Saturday, March 19, 2016

အသုံးဆန်း ( Idiom) လေးများနဲ့ စကားပြောပုံများ (၅)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ
·
(1) Feel blue : you are feeling unwell, mainly associated with depression or unhappiness.
(စိတ်ဓါတ်ကျမှု မပျော်ရွှင်မှုတို့နှင့် ဆက်နွယ်သော) ခံစားချက် မကောင်းဖြစ်သည်
.
(1.1) What a gloomy day! It makes me feel blue.
ဘယ်လို အုံ့ဆိုင်းမှုံမှိုင်းတဲ့နေ့မျိုး ပါလိမ့် ၊ အဲဒါက ကျနော့်ကို မပျော်မရွှင်နဲ့ ထိုင်းမှိုင်းလေးလံစေတယ်
(Gloomy (adj) မည်းမှောင်သော ၊ အုံ့ဆိုင်းသော )


.
(1.2) Whenever I feel blue, I like to listen to upbeat music.
ကျနော်စိတ်ဓါတ်ကျ မပျော်ရွှင်တဲ့ အချိန်တိုင်းမှာ ပျော်ရွှင်တက်ကြွတဲ့ ဂီတကို နားထောင်လိုပါတယ်
(Upbeat (adj) cheerful and lively ပျော်ရွှင်စေသော ၊ ရွှင်လန်းတက်ကြွသော)
.
(1.3) Matt's feeling a little blue right now. Let's go cheer him up.
Matt ရဲ့ ခံစားချက်တွေက အခုလောလောဆယ်မှာ စိတ်ဓါတ်ကျဆင်း မပျော်ရွှင်ပဲ ဖြစ်နေတယ် ၊ သူ့ကို သွားပြီး အားပေးကြပါစို့
(Cheer (somebody) up : တစ်စုံတစ်ယောက်ကို ပျော်ရွှင်လာအောင် ပြုလုပ်သည် ၊ အားပေးသည်)
(Right now (adv) အခုလောလောဆယ်မှာ (နောင်ပြောင်းလဲမယ်ဆိုတဲ့ သဘောပါဝင်လျက်) )
.
(1.4) I was feeling blue all day today.
ဒီနေ့တစ်နေ့လုံး ကျနော် ခံစားချက်မကောင်းပဲ ၀မ်းနည်း စိတ်မကောင်း လေးလံထိုင်းမှိုင်း နေခဲ့တယ်
…………………………………
ဒီခံစားချက်ကြီးက စကားလုံး တစ်ခုတည်းနဲ့ ငုံမိအောင် ဖေါ်ပြဖို့ ခက်ပါတယ် ၊ တစ်ခါတရံ ဘာကြောင့်မှန်းမသိ စိတ်ကြီးက လေးလံထိုင်းမှိုင်း ရီဝေမှုံကုပ်ပြီး မရွှင်မပြ ဖြစ်နေတတ်ပါတယ် ..တချို့ကလည်း ဦးနှောက်လှိုင်း မညီမညာဖြစ်လို့ဆိုတယ် ၊ တချို့ကလည်း ဟော်မုန်းတွေ မညီမမျှဖြစ်လို့ ပြောကြတယ် ..စိတ်ခံစားမှု တစ်ခုခုကြောင့်လို့လည်း ညွှန်းသူကညွှန်းတယ် ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီစကားလုံးကတော့ သိထားဖို့ကောင်းတယ် ၊ ဘာလို့လည်းဆိုတော့ အဲလိုပဲ တိတိကျကျဖေါ်ပြဖို့ ခက်ခဲတဲ့ စိတ်ဓါတ်ကျသလိုလို ၊ ၀မ်းနည်းသလိုလို .. မရွှင်ပြတဲ့ ခံစားမှုကို ကိုယ်စားပြုဖေါ်ပြလေ့ရှိလို့ပါပဲ .. ခေတ်မီသူတိုင်းသိထားသင့်တယ် smile emoticon

(2) Other Common Sentences (အခြားသုံးနေကျ ၀ါကျများ)
………………………………..
(2.1) I FEEL a little DEPRESSED right now.
အခုလောလောဆယ်မှာ ကျနော် နည်းနည်း စိတ်ဓါတ်ကျနေတယ်
.
(2.2) I don't know why, but I just FEEL SAD.
ဘာကြောင့်မှန်းမသိပါဘူး ၊ ဒါပေမယ့် ကျနော် ၀မ်းနည်းနေတာလေးပါပဲ
.
(2.3) Even though it's a nice day, I FEEL GLOOMY inside.
ဒီနေ့က သာယာကောင်းမွန်တဲ့ နေ့လေးတစ်နေ့ ဖြစ်ပေမယ့် ကျနော် စိတ်ထဲမှာတော့ ထိုင်းမှိုင်းလေးလံနေပါတယ်
….
(2.4) When I passed my IELT exam, I was FEELING HIGH.
ကျနော့်ရဲ့ IELT စာမေးပွဲ အောင်ခဲ့တဲ့အချိန်တုန်းက အရမ်းပျော်ခဲ့ပါတယ်
(feel high စိတ်အားတက် ပျော်ရွှင်မှု ခံစားရသည်)
.
(2.5) When I heard about the accident , I was FEELING DOWN.
မျှော်လင့်မထားတဲ့ အဖြစ်ဆိုးတစ်ခု အကြောင်းကို ကျနော်ကြားလိုက်ရတဲ့အချိန်မှာ စိတ်ဓါတ်ကျ ၀မ်းနည်းသွားခဲ့ရပါတယ်
(feel down စိတ်ဓါတ်ကျ ၀မ်းနည်းမှု ခံစားရသည်)
(Accident : An unexpected and undesirable event, especially one resulting in damage or harm.
မမျှော်လင့်သော အလိုမရှိသော ထိခိုက်အန္တရာယ် ဖြစ်စေသော အဖြစ်အပျက် ၊ မတော်တဆမှု)
.
မြန်မာလို ချောမွေ့စေဖို့အတွက် သင့်တော်သလို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်
.
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...