Sunday, March 6, 2016

အချိန်ပြစာလုံးလေးများကို Tense အမျိုးမျိုးမှာ သုံးတဲ့အခါ Tenses and the time adverbs used with them

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

ကျာင်းသားလေးတွေက စာမေးပွဲ ဖြေကြတော့မယ့် အချိန်ဆိုတော့ သူတို့ကို တစ်ဖက်တစ်လမ်းကနေ ကူညီချင်တယ် ၊ ကျနော် ကိုယ်တိုင်ကျောင်းသားဘ၀တုန်းက ဒီလိုမျိုး key word လေးတွေကို ကြည့်ပြီး Tense ကို မှန်းဆဖြေဆိုခဲ့ဖူးတော့ ကိုယ်ချင်းလည်းစာမိပါတယ် ။ စကားလုံးတွေကို စုစည်းပေးရုံမျှ သာမက..ပဲနဲ့ သက်ဆိုင်ရာ Tense တွေရဲ့ အဓိပ္ပါယ်လေးတွေကိုလည်း ရှင်းပြချင်နေခဲ့ပါတယ် ။ မေတ္တာ heart emoticon ဆိုတာ အသွင်သွင် စီးဆင်းတတ်တဲ့ သဘောသဘာဝဆိုတော့လည်း သူ့ကို ထိန်းချုပ် မထားလိုက်ချင်တာ အပြစ်မဆိုသာဘူးလို့တော့ ထင်မိပါရဲ့။

.............................................................
(1) Simple Present Tense ကို Indefinite Frequency Adverb မတိကျတဲ့ အကြိမ်ရေပြ ကြိယာဝိသန တွေနဲ့အတူ အလေ့အကျင့်သဘော ၊ အမြဲမှန်ကန်သောသဘော (သို့မဟုတ်) ခုထိ မှန်သေးတယ် ဆိုတဲ့သဘောဆောင်တဲ့ ၀ါကျတွေမှာ သုံးလေ့ရှိပါတယ်။
The simple present tense is commonly used with the adverbs ALWAYS, USUALLY, SELDOM, NEVER, SOMETIMES, OFTEN, FREQUENTLY, GENERALLY, HABITUALLY, OCCASIONALLY, ONCE, TWICE, THRICE etc.
..
(1.1) My father NEVER TELLS lies.
ကျနော့်အဖေက ဘယ်တော့မှ မုသားတွေ မပြောပါဘူး
(1.2) I USUALLY SPEND my evenings with my children.
ကျနော့်ရဲ့ ညနေအချိန်တွေကို ကလေးတွေနဲ့ ကုန်ဆုံးနေကျပါ
.......................................................
(2) Simple past tense ကတော့ ရှင်းပါတယ် အတိတ်ကိုညွှန်းဆိုတဲ့ အချိန်ပြ စကားအသုံးအနှုန်း တစ်ခုခုကို သုံးရပါတယ် ။
The simple past tense is commonly used with “time expressions referring to the past” . Examples are: YESTERDAY, LAST YEAR, AGO, IN 2006 etc.
.
(2.1) My father came here yesterday.
ကျနော်အဖေ မနေ့က ဒီကို လာခဲ့ပါတယ်
(2.2) I saw him last week.
ကျနော်သူ့ကို ပြီးခဲ့တဲ့အပတ်က တွေ့ခဲ့ပါတယ်
.
Simple past ဟာ အတိတ်က ဘာလုပ်ခဲ့တယ် ဘာဖြစ်ခဲ့တယ်ဆိုတဲ့ action and event ကို ပေါ်လွင်စေချင်တာဖြစ်ပါတယ် .. perfect tense နဲ့ကွဲပြားစေချင်လို့ ဒီအချက်ကို မှတ်သားခဲ့ပေးပါ
..
(2.B) စောစောက Simple present tense နဲ့ တွဲလေ့ရှိတဲ့ frequency adverb တွေဟာ ဒီ simple past tense မှာလည်း သုံးနိုင်ပြန်ပါတယ် ။ ဒါက အတိတ်တုန်းက ဖြစ်ခဲ့တဲ့ အလေ့အကျင့်သဘော ၊ မှန်ခဲ့တယ် ဆိုတဲ့သဘော ဖြစ်ပါတယ် ၊ ခုအချိန်မှာ မှန်ချင်မှ မှန်ပါတော့မယ်.. ဒီအချက်က simple present နဲ့ ကွာတဲ့အချက်ပါ ။
The adverbs never, always, seldom, often, frequently, occasionally, once, twice, thrice etc., can also be used with the SIMPLE PAST TENSE.
