေ ချမှတ် ကျင့်သုံးတဲ့နေရာမှာ ဘာ ဖြစ်လို့ လဲ ဆိုတာ တိတိကျကျ နားလည် နိုင်မှာ ဖြစ်ပါတယ်။
လစ်ဘရယ်ဝါဒကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ ၂၀ ရာစု နှစ် အတွင်းမှာ ထင်ရှားလာတဲ့ ၀ါဒ တခု ဖြစ်ပြီး လွတ်လပ်မှု နဲ့ ညီမျှခြင်းကို အခြေခံပြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ကလေးဖျားနေစဉ် မိဘအချို့၏ မှားယွင်း လုပ်ဆောင်နေမှုများ

Than Htike

ကလေးဖျားနေစဉ် မိဘအချို့၏ မှားယွင်း လုပ်ဆောင်နေမှုများ "ကလေးငယ်ကို ဆေးတိုက်လိုက်ရင် အဖျားက ကျသွားပေမယ့် ပြီးရင် ပြန်တက် လာတာပဲ ဆရာ"လို့ ကလေးမိဘအ တော်များများက ပြော တတ်ကြတယ်။ ဒါအမှန်ပါပဲ၊ ဒီအတိုင်းပဲ ဖြစ်နေမှာပဲ။ ကလေးကို ပါရာစီတမောတိုက်ရင် ဆေး ရဲ့ အာနိသင်က ငါးနာရီ၊ ခြောက်နာရီ လောက်ပဲ ခံပါတယ်။ ဆေးအာနိသင် ကုန်သွားရင် အဖျားက ပြန်တက်လာပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၄)

သစ်ထူးလွင်


Saturday, April 23, 2016

ဂျပန်လူမျိုးတွေဆီကအတုယူစရာ


ဂျပန်လူမျိုးတွေဟာ သူတို့ကလေး လဲကျသွားရင်
ဆယ်ခါမှာ ကိုးခါလောက်ထူမပေးပဲ ရပ်ကြည့်နေကြတယ်။
ငိုမဲ့မဲ့ ဖြစ်နေတဲ့ ကလေးကို သူ့အမေက ပွေ့ထူမပေးတဲ့အပြင်၊ လက်ခုပ်လေးတီးပြီး "ဂမ္ဘာရဲ…ဂမ္ဘာရဲ" (ကြိုးစားလိုက်စမ်း…ကြိုးစားလိုက်စမ်း) ဆိုပြီး ကိုယ့်ဖာသာ မတ်တပ်ပြန်ရပ်ခိုင်းတယ်။

သူတို့ ဘာဖြစ်လို့ ဒီလို စိမ်းစိမ်းကားကား လုပ်ကြသလဲဆိုတာ သိရအောင် သေသေချာချာ လေ့လာကြည့်ပါတယ်။

အစဉ်ကျန်းမာဖို့ သိထားသင့်သော အချိန်များ

Shwemi Shwemi

နံနက် ၅ နာရီမှ ၇ နာရီတွင် အူမကြီး အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်အတွင်း အိပ်ရာထကာ ရေတစ်ခွက် အ၀သောက်ပြီး ၀မ်းမှန်မှန် သွားသင့်သည်။ ထိုသို့မဟုတ်ပါက အူမကြီးညှစ်အား နည်းနေ၍ ဖြစ်ပြီး အမျှင်ရှိသော အစားအစာ များများစားပေးပါ။
နံနက် ၇ နာရီမှ ၉ နာရီအတွင်း အစာအိမ်မှ အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်တွင် နံနက်ခင်းစာ (Breakfast) အ၀ စားသင့်သည်။

အိုးမဲ့အိမ်မဲ့ဖြစ်ဖူးတဲ့ ကျိကျိတက်ချမ်းသာတဲ့ ဆယ်လီ (၅) ဦး

Lwin Pyin

ဆယ်လီအများအပြားဟာ အရမ်းဆင်းရဲတဲ့ ဘဝကနေ လာခဲ့တာပါ။ အိမ်သေးသေးလေးထဲမှာ အပူပေးစနစ်မရှိ၊ စားစရာမရှိတဲ့ ဘဝမျိုးမှာ နေခဲ့ရတဲ့ ဆယ်လီတွေ ရှိပါတယ်။ တချို့ဆိုရင် နေစရာတောင် မရှိခဲ့ကြပါဘူး။ အဲဒီဘဝကနေ ကမ္ဘာကျော်ဆယ်လီတွေ ဖြစ်တဲ့အထိ ကြိုးစားခဲ့သူတွေပါ။
၁။ အာနိုး

The Finest Hour (2016) မြန်မာစာတန်းထိုး

Channel Myanmar

အသက်အန္တရာယ်ကြားကနေ ရုန်းကန်လွတ်မြောက်ဖို့ကြိုးစား
ရတဲ့အခက်ခဲဆုံး အချိန်တွေဟာ ကြုံတွေ့နေရတုန်းကတော့
သေမလောက်ထိတ်လန့်စရာကောင်းပေမယ့်
ကျော်ဖြတ်လွန်မြောက်ပြီးတဲ့အခါ မှာပြန်ပြောပြစရာဇာတ်လမ်းလေး
တစ်ခုအဖြစ် ဘာနဲ့မှမလဲနိုင်တဲ့
ဘဝရဲ့အကောင်းဆုံးအချိန်တွေဖြစ်နေတက်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၄)