.
(2.3) He NEVER invited me to his parties.
သူက သူ့ပါတီပွဲကို ကျနော့်ကို ဘယ်တော့မှ မဖိတ်ကြားခဲ့ပါဘူး
(အတိတ်က ဖိတ်လေ့မရှိပေမယ့် ခုတော့ ဖိတ်ပါတယ်)
(2.4) She SELDOM stepped out of her home.
သူမက အိမ်ကနေ အပြင်ကို ထွက်ခဲခဲ့ပါတယ်
( အရင်ကမထွက်ပေမယ့် ခုတော့ ဘဲဘဲရသွားလို့ လစ်ပြီ)
(2.5) He FREQUENTLY changed jobs.
သူက အလုပ်တွေ မကြာခဏ ပြောင်းခဲ့ပါတယ်
(ခုအလုပ်ကတော့ ဟန်ကျနေပုံပဲ)
.............................................................
(3) Present continuous tense ကတော့ အခုလောလောဆယ် ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်တွေ လုပ်ဆောင်မှုတွေအတွက် သုံးပါတယ်
The present continuous tense is used to talk about actions and situations that are in progress at the moment of speaking. The following time expressions are commonly used with the present continuous tense: TODAY, AT PRESENT, AT THE MOMENT, STILL, NOW etc.
..
(3.1) He is working for a foreign company AT PRESENT.
လောလောဆယ်မှာတော့ သူက နိုင်ငံခြား ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပါတယ်
(3.2) We are STILL waiting for their reply.
ကျနော်တို့က သူတို့ရဲ့ ပြန်ကြားမှုကို စောင့်ဆိုင်းနေဆဲပါ
..
Present continuous tense ကို နီးကပ်တဲ့ ၊ သေချာတဲ့ ၊ စီစဉ်ပြီးတဲ့ အနာဂါတ်ကာလ အဖြစ်အပျက်တွေအတွက်လည်း သုံးနိုင်ပါတယ် ။ ဒီကနေ ကျနော်တို့ သတိထားရမှာက Tense နဲ့ time ကို အမြဲ အသေတွဲပြီး မှတ်မထားသင့်ဘူးဆိုတာပါဘဲ ။
(3.3) I am seeing John tomorrow.
ကျနော် မနက်ဖန်မှာ ဂျွန်နဲ့ တွေ့ဖို့ရှိပါတယ်
............................................................
(4) Past continuous tense ကိုတော့ အတိတ်တုန်းက ဖြစ်ပျက်လုပ်ဆောင်ပြောင်းလဲနေခဲ့တဲ့ အဖြစ်အပျက်တွေအတွက် သုံးပါတယ် ။ သူ့မှာတော့ အတိတ်အချိန်ကို ပြတဲ့စကားရပ် ၀ါကျပိုင်းစတာတွေကို သုံးပါတယ် ။
The past continuous tense is used to talk about actions and situations that were in progress at a particular point of time in the past. For this purpose, we use a time expression or a time clause.
..
(4.1) The children were doing their homework / when their dad returned home from work.
သူတို့အဖေ အလုပ်ကနေ အိမ်ပြန်လာတဲ့အချိန်တုန်းက ကလေးတွေ အိမ်စာလုပ်နေခဲ့ကြပါတယ်
(4.2) While I was out / she was trying to reach me on the phone.
ကျနော် အပြင်ရောက်နေတုန်း သူမက ကျနော်နဲ့ ဖုန်းအဆက်အသွယ်ရအောင် ကြိုးစား(လုပ်ဆောင်) နေခဲ့ပါတယ်
........................................................................
(5) Present perfect tense ကိုလည်း indefinite time word တွေနဲ့ တွဲသုံးပါတယ် ။ လုပ်ဆောင်မှုကို ဖေါ်ပြချင်တဲ့ သဘောမဟုတ်ဘဲ အကျိုးဆက်ကိုသဘောကိုသာ ဖေါ်ပြလိုတာဖြစ်လို့ တိကျတဲ့ အတိတ်အချိန်ပြ စကားလုံးတွေ မသုံးပါဘူး ။ (Simple past နဲ့ကွာခြားမှုကို သိသွားပြီ ထင်ပါရဲ့)
The present perfect tense is commonly used with the indefinite time adverbs. It is commonly used with the time expressions JUST, YET, ALREADY, SINCE, FOR AND SO FAR, EVER, NEVER, BEFORE.
.
(5.1) We have not yet received the payment.
ကျနော်တို့ အခုထိ ငွေပေးချေမှုကို မရရှိသေးပါဘူး
(အကျိုးဆက်အဖြစ် ပစ္စည်းမပို့ဘူးလား ၊ ငွေထပ်တောင်မလား ..စသည် တစ်ခုခုလုပ်ဖို့ရည်ရွယ်လို့ ပြောတာပါ)
(5.2) I have just returned from work.
ကျနော် ခုတွင်ပဲ အလုပ်က ပြန်လာခဲ့ပါပြီ
(အလုပ်တာဝန်ပြီးပြီ .. အလုပ်ကိစ္စမဟုတ်တာ လုပ်ချင်လုပ်မယ်)
.
Note that the adverbs yesterday, last week, in 2005 etc., cannot be used with the present perfect tense.
...............................................
(6) Past perfect tense ကိုတော့ သာမန်အားဖြင့် သူ့တစ်ခုတည်း မသုံးပါဘူး ။ အတိတ်မှာ လုပ်ဆောင်မှု နှစ်ခု ရှိခဲ့တယ် ၊ ပထမ လုပ်ဆောင်မှုကို Past perfect tense သုံးပြီး နောက်အဖြစ်အပျက်ကို Simple past tense သုံးပါတယ်
The past perfect tense is not normally used alone. It is used to denote the earlier of two past actions. We use the simple past tense for the latter action.
..
(6.1) He had finished his studies before he joined the army.
သူ စစ်တပ်ထဲ မ၀င်ခင် ကတည်းက သူ့ရဲ့ သင်ယူလေ့လာမှုတွေပြီးဆုံးခဲ့ (ကျောင်းပြီးလို့ဘွဲ့ရခဲ့) ပါတယ်
(ကျောင်းတက်ပြီး ဘွဲ့တွေယူတဲ့ လုပ်ရပ်ကအရင် ၊ စစ်ထဲဝင်တဲ့ လုပ်ရပ်ကနောက်)
.........................................
(7) Present perfect continuous ကိုတော့ အတိတ်ကစတင်ပြီး အခုလောလောဆယ်အချိန်ထိ ဆက်ဖြစ်နေသေးတဲ့ လုပ်ဆောင်မှုတွေ အဖြစ်အပျက်တွေအတွက် သုံးပါတယ် ။ အကျိုးဆက် ရလဒ် တစ်ခုခု ရှိနေတဲ့ သဘောကိုလည်း ဖေါ်ပြနိုင်ပါတယ် ။
The present perfect continuous tense is commonly used with the time expressions since and for.
..
(7.1) It has been raining since yesterday.
မိုးရွာနေခဲ့တာ မနေ့ကတည်းက (ခုထိ) ပဲ
(7.2) I've been reading your book, it's very good.
ခင်ဗျားစာအုပ်ကို ကျနော်ဖတ်နေတယ်ဗျာ ၊ သိပ်ကောင်းတာပါပဲ
(ရှေ့တစ်ချိန်ချိန်က စပြီးဖတ်ခဲ့တယ် ၊ ဖတ်လို့မပြီးသေးဘူး ဖတ်နေဆဲပဲ ၊ ရလဒ်အဖြစ် စာအုပ်က ကောင်းတယ်လို့ သိရတယ် .. စတဲ့ အချက်တွေကို ဒီဝါကျကနေ သိနိုင်ပါတယ်
..................
ယူဆချက်မှားနေတာရှိလျှင် ပြင်ဆင်ဖို့ အကြံပြုပေးခဲ့ကြနိုင်ပါတယ် ။ ခင်မင်နွေးထွေးစွာ လက်ခံပါမယ်လို့ ..
.
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...