သစ်ထူးလွင်


Wednesday, April 20, 2016

❖ ကိုငှက် နဲ့ အောင်ရင် ❖

Music Crazy Te Te Tar Tar
·
`` နာရီပေါ်ကမျက်ရည်စက်များ ´´စီးရီးသွင်းနေဆဲမှာပင် The Aces မှ ကိုပက်ထရစ်၊ ကိုဗစ်တာတို့နှင့် ရင်းနှီးလာ၍ ကျော်မြင့်လွင်ကို ရန်ကုန် ရှိုးပွဲတွေမှာ ထည့်ပြီး ဆိုခွင့်ပေးသည်။
ထိုအချိန်က ရှိုးပွဲများမှာ The Aces အဖွဲ့လည်း ထိပ်ဆုံးကပါသည်။ ကျော်မြင့်လွင်အနေနှင့် ၀င်ဆိုခွင့်ရသည် ဆိုသော်လည်း တက်သစ်စအဖြစ် အားဖြည့် ကြားညှပ်သုံးတာဖြစ်သည်။
အဆိုတော် အကျော်အမော်ဆရာကြီး / ဆရာမကြီးတွေ တက်မလာခင် တီးဝိုင်းစမ်း၊ စက်စမ်းစဉ်ကာလ။ စက်သံ မှန်/မမှန် ချိန်သားညှိဆဲ အချိန်။

“သဘာဝကျကျ အဖေ” by (ယုယ)

အနုရက္ခိတ

အဖေအမောဖောက်နေပြီ မြန်မြန်လာဆိုတဲ့...
ဖုန်းသံကြောင့် ခေါင်းထဲမိုက်ခနဲဖြစ်သွားတယ်။ ဒါပေမဲ့
စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း အပြေးအလွှားစဉ်းစား
စရာတွေစဉ်းစားရတယ်။ ဆေးရုံကိုလိုက် သွားဖို့ဘာတွေလို
မလဲ။ဘာနဲ့သွား မလဲပေါ့။ အိမ်မှာရှိတာညီအစ်မနှစ်ယောက်
တည်းမို့အိမ်ကကားနဲ့သာ သွားရမယ်ဆိုရင် ကိုယ့်ဘာသာ
ပဲ မောင်းသွားရလိမ့်မယ်။ တော်သေးတယ် အဖေ့အကိုဦးရူပ
ကလာခေါ် ပေးလို့။

တာယာအကြောင်း

သိန်း မြင့်

ခရီးသွားရာသီပြီးသွားလို့ နောက် နှစ်လလောက်ဆိုရင် မိုးရာသီရောက်လာပါပြီ။
ဒီတော့ ခရီးသွားလာတာနည်းတယ်ဆိုပေမယ့် ခရီးမဖြစ်မနေထွက်ရတဲ့သူတွေလဲ များနေပါသေးတယ် ။ ဒီလိုအချိန်မှာ ကား တစ်စီးရဲ့ အောက်ပိုင်းတွေအပြင်တာယာကိုလဲ ဂရုစိုက်ရဦးမှာပါ။ တာယာ တစ်လုံးရဲ့ သက်တမ်းကို ၃ နှစ်ကနေ ၅ နှစ်ထိ သတ်မှတ်ပေးထားပါတယ်။
၁၀၀%လားဆိုတော့ မဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ တာယာကို ရာသီဥတုအနေအထားပေါ်မှာ မူတည်ပြီး ပြောင်းလဲတတ်ပါသေးတယ် ။

တက္ကသိုလ်ဝင်ခွင့် အမှတ်နဲ့ခွဲတဲ့စနစ် ဖျက်သိမ်းလိုက်ပါပြီ....

Myanmar Daily Star

အမှတ် နဲ့ ခွဲတဲ့ စနစ် ဖျက်သိမ်း လိုက်ပါပြီ ။ ဒီနှစ် ၁၀တန်း
အောင်တဲ့ သူတွေ ကိုယ်ကြိုက်တဲ့ တက္ကသိုလ် တက်လို့ ရပါပြီ ။
လာမည့်ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ဝင်ခွင့်
စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲကျင့်သုံးမည်ဖြစ်သဖြင့်
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားကြသည့်
ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိဝါသနာပါရာ
ဘာသာရပ်များကို အရည်အချင်းနှင့် ဆန္ဒအပေါ်မူတည်၍
ရွေးချယ်တက်ရောက်နိုင်မည့် အခွင့်အလမ်းမျိုး ရရှိလာနိုင်မည်ဖြစ်သည်။

ကလေးမယူခင် စိတ်ကိုပြင်ဆင်ဖို့ နဲ့ ပြောင်းလဲနိုင်တဲ့ relationship အခြေအနေ

Jessica MozartFollow


ကလေးယူလိုက်ပြီးရင် လင်မယားကွဲဖို့ကွာဖို့ဆိုတာ မတတ်သာတဲ့အနေအထားကလွဲပြီး ကလေးအတွက် တကယ်မကောင်းတဲ့အရာတစ်ခုပါ။ ကလေးတစ်ယောက်စိတ်ပိုင်းဆိုင်ရာကျန်းကျန်းမာမာပြည့်ပြည့်စုံစုံနဲ့ ပျော်ရွှင်စွာကြီးထွားနိုင်စေဖို့ မိဘနှစ်ပါးလုံးက အရေးပါသလို မိဘနှစ်ပါးတစ်ဦးပေါ်တစ်ဦးချစ်ခြင်း၊ လေးစားစွာဆက်ဆံခြင်းတွေကလဲ ကလေးအတွက် လိုအပ်တယ်။ အိမ်ထောင်ကွဲတာမကောင်းဘူးဆိုတာလဲ လူတိုင်းနီးပါးလက်ခံကြပေမယ့် ကွဲဖြစ်ရတဲ့အကြောင်းတွေဖန်လာတဲ့အခါ ကလေးတွေက ကြားက မြေစာပင်ဖြစ်ရတယ်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